< ၂ ကောရိန္သု 13 >
1 ၁ ဤတတိယအကြိမ်တွင် သင်တို့ဆီသို့ ငါလာမည်ဖြစ်၍၊ သက်သေခံနှစ်ဦးသုံးဦးအားဖြင့် စကားရှိသမျှ တို့သည် တည်ရလိမ့်မည်။
etattR^itIyavAram ahaM yuShmatsamIpaM gachChAmi tena sarvvA kathA dvayostrayANAM vA sAkShiNAM mukhena nishcheShyate|
2 ၂ တဖန်ငါရောက်လာလျှင် သင်တို့ကိုမသနားရဟု ပြစ်မှားသော သူမှစ၍ကြွင်းသော သူအပေါင်းတို့အား အထက်က ငါပြောသည်သာမက၊ ယခုပင်သင်တို့နှင့်အတူ မရှိသော်လည်း၊ တဖန်ရှိဘိသကဲ့သို့ငါပြောနှင့်၏။
pUrvvaM ye kR^itapApAstebhyo. anyebhyashcha sarvvebhyo mayA pUrvvaM kathitaM, punarapi vidyamAnenevedAnIm avidyamAnena mayA kathyate, yadA punarAgamiShyAmi tadAhaM na kShamiShye|
3 ၃ သင်တို့တွင်အားနည်းတော်မမူ၊ အားကြီးတော်မူသော ခရစ်တော်သည် ငါ၌ဗျာဒိဏ်ပြတော်မူခြင်း သက်သေကို သင်တို့သည် ရှာသောကြောင့်၊ ငါရောက် လာသောအခါ မသနားရ။
khrIShTo mayA kathAM kathayatyetasya pramANaM yUyaM mR^igayadhve, sa tu yuShmAn prati durbbalo nahi kintu sabala eva|
4 ၄ အကြောင်းမူကား၊ ထိုခရစ်တော်သည် အားနည်းခြင်းနှင့်လက်ဝါးကပ်တိုင်မှာ အသေခံသော်လည်း၊ ဘုရားသခင်၏တန်ခိုးတော်နှင့် အသက်ရှင်တော်မူ၏။ ငါတို့သည်လည်း ခရစ်တော်၏နည်းတူ အားနည်း သော်လည်း၊ သင်တို့တွင်ပြသော ဘုရားသခင်၏ တန်ခိုး တော်အားဖြင့် ခရစ်တော်နှင့်အတူ အသက်ရှင်ခြင်း ရှိကြလိမ့်မည်။
yadyapi sa durbbalatayA krusha Aropyata tathApIshvarIyashaktayA jIvati; vayamapi tasmin durbbalA bhavAmaH, tathApi yuShmAn prati prakAshitayeshvarIyashaktyA tena saha jIviShyAmaH|
5 ၅ သင်တို့သည်ယုံကြည်ခြင်း၌တည်သလော၊ မတည်လောဟု ကိုယ်ကိုကိုယ်စစ်ကြောကြလော့။ ကိုယ်ကို ကိုယ်စုံစမ်းကြလော့။ အစစ်မခံနိုင်သော သူမမှန်လျှင်၊ ယေရှုခရစ်သည် သင်တို့၌ တည်တော်မူသည်ဟု ကိုယ် အကြောင်းကိုယ်မသိကြလော။
ato yUyaM vishvAsayuktA Adhve na veti j nAtumAtmaparIkShAM kurudhvaM svAnevAnusandhatta| yIshuH khrIShTo yuShmanmadhye vidyate svAnadhi tat kiM na pratijAnItha? tasmin avidyamAne yUyaM niShpramANA bhavatha|
6 ၆ ငါတို့သည် အစစ်ခံနိုင်သောသူဖြစ်သည်ကို သင်တို့သိကြလိမ့်မည်ဟု ငါထင်မှတ်မြော်လင့်ခြင်းရှိ၏။
kintu vayaM niShpramANA na bhavAma iti yuShmAbhi rbhotsyate tatra mama pratyAshA jAyate|
7 ၇ ငါတို့သည် အစစ်ခံနိုင်ကြောင်းကို ထင်ရှားစေခြင်းငှါ ငါအလိုရှိသည်မဟုတ်။ အစစ်မခံနိုင်သော သူကဲ့သို့ထင်သော်လည်း၊ သင်တို့သည် ကောင်းမွန်စွာ ကျင့်စေခြင်းငှါ၊ မကောင်းသောအကျင့်တစုံတခုကိုမျှ မကျင့်မည်အကြောင်း၊ ငါသည် ဘုရားသခင်ကို ဆုတောင်းပဌနာပြု၏။
yUyaM kimapi kutsitaM karmma yanna kurutha tadaham Ishvaramuddishya prArthaye| vayaM yat prAmANikA iva prakAshAmahe tadarthaM tat prArthayAmaha iti nahi, kintu yUyaM yat sadAchAraM kurutha vaya ncha niShpramANA iva bhavAmastadarthaM|
8 ၈ ငါတို့သည်သမ္မာတရားကို ဆီးတားခြင်းငှါ အလျှင်းမတတ်နိုင်ကြ။
yataH satyatAyA vipakShatAM karttuM vayaM na samarthAH kintu satyatAyAH sAhAyyaM karttumeva|
9 ၉ သမ္မာတရားဘက်၌နေ၍သာ တတ်နိုင်ကြ၏။ ငါတို့သည်အားနည်း၍ သင်တို့သည်အားကြီးသောအခါ၊ ငါတို့သည် ဝမ်းမြောက်ခြင်းရှိကြ၏။ သင်တို့သည် စုံလင်မည်အကြောင်းကိုသာ အလိုရှိကြ၏။
vayaM yadA durbbalA bhavAmastadA yuShmAn sabalAn dR^iShTvAnandAmo yuShmAkaM siddhatvaM prArthayAmahe cha|
10 ၁၀ ထိုကြောင့် ပယ်ရှင်းဖျက်ဆီးခြင်းအလိုငှါမဟုတ်၊ တည်ဆောက်ခြင်းအလိုငှါ သခင်ဘုရားသည် ငါ၌ အပ်ပေးတော်မူသော တန်ခိုးရှိသည်အတိုင်း ငါသည် ရောက်လာသောအခါ ပြင်းစွာသောဒဏ်ကို မပေးလို၍၊ ယခုသင်တို့နှင့် ကွာဝေးသေးသည်ကာလ ဤသို့ ငါရေးလိုက်၏။
ato hetoH prabhu ryuShmAkaM vinAshAya nahi kintu niShThAyai yat sAmarthyam asmabhyaM dattavAn tena yad upasthitikAle kAThinyaM mayAcharitavyaM na bhavet tadartham anupasthitena mayA sarvvANyetAni likhyante|
11 ၁၁ ကြွင်းသေးသောစကားဟူမူကား၊ ညီအစ်ကိုတို့၊ သင်တို့၌ မင်္ဂလာရှိပါစေသော။ စုံလင်ခြင်း၊ သက်သာ ဝမ်းမြောက်ခြင်းရှိကြလော့။ စိတ်တညီတညွတ်တည်း ဖြစ်၍၊ အချင်းချင်းအသင့်အတင့်နေကြလော့။ သို့ဖြစ်၍ မေတ္တာကို၎င်း၊ အသင့်အတင့်နေခြင်း ချမ်းသာကို၎င်း ပေးတော်မူသော ဘုရားသခင်သည် သင်တို့နှင့်အတူ ရှိတော်မူလတံ့။
he bhrAtaraH, sheShe vadAmi yUyam Anandata siddhA bhavata parasparaM prabodhayata, ekamanaso bhavata praNayabhAvam Acharata| premashAntyorAkara Ishvaro yuShmAkaM sahAyo bhUyAt|
12 ၁၂ အချင်းချင်းတယောက်ကိုတယောက် သန့်ရှင်းသော နမ်းခြင်းနှင့် နှုတ်ဆက်ကြလော့။
yUyaM pavitrachumbanena parasparaM namaskurudhvaM|
13 ၁၃ သန့်ရှင်းသူအပေါင်းတို့သည် သင်တို့ကို နှုတ်ဆက်ကြ၏။
pavitralokAH sarvve yuShmAn namanti|
14 ၁၄ သခင်ယေရှုခရစ်၏ ကျေးဇူးတော်၎င်း၊ ဘုရားသခင်၏ မေတ္တာတော်၎င်း၊ သန့်ရှင်းသော ဝိညာဉ်တော်၏ မိဿဟာယတော်၎င်း၊ သင်တို့အပေါင်း၌ရှိစေသတည်း။ အာမင်။
prabho ryIshukhrIShTasyAnugraha Ishvarasya prema pavitrasyAtmano bhAgitva ncha sarvvAn yuShmAn prati bhUyAt| tathAstu|