< ၂ ကောရိန္သု 5 >
1 ၁ ယာယီတဲဖြစ်သော ငါတို့မြေအိမ်သည်ပျက်လျှင်၊ ကောင်းကင်ဘုံ၌ လူလက်ဖြင့်မလုပ်ဘဲ၊ ဘုရားသခင် ဖန်ဆင်းတော်မူသော နိစ္စထာဝရအိမ်ရှိကြောင်းကို ငါတို့ သိကြ၏။ (aiōnios )
Ken he ni iko waki sun ne me a zee ba kon riwa ba me ni woRji. A kon wa ba wo ndi ne bubu meikon wu komi ikon nishun. (aiōnios )
2 ၂ ငါတို့သည် မြေအိမ်၌ရှိစဉ်တွင်၊ ကောင်းကင်အိမ် ထဲသို့ဝင်စားခြင်းငှါ အလွန်တောင့်တလိုချင်သော စိတ် ရှိ၍၊ ညည်းတွားမြည်တမ်းလျက်၊ နေကြ၏။
Ki he men kpawa ki grunoni ki gben suturta ni ta ni bubu sunbu ni shulu.
3 ၃ ထိုသို့ဝင်စားလျှင် နေရာမဲ့ဖြစ်မည်မဟုတ်။
Ki gben ni wa yinko bubu yin surkpi ni wu kina san ni gbrena.
4 ၄ ဤတဲ၌နေသော ငါတို့သည် လေးသောဝန်ကို ထမ်း၍ ညည်းတွားမြည်တမ်းကြ၏။ နေရာထဲက ထွက်ချင်သောကြောင့် ညည်းတွားသည် မဟုတ်။ သေတတ်သောအရာကို အသက်ရှင်ခြင်း၌ ဆုံးရှုံးစေခြင်းငှါ၊ မြဲသောနေရာထဲသို့ ဝင်စားချင်သောကြောင့် ညည်းတွားကြ၏။
Ki na he ndi wa ki he ni me alfirwa; kiti gurnani a nota yah kena sun sina ahenaki kinsun dun ba suturta nita wu ne envre ni ki ne menlu kpe wa a kyu.
5 ၅ ထိုသို့သော အကျိုးကိုခံစေခြင်းငှါ ငါတို့ကို ပြင်ဆင်သောသူကား၊ ဘုရားသခင်ပေတည်း။ ထိုဘုရား သခင်သည် ဝိညာဉ်တော်တည်းဟူသော စားရန်ကို ငါတို့အား ပေးတော်မူပြီ။
Ndi wa ni sun mlan bubu yin ti wu gregre ma a Rji wa a nota Ruhun ni iko yo yu ni kpe neye.
6 ၆ ထို့ကြောင့်ငါတို့သည် ကိုယ်ခန္ဓာ၌ နေမြဲနေစဉ်ကာလ၊ သခင်ဘုရားနှင့် ကွာဝေးရာအရပ်၌နေသည်ကို ငါတို့သည်သိလျက်၊
Iwa he naki he negabagidi ko nitan. Ken mlaya wa kin shagala ni me kpa ki sun gbro ni Baci.
7 ၇ အစဉ် ရဲရင့်သောစိတ်ရှိကြ၏။ မျက်မှောက်မမြင်ဘဲ ယုံကြည်မျှော်လင့်ခြင်းရှိသည်အတိုင်း၊ ငါတို့သည် ကျင့်ဆောင်ပြုမှုသည်ဖြစ်၍၊
Ni tun kba yebu ki jir, a na to wu wal sh na.
8 ၈ ကိုယ်ခန္ဓာနှင့် ကွာဝေးရာအရပ်သို့သွား၍၊ သခင်ဘုရားထံတော်၌ နေမြဲနေခြင်းငှါ အလိုရှိလျက်၊ ရဲရင့်သောစိတ်နှင့်ပြည့်စုံကြ၏။
Ken he ni gabagadi ki brin kpa bu ni ku sun ni Baci.
9 ၉ ထို့ကြောင့်ငါတို့သည် နေမြဲအရပ်၌ နေသည် ဖြစ်စေ၊ ကွာဝေးရာအရပ်၌နေသည်ဖြစ်စေ၊ သခင်ဘုရား နှစ်သက်တော်မူသော သူဖြစ်ခြင်းငှါ စေတနာစိတ်ရှိ၍ ကြိုးစားအားထုတ်ကြ၏။
Ki ban ni burinbu, kon ki he ne minkpa ko gbro ne gamsh un.
10 ၁၀ အကြောင်းမူကား၊ ငါတို့ရှိသမျှသည် ကိုယ်ခန္ဓာ၌ကျင့်သောအကျင့်၊ ကောင်းမကောင်းရှိသည်အတိုင်း အကျိုးအပြစ်ကို အသီးအသီးခံခြင်းငှါ၊ ခရစ်တော်၏ တရားပလ္လင်ရှေ့၌ ပေါ်လာရကြမည်။
Tilas wawumbu ki halara ni koshishi kursiyin blatre Almasihu ko di an kpa dima ikpe wa wu tin ni mekpa dindima kha memema.
11 ၁၁ သို့ဖြစ်၍ သခင်ဘုရားနှင့်ဆိုင်သော ကြောက်မက်ဖွယ်သော အကြောင်းအရာတို့ကို ငါတို့သည် သိလျှင်၊ လူများကိုနှိုးဆော်သွေးဆောင်ရသည်ဖြစ်၍၊ ဘုရားသခင်ရှေ့တော်၌ ထင်ရှားကြ၏။ သင်တို့၏စိတ်ရှေ့၌ လည်းထင်ရှားကြသည်ဟု ငါထင်မှတ်၏။
To ki a an ki klun sisir Baci di ne gurndi Rji ti tonta wa ki anh ne ra, me to naki a anh ine khalan ne Almasihu.
12 ၁၂ ငါတို့သည်သင်တို့ရှေ့၌ တဖန်ကိုယ်ကိုကိုယ် ချီးမွမ်းကြသည်မဟုတ်။ စိတ်သဘောကိုမထောက်၊ အသွေးအဆင်းကိုထောက်၍ ဝါကြွားသောသူတို့၏ စကားကို သင်တို့သည် ချေနိုင်မည်အကြောင်း၊ ငါတို့ ကြောင့် ဝါကြွားခြင်းအခွင့်ကိုသာ ပေးကြ၏။
Kina sun kigur yina ni dun yi tonta ni matsayi ndi biti dindina, maimako nayi ki noyin dalili gagba nita, du yi to amsar wa bi ni bi ba gbreson ni ye ba ana kpewa anh me sorbana.
13 ၁၃ ငါတို့သည် သူရူးဖြစ်လျှင် ဘုရားသခင်အဘို့ ဖြစ်ကြ၏။ စိတ်ကောင်းသောသူဖြစ်လျှင် သင်တို့အဘို့ ဖြစ်ကြ၏။
Kiti nahi ni mesurbu dunRji, in anaki ki anh nimesurbi.
14 ၁၄ အကြောင်းမူကား၊ တယောက်သောသူသည် လူအပေါင်းတို့အတွက်ကြောင့် အသေခံသည်မှန်လျှင်၊
Sun wa Almasihu Elias an bu ki tabatar ni wu ndi rikyu ni tuni hu mi wa he naki ba kyu.
15 ၁၅ လူအပေါင်းတို့သည် သေလျက်နေကြသည် ဟူ၍၎င်း၊ အသက်ရှင်သောသူတို့သည် တဖန်ကိုယ်အလို သို့လိုက်၍ မရှင်၊ သူတို့အတွက်ကြောင့် အသေခံပြီးမှ ထမြောက်တော်မူသော သူတို့၏အလိုသို့လိုက်၍ ရှင်စေ မည်အကြောင်း၊ လူအပေါင်းတို့အတွက်ကြောင့် အသေ ခံတော်မူသည်ဟူ၍၎င်း၊ ငါတို့သည်သဘောထားလျက်၊ ခရစ်တော်၏ချစ်ခြင်း မေတ္တာတော်သည် ငါတို့ကို အနိုင် အထက်သွေးဆောင်၏။
Almasihu kyu nitu ka nhanidi wa ni vren ba ra yu ta tun ba, maimako na hin ki yin raguwa dan wawu. wa akyu da lunde.
16 ၁၆ သို့ဖြစ်လျှင်၊ ယခုမှစ၍ ငါတို့သည် ဇာတိအမျိုကိုထောက်၍ အဘယ်သူကိုမျှမသိမမှတ်။ ဇာတိအမျိုးကိုထောက်၍ ခရစ်တော်ကို အထက်က သိမှတ်သော်လည်း၊ ယခုမှစ၍ ထိုသို့သောသိမှတ်ခြင်းမရှိ။
Ni bubu dalili, zizan khina khara blan lahtre ko, an bis bubu tsara (ko ma'um) ni yanadm, tun nahi ki ya kongun ni to Almasihu naki zizan ki brin sharanta ne haka.
17 ၁၇ လူမည်သည်ကား၊ ခရစ်တော်၌ရှိလျှင် အသစ် ပြုပြင်သောသတ္တဝါဖြစ်၏။ ဟောင်းသောအရာ တို့သည်ပြောင်းလဲ၍ ခပ်သိမ်းသောအရာတို့သည် အသစ်ဖြစ်ကြပြီ။
Dun ndi wa an me me Almasihu batitine. cinche al'amura ba shude den kati nsa.
18 ၁၈ ထိုသို့ဖြစ်သော် ဘုရားသခင်၏ တန်ခိုးတော်အားဖြင့် ဖြစ်ကြ၏။ ဘုရားသခင်သည် ယေရှုခရစ် အားဖြင့် ငါတို့၏ရန်ကိုငြိမ်းစေ၍ ကိုယ်တော်နှင့် မိဿဟာယဖွဲ့စေတော်မူ၏။ ထိုမိဿဟာယတရားကို ဟောရသော အခွင့်အရာကို ငါတို့၌အပ်ပေးတော်မူ၏။
Ton kpe bin yin ba he ni Rji a shunta tin ni tun ma, nita wurin Almasihu a no ta hidima shutu.
19 ၁၉ ထိုတရားဟူမူကား၊ ဘုရားသခင်သည် ခရစ်တော်အထဲ၌ ရှိနေလျက်၊ လောကီသားတို့၏ အပြစ်များ ကို မှတ်တော်မမူ၊ ရန်ကိုငြိမ်းစေ၍ ကိုယ်တော်နှင့် မိဿဟာယဖွဲ့စေတော်မူ၏။ ထိုမိဿဟာယတရားကိုလည်း ငါတို့၌အပ်ပေးတော်မူ၏။
Ne me Almasihu, Rji shuta tin ne gbugble ye ni wu, a na ya blan la tre (zunubinsu) ni tun ba a nota tre shutu.
20 ၂၀ ထို့ကြောင့်ငါတို့သည်ခရစ်တော်၏ သံတမန်ဖြစ်ကြ၏။ သင်တို့သည်ရန်ငြိမ်း၍ ဘုရားသခင်နှင့် မိဿ ဟာယဖွဲ့ကြလော့ဟု ဘုရားသခင်သည် ငါတို့အားဖြင့် နှိုးဆော်သွေးဆောင်တော်မူသကဲ့သို့၊ ငါတို့သည် ခရစ်တော်၏ ကိုယ်စားဖြစ်၍ သင်တို့ကို တောင်းပန် သွေးဆောင်ကြ၏။
Ba chunta ni matsayi bi lah tre Almasihu, Rji ni yo ta ni adi nita wobu ki, bra yin don Almasihu ki shukpa bu ti niwo Rji.
21 ၂၁ အဘယ်ကြောင့်နည်းဟူမူကား၊ ဘုရားသခင် သည်အပြစ်နှင့် ကင်းစင်သောသူကို ငါတို့အတွက်ကြောင့် အပြစ်ရှိသောသူဖြစ်စေတော်မူ၏။ အကြောင်းမူကား၊ ငါတို့သည်ထိုသူအားဖြင့် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သောသူဖြစ်မည်အကြောင်းတည်း။
Wa wu yin mi ni Almasihu a ka yima lehgadon ku sho ku bu. A an ti lantre nan. Atinayi niki sun bin ti dindi wa wu na ti latre na atin na yin ki ne sun ne adalci Rji ni me ma.