< ၂ ကောရိန္သု 11 >
1 ၁ ငါမိုက်မဲသောအပြစ်ကို သင်တို့သည် ခဏသည်းခံစေခြင်းငှါ ငါအလိုရှိ၏။ ခဏသည်းခံကြပါလော့။
Bárcsak elszenvednétek tőlem egy kevés balgaságot! Sőt szenvedjetek el engem is.
2 ၂ အကြောင်းမူကား၊ ငါသည်သင်တို့ကို သီလနှင့် ပြည့်စုံသော သတို့သမီးကညာကဲ့သို့ ခရစ်တော်အား ဆက်အံ့သောငှါ၊ သင်တို့ကို လင်တဦးနှင့် ထိမ်းမြားဆောင်နှင်းပြီးသောကြောင့် ဘုရားသခင်၏ အလိုတော် အတိုင်း စိုးရိမ်သောစိတ်နှင့် သင်တို့ကို စောင့်ရှောက်လျက် နေ၏။
Mert Isten féltő szeretetével aggódom értetek, mivel eljegyeztelek titeket egy Férfiúval, hogy mint szeplőtelen szüzet állítsalak titeket Krisztus elé.
3 ၃ မြွေသည်မိမိပရိယာယ်အားဖြင့် ဧဝကိုလှည့်စားသကဲ့သို့၊ သင်တို့သည် စိတ်ဆွေးမြေ့ယိုယွင်း၍၊ ခရစ်တော်ကို အကြွင်းမဲ့ချစ်သောစိတ် ပျောက်မည်ဟု စိုးရိမ်ခြင်းရှိ၏။
Félek azonban, hogy amiként a kígyó a maga álnokságával megcsalta Évát, úgy a ti gondolataitokat is megronthatja és eltávolíthatja a Krisztus iránt való őszinte és tiszta hűségtől.
4 ၄ သင်တို့ရှိရာသို့ ရောက်လာသောသူသည် ငါတို့ မဟောမပြောသေးသော ယေရှုတပါးကို ဟောပြောသော်၎င်း၊ သင်တို့သည်မခံရသေးသော ဝိညာဉ်တော်တပါးကို ခံရသော်၎င်း၊ နားမထောင်သေးသော ဧဝံဂေလိတရားစကားကိုနားထောင်သော်၎င်း၊ ထိုသူကို သည်းခံကောင်း၏။
Mert ha valaki jön hozzátok, és más Jézust prédikál, nem akit mi prédikáltunk, vagy más lelket fogadtok be, nem akit kaptatok, vagy szépen eltűritek a más evangéliumot, nem amit befogadtatok.
5 ၅ ငါသည်အကြီးဆုံးသော တမန်တော်အောက် အလျှင်းမယုတ်သည်ကို ငါသဘောရှိ၏။
Pedig úgy gondolom, hogy semmiben sem vagyok alábbvaló a legfőbb apostoloknál.
6 ၆ စကားအားဖြင့်လူရိုင်းဟုတ်သော်လည်း၊ ပညာအားဖြင့် လူရိုင်းမဟုတ်။ သင်တို့တွင် အရာရာ၌ ငါတို့ သည်အစဉ် ကိုယ်ကိုကိုယ်ထင်ရှားစွာ ပြကြပြီ။
Ha pedig járatlan is vagyok a beszédben, de nem az ismeretben, amint ez mindenben és mindenképpen nyilvánvalóvá lett előttetek.
7 ၇ သင်တို့ကိုချီးမြှောက်ခြင်းငှါ၊ ကိုယ်ကိုကိုယ်နှိမ့်ချလျက်၊ ကျေးဇူးဆပ်ခြင်းကိုမခံဘဲ၊ သင်တို့အား ဘုရား သခင်၏ဧဝံဂေလိတရားကို ဟောပြောသည့်အရာမှာ ငါသည် အပြစ်ရှိသလော။
Vagy vétkeztem, amikor önmagamat megaláztam, hogy ti felmagasztaltassatok, mert ingyen hirdettem nektek az Isten evangéliumát?
8 ၈ သင်တို့အမှုကိုဆောင်ရွက်မည်အကြောင်း၊ အခြားသောအသင်းတော်များပေးသောစရိတ်ကို ငါခံ၍၊ သူတို့ကို လုယူရာသို့ရောက်လေပြီတကား။
Más gyülekezeteket szegényítettem meg, amikor támogatást fogadtam el tőlük, hogy nektek szolgáljak, és amikor nálatok voltam és szűkölködtem, mégsem voltam terhére senkinek.
9 ၉ သင်တို့နှင့်အတူရှိနေ၍ တစုံတခုကိုလိုသောအခါ အဘယ်သူကိုမျှ ငါမနှောင့်ရှက်။ အကြောင်းမူကား၊ မာကေဒေါနိပြည်ကလာသော ညီအစ်ကိုတို့သည် ငါလိုသမျှကိုပေးကြ၏။ သင်တို့ကို အလျှင်းမနှောင့်ယှက်ဘဲ သတိနှင့်နေခဲ့ပြီ။ နောင်၌လည်း သတိနှင့်နေဦးမည်။
Mert az én hiányomat kipótolták a Macedóniából jött atyafiak, és azon voltam és azon is leszek, hogy semmiben sem legyek terhetekre.
10 ၁၀ ခရစ်တော်၏သစ္စာတရားသည် ငါ၌ ရှိသည် ဖြစ်၍၊ အခါယပြည်များတို့၌ ဤသို့ ငါဝါကြွားသည်အမှု ကို အဘယ်သူမျှမဆီးတားရ။
Krisztus igazsága van bennem, ezért ettől a dicsekvésemtől Akhája vidékén sem fognak megfosztani.
11 ၁၁ အဘယ်ကြောင့်နည်း၊ သင်တို့ကိုငါမချစ်သလော။ ဘုရားသခင် သိတော်မူ၏။
Miért? Mert nem szeretlek titeket? Isten jól tudja!
12 ၁၂ အခွင့်ရလိုသောသူတို့သည် အခွင့်မရစေခြင်းငှါ၎င်း၊ ဝါကြွားခြင်းအရာ၌ သူတို့သည် ငါကဲ့သို့ ထင်ရှားစွာ ဖြစ်စေခြင်းငှါ၎င်း၊ ငါပြုခဲ့ပြီးသည်အတိုင်း အစဉ်ပြုဦးမည်။
De amit cselekszem, azt ezután is megteszem, hogy ne adjak alkalmat azoknak, akik alkalmat keresnek, arra, hogy dicsekvésükkel olyannak tűnjenek föl, mint amilyenek mi vagyunk.
13 ၁၃ အကြောင်းမူကား၊ ထိုသူတို့သည် မိစ္ဆာတမန်တော်ဖြစ်ကြ၏။ ခရစ်တော်၏ တမန်ဖြစ်ယောင်ဆောင် ၍ လှည့်ဖြားတတ်သော အမှုစောင့်ဖြစ်ကြ၏။
Mert az ilyenek hamis apostolok, álnok munkások, akik a Krisztus apostolainak tüntetik fel magukat.
14 ၁၄ ဤအမှုသည် အံဩဖွယ်ဖြစ်သည်မဟုတ်။ စာတန်ပင်လျှင် လင်းသောကောင်းကင်တမန်ဖြစ် ယောင်ဆောင်တတ်၏။
Nem is csoda, hiszen a sátán is a világosság angyalává változtatja el magát.
15 ၁၅ သို့ဖြစ်၍သူ၏ဆရာတို့သည်လည်း ဖြောင့်မတ်ခြင်းတရားကို ဟောသောဆရာဖြစ်ယောင်ဆောင်လျှင်၊ အဘယ်ဆိုဘွယ်ရှိသနည်း။ သူတို့သည် ကိုယ်ကျင့်သောအကျင့်အတိုင်း နောက်ဆုံး၌အကျိုးအပြစ်ကို ခံရကြ လတံ့။
Nem olyan nagy dolog azért, ha az ő szolgái is átváltoztatják magukat az igazság szolgáivá. De végük cselekedeteik szerint lesz.
16 ၁၆ တဖန်ငါဆိုသည်ကား၊ ငါ့ကိုသူရူးဖြစ်သည်ဟု အဘယ်သူမျှ မထင်စေနှင့်။ သို့မဟုတ်ငါဝါကြွားစရာ အခွင့်အနည်းငယ်ရှိစေခြင်းငှါ ငါ့ကိုသူရူးကဲ့သို့ မှတ်၍ သည်းခံကြလော့။
Ismét mondom: ne tartson engem senki sem esztelennek, de ha mégis, úgy fogadjatok be, mint esztelent is, hogy egy kicsit én is dicsekedhessem.
17 ၁၇ ဤသို့ငါပြောသောစကားမှာ သခင်ဘုရား၏ နည်းတူငါပြောသည်မဟုတ်။ သူရူးကဲ့သို့ ရဲရင့်စွာ ဝါကြွား လျက်ပြောဆို၏။
Amit most mondok, nem az Úr szerint mondom, hanem szinte esztelenül, a dicsekedésnek ebben a dolgában.
18 ၁၈ လူများတို့သည် လောကီအခြင်းအရာ၌ ဝါကြွား သောကြောင့် ငါသည်လည်းဝါကြွားရ၏။
Minthogy olyan sokan dicsekednek test szerint, dicsekedem én is.
19 ၁၉ သင်တို့သည်လိမ္မာသောသူဖြစ်သောကြောင့်၊ သူရူးတို့ကို စေတနာစိတ်နှင့် သည်းခံကြ၏။
Hiszen ti okosok vagytok, örömest eltűritek az eszteleneket.
20 ၂၀ သူတပါးသည်သင်တို့ကို ကျွန်ခံစေခြင်း၊ ရောင်း၍စားခြင်း၊ ဥစ္စာကိုလုယူခြင်း၊ ရန်တွေ့ခြင်း၊ ပါးပုတ် ခြင်းကိုပြုလျှင် သင်တို့သည် သည်းခံကြ၏။
Mert eltűritek, ha valaki leigáz titeket, ha valaki kifoszt, ha valaki kihasznál, ha valaki fölétek kerekedik, ha valaki arcul ver titeket.
21 ၂၁ ငါတို့သည်အစွမ်းသတ္တိမရှိဟုကဲ့ရဲ့ခြင်းကို အမှတ်ပြု၍ ငါပြော၏။ အကြင်အရာကို သူတပါး မှီဝဲ၍ ရဲရင့်၏။ ထိုအရာကိုငါမှီဝဲ၍ ရဲရင့်ခြင်းရှိ၏ဟု သူရူးကဲ့သို့ငါဆို၏။
Szégyenkezve mondom, minthogy mi ehhez erőtlenek voltunk. De ha valaki merész, esztelenül szólok, merész vagyok én is.
22 ၂၂ သူတို့သည် ဟေဗြဲလူဖြစ်ကြသလော။ ငါသည်လည်းဖြစ်၏။ သူတို့သည် ဣသရေလလူဖြစ်ကြသလော။ ငါသည်လည်းဖြစ်၏။ သူတို့သည်အာဗြဲဟံ အမျိုးဖြစ်ကြသလော။ ငါသည်လည်းဖြစ်၏။
Héberek ők? Én is! Izraeliták? Én is! Ábrahám utódai? Én is!
23 ၂၃ သူတို့သည်ခရစ်တော်၏ ဓမ္မဆရာဖြစ်ကြသလော။ငါသည် အထူးသဖြင့်ဖြစ်၏ဟု သူရူးကဲ့သို့ဆိုရ၏။ ပင်ပန်းစွာအမှုကို အထူးသဖြင့်ဆောင်ရွက်သောသူ၊ ရိုက်ပုတ်ခြင်း၊ ထောင်ထဲ၌လှောင်ထားခြင်းကို အထူး သဖြင့် ခံရသောသူ၊ သေဘေးနှင့် အကြိမ်ကြိမ် တွေ့ကြုံသောသူဖြစ်၏။
Krisztus szolgái? (Balgatagul szólók) én még inkább, hiszen többet fáradoztam, többször vetettek börtönbe, sokszor vertek meg, gyakran voltam halálos veszedelembe,
24 ၂၄ ငါးကြိမ်မြောက်အောင် ယုဒလူတို့လက်တွင် ဒဏ်ချက် လေးဆယ်တခု ယုတ်ငါခံခဲ့ရပြီ။
a zsidóktól ötször kaptam negyven botütést egy híján,
25 ၂၅ သုံးကြိမ်မြောက်အောင်ကြိမ်လုံးနှင့် ရိုက်ခြင်းကို၎င်း၊ တကြိမ်ခဲနှင့်ပစ်ခြင်းကို၎င်း ငါခံရပြီ။ သုံးကြိမ် မြောက်အောင် သင်္ဘောပျက်ခြင်းကို ခံရပြီ။ တနေ့နှင့် တညဉ့်ပတ်လုံး ပင်လယ်ထဲမှာ နေရပြီ။
háromszor megostoroztak, egyszer megköveztek, háromszor hajótörést szenvedtem, egy éjt és egy napot hányódtam a tengeren.
26 ၂၆ အကြိမ်ကြိမ်ဒေသစာရီလှည့်လည်ပြီး။ မြစ်ကို ကူးသောဘေး၊ ထားပြတိုက်သောဘေး၊ အမျိုးသားချင်း ပြုသောဘေး၊ တပါးအမျိုးသားပြုသောဘေး၊ မြို့ရွာ၌ ရောက်သောဘေး၊ တော၌ရောက်သောဘေး၊ ပင်လယ် ဘေး၊ ညီအစ်ကိုဖြစ်ယောင်ဆောင်သော သူတို့ပြုသော ဘေး၊ ဤဘေးများကို ငါတွေ့ခဲ့ပြီ။
Gyakran voltam úton, veszedelemben folyókon, veszedelemben rablók között, veszedelemben népem között, veszedelemben pogányok között, veszedelemben városban, veszedelemben pusztában, veszedelemben tengeren, veszedelemben hamis atyafiak között,
27 ၂၇ ပင်ပန်းစွာအမှုဆောင်ရွက်ခြင်း၊ အကြိမ်များစွာ မအိပ်ဘဲစောင့်နေခြင်း၊ မွတ်သိပ်ခြင်း၊ ရေငတ်ခြင်း၊ အကြိမ်ကြိမ်အစာရှောင်ခြင်း၊ အချမ်းအအေးခံရခြင်း၊ အဝတ်အချည်းစည်းရှိခြင်း၊ ဤဆင်းရဲခြင်းများကို ငါခံ ခဲ့ပြီ။
fáradtságban és nyomorúságban, gyakori virrasztásban, éhségben, szomjúságban, gyakori böjtölésben, hidegben és mezítelenségben.
28 ၂၈ ထိုအပမှုမှတပါး၊ အသင်းတော်အပေါင်းတို့ကို စိုးရိမ်သောစိတ်နှင့် ကြည့်ရှုပြုစု၍ နေ့တိုင်းအစဉ် နှောင့်ရှက်ခြင်းကို ငါခံခဲ့ရ၏။
Mindezen felül az én naponkénti zaklattatásom az összes gyülekezetek gondja miatt.
29 ၂၉ ငါမနွမ်းရိဘဲ အဘယ်သူနွမ်းရိသနည်း။ ငါသည် စိတ်မပူပန်ဘဲ အဘယ်သူဖေါက်ပြန်သနည်း။
Ki erőtlen, hogy én is erőtlen ne volnék? Ki botránkozik meg, hogy én is ne égnék?
30 ၃၀ ငါသည်မဝါကြွားဘဲမနေရသည်မှန်လျှင်၊ ကိုယ်နွမ်းရိသောအဖြစ်ကိုသာ အကြောင်းပြု၍ ဝါကြွားမည်။
Ha dicsekednem kell, az én gyengeségemmel dicsekedem.
31 ၃၁ ငါသည်မုသာမပြောသည်ကို ထာဝရမင်္ဂလာရှိတော်မူသော ငါတို့သခင်ယေရှုခရစ်၏ခမည်းတော် ဘုရားသခင်သိတော်မူ၏။ (aiōn )
Isten, a mi Urunk Jézus Krisztusnak Atyja, aki mindörökké áldott, tudja, hogy nem hazudok. (aiōn )
32 ၃၂ ဒမာသက်မြို့၌ အရေတ မင်းကြီးခန့်ထားသောမြို့ဝန်သည် ငါ့ကို ဘမ်းဆီးခြင်းငှါအလိုရှိ၍၊ ဒမာသက် မြို့ကိုစောင့်စဉ်တွင်၊
Damaszkuszban Aretász király helytartója őriztette a damaszkusziak városát, hogy engem elfogasson.
33 ၃၃ တပည့်တော်တို့သည် ငါ့ကိုတောင်း၌ ထည့်ပြီးလျှင်၊ ပြတင်းပေါက်မှထုတ်၍ မြို့ရိုးပေါ်က လျှော့ချ သဖြင့် ထိုမြို့ဝန်လက်မှ ငါပြေး၍လွတ်ရ၏။
De egy ablakon át, kosárban eresztettek le a kőfalon, és így megmenekültem kezei közül.