< ၂ ရာဇဝင်ချုပ် 4 >
1 ၁ အလျားအတောင်နှစ်ဆယ်၊ အနံအတောင် နှစ်ဆယ်၊ အမြင့်ဆယ်တောင်ရှိသော ကြေးဝါယဇ်ပလ္လင် ကိုလည်း လုပ်လေ၏။
၁အလျား အတောင် နှစ်ဆယ် ၊ အနံ အတောင် နှစ်ဆယ် ၊ အမြင့် ဆယ် တောင် ရှိသောကြေးဝါ ယဇ် ပလ္လင် ကိုလည်း လုပ် လေ၏။
2 ၂ အချင်းဆယ်တောင်၊ အဝန်းအတောင်သုံးဆယ်၊ အစောက်ငါးတောင်ရှိသော ကြေးဝါရေကန်ကိုလည်း လုပ်လေ၏။
၂အချင်း ဆယ် တောင် ၊ အဝန်း အတောင် သုံးဆယ် ၊ အစောက် ငါး တောင် ရှိသောကြေးဝါရေကန် ကိုလည်း လုပ် လေ၏။
3 ၃ ရေကန်အနားပတ်အောက်ပတ်လည်၌ ဘူးသီး ရုပ်များ၊ အတောင်တထောင်တွင် ဆယ်လုံးစီစေ့အောင်၊ ဘူးသီးရုပ်နှစ်ပတ်ကို ရေကန်နှင့်တစပ်တည်း သွန်းလေ ၏။
၃ရေကန် အနားပတ်အောက်ပတ်လည် ၌ ဘူးသီးရုပ်များ၊ အတောင်တထောင်တွင် ဆယ်လုံးစီစေ့အောင်၊ ဘူးသီးရုပ်နှစ်ပတ်ကို ရေကန်နှင့်တစပ်တည်းသွန်း လေ ၏။
4 ၄ နွားတဆယ်နှစ်ခုပေါ်မှာ တည်လျက်ရှိ၏။ နွားတို့သည် အတွင်းသို့ နောက်ခိုင်း၍ အရှေ့အနောက် တောင်မြောက်အရပ်လေးမျက်နှာသို့ တမျက်နှာလျှင် သုံးခုစီမျက်နှာပြုကြ၏။
၄နွား တဆယ် နှစ်ခု ပေါ် မှာ တည် လျက်ရှိ၏။ နွားတို့သည် အတွင်းသို့ နောက်ခိုင်း၍ အရှေ့အနောက်တောင်မြောက်အရပ်လေးမျက်နှာသို့ တမျက်နှာလျှင် သုံးခုစီမျက်နှာပြု ကြ၏။
5 ၅ ရေကန်သည် ဒုလက်တဝါးရှိ၏။ အပေါ်အနား ပတ်လည် ဖလားအနားပတ်ကဲ့သို့ ကြာပွင့်အပြောက် နှင့်ပြည့်စုံ၏။ ရေဗတ်သုံးထောင်ဝင်နိုင်၏။
၅ရေကန်သည် ဒု လက်တဝါး ရှိ၏။ အပေါ်အနား ပတ်လည်ဖလား အနား ပတ်ကဲ့သို့ ကြာပွင့် အပြောက် နှင့်ပြည့်စုံ ၏။ ရေဗတ် သုံး ထောင် ဝင် နိုင်၏။
6 ၆ မီးရှို့ရာယဇ်နှင့်ဆိုင်သော အရာတို့ကို ဆေးစရာ ဘို့အင်တုံဆယ်လုံးကိုလည်း လုပ်၍၊ လက်ျာဘက်၌ အင်တုံငါးလုံး၊ လက်ဝဲဘက်၌ ငါးလုံးကို ထားလေ၏။ ရေကန်မူကား ယဇ်ပုရောဟိတ်ရေချိုးစရာဘို့ ဖြစ်သ တည်း။
၆မီးရှို့ ရာယဇ်နှင့်ဆိုင်သော အရာ တို့ကို ဆေး စရာ ဘို့ အင်တုံဆယ် လုံးကိုလည်း လုပ် ၍၊ လက်ျာ ဘက်၌ အင်တုံ ငါး လုံး၊ လက်ဝဲ ဘက်၌ ငါး လုံးကို ထား လေ၏။ ရေကန် မူကား ယဇ်ပုရောဟိတ် ရေချိုး စရာဘို့ ဖြစ်သတည်း။
7 ၇ ရွှေမီးခုံဆယ်ခုကိုလည်းအရင်ပုံနှင့် အညီလုပ်၍ ဗိမာန်တော်အတွင်း လက်ျာဘက်၌ငါးခု၊ လက်ဝဲဘက်၌ ငါးခုကို ထားလေ၏။
၇ရွှေ မီးခုံ ဆယ် ခုကိုလည်း အရင် ပုံနှင့်အညီ လုပ် ၍ ဗိမာန် တော်အတွင်း လက်ျာ ဘက်၌ ငါး ခု၊ လက်ဝဲ ဘက်၌ ငါး ခုကိုထား လေ၏။
8 ၈ စားပွဲဆယ်ခုကိုလည်း လုပ်၍ ဗိမာန်တော် အတွင်း လက်ျာဘက်၌ ငါးခု၊ လက်ဝဲဘက်၌ ငါးခုကို ထားလေ၏။ ရွှေဖလားတရာကိုလည်း လုပ်လေ၏။
၈စားပွဲ ဆယ်ခု ကိုလည်း လုပ် ၍ ဗိမာန် တော် အတွင်း လက်ျာ ဘက်၌ ငါး ခု၊ လက်ဝဲ ဘက်၌ ငါး ခုကို ထား လေ၏။ ရွှေ ဖလား တရာ ကိုလည်း လုပ် လေ၏။
9 ၉ ယဇ်ပုရောဟိတ်တန်တိုင်း၊ ပြင်တန်တိုင်းကြီး၊ တန်တိုင်းတံခါးရွက်များကိုလည်း လုပ်၍တံခါးရွက်တို့ကို ကြေးဝါဖြင့် ဖုံးအုပ်လေ၏။
၉ယဇ်ပုရောဟိတ် တန်တိုင်း ၊ ပြင်တန်တိုင်း ကြီး ၊ တန်တိုင်း တံခါးရွက် များကိုလည်း လုပ် ၍ တံခါးရွက် တို့ကို ကြေးဝါ ဖြင့် ဖုံးအုပ် လေ၏။
10 ၁၀ ရေကန်ကိုလည်း အိမ်တော်လက်ျာဘက် အရှေ့တောင်ထောင့်၌ နေရာချ၏။
၁၀ရေကန် ကိုလည်း အိမ်တော်လက်ျာ ဘက် အရှေ့ တောင် ထောင့် ၌ နေရာ ချ၏။
11 ၁၁ ဟိရံသည်အိုးများ၊ ရေမှုတ်များ၊ အင်တုံငယ်များ ကိုလည်း လုပ်သဖြင့်၊ ရှောလမုန်မင်းကြီးအဘို့ ဘုရား သခင်၏အိမ်တော်၌ လက်စသတ်သော အရာများဟူမူ ကား၊
၁၁ဟိရံ သည်အိုး များ၊ ရေမှုတ် များ၊ အင်တုံ ငယ်များ ကိုလည်း လုပ် သဖြင့် ၊ ရှောလမုန် မင်းကြီး အဘို့ ဘုရားသခင် ၏အိမ် တော်၌ လက်စသတ် သော အရာ များဟူမူကား၊
12 ၁၂ တိုင်နှစ်တိုင်၊ တိုင်ထိပ်နှင့်တိုင်ထိပ်အထွဋ်နှစ်ခု၊ တိုင်ထိပ်အထွဋ်ကို ဖုံးလွှမ်းစရာကွန်ရွက်နှစ်ရွက်၊
၁၂တိုင် နှစ် တိုင်၊ တိုင် ထိပ် နှင့် တိုင် ထိပ်အထွဋ်နှစ်ခု ၊ တိုင် ထိပ် အထွဋ် ကို ဖုံးလွှမ်း စရာကွန်ရွက် နှစ် ရွက်၊
13 ၁၃ ထိုကွန်ရွက်အပေါ်မှာ သလဲသီးနှစ်တန်းစီ၊ သလဲသီးပေါင်းလေးရာ၊
၁၃ထိုကွန်ရွက် အပေါ်မှာ သလဲသီး နှစ် တန်း စီ၊ သလဲသီး ပေါင်းလေး ရာ၊
14 ၁၄ ခုံများ၊ ခုံပေါ်မှာတင်ထားသောအင်တုံများ၊
၁၄ခုံ များ၊ ခုံ ပေါ် မှာတင် ထားသောအင်တုံ များ၊
15 ၁၅ ရေကန်တကန်၊ ရေကန်ကိုထောက်သော နွား တဆယ်နှစ်ခု၊ အိုးများ၊ ရေမှုတ်များ၊ အမဲချိတ်များတည်း။
၁၅ရေကန် တ ကန်၊ ရေကန် ကိုထောက် သော နွား တဆယ် နှစ်ခု ၊ အိုး များ၊ ရေမှုတ် များ၊ အမဲ ချိတ်များတည်း။
16 ၁၆ ရှောလမုန်မင်းကြီးအဘို့ ဟိရံလုပ်သမျှသော ထာဝရဘုရား၏အိမ်တော်တန်ဆာတို့သည် ပြောင်ပြောင် တောက်သော ကြေးဝါဖြင့် ပြီးကြ၏။
၁၆ရှောလမုန် မင်းကြီး အဘို့ ဟိရံ လုပ် သမျှ သောထာဝရဘုရား ၏အိမ် တော်တန်ဆာ တို့သည် ပြောင်ပြောင်တောက်သော ကြေးဝါ ဖြင့် ပြီး ကြ၏။
17 ၁၇ ယော်ဒန်ချိုင့်၊ သုကုတ်မြို့နှင့် ဇာသန်မြို့စပ်ကြား တွင်၊ သရွတ်လုပ်စရာကောင်းသော မြေ၌ ရှင်ဘုရင်သွန်းလေ ၏။
၁၇ယော်ဒန် ချိုင့် ၊ သုကုတ် မြို့နှင့် ဇာသန် မြို့စပ်ကြား တွင်၊ သရွတ်လုပ်စရာကောင်းသော မြေ ၌ ရှင်ဘုရင် သွန်း လေ ၏။
18 ၁၈ ရှောလမုန်သည် ထိုတန်ဆာတို့ကို များစွာ လုပ်သောကြောင့်၊ ကြေးဝါအချိန်ကို အဘယ်သူမျှမသိ။
၁၈ရှောလမုန် သည် ထို တန်ဆာ တို့ကို များစွာ လုပ် သောကြောင့် ၊ ကြေးဝါ အချိန် ကို အဘယ်သူ မျှမသိ။
19 ၁၉ ရှောလမုန်သည်လည်း၊ ဘုရားသခင်၏ အိမ် တော်နှင့် ဆိုင်သမျှသော တန်ဆာများတည်းဟူသော ရွှေယဇ်ပလ္လင်၊ ရှေ့တော်မုန့်တင်စရာစားပွဲ၊
၁၉ရှောလမုန် သည်လည်း ၊ ဘုရားသခင် ၏ အိမ် တော်နှင့် ဆိုင်သမျှ သော တန်ဆာ များတည်းဟူသောရွှေ ယဇ် ပလ္လင်၊ ရှေ့ တော်မုန့် တင် စရာစားပွဲ၊
20 ၂၀ တရားတော်အတိုင်း ဗျာဒိတ်ဌာနတော်ရှေ့မှာ ထွန်းစရာ ဘို့ ရွှေစင်မီးခုံနှင့် မီးခွက်များ၊
၂၀တရား တော်အတိုင်း ဗျာဒိတ် ဌာနတော်ရှေ့ မှာ ထွန်း စရာဘို့ ရွှေစင် မီးခုံ နှင့် မီးခွက် များ၊
21 ၂၁ ရွှေစင်ဖြင့်ပြီးသောပန်းပွင့်၊ မီးခွက်၊ မီးကိုင် တန်ဆာများ၊
၂၁ရွှေစင် ဖြင့်ပြီး သောပန်းပွင့် ၊ မီးခွက် ၊ မီး ကိုင် တန်ဆာများ၊
22 ၂၂ ရွှေစင် ဖြင့်ပြီးသောမီးညှပ်၊ လင်ပန်း၊ ဇွန်း၊ ပြာခံစရာအိုးများ၊ အိမ်တော်ထဲမှာ အလွန်သန့်ရှင်းရာ ဌာနတော်အတွင်း ခန်းတံခါးရွက်နှင့် ဗိမာန်တော် ပြင်ခန်းတံခါးရွက်တို့ကိုလည်း ရွှေဖြင့်ပြီးစေ၏။
၂၂ရွှေစင် ဖြင့်ပြီးသောမီးညှပ် ၊ လင်ပန်း ၊ ဇွန်း ၊ ပြာခံစရာအိုး များ၊ အိမ် တော်ထဲမှာ အလွန်သန့်ရှင်း ရာ ဌာနတော်အတွင်း ခန်းတံခါးရွက် နှင့် ဗိမာန် တော် ပြင်ခန်းတံခါးရွက် တို့ကိုလည်း ရွှေ ဖြင့် ပြီးစေ၏။