< ၂ ရာဇဝင်ချုပ် 5 >
1 ၁ ထိုသို့ရှောလမုန်သည် ထာဝရဘုရား၏ အိမ်တော်အဘို့ ပြုလုပ်စီရင်သမျှ အလုံးစုံတို့ကို လက် စသတ်ပြီးမှ၊ ခမည်းတော်ဒါဝိဒ်လှူသော ရွှေငွေတန်ဆာ များတို့ဆောင်ခဲ့၍ ဘုရားသခင်၏အိမ်တော်ဘဏ္ဍာစုထဲ မှာသွင်းထားလေ၏။
Då no heile det arbeidet var ferdigt som Salomo let gjera åt Herrens hus, då førde Salomo inn dit heilaggåvorne åt David, far sin: sylvet og gullet og alle gognerne lagde han ned i skattkammeri i Guds hus.
2 ၂ ထိုအခါထာဝရဘုရား၏ ပဋိညာဉ်သေတ္တာ တော်ကို၊ ဇိအုန်မည်သော ဒါဝိဒ်မြို့မှာ ဆောင်ခဲ့လိုသော ငှါ၊ ရှောလမုန်သည်။ ဣသရေလအသက်ကြီးသူ အပေါင်းတို့နှင့် ဣသရေလအဆွေအမျိုးအသီးအသီးကို အုပ်သောခေါင်းမင်းအပေါင်းတို့ကို၊ ယေရုရှလင်မြို့သို့ ခေါ်တော်မူသည်အတိုင်း၊
So kalla Salomo saman styresmennerne i Israel og alle ættarhovdingarne, formennerne for ættgreinerne åt Israels-sønerne, til Jerusalem for å føra Herrens sambandskista upp ifrå Davidsbyen, det er Sion.
3 ၃ ဣသရေလလူအပေါင်းတို့သည်၊ သတ္တမလ၌ လုပ်သော ပွဲအတွင်းတွင်၊ ရှင်ဘုရင်ထံတော်သို့ စုဝေး ရောက်လာကြ၏။
Då samla alle Israels-mennerne seg hjå kongen i helgi; det er den sjuande månaden.
4 ၄ ဣသရေလအမျိုး အသက်ကြီးသူအပေါင်းတို့ သည် လာ၍ လေဝိသားတို့သည်လည်း ထာဝရဘုရား၏ သေတ္တာတော်ကိုထမ်းလျက်၊
Og alle styresmennerne i Israel kom, og levitarne bar kista.
5 ၅ ပရိသတ်စည်းဝေးရာတဲတော်၊ တဲတော်နှင့် ဆိုင် ၍၊ သန့်ရှင်းသော တန်ဆာအလုံးစုံတို့ကို ယဇ်ပုရောဟိတ် များနှင့် လေဝိသားများတို့သည် ဆောင်ခဲ့ကြ၏။
Og dei førde kista og møtetjeldet dit upp og alle dei heilaggognerne som var i tjeldet, og prestarne og levitarne bar deim.
6 ၆ ရှောလမုန်မင်းကြီးမှစ၍ သေတ္တာတော်ရှေ့မှာ စည်းဝေးသော ဣသရေလပရိသတ်အပေါင်းတို့သည် မရေတွက်နိုင်၊ အတိုင်းမသိ များစွာသော သိုးနွားတို့ကို ယဇ်ပူဇော်ကြ၏။
Og kong Salomo og heile Israels-lyden, som hadde samla seg hjå honom, dei stod framfyre kista og ofra småfe og storfe, so mange at dei ikkje kunde reknast eller teljast.
7 ၇ ယဇ်ပုရောဟိတ်တို့သည်လည်း ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော်ကို အိမ်တော်အတွင်းသို့သွင်း၍ အလွန်သန့်ရှင်းရာဌာနတည်းဟူသော ဗျာဒိတ်ဌာနတော် ထဲမှာ၊ ခေရုဗိမ်အတောင်တို့အောက်၊ သူ့နေရာ၌ ထားကြ ၏။
So førde prestarne Herrens sambandskista inn på staden sin i koren i huset, i det høgheilage, under vengjerne åt kerubarne.
8 ၈ ခေရုဗိမ်တို့သည် မိမိအတောင်ကို သေတ္တာတော် နေရာအပေါ်မှာ ဖြန့်၍၊ သေတ္တာတော်နှင့် ထမ်းဘိုးတို့ကို လွှမ်းမိုးလျက်ရှိကြ၏။
Og kerubarne breidde ut vengjerne sine yver den staden der kista stod, og soleis tekte kerubarne yver kista og berestengerne hennar.
9 ၉ ထမ်းဘိုးတို့ကို ဆွဲထားသဖြင့်၊ ထမ်းဘိုးဖျားတို့ သည် ပြင်ခန်း၌ မထင်၊ သေတ္တာတော်ရှေ့ ဗျာဒိတ်ဌာန တော်၌သာ ထင်၍ယနေ့တိုင်အောင် ရှိကြ၏။
Berestengerne var so lange at ein såg stongendarne som stod fram frå kista, framanfor koren; men ein såg deim ikkje utanfor. Og dei vart verande der til den dag i dag.
10 ၁၀ ဣသရေလ အမျိုးသားတို့သည် အဲဂုတ္တုပြည်မှ ထွက်၍၊ ထာဝရဘုရားသည် သူတို့နှင့်ပဋိညာဉ်ဖွဲ့တော်မူ သောအခါ၊ မောရှေသည် ဟောရဂပ်အရပ်၌ရှိစဉ် သွင်း ထားသော ကျောက်ပြားနှစ်ပြားမှတပါးသေတ္တာတော်ထဲ၌ အဘယ်အရာမရှိ။
Det fanst ikkje anna i kista enn dei tvo tavlorne som Moses hadde lagt ned i henne ved Horeb, då Herren gjorde samband med Israels-borni då dei drog ut or Egyptarland.
11 ၁၁ ထိုအခါစည်းဝေးသော ယဇ်ပုရောဟိတ်တို့သည် အလှည့်သင့်သည်အတိုင်း အမှုတော်ကို မစောင့်၊ ရှိသမျှ တို့သည် သန့်ရှင်းသည်ဖြစ်၍ သန့်ရှင်းရာဌာနထဲက ထွက်ပြီးလျှင်၊
Då prestarne so gjekk ut or heilagdomen, for alle dei prestarne som var der, hadde vigt seg, so det var ikkje naudsynlegt å halda seg etter skifti,
12 ၁၂ သီချင်းဆိုသော လေဝိသားအာသပ်တပည့်၊ ဟေမန်တပည့်၊ ယေဒုသုန်တပည့်အပေါင်းတို့သည် အမျိုးသားချင်းများနှင့်တကွ ပိတ်ဖြူကို ဝတ်ဆင်၍၊ ခွက်ကွင်းစောင်းတယောကို ကိုင်လျက် ယဇ်ပလ္လင်အရှေ့ ဘက်၌ ရပ်နေကြ၏။ တံပိုးမှုတ်သော ယဇ်ပုရောဟိတ် တရာနှစ်ဆယ်တို့သည်လည်း၊
og alle dei levitiske songararne, både Asaf, Heman og Jedutun og sønerne og brørne deira, stod i kvite linklæde med cymblar, harpor og cithrar austanfor altaret, og hjå deim hundrad og tjuge prestar som bles i lurar,
13 ၁၃ သီချင်းဆိုသောသူတို့နှင့်ဝိုင်းလျှင်၊ ထာဝရဘုရား ၏ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်း၍ ထောမနာပြုခြင်းငှါ၊ တညီတညွတ်တည်း အသံပြိုင်လျက်၊ ကောင်းမြတ်တော် မူသည်။ ကရုဏာတော်အစဉ်အမြဲတည်သည်ဟု တံပိုး ခွက်ကွင်းအစရှိသောတုရိယာမျိုးနှင့်တကွ၊ အသံကိုလွှင့်၍ ထာဝရဘုရား၏ ဂုဏ်တော်ကို ချီးမွမ်းကြသောအခါ၊ ထာဝရ ဘုရား၏အိမ်တော်သည် မိုဃ်းတိမ်နှင့်ပြည့်၏။
og i same augneblinken då lurblåsarane og songarane sette i alle som ein med å lova og prisa Herren, og dei let lurarne og cymblarne og spelgognerne klinga, og lova Herren for han er god, og hans miskunn varer æveleg - då vart huset, Herrens hus, fyllt av ei sky,
14 ၁၄ ထိုသို့ဘုရားသခင်၏ အိမ်တော်သည် ထာဝရ ဘုရား၏ ဘုန်းတော်နှင့်ပြည့်လျက်၊ မိုဃ်းတိမ်တော် ကြောင့် ယဇ်ပုရောဟိတ်တို့သည် အမှုတော်ကို ဆောင် ရွက်လျက်ရပ်၍ မနေနိုင်ကြ။
so prestarne kunde ikkje standa og gjera tenesta for skuld skyi; for Herrens herlegdom fyllte Guds hus.