< ၂ ရာဇဝင်ချုပ် 5 >

1 ထိုသို့ရှောလမုန်သည် ထာဝရဘုရား၏ အိမ်တော်အဘို့ ပြုလုပ်စီရင်သမျှ အလုံးစုံတို့ကို လက် စသတ်ပြီးမှ၊ ခမည်းတော်ဒါဝိဒ်လှူသော ရွှေငွေတန်ဆာ များတို့ဆောင်ခဲ့၍ ဘုရားသခင်၏အိမ်တော်ဘဏ္ဍာစုထဲ မှာသွင်းထားလေ၏။
PELA i paa ai na mea a pau a Solomona i hana'i no ka hale o Iehova; a hookomo o Solomona i na mea a Davida, a kona makua kane i hoolaa ai, i ke kala a me ke gula, a me na ipu a pau, a waiho iho la iloko o ka waihonawaiwai o ke Akua.
2 ထိုအခါထာဝရဘုရား၏ ပဋိညာဉ်သေတ္တာ တော်ကို၊ ဇိအုန်မည်သော ဒါဝိဒ်မြို့မှာ ဆောင်ခဲ့လိုသော ငှါ၊ ရှောလမုန်သည်။ ဣသရေလအသက်ကြီးသူ အပေါင်းတို့နှင့် ဣသရေလအဆွေအမျိုးအသီးအသီးကို အုပ်သောခေါင်းမင်းအပေါင်းတို့ကို၊ ယေရုရှလင်မြို့သို့ ခေါ်တော်မူသည်အတိုင်း၊
Alaila, hoakoakoa o Solomona i na lunakahiko o ka Iseraela, a me ka poe koikoi o na ohana, i na kaukaualii, a me na makualii no na mamo a Iseraela, i Ierusalema, e lawe i ka pahu o ka berita o Iehova mai ke kulanakauhale o Davida, mai Ziona mai.
3 ဣသရေလလူအပေါင်းတို့သည်၊ သတ္တမလ၌ လုပ်သော ပွဲအတွင်းတွင်၊ ရှင်ဘုရင်ထံတော်သို့ စုဝေး ရောက်လာကြ၏။
A hoakoakoaia e ke alii na kanaka a pau loa o ka Iseraela i ka ahaaina i ka malama ehiku.
4 ဣသရေလအမျိုး အသက်ကြီးသူအပေါင်းတို့ သည် လာ၍ လေဝိသားတို့သည်လည်း ထာဝရဘုရား၏ သေတ္တာတော်ကိုထမ်းလျက်၊
A hiki mai la ka poe lunakahiko o ka Iseraela, a hapai ae la na Levi i ka pahu.
5 ပရိသတ်စည်းဝေးရာတဲတော်၊ တဲတော်နှင့် ဆိုင် ၍၊ သန့်ရှင်းသော တန်ဆာအလုံးစုံတို့ကို ယဇ်ပုရောဟိတ် များနှင့် လေဝိသားများတို့သည် ဆောင်ခဲ့ကြ၏။
Lawe lakou i ka pahu, a me ka halelewa o ke anainakanaka, a me na ipu hoano a pau, aia no iloko o ka halelewa; na ka poe kahuna, na ka Levi i lawe.
6 ရှောလမုန်မင်းကြီးမှစ၍ သေတ္တာတော်ရှေ့မှာ စည်းဝေးသော ဣသရေလပရိသတ်အပေါင်းတို့သည် မရေတွက်နိုင်၊ အတိုင်းမသိ များစွာသော သိုးနွားတို့ကို ယဇ်ပူဇော်ကြ၏။
A o ke alii, o Solomona a me ka ahakanaka a pau o ka Iseraela i hoakoakoaia io na la imua o ka pa hu berita, mohai aku lakou i na hi pa, a me na bipi i pau ole i ka heluia no ka nui loa.
7 ယဇ်ပုရောဟိတ်တို့သည်လည်း ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော်ကို အိမ်တော်အတွင်းသို့သွင်း၍ အလွန်သန့်ရှင်းရာဌာနတည်းဟူသော ဗျာဒိတ်ဌာနတော် ထဲမှာ၊ ခေရုဗိမ်အတောင်တို့အောက်၊ သူ့နေရာ၌ ထားကြ ၏။
Alaila, hookomo ka poe kahuna i ka pahu berita o Iehova i kona wahi, i kahi hoano o ka hale, kahi hoano loa malalo iho o na eheu o na kerubima.
8 ခေရုဗိမ်တို့သည် မိမိအတောင်ကို သေတ္တာတော် နေရာအပေါ်မှာ ဖြန့်၍၊ သေတ္တာတော်နှင့် ထမ်းဘိုးတို့ကို လွှမ်းမိုးလျက်ရှိကြ၏။
Ua hoholaia na eheu o na kerubima ma kahi o ka pahu, a ua uhi na kerubima i ka pahu, a me kona mau laau auamo maluna iho.
9 ထမ်းဘိုးတို့ကို ဆွဲထားသဖြင့်၊ ထမ်းဘိုးဖျားတို့ သည် ပြင်ခန်း၌ မထင်၊ သေတ္တာတော်ရှေ့ ဗျာဒိတ်ဌာန တော်၌သာ ထင်၍ယနေ့တိုင်အောင် ရှိကြ၏။
A huki mai lakou i na laau auamo, a ua ikea na poo o na laau auamo, mai ka pahu, a imua o kahi hoano, aole i ikeia mawaho. A aia no ia a hiki i neia la.
10 ၁၀ ဣသရေလ အမျိုးသားတို့သည် အဲဂုတ္တုပြည်မှ ထွက်၍၊ ထာဝရဘုရားသည် သူတို့နှင့်ပဋိညာဉ်ဖွဲ့တော်မူ သောအခါ၊ မောရှေသည် ဟောရဂပ်အရပ်၌ရှိစဉ် သွင်း ထားသော ကျောက်ပြားနှစ်ပြားမှတပါးသေတ္တာတော်ထဲ၌ အဘယ်အရာမရှိ။
Aohe mea e iloko o ka pahu, o na papa elua wale no a Mose i hookomo ai iloko ma Horeba, i ka manawa i hoohiki ai ke Akua me ka poe mamo a Iseraela i ko lakou hele ana mai Aigupita mai.
11 ၁၁ ထိုအခါစည်းဝေးသော ယဇ်ပုရောဟိတ်တို့သည် အလှည့်သင့်သည်အတိုင်း အမှုတော်ကို မစောင့်၊ ရှိသမျှ တို့သည် သန့်ရှင်းသည်ဖြစ်၍ သန့်ရှင်းရာဌာနထဲက ထွက်ပြီးလျှင်၊
A puka mai ka poe kahuna mai kahi hoano mai, (no ka mea ua huikalaia na kahuna a pau loa, aole lakou i ku papa ia manawa:
12 ၁၂ သီချင်းဆိုသော လေဝိသားအာသပ်တပည့်၊ ဟေမန်တပည့်၊ ယေဒုသုန်တပည့်အပေါင်းတို့သည် အမျိုးသားချင်းများနှင့်တကွ ပိတ်ဖြူကို ဝတ်ဆင်၍၊ ခွက်ကွင်းစောင်းတယောကို ကိုင်လျက် ယဇ်ပလ္လင်အရှေ့ ဘက်၌ ရပ်နေကြ၏။ တံပိုးမှုတ်သော ယဇ်ပုရောဟိတ် တရာနှစ်ဆယ်တို့သည်လည်း၊
A o na Levi, ka poe himeni a pau na Asapa, na Hemana, na Iedutuna, a me ka lakou poe keiki, a me ko lakou poe hoahanau i aahuia i ka ie olona maikai me na kimebala, a me na pesaleteri, a me na lira, ku lakou imua o ke kuahu, a me lakou pu na kahuna he haneri a me ka iwakalua, e hookani ana i na pu.)
13 ၁၃ သီချင်းဆိုသောသူတို့နှင့်ဝိုင်းလျှင်၊ ထာဝရဘုရား ၏ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်း၍ ထောမနာပြုခြင်းငှါ၊ တညီတညွတ်တည်း အသံပြိုင်လျက်၊ ကောင်းမြတ်တော် မူသည်။ ကရုဏာတော်အစဉ်အမြဲတည်သည်ဟု တံပိုး ခွက်ကွင်းအစရှိသောတုရိယာမျိုးနှင့်တကွ၊ အသံကိုလွှင့်၍ ထာဝရဘုရား၏ ဂုဏ်တော်ကို ချီးမွမ်းကြသောအခါ၊ ထာဝရ ဘုရား၏အိမ်တော်သည် မိုဃ်းတိမ်နှင့်ပြည့်၏။
A lokahi ka manao o ka poe hookani i ka pu, a me ka poe himeni me ka leo hookahi, e hoolea aku, a e hoomaikai aku ia Iehova, a hookiekie lakou i ka leo me na pu, a me na kimebala a me na mea kani e ae; a i ko lakou hoolea ana'ku ia Iehova. No ka mea, ua maikai no ia, ua mau loa kona aloha: aia hoi, na hoopihaia ka hale i ke ao, ka hale o Iehova.
14 ၁၄ ထိုသို့ဘုရားသခင်၏ အိမ်တော်သည် ထာဝရ ဘုရား၏ ဘုန်းတော်နှင့်ပြည့်လျက်၊ မိုဃ်းတိမ်တော် ကြောင့် ယဇ်ပုရောဟိတ်တို့သည် အမှုတော်ကို ဆောင် ရွက်လျက်ရပ်၍ မနေနိုင်ကြ။
Aole i hiki i na kahuna ke ku a e lawelawe imua o ke ao; no ka mea, ua piha ka hale o ke Akua i ka nani o Iehova.

< ၂ ရာဇဝင်ချုပ် 5 >