< ၂ ရာဇဝင်ချုပ် 1 >
1 ၁ ဒါဝိဒ်၏သားတော်ရှောလမုန်သည်၊ မိမိဘုရား သခင် ထာဝရဘုရားမစတော်မူခြင်း၊ အလွန်ချီးမြှောက် တော်မူခြင်းကျေးဇူးကြောင့်၊ မိမိအာဏာတော် တည် ကြည်မြဲမြံသောအခါ၊
Og Salomo, Davids Søn, vandt Magt i sit Rige; og Herren, hans Gud, var med ham og gjorde ham overmaade stor.
2 ၂ လူတထောင်အုပ်၊ တရာအုပ်၊ တရားသူကြီး၊ ဣသရေလမင်းအပေါင်းတို့နှင့် အဆွေအမျိုးသူကြီးအစ ရှိသော ဣသရေလအမျိုးသားအပေါင်းတို့ကို ခေါ်၍၊
Og Salomo gav Befaling til al Israel, til Øversterne over tusinde og hundrede og til Dommerne og til alle Øversterne for al Israel, Øversterne for Fædrenehusene,
3 ၃ တော၌ ထာဝရဘုရား၏ကျွန် မောရှေလုပ်ခဲ့ သော ဘုရားသခင်၏ပရိသတ်စည်းဝေးရာ တဲတော်သည် ဂိဗောင်မြို့တွင် မြင့်သောအရပ်၌ ရှိသည်ဖြစ်၍ ထိုအရပ် သို့ ပရိသတ်အပေါင်းတို့နှင့်အတူ သွားတော်မူ၏။
og de gik hen, Salomo og hele Forsamlingen med ham, til Højen, som var i Gibeon; thi der var Guds Forsamlings Paulun, hvilket Mose, Herrens Tjener, havde gjort i Ørken.
4 ၄ ဘုရားသခင်၏ သေတ္တာတော်ကို ကားဒါဝိဒ် ပြင်ဆင်သောအရပ်၊ ယေရုရှလင်မြို့၌ ဆောက်နှင့် သောတဲသို့ ကိရယတ်ယာရိမ် မြို့မှ ဆောင်ခဲ့သော်လည်း၊
Men David havde ført Guds Ark op fra Kirjath-Jearim til Stedet, som David havde beredt til den; thi han havde opslaaet et Paulun til den i Jerusalem.
5 ၅ ဟုရသားဖြစ်သော ဥရိ၏သား ဗေဇလေလ လုပ်ခဲ့သောကြေးဝါ ယဇ်ပလ္လင်ကို ထာဝရဘုရား၏ တဲတော်ရှေ့မှာ ထားသောကြောင့်၊ ရှောလမုန်နှင့် ပရိသတ်တို့သည် ထိုယဇ်ပလ္လင်သို့ သွားကြ၏။
Og det Kobberalter, som Bezaleel, en Søn af Uri, Hurs Søn, havde forfærdiget, var sat foran Herrens Tabernakel; og Salomo og Forsamlingen søgte hen til det.
6 ၆ ထိုသို့ပရိသတ်စည်းဝေးရာတဲတော်ရှေ့၊ ထာဝရ ဘုရားရှေ့တော်၌ရှိသော ကြေးဝါယဇ်ပလ္လင်သို့ ရှော လမုန်ရောက်၍ ထိုပလ္လင်ပေါ်မှာ မီးရှို့ရာယဇ်တထောင် ကို ပူဇော်လေ၏။
Og Salomo ofrede for Herrens Ansigt paa Kobberalteret, som var for Forsamlingens Paulun, og han ofrede paa det tusinde Brændofre.
7 ၇ ထိုညဉ့်တွင် ဘုရားသခင်သည် ရှောလမုန်အား ထင်ရှားလျက်၊ ငါပေးရမည့်ဆုကို တောင်းလော့ဟု မိန့်တော်မူ၏။
I samme Nat aabenbarede Gud sig for Salomo og sagde til ham: Begær, hvad jeg skal give dig.
8 ၈ ရှောလမုန်ကလည်း၊ ကိုယ်တော်သည် အကျွန်ုပ် အဘဒါဝိဒ်၌ များစွာသော ကျေးဇူးကိုပြုတော်မူပြီ။ အဘအရာ၌လည်း အကျွန်ုပ်ကို နန်းထိုင်စေတော်မူပြီ။
Og Salomo sagde til Gud: Du har gjort stor Miskundhed imod David, min Fader, og gjort mig til Konge i hans Sted.
9 ၉ ယခုမှာ အိုထာဝရအရှင်ဘုရားသခင်၊ မြေမှုန့် များသကဲ့သို့ အရေအတွက်အားဖြင့် များပြားသော လူတို့၏ ရှင်ဘုရင်အရာ၌ အကျွန်ုပ်ကို ချီးမြှောက်တော် မူသောကြောင့် အဘဒါဝိဒ်၌ထားသော ဂတိတော်ကို တည်စေတော်မူပါ။
Lad nu, Herre, Gud! dit Ord til min Fader David blive Sandhed; thi du har gjort mig til Konge over et Folk, som er talrigt som Støv paa Jorden.
10 ၁၀ အကျွန်ုပ်သည် ဤလူတို့ရှေ့မှာထွက် ဝင်နိုင် မည်အကြောင်း ဥာဏ်ပညာကို ပေးသနားတော်မူပါ။ ဤမျှလောက်များစွာသော ကိုယ်တော်၏ လူတို့ကို အဘယ်သူသည် ကိုယ်အလိုအလျောက် တရားစီရင် နိုင်ပါမည်နည်းဟု တောင်းလျှောက်၏။
Giv mig nu Visdom og Kundskab, at jeg kan gaa ud og gaa ind for dette Folk; thi hvo kan ellers dømme dette dit store Folk?
11 ၁၁ ဘုရားသခင်ကလည်း၊ သင်သည် ထိုသို့အောက် မေ့၍ စည်းစိမ်ဥစ္စာဂုဏ်အသရေကို မတောင်း၊ ရန်သူ တို့၏ အသက်ကိုလည်း မတောင်း၊ တာရှည်သော အသက် ကိုလည်းမတောင်း၊ ငါခန့်ထား၍ သင်အစိုးရသော ငါ၏ လူမျိုးကို တရားစီရင်ခြင်းငှါ တတ်နိုင်သော ဥာဏ်ပညာ ကိုသာ ကိုယ်အဘို့ တောင်းသောကြောင့်၊
Da sagde Gud til Salomo: Efterdi dette var i dit Hjerte, at du ikke har begæret Rigdom, Gods og Ære, eller deres Liv, som hade dig, og end ikke har begæret et langt Liv, men begæret dig Visdom og Kundskab, at du kan dømme mit Folk, over hvilket jeg har gjort dig til Konge:
12 ၁၂ ဥာဏ်ပညာကို ငါပေး၏။ ထိုမှတပါး သင့်ရှေ့ မှာဖြစ်ဘူးသော ရှင်ဘုရင်နှင့် သင့်နောက်၌ ဖြစ်လတံ့ သော ရှင်ဘုရင်တယောက်မျှ မမှီနိုင်မည်အကြောင်း၊ စည်းစိမ်ဥစ္စာ၊ ဂုဏ်အသရေကိုလည်း ငါပေးမည်ဟု မိန့်တော်မူ၏။
Saa være Visdom og Kundskab givet dig; tilmed vil jeg give dig Rigdom og Gods og Ære, saadant som de Konger, der have været før dig, ikke have haft, og som ingen efter dig skal have.
13 ၁၃ ထိုအခါ ရှောလမုန်သည် ဂိဗောင်မြို့တွင် မြင့် သောအရပ်၌ ရှိသောပရိသတ်စည်းဝေးရာ တဲတော်ရှေ့မှ သည် ယေရုရှလင်မြို့သို့ ပြန်သွား၍၊ ဣသရေလပြည်ကို အုပ်စိုးလျက်နေတော်မူ၏။
Og Salomo kom til Jerusalem fra Højen, som var i Gibeon, fra Forsamlingens Paulun, og regerede over Israel.
14 ၁၄ ထိုနောက်ရှောလမုန်သည် ရထားများ၊ မြင်းစီး သူရဲများကို ဆည်းဖူး၍၊ ရထားတထောင်နှင့်လေးရာ၊ မြင်းစီးသူရဲတသောင်းနှစ်ထောင်ရှိ၏။ ရထားထိန်းမြို့တို့ ၌၎င်း၊ ယေရုရှလင်မြို့ အထံတော်၌၎င်း ထား၏။
Og Salomo samlede Vogne og Ryttere, og han havde tusinde og fire Hundrede Vogne og tolv Tusinde Ryttere; og han lod dem blive i Vognstæderne og hos Kongen i Jerusalem.
15 ၁၅ ရှင်ဘုရင်သည် ယေရုရှလင်မြို့၌ ရွှေငွေကို ကျောက်ခဲကဲ့သို့၎င်း၊ အာရဇ်ပင်တို့ကို လွင်ပြင်၌ ပေါက် သော သဖန်းပင်ကဲ့သို့၎င်း၊ များပြားစေ၏။
Og Kongen gjorde Sølvet og Guldet i Jerusalem som Stenene, og Cedertræerne gjorde han som Morbærtræerne, der ere i Lavlandet i Mangfoldighed.
16 ၁၆ ရှောလမုန်ထံသို့မြင်းများကို အဲဂုတ္တုပြည်၊ ကောမြို့မှ ဆောင်ခဲ့ရ၏။ ရှင်ဘုရင်ကုန်သည်တို့သည် အဘိုးပေးလျက်၊ ကောမြို့၌ခံယူရကြ၏။
Og Udførselen af Heste skete for Salomo fra Ægypten; og en Skare af Kongens Købmænd hentede en Skare for rede Penge.
17 ၁၇ အဲဂုတ္တုပြည်မှ ရထားတခုကိုငွေခြောက်ပိဿာ နှင့်၎င်း၊ မြင်းတစီးကို ငွေခြောက်ပိဿာနှင့်၎င်း၊ မြင်း တစီးကို တပိဿာငါးဆယ်နှင့်၎င်း ရောင်းမြဲရှိ၏။ ထိုသို့ ဟိတ္တိမင်းကြီးနှင့်၊ ရှုရိမင်းကြီးအပေါင်းတို့သည် အဲဂုတ္တု ရထားနှင့် မြင်းတို့ကိုရတတ်ကြ၏။
Og de droge op og udførte fra Ægypten en Vogn for seks Hundrede Sekel Sølv, og en Hest for hundrede og halvtredsindstyve; og saaledes førte de dem ud til alle Hethithernes Konger og til Kongerne i Syrien ved egen Haand.