< ၂ ကောရိန္သု 10 >
1 ၁ သင်တို့၏မျက်မှောက်၌နှိမ့်ချခြင်း၊ မျက်ကွယ်၌ သင်တို့ အမှုကိုစီရင်၍ ရဲရင့်ခြင်းရှိသော ငါပေါလုသည်၊ ခရစ်တော်၏နူးညံ့သိမ်မွေ့ဖြည်းညှင်းတော်မူခြင်းကို အကြောင်းပြ၍ သင်တို့ကိုတောင်းပန်ပါ၏။
Jag Paulus själv, som »är så ödmjuk, när jag står ansikte mot ansikte med eder, men visar mig så modig mot eder, när jag är långt borta», jag förmanar eder vid Kristi saktmod och mildhet
2 ၂ ငါတို့သည်ဇာတိပကတိအလိုသို့လိုက်၍ ကျင့်သောသူဖြစ်ကြသည်ဟု ထင်မှတ်သောသူတို့အား၊ ငါကြံစည်သောရဲရင့်ခြင်းအတိုင်း သင်တို့ဆီသို့ရောက်လာသောအခါ၊ ထိုမျှလောက်ရဲရင့်ခြင်းမရှိမည်အကြောင်း ငါတောင်းပန်ပါ၏။
och beder eder se till, att jag icke, när jag en gång är hos eder, måste »visa mig modig», i det jag helt oförskräckt tänker våga mig på somliga som mena att vi »vandra efter köttet».
3 ၃ အဘယ်ကြောင့်နည်းဟူမူကား၊ ငါတို့သည် လူဇာတိ၌ ကျင်လည်သော်လည်း၊ ဇာတိပကတိအလိုသို့ လိုက်၍ စစ်တိုက်ကြသည်မဟုတ်။
Ty fastän vi vandra i köttet, föra vi dock icke en strid efter köttet.
4 ၄ ငါတို့စစ်တိုက်၍သုံးစွဲသော လက်နက်သည် ဇာတိပကတိလက်နက်မဟုတ်။ ဘုရားသခင်၏ တန်ခိုး တော်အားဖြင့် မြို့ရိုးမြို့ပြတို့ကို ဖြိုဖျက်နိုင်သော လက်နက်ဖြစ်၏။
Våra stridsvapen äro nämligen icke av köttslig art; de äro tvärtom så mäktiga inför Gud, att de kunna bryta ned fästen.
5 ၅ ထိုလက်နက်အားဖြင့် လူတို့၏အကြံအစည်တို့ကို၎င်း၊ ဘုရားသခင်ကိုသိသောပညာကို တားဆီးသော မာန်မာနရှိသမျှတို့ကို၎င်း၊ နှိမ့်ချမှောက်လှန်၍၊ ခပ်သိမ်းသောစိတ်တို့ကို ဘမ်းသွားချုပ်ထားလျက်၊ ခရစ်တော်၏ စကားကို နားထောင်စေကြ၏။
Ja, vi bryta ned tankebyggnader och alla slags höga bålverk, som uppresas mot kunskapen om Gud, och vi taga alla slags tankefunder till fånga och lägga dem under Kristi lydnad.
6 ၆ သင်တို့၏နားထောင်ခြင်းအမှုသည် ပြည့်စုံပြီးမှ၊ နားမထောင်ဘဲနေသော သူအပေါင်းတို့ကို ဒဏ်ပေးခြင်းငှါ ငါတို့သည် အသင့်ရှိကြ၏။
Och när lydnaden fullt har kommit till väldet bland eder, då äro vi redo att näpsa all olydnad.
7 ၇ မျက်နှာကိုသာ ကြည့်မှတ်ကြသလော့။ အကြင်သူက၊ ငါသည်ခရစ်တော်၏လူဖြစ်သည်ဟု မိမိ၌ စွဲလမ်း ခြင်းရှိ၏၊ ထိုသူသည် ခရစ်တော်၏လူဖြစ်သကဲ့သို့၊ ငါတို့ သည်လည်း ခရစ်တော်၏ လူဖြစ်ကြောင်းကို တဖန် အလိုအလျောက် ဆင်ခြင်သိမှတ်စေ။
Sen då vad som ligger öppet för allas ögon. Om någon i sitt sinne är viss om att han hör Kristus till, så må han ytterligare besinna inom sig, att lika visst som han själv hör Kristus till, lika visst göra också vi det.
8 ၈ သင်တို့ကို ပယ်ရှင်းဖျက်ဆီးခြင်းအလိုငှါမဟုတ်။ တည်ဆောက်ခြင်း အလိုငှါ သခင်ဘုရားသည် ငါတို့၌ အပ်ပေးတော်မူသော တန်ခိုးကို ငါသည်သာ၍ ဝါကြွားသော်လည်း၊ ရှက်ကြောက်စရာအကြောင်းမရှိ၊
Och om jag än något härutöver berömmer mig, då nu fråga är om vår myndighet -- den som Herren har givit oss, till att uppbygga eder och icke till att nedbryta -- så skall jag dock icke komma på skam därmed.
9 ၉ ငါရေး၍ပေးလိုက်သောစာအားဖြင့်သာ သင်တို့ကို ခြိမ်းချောက်သကဲ့သို့ ငါမပြုလို။
Jag vill icke att det skall se ut, som om jag med mina brev allenast tänkte skrämma eder.
10 ၁၀ အကြောင်းမူကား၊ ထိုသူ၏ စာသည် လေးလံသောစာ၊ တန်ခိုးနှင့် ပြည့်စုံသောစာဖြစ်၏။ ကိုယ်တိုင် ရှိလျှင်မူကား၊ သတ္တိမရှိသောသူ၊ အချည်းနှီးသော စကားကို ပြောသောသူဖြစ်သည်ဟုဆိုတတ်သောသူရှိ၏။
Ty man säger ju: »Hans brev äro väl myndiga och stränga, men när han kommer själv, uppträder han utan kraft, och på hans ord aktar ingen.»
11 ၁၁ ငါတို့သည်ကိုယ်တိုင်မရှိ၍ စာ၌ပါသော စကားအားဖြင့်ဖြစ်သကဲ့သို့၊ ကိုယ်တိုင်မျက်မှောက် ရှိသောအခါ အမှုအားဖြင့် ဖြစ်လိမ့်မည်ဟု ထိုသူသည် ဆင်ခြင်သိမှတ်စေ။
Den som säger sådant, han må emellertid göra sig beredd på att sådana som vi äro i orden, genom våra brev, när vi äro frånvarande, sådana skola vi ock visa oss i gärningarna, när vi äro närvarande.
12 ၁၂ ကိုယ်ကိုကိုယ်ချီးမွမ်းသော သူတို့နှင့် ရေတွက်ဝင်ခြင်းကို၎င်း၊ ပြိုင်နှိုင်းခြင်းကို၎င်း၊ ငါတို့မပြုဝံ့။ ထိုသူတို့သည် အချင်းချင်းတယောက်နှင့် တယောက်ခိုင်နှိုင်းခြင်း၊ ပြိုင်နှိုင်းခြင်းတို့ကိုပြု၍ ပညာမဲ့ဖြစ်ကြ၏။
Ty vi äro icke nog dristiga att räkna oss till eller jämföra oss med somliga som giva sig själva gott vitsord, men som äro utan förstånd, i det att de mäta sig allenast efter sig själva och jämföra sig allenast med sig själva.
13 ၁၃ ထိုမှတပါး၊ ကိုယ်ငန်းကိုယ်တာကို လွန်ကျူး၍ ပြုသောအမှုအရာကို ငါတို့ကြွားဝါခြင်းမရှိဝံ့၊ ဘုရားသခင် ဝေငှတော်မူသောအငန်းအတာ၏ အတိုင်းအရှည် အတွင်းတွင်ပြုသော အရာကိုသာ ဝါကြွားခြင်းရှိဝံ့၏။ ထိုအတိုင်းအရှည်သည် သင်သို့တိုင်အောင်ပင်မှီ သတည်း။
Vi för vår del vilja icke berömma oss till övermått, utan allenast efter måttet av det område som Gud tillmätte åt oss, när han bestämde att vi skulle nå fram jämväl till eder.
14 ၁၄ သင်တို့တိုင်အောင်မမှီလျှင်၊ ငါတို့သည် လွန်ကျူး၍ ပြုကြသည်မဟုတ်။ အကြောင်းမူကား၊ ခရစ်တော်၏ ဧဝံဂေလိတရားကိုဟောပြော၍၊ သင်တို့ရှိရာသို့ တိုင်အောင် ရောက်ကြပြီ။
Ty vi sträcka oss icke utom vårt område, såsom nådde vi icke rätteligen fram till eder; vi hava ju redan med evangelium om Kristus hunnit fram jämväl till eder.
15 ၁၅ ငါတို့သည် ကိုယ်ငန်းကိုယ်တာကိုလွန်ကျူး၍၊ သူတပါးအလုပ်ထဲသို့ဝင်ခြင်းကြောင့် ဝါကြွား လေ့ရှိကြသည် မဟုတ်။ ထိုသို့သူ့ငန်းသူ့တာအတွင်းတွင် ပြင်ဆင်ပြီးသော အမှုအရာကို ဝါကြွားခြင်းမရှိဘဲ၊ သင် တို့ ပြည်တဘက်သို့ကူး၍ ဧဝံဂေလိတရားကို ဟောပြောရသောအခွင့်ရှိစေခြင်းငှါ၊ သင်တို့ယုံကြည်ခြင်း ပါရမီ ရင့်ပြီမှ၊ ငါတို့၏အငန်းအတာသည် အလွန်ကျယ်ဝန်းမည်ဟု မြော်လင့်ခြင်းရှိ၏။
När vi säga detta, berömma vi oss icke till övermått, icke av andras arbete. Men väl hava vi det hoppet, att i samma mån som eder tro växer till, vi inom det område som har tillfallit oss skola bland eder vinna framgång, i så överflödande mått,
att vi också få förkunna evangelium i trakter som ligga bortom eder -- och detta utan att vi, inom ett område som tillhör andra, berömma oss i fråga om det som redan där är uträttat.
17 ၁၇ သို့ဖြစ်၍ဝါကြွားသောသူမည်သည်ကား၊ သခင်ဘုရား၌သာ ဝါကြွားစေ။
Men »den som vill berömma sig, han berömme sig av Herren».
18 ၁၈ အကြောင်းမူကား၊ ကိုယ်ကို ကိုယ်ချီးမွမ်းသောသူသည် ဝန်ခံတော်မူသော သူဖြစ်သည်မဟုတ်။ သခင် ဘုရားချီးမွမ်းတော်မူခြင်းကို ခံရသော သူသာလျှင် ဝန်ခံတော်မူသောသူဖြစ်သတည်း။
Ty icke den håller provet, som giver sig själv gott vitsord, utan den som Herren giver sådant vitsord.