< ၂ ကောရိန္သု 8 >
1 ၁ ညီအစ်ကိုတို့၊ ဘုရားသခင်သည် မာကေဒေါနိပြည်၌ ရှိသော အသင်းတော်များတို့အားပြုတော်မူသော ကျေးဇူတော်အကြောင်းကို ငါတို့သည်သင်တို့အား ကြားပြောကြ၏။
And we make known to you, brethren, the grace of God, that hath been given in the assemblies of Macedonia,
2 ၂ ထိုအသင်းတော်တို့သည် ညှဉ်းဆဲခြင်းအားဖြင့် များစွာသော စုံစမ်းခြင်းကို ခံရသော်လည်း၊ အလွန်ကြီး သော ဝမ်းမြောက်ခြင်းနှင့်၊ ဥစ္စာပြုန်းတီးသော ဆင်းရဲခြင်းအကြောင်းသည်၊ သူတို့၏စွန့်ကြဲပေးကမ်းခြင်း စည်းစိမ်ကို ဖြစ်စေ၍ကြွယ်ဝပြည့်စုံ၏။
because in much trial of tribulation the abundance of their joy, and their deep poverty, did abound to the riches of their liberality;
3 ၃ အကြောင်းမူကား၊ သူတို့သည်တတ်နိုင်သမျှ ထက်မက၊ အလိုအလျှောက်စွန့်ကြဲချင်သော စေတနာ စိတ်ရှိကြသည်ဟု ငါသည်သက်သေခံ၏။
because, according to [their] power, I testify, and above [their] power, they were willing of themselves,
4 ၄ သူတို့အလှူဒါနကို ငါတို့သည်ယူ၍ သူတို့နှင့် ကူညီလျက်၊ သန့်ရှငိးသူတို့အားလုပ်ကျွေးခြင်းအမှုကို ဆောင်ရွက်မည်အကြောင်း၊ သူတို့သည် တိုက်တွန်း သွေးဆောင်သော စကားများအားဖြင့် ငါတို့ကို တောင်းပန် ကြ၏။
with much entreaty calling on us to receive the favour and the fellowship of the ministration to the saints,
5 ၅ ထိုသို့ပြုကြသော်၊ ငါတို့မြော်လင့်သည်အတိုင်းထက်မကပြု၍၊ ဘုရားသခင်၏ အလိုတော်နှင့်အညီ ရှေးဦးစွာသခင်ဘုရား၌၎င်း၊ ငါတို့၌၎င်း၊ မိမိတို့ကိုမိမိတို့ လှူကြ၏။
and not according as we expected, but themselves they did give first to the Lord, and to us, through the will of God,
6 ၆ ထိုကြောင့် တိတုသည်သင်တို့၌ အဦးပြုနှင့်သကဲ့သို့ ထိုအလှူကျေးဇူးကို ပြီးစီးစေမည်အကြောင်း၊ ငါတို့သည်သူ့ကိုတောင်းပန်ကြ၏။
so that we exhorted Titus, that, according as he did begin before, so also he may finish to you also this favour,
7 ၇ ထိုသို့နှင့်အညီသင်တို့သည် ယုံကြည်ခြင်း၊ တရာဟောခြင်း၊ ဥာဏ်ရှိခြင်း၊ အမျိုးမျိုးသောသတိနှင့် ပြည့်စုံခြင်း၊ ငါတို့ကိုချစ်ခြင်းမှ စသော အလုံးစုံတို့နှင့် ကြွယ်ဝပြည့်စုံသည်ဖြစ်၍ ထိုကျေးဇူးနှင့်လည်း ကြွယ်ဝ ပြည်စုံခြင်းဖြစ်စေသတည်း။
but even as in every thing ye do abound, in faith, and word, and knowledge, and all diligence, and in your love to us, that also in this grace ye may abound;
8 ၈ ထိုသို့ဆိုသော်၊ ပညတ်အားဖြင့် ငါဆိုသည် မဟုတ်။ အခြားသောသူတို့၏ ကြိုးစားအားထုတ်ခြင်းကို အစွဲပြု၍၊ သင်တို့၏မေတ္တာသည် မှန်သည်မမှန်သည်ကို စုံစမ်းသောအားဖြင့်ဆိုသတည်း။
not according to command do I speak, but because of the diligence of others, and of your love proving the genuineness,
9 ၉ အကြောင်းမူကား၊ ငါတို့သခင်ယေရှုခရစ်သည် စည်းစိမ်ရှိသော်လည်း၊ ဆင်းရဲတော်မူခြင်းအားဖြင့် သင်တို့သည်စည်းစိမ်ရှိစေခြင်းငှါ၊ သင်တို့အတွက်ကြောင့် ဆင်းရဲခြင်းကိုခံတော်မူသော ကျေးဇူးတော်ကို သင်တို့ သိကြ၏။
for ye know the grace of our Lord Jesus Christ, that because of you he became poor — being rich, that ye by that poverty may become rich.
10 ၁၀ ဤအမှု၌ငါသည် ကိုယ်သဘောကိုပြ၏။ မနှစ်ကပင်အဦးပြုသည်သာမက၊ စေတနာစိတ်နှင့် ပြည့်စုံသောသင်တို့သည် ဤအမှုကိုပြီးစေလျှင် သာ၍ ကောင်းလိမ့်မည်။
and an opinion in this do I give: for this to you [is] expedient, who not only to do, but also to will, did begin before — a year ago,
11 ၁၁ သို့ဖြစ်၍၊ အထက်ကစေတနာရှိသည်နှင့်အညီ၊ ယခုတွင်သင်တို့သည် တတ်နိုင်သည်အတိုင်းပြု၍ ဤအမှုကို ပြီးစီးစေကြလော့။
and now also finish doing [it], that even as [there is] the readiness of the will, so also the finishing, out of that which ye have,
12 ၁၂ အကြောင်းမူကား၊ စေတနာစိတ်သည် အသင့်ရှိလျှင်၊ မတတ်နိုင်သောအမှုကိုမထောက်ဘဲ၊ တတ်နိုင်သောအမှုကိုထောက်၍ နှစ်သက်တော်မူဘွယ်ဖြစ်၏။
for if the willing mind is present, according to that which any one may have it is well-accepted, not according to that which he hath not;
13 ၁၃ ဤအမူရာ၌ အခြားသောသူတို့သည် ချမ်းသာရ၍ သင်တို့သည်ဆင်းရဲစေခြင်းငှါ ငါအကြံရှိသည် မဟုတ်။
for not that for others release, and ye pressured, [do I speak, ]
14 ၁၄ များများရသောသူမပို။ နည်းနည်းရသော သူမလိုဟူသောကျမ်း စကားနှင့်အညီ၊
but by equality, at the present time your abundance — for their want, that also their abundance may be for your want, that there may be equality,
15 ၁၅ မျှခြင်းတရားကိုထောက်၍၊ ယခု၌ သင်တို့၏ စည်းစိမ်သည် သူတို့၏ဆင်းရဲကို မစသဖြင့်၎င်း၊ နောင်၌ သူတို့၏စည်းစိမ်သည် သင်တို့၏ဆင်းရဲကို မစသဖြင့် ၎င်း၊ အညီအမျှဖြစ်စေခြင်းငှါ ငါအကြံရှိ၏။
according as it hath been written, 'He who [did gather] much, had nothing over; and he who [did gather] little, had no lack.'
16 ၁၆ ထိုသို့သင်တို့၏ အကျိုးကိုပြုစုချင်သော စေတနာစိတ်ကို ဘုရားသခင်သည် တိတုအားလည်း ပေးတော်မူသော ကျေးဇူးတော်ကြီးလှပေ၏။
And thanks to God, who is putting the same diligence for you in the heart of Titus,
17 ၁၇ ထိုသူသည် ငါတိုက်တွန်းသောစကားကို နားထောင်သည်သာမက၊ အလွန်စေတနာစိတ် အားကြီး ၍ သင်တို့ဆီသို့ အလိုအလျောက်သွား၏။
because indeed the exhortation he accepted, and being more diligent, of his own accord he went forth unto you,
18 ၁၈ ဧဝံဂေလိတရားကိုဟောပြော၍ အသင်းတော်အပေါင်းတို့၌ ချီးမွမ်းခြင်းကိုခံရသောညီကိုလည်း တိတုနှင့်အတူ ငါတို့စေလွှတ်ကြ၏။
and we sent with him the brother, whose praise in the good news [is] through all the assemblies,
19 ၁၉ ထိုညီမူကား၊ သခင်ဘုရား၏ ဂုဏ်အသရေတော်ကို၎င်း၊ ကိုယ်စေတနာစိတ်ကို၎င်း၊ ငါတို့သည် ထင်ရှားစေ၍၊ အသင်းတော်များ၏အလှူကျေးဇူးကို ပြုစုသည့်အမှုမှာ ငါတို့နှင့်အတူသွားစေခြင်းငှါ၊ အသင်းတော်တို့သည် ရွေးကောက်၍ ခန့်ထားသောသူ ဖြစ်သတည်း။
and not only so, but who was also appointed by vote by the assemblies, our fellow-traveller, with this favour that is ministered by us, unto the glory of the same Lord, and your willing mind;
20 ၂၀ ငါတို့သည် ထိုများစွာသော အလှူကျေးဇူးကို ပြုစုရာတွင် အပြစ်တင်စရာအကြောင်း အလျှင်းမရှိ စေခြင်းငှါ သတိပြုကြ၏။
avoiding this, lest any one may blame us in this abundance that is ministered by us,
21 ၂၁ သခင်ရှေ့တော်၌သာမက၊ လူတို့ရှေ့၌ တင့်တယ်လျှောက်ပတ်သော အကျင့်ကိုကြံစည်ကြ၏။
providing right things, not only before the Lord, but also before men;
22 ၂၂ ထိုသူနှစ်ယောက်နှင့်အတူ အခြားသောညီကိုလည်း စေလွှတ်ကြ၏။ ထိုညီမူကား၊ ငါတို့သည်အရာရာ၌ အဖန်ဖန်စုံစမ်း၍ သိသည့်အတိုင်း လုံ့လပြုသောသူဖြစ်၏။ ယခု၌ သင်တို့ကိုအလွန်ယုံသောကြောင့် သာ၍ လုံ့လပြု၏။
and we sent with them our brother, whom we proved in many things many times being diligent, and now much more diligent, by the great confidence that is toward you,
23 ၂၃ တိတုသည်အဘယ်သို့သောသူနည်းဟု တစုံတယောက်မေးလျှင်ငါ၏အပေါင်းအဘော်ဖြစ်၏။ သင်တို့ အမှုကိုငါနှင့်အတူ ဆောင်ရွက်သောသူလည်း ဖြစ်၏။ အခြားသော ညီအစ်ကိုတို့မူကား၊ အဘယ်သို့သောသူ နည်းဟုမေးလျှင်၊ အသင်းတော်များ၏ တမန်ဖြစ်ကြ၏။ ခရစ်တော်၏ဘုန်းအသရေလည်း ဖြစ်ကြ၏။
whether — about Titus — my partner and towards you fellow-worker, whether — our brethren, apostles of assemblies — glory of Christ;
24 ၂၄ ထိုကြောင့်၊ သင်တို့၏ချစ်ခြင်းမေတ္တာကို၎င်း၊ ငါတို့သည်သင်တို့ကြောင့် ကြွားဝါခြင်းအကြောင်းကို၎င်း၊ အသင်းတော်များမျက်မှောက်၌ ထိုသူတို့အား ထင်ရှားစွာပြကြလော့။
the shewing therefore of your love, and of our boasting on your behalf, to them shew ye, even in the face of the assemblies.