< ၂ ကောရိန္သု 7 >

1 ထိုကြောင့်ချစ်သူတို့၊ ထိုဂတိတော်များနှင့် ငါတို့သည်ဆိုင်ကြသည်ဖြစ်၍၊ ကိုယ်ခန္ဓာ၏ အညစ်အကြေး၊ စိတ်ဝိညာဉ်၏အညစ်အကြေးရှိသမျှတို့နှင့် ကိုယ်ကိုကိုယ်ကင်းစင်စေလျက်၊ ဘုရားသခင်ကို ကြောက်ရွံ့၍ သန့်ရှင်းခြင်းပါရမီနှင့် ပြည့်စုံကြကုန်အံ့။
Basakiwa, buti mutwina insepiso tulijoloze kunzitu zonse zitu panga bena inkwe mumibili ni muluhuho. Tu wonderere kunjolola mukutiya Ireeza.
2 ငါတို့ကိုလက်ခံကြလော့။ ငါတို့သည် အဘယ်သူကိုမျှမပြစ်မှား။ အဘယသူကိုမျှမယိုယွင်းစေ၊ အဘယ်သူ၏ဥစ္စာကိုမျှ ပရိယာယ်အားဖြင့် မယူ။
Mutu lukiseze chibaka! kana tubafosekezi umwi. kana tuba holofazi muntu kapa kuchengelela umwi.
3 သင်တို့ကိုအပြစ်တင်၍ ဤသို့ငါဆိုသည်မဟုတ်။ သင်တို့နှင့် အတူအသက်ရှင်ခြင်းငှါ၎င်း၊ သေခြင်းငှါ၎င်း၊ အလိုရှိသည်တိုင်အောင်၊ ငါတို့သည် သင်တို့ကိုချစ်ကြ၏ဟု အထက်ကငါပြောခဲ့ပြီ။
Kana kumimyaza iyo niwamba. Sina hani bawambi kale kuti mwina mwi nkulo zetu, kwetu kuti tufwe hamwina ni kuhala hamwina.
4 သင်တို့ကြောင့် အလွန်ရဲရင့်ခြင်းရှိ၏။ သင်တို့ကြောင့် အလွန်ကြွားဝါခြင်းရှိရ၏။ သက်သာခြင်းနှင့် ပြည့်စုံ၏။ ညှင်းဆဲခြင်းကို ခံလေရာရာ၌ အတိုင်းထက် အလွန်ဝမ်းမြောက်ခြင်းရှိ၏။
Nina i sepo inkando mwenu, imi nilinuneka chenu. ni zwire ku ombawombwa. Ni zwire kusanga nanga mumanyando etu onse.
5 ငါတို့သည် မာကေဒေါနိပြည်သို့ ရောက်သောအခါ၊ ကိုယ်ကာယငြိမ်ဝပ်ခြင်း အလျှင်းမရှိ၊ အရာရာ၌ ညှဉ်းဆဲခြင်းကို ခံကြရ၏။ ပြင်၌ကား တိုက်လှန်ခြင်းရှိ၏။ အတွင်း၌ကားစိုးရိမ်ခြင်းရှိ၏။
Hatukeza kwa Masendoniya, mibiri yetu kena ibena impumulo. chebaka lyobulyo, tuba katezwe muzintu zonse che nfapani zibena hanze ni kutiya kubena mukati.
6 သို့သော်လည်း နှိမ့်ကျလျက်ရှိသော သူတို့ကို သက်သာစေတော်မူတတ်သော ဘုရားသခင်သည်၊ တိတု ရောက်လာသောအားဖြင့် ငါတို့ကို သက်သာစေတော်မူ၏။
Kono Ireeza, yo susuweza ba zwafite, aba tu susuezi cha kusika kwa Tite.
7 တိတုရောက်လာခြင်းအားဖြင့်သာ သက်သာစေတော်မူသည်မဟုတ်။ တိတုသည် သင်တို့ဆီမှရသော သက်သာခြင်းအားဖြင့်လည်း သက်သာစေတော်မူ၏။ အဘယ်သို့နည်းဟူမူကား၊ သင်တို့၏တောင့်တခြင်း၊ ညည်းတွားခြင်း၊ ငါ၏အကျိုးအလို့ငှါ စေတနာစိတ်အားကြီးခြင်း အကြောင်းအရာများကို သူသည်ငါတို့အား ကြားပြော၏။ ထိုကြောင့် ငါသည်သာ၍ ဝမ်မြောက်ခြင်းရှိ၏။
Kena ibali chakusika bulyo chaba tususuezi kacho Ireeza. Ibali ni che susuezo yaba tambuli Tite kuzwa kwako. Abatu wambiri kaze rato lyenu, kuwilwa kwenu, ni kubirerera ahulu ime. Imi sanga ni kuhitiliza.
8 အထက်ကပေးလိုက်သော စာအားဖြင့် သင်တို့ကို ဝမ်းနည်းစေသောကြောင့်၊ ငါသည်ယခင်အခါ၌ နောင်တရှိသော်လည်း ယခုအခါ၌ မရှိ။ အကြောင်းမူကား၊ ထိုစာသည်သင်တို့ကို ခဏသာဝမ်းနည်းစေသည် ကို ငါမြင်၏။
Nangati kuti iñolo lyangu libezi kukuzuwisa bubi, Kani linyasi chalyo. Kono nibali nyansi hani bona kuti iñolo lyangu libezi kukuzuwisa bubi. Kono ubalizu bubi che kanako zana.
9 သင်တို့ဝမ်းနည်းစေသောကြောင့် ငါဝမ်းမြောက်သည်မဟုတ်။ ဝမ်နည်းစေ၍ နောင်တရသောကြောင့် ငါဝမ်းမြောက်ခြင်းရှိ၏။ ငါတို့အားဖြင့် သင်တို့၏ အကျိုးအလျှင်းမပျက်ရမည်အကြောင်း၊ ဘုရားသခင်၏ အလိုတော်နှင့်အညီ ဝမ်းနည်းစေကြ၏။
Hanu ni sangite, insiñi kuti muba mubazuwile butuku, kono kakuti kusalizuwa hande kwenu buba mileti kulinyaza zivi zenu. Mube zibi maswabi a zamilimu, mi kana muba nyandi cha kusinyehelwa chimwi kabeka lyetu.
10 ၁၀ အဘယ်သို့နည်းဟူမူကား၊ ဘုရားသခင်၏ အလိုတော်နှင့်ညီသော ဝမ်းနည်းခြင်းသည် ကယ်တင် ခြင်းနှင့်ယှဉ်သောနောင်တစိတ် တည်းဟူသော၊ မပြောင်းလဲနိုင်သောနောင်တစိတ်ကို ပြုပြင်တတ်၏။ လောကီ ဝမ်းနည်းခြင်းမူကား၊ သေခြင်းကိုပြုပြင်တတ်၏။
Kakuki chiliro cha milimu chiletera kubaka iri kuwanisa kuhazwa nikusena kuli nyansa. Chiliro chefasi, nihakuba bulyo, chileta ifu.
11 ၁၁ ဘုရားသခင်၏အလိုတော်နှင့်ညီသော သင်တို့၏ ဝမ်းနည်းခြင်းသည် သင်တို့၌ အဘယ်သို့သော သတိပြုခြင်း၊ ကိုယ်အပြစ်ကိုဖြေခြင်း၊ အမျက်ထွက်ခြင်း၊ ကြောက်ရွံ့ခြင်း၊ အလွန်တောင့်တခြင်း၊ ငါ၏အကျိုး အလို့ငှါ စိတ်အားကြီးခြင်း၊ တရားသဖြင့် ဒဏ်စီရင်ခြင်းတို့ကို ပြုပြင်သည်ကို ကြည့်ရှုကြလော။ သင်တို့သည် ဤအမှု၌ အပြစ်ကင်းသည်ကို အရာရာအားဖြင့် ထင်ရှားပြကြပြီ။
Bone bukando bwentundamo yamaswabi abuireeza ziabaleti kwako. Ibali inkando vule intundamo mwenu ku konisa kuti kana muvbena mulandu. Ibali kukando vule kubenga kwako, kutiya, indiwulu yako, kulitombola, nikuna kuti busakusimwa bupangwa! Munzintu zonse zimuba bonahazi kuti kamwina mulandu mwi indaba.
12 ၁၂ ထိုသို့နှင့်အညီ၊ ငါသည်သင်တို့အား ရေး၍ပေးလိုက်သောအခါ၊ ပြစ်မှားသောသူနှင့် ပြစ်မှားခြင်း ခံရသောသူကိုသာ ထောက်၍ ရေးသည်မဟုတ်။ သင်တို့အကျိုးကိုငါတို့သည် ဘုရားသခင်ရှေ့တော်၌ ပြုစု ချင်သောစေတနာစိတ်ရှိကြောင်းကို သင်တို့အား ထင်ရှားစေခြင်းငှါ ရေးသတည်း။
Nihakuba kuti niba miñoleri, Kena niba ñoli chebaka lyo kupanga bubi, kamba chozo yaba pangi bubi. Niba ñoli iri kuti kusepahala kwenu kwetu kuboneke kwenu habusu bwe Ireeza.
13 ၁၃ ထိုကြောင့်သင်တို့၏ သက်သာခြင်း အကြောင်း အားဖြင့်၊ ငါတို့သည်လည်း သက်သာခြင်း သို့ရောက်သည် သာမက၊ တိတု၏ဝမ်းမြောက်ခြင်းအကြောင်းအားဖြင့် သာ၍အလွန်ဝမ်းမြောက်ကြ၏။ သင်တို့ရှိသမျှသည် ထိုသူ၏စိတ်နှလုံးကို သက်သာဝမ်းမြောက်စေကြသည် ဖြစ်၍၊
Ibaka lyezi tuba susuwezwe. Chokuwelekeza kuwombawombiwa kwetu, tubezi kusanga ni kuhitiliza chebaka lya kusanga kwa Tite, kakuli luhuho lwakwe lubabiswa buhya chenu mobonse.
14 ၁၄ အထက်ကငါသည် သင်တို့ကိုအကြောင်းပြု၍ ဝါကြွားသော စကားကိုထိုသူအားပြောပြီးလျှင်၊ ယခု ရှက်ကြောက်ခြင်းမရှိ။ ငါတို့သည် အရာရာ၌ သင်တို့အား ဟုတ်မှန်စွာပြောသည်နည်းတူ၊ တိတုရှေ့၌ ငါ ဝါကြွားသောစကားသည်လည်း မှန်သောစကားဖြစ်ကြောင်း ထင်ရှား၏။
Mukuti haiba nili tundumuna kwakwe chenu, Kena niba swabisiswa. Ne kena bulyo, sina zintu zonse zitu bawambi kwenu zibali za kusakusimwa, kuli tundumuna kwetu kuamana nanwe kwa Tite kuba bonisi kuba kusakusimwa.
15 ၁၅ သင်တို့သည် ကြောက်ရွံ့တုန်လှုပ်ခြင်းနှင့် သူတို့ လက်ခံ၍နားထောင် ကြသည်ကို သူသည် အောက်မေ့သဖြင့်၊ သင်တို့ကို ချစ်သနားခြင်း မေတ္တာကရုဏာစိတ်နှင့် အလွန်ပြည့်စုံ၏။
Ilato lyakwe kwenu ikando maswe, sina habazezi ikute lyenu mubonse, mumubezi kumu tambwila chokutiya ni chachalika.
16 ၁၆ ငါသည်အရာရာ၌ သင်တို့ကို ယုံနိုင်သောကြောင့် ဝမ်းမြောက်ခြင်းရှိ၏။
Ni sangwa kakuti nina i sepo inzwire mwenu.

< ၂ ကောရိန္သု 7 >