< ၂ ရာဇဝင်ချုပ် 35 >
1 ၁ တဖန်ယောရှိမင်းသည် ယေရုရှလင်မြို့၌ ထာဝရဘုရားအဘို့ ပသခါပွဲကို ခံတော်မူ၍ ပဌမလ တဆယ်လေးရက်နေ့တွင်၊ ပသခါ သိုးသငယ်ကို သတ်ကြ၏။
Och Josia höll Herranom Passah i Jerusalem; och slagtade Passah på fjortonde dagenom i första månaden.
2 ၂ ယဇ်ပုရောဟိတ်တို့ကို မိမိတို့အရာ၌ခန့်ထား၍၊ ဗိမာန်တော်အမှု ကို စောင့်စေခြင်းငှါ နှိုးဆော်တော်မူ၏။
Och han ställde Presterna uti deras vakt, och styrkte dem till deras ämbete i Herrans hus;
3 ၃ ဣသရေလအမျိုးရှိသမျှကို သွန်သင်၍၊ ထာဝရ ဘုရားအဘို့ သန့်ရှင်းသောလေဝိသားတို့ကိုခေါ်၍၊ ဣသ ရေလရှင်ဘုရင် ဒါဝိဒ်သား ရှောလမုန် တည်ဆောက် သော အိမ်၌သန့်ရှင်းသော သေတ္တာတော်ကို သွင်းထား ကြလော့။ နောက်တဖန် သေတ္တာတော်ကို မထမ်းဘဲ၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရား၏အမှု၊ ဘုရား သခင်၏လူ ဣသရေလအမျိုး၏ အမှုကို ထမ်းကြ လော့။
Och sade till Leviterna, som hela Israel lärde, och Herranom helgade voro: Låter den helga arken uti huset, som Salomo, Davids son, Israels Konung, byggt hafver; I skolen icke bära honom på axlarna; så tjener nu Herranom edrom Gud, och hans folke Israel;
4 ၄ ဣသရေလ ရှင်ဘုရင်ဒါဝိဒ်မှတ်စာ၊ သားတော် ရှောလမုန်မှတ်စာနှင့်အညီ သင်းဖွဲ့သည်အတိုင်း၊ အဆွေ အမျိုးအလိုက် ကိုယ်ကိုပြင်ဆင်၍၊
Och skicker edra fäders hus, i edor skifte, såsom de beskrifne äro af David, Israels Konung, och hans son Salomo.
5 ၅ ပြည်သူပြည်သားဖြစ်သော သင်တို့ညီအစ်ကို အဘတို့ အဆွေအမျိုးနှင့် လေဝိသား အဆွေအမျိုး အသီးအသီးနေရာရှိသည်အတိုင်း၊ သန့်ရှင်းရာဌာနတော်၌ ရပ်နေကြလော့။
Och står i helgedomenom efter fädernas hus skifte ibland edra bröder af folket, och desslikes fädernas hus skifte ibland Leviterna.
6 ၆ ထိုသို့ပသခါ သိုးသငယ်ကိုသတ်၍ ကိုယ်ကို သန့်ရှင်းစေကြလော့။ သင်တို့ညီအစ်ကိုတို့သည် မောရှေ အားဖြင့် ထာဝရဘုရားမှာထားတော်မူသည် အတိုင်းပြုစေ ခြင်းငှါ၊ သူတို့ကိုလည်း ပြင်ဆင်ကြလော့ဟု မိန့်တော်မူ၏။
Och slagter Passah, och helger eder, och skicker edra bröder, att de göra efter Herrans ord genom Mose.
7 ၇ စည်းဝေးသောသူအပေါင်းတို့သည် ပသခါပွဲ ခံစရာဘို့၊ ယောရှိမင်းသည် မိမိဥစ္စာ၊ သိုးသငယ်၊ ဆိတ် သငယ်သုံးသောင်းနှင့် နွားသုံးထောင်ကို ပေးတော်မူ၏။
Och Josia gaf till häfoffer för den meniga man lamb och kid, alltsammans till Passah, för alla dem som vid handena voro, på talet tretiotusend, och tretusend nöt; alltsammans af Konungens ägodelar.
8 ၈ မှူးမတ်တို့သည်လည်း၊ စေတနာစိတ်ရှိ၍လူများ၊ ယဇ်ပုရောဟိတ်၊ လေဝိသားတို့အား ပေးကြ၏။ ဗိမာန် တော်မှူးဟိလခိ၊ ဇာခရိ၊ ယေဟေလသည်လည်း၊ ပသခါပွဲ ခံစရာဘို့ သိုးဆိတ်နှစ်ထောင်ခြောက်ရာနှင့် နွားသုံးရာကို ယဇ်ပုရောဟိတ်တို့အား ပေးကြ၏။
Hans Förstar gåfvo till häfoffer friviljoge för folket, och för Presterna och Leviterna; nämliga Hilkia, Sacharia och Jehiel, Förstarna i Guds hus, ibland Presterna till Passah, tutusend och sexhundrad ( lamb och kid ), dertill trehundrad nöt.
9 ၉ လေဝိသားအကြီးအကဲ၊ ကောနနိ၊ ရှေမာယ၊ ဟာရှဘိ၊ ယေယေလ၊ ယောဇဗဒ်၊ နာသနေလနှင့် သူ၏ညီများတို့သည်လည်း၊ ပသခါပွဲခံစရာဘို့ သိုးဆိတ် ငါးထောင်နှင့် နွားငါးရာကို လေဝိသားတို့အား ပေးကြ၏။
Men Chanania, Semaja, Nethaneel, och hans bröder, Hasabia, Jejel och Josabad öfverstar för Leviterna, gåfvo Levitomen häfoffer till Passah, femtusend ( lamb och kid ), och dertill femhundrad nöt.
10 ၁၀ ထိုသို့ ရှင်ဘုရင်အမိန့်တော်အတိုင်း၊ ဝတ်ပြုစရာ ပြင်ဆင်၍ ယဇ်ပုရောဟိတ်တို့သည် မိမိတို့နေရာ၌ရပ်၍၊ လေဝိသားတို့သည် မိမိတို့ အမှုကို ဆောင်ရွက်ကြ၏။
Alltså vardt Gudstjenst beskickad, och Presterna stodo i sitt rum, och Leviterna i sin ordning, efter Konungens bud.
11 ၁၁ ပသခါသိုးသငယ်ကိုသတ်၍၊ ယဇ်ပုရောဟိတ်တို့ သည် အသွေးကို လက်နှင့်ဖြန်းလျက်၊ လေဝိသားတို့သည် အရေကိုခွာလျက် ပြုကြ၏။
Och de slagtade Passah, och Presterna togo af deras händer och stänkte, och Leviterna drogo thy hudena af;
12 ၁၂ မောရှေကျမ်းစာ၌ ရေးထားသည်အတိုင်း၊ ထာဝရဘုရားအား ပူဇော်စရာဘို့ လူများအဆွေအမျိုး အလိုက် အသီးအသီးတို့အားပေးဝေခြင်းငှါ၊ မီးရှို့ရာယဇ်များ နှင့် နွားများကို ခွဲထားကြ၏။
Och gjorde bränneoffer deraf, att de skulle dela det ut ibland fädershusen uti deras meniga hop, till att offrat Herranom, såsom skrifvet står i Mose bok; sammaledes gjorde de ock med oxarna.
13 ၁၃ ထုံးဖွဲ့တော်မူသည်အတိုင်း၊ ပသခါသိုးသငယ်ကို မီးနှင့်ကင်ကြ၏။ သန့်ရှင်းသော ပူဇောသက္ကာအခြား တို့ကို မြေအိုး၊ သံအိုး၊ သံကရာ၌ ပြုတ်၍ လူအပေါင်း တို့အား အလျင်အမြန် ဝေဖန်ကြ၏။
Och de kokade Passah vid eld, såsom det sig borde; men hvad som helgadt var, kokade de i grytor, kettlar och pannor, och de gjorde det med hast för meniga hopen.
14 ၁၄ ထိုနောက်မှ ကိုယ်အဘို့နှင့် ယဇ်ပုရောဟိတ် အဘို့ကို ပြင်ဆင်ကြ၏။ အာရုန်သား ယဇ်ပုရောဟိတ်တို့ သည် ညဦးတိုင်အောင် မီးရှို့ရာယဇ်နှင့် ဆီဥကိုပူဇော် လျက်နေရသောကြောင့်၊ လေဝိသားတို့သည် ကိုယ်အဘို့ ကို၎င်း၊ အာရုန်သား ယဇ်ပုရောဟိတ် အဘို့ကို၎င်း ပြင်ဆင်ကြ၏။
Derefter redde de ock för sig, och för Presterna; förty Presterna, Aarons söner, hade att skaffa med bränneoffret, och med det feta, allt intill nattena; derföre måste Leviterna tillreda för sig och för Presterna, Aarons söner.
15 ၁၅ ဒါဝိဒ်နှင့် ရှင်ဘုရင်၏ ပရောဖက်အာသပ်၊ ဟေမန်၊ ယေဒုသုန်တို့စီရင်သည်အတိုင်း၊ အာသပ် အမျိုးသား သီချင်းသည်တို့သည် မိမိတို့နေရာ၌ရှိကြ၏။ တံခါးစောင့်တို့သည် မိမိတို့အမှုကိုမရှောင်၊ တံခါးရှိသမျှ တို့ ကိုစောင့်ကြ၏။ သူတို့ညီအစ်ကို လေဝိသားတို့သည် သူတို့အဘို့ ပြင်ဆင်ကြ၏။
Och sångarena, Assaphs barn, stodo i sitt rum, efter Davids bud, och Assaphs, och Hemans, och Jeduthuns, Konungens Siares; och dörravaktarena vid alla dörrarna, och de veko intet ifrå sitt ämbete; ty Leviterna, deras bröder, redde till för dem.
16 ၁၆ ထိုသို့ ယောရှိမင်းကြီး မိန့်တော်မူသည်အတိုင်း ပသခါပွဲကိုခံ၍ ထာဝရဘုရား၏ယဇ်ပုလင်ပေါ်မှာ မီးရှို့ ရာယဇ်တို့ကို ပူဇော်ခြင်းငှါ၊ ထာဝရဘုရားအား ပြုရ သော ဝတ်အလုံးစုံကို၊ ထိုနေ့ခြင်းတွင် ပြင်ဆင်ကြ၏။
Alltså vardt beskickad all Herrans tjenst på den dagen, så att man höll Passah, och bränneoffer gjorde på Herrans altare, efter Konung Josia bud.
17 ၁၇ စည်းဝေးသောဣသရေလအမျိုးသားတို့သည်၊ ထိုအခါပသခါပွဲကို၎င်း၊ အဇုမပွဲကို၎င်း၊ ခုနစ်ရက်ပတ်လုံး ခံကြ၏။
Alltså höllo Israels barn, som vid handen voro, Passah i den tiden, och osyrade bröds högtid i sju dagar.
18 ၁၈ ယောရှိမင်းနှင့် ယဇ်ပုရောဟိတ်၊ လေဝိသား၊ စည်းဝေးသောယုဒပြည်၊ ဣသရေလပြည်သား၊ ယေရု ရှလင်မြို့သားအပေါင်းတို့ခံသော ထိုပသခါပွဲကဲ့သို့သော ပွဲကို ပရောဖက်ရှာမွေလလက်ထက်မှစ၍ ဣသရေလ နိုင်ငံ၌မခံ။ ထိုသို့သောပသခါပွဲကို ဣသရေလရှင်ဘုရင် တယောက်မျှ မခံ။
Intet Passah var i Israel hållet, såsom detta, allt ifrå den Propheten Samuels tid; och ingen Israels Konung hade sådant Passah hållit, såsom Josia Passah höll, och Presterna, Leviterna, hela Juda och det af Israel för handen var, och Jerusalems inbyggare.
19 ၁၉ ယောရှိမင်းနန်းစံဆယ်ရှစ်နှစ်တွင်၊ ထိုပသခါပွဲ ကို ခံကြ၏။
Uti adertonde årena af Josia rike vardt detta Passah hållet.
20 ၂၀ ထိုနောက်မှ၊ ယောရှိသည် ဗိမာန်တော်ကို ပြင် ဆင်ပြီးမှ၊ အဲဂုတ္တုရှင်ဘုရင်နေခေါသည် ဥဖရတ်မြစ်နား၊ ခါခေမိတ်မြို့သို့ စစ်ချီသည်တွင်၊ ယောရှိမင်းသည် ဆီးတားခြင်းငှါ ထွက်လေ၏။
Derefter, när Josia huset tillredt hade, drog Necho, Konungen i Egypten, upp, till att strida emot Carchemis vid Phrath; och Josia drog ut emot honom.
21 ၂၁ အဲဂုတ္တုရှင်ဘုရင်က၊ အိုယုဒရှင်ဘုရင်၊ သင် သည် ငါနှင့်အဘယ်သို့ဆိုင်သနည်း။ သင့်ကို ယနေ့ ငါစစ်ချီသည်မဟုတ်။ ငါနှင့်စစ်တိုက်ဘက် ဖြစ်သော အမျိုးကိုစစ်ချီ၏။ ငါအလျင်အမြန်ပြမည်အကြောင်း ဘုရားသခင်မှာထားတော်မူပြီ။ ငါ့ဘက်၌ ရှိသောဘုရား သခင်ကို ဆန့်ကျင်ဘက်မပြုဘဲနေလော့။ သို့မဟုတ် သင့်ကိုဖျက်ဆီးတော်မူမည်ဟု သံတမန်ကိုစေလွှတ်၍ မှာလိုက်လေ၏။
Men han sände båd till honom, och lät säga honom: Hvad hafver jag med dig göra, Juda Konung? Jag kommer icke nu emot dig, utan jag strider emot ett ( annat ) hus; och Gud hafver sagt, att jag skulle skynda mig; håll upp att göra emot Gud, som med mig är, att han icke förderfvar dig.
22 ၂၂ သို့ရာတွင် ယောရှိသည် မလွှဲမရှောင်၊ နေခေါ ဆင့်ဆိုသော ဘုရားသခင်၏ အမိန့်တော်ကို နား မထောင်၊ စစ်တိုက်ခြင်းငှါ ခြားနားသော အယောင်ကို ဆောင်လျက်၊ မေဂိဒ္ဒေါချိုင့်၌ စစ်ပွဲထဲသို့ ဝင်လေ၏။
Men Josia vände icke sitt ansigte ifrå honom, utan ställde sig till att strida emot honom; och lydde intet Necho ord utaf Guds mun, och kom till att strida med honom på den slättene vid Megiddo.
23 ၂၃ လေးသူရဲတို့သည် ယောရှိမင်းကြီးကိုပစ်၍ မှန် သဖြင့်၊ မင်းကြီးက ငါ့ကိုဆောင်သွားလော့။ ပြင်းစွာ အထိအခိုက်ခံရသည်ဟု ကျွန်တို့အား ဆိုလျှင်၊
Och skyttorna sköto Konung Josia. Och Konungen sade till sina tjenare: Förer mig hädan; ty jag är illa sår.
24 ၂၄ ကျွန်တို့သည် ရထားတော်ပေါ်ကချ၍၊ ဒုတိယ ရထားတော်ပေါ်၌ တင်ပြီးလျှင်၊ ယေရုရှလင်မြို့သို့ ဆောင်သွားသောအခါ၊ အနိစ္စရောက်၍ ဘိုးဘေးတို့ သင်္ချိုင်း သင်္ဂြိုဟ်ခြင်းကို ခံလေ၏။ ယုဒပြည်သူ၊ ယေရု ရှလင်မြို့ သားအပေါင်းတို့သည်၊ ယောရှိမင်းအနိစ္စ ရောက်သောကြောင့် ငိုကြွေးမြည်တမ်းခြင်းကို ပြုကြ၏။
Och hans tjenare togo honom af vagnen, och lade honom på hans andra vagn, och förde honom till Jerusalem. Och han blef död, och vardt begrafven ibland sina fäders grifter; och hele Juda och Jerusalem sörjde för Josia skull.
25 ၂၅ ယေရမိသည်လည်း မြည်တမ်းသောစကားကို စီရင်၍ သီချင်းသည်ယောက်ျားမိန်းမရှိသမျှတို့သည်၊ ယနေ့တိုင်အောင် ယောရှိမင်းကို အောက်မေ့လျက်၊ ထိုမြည်တမ်းသောစကားကို သုံးဆောင်သဖြင့်၊ ဣသရေ လထုံးစံ ဖြစ်လေ၏။ ထိုစကားသည် မြည်တမ်းစာ၌ ရေးထားလျက်ရှိသတည်း။
Och Jeremia jämrade sig öfver Josia; och alle sångare och sångerskor höllo deras klagovisor öfver Josia, allt intill denna dag, och gjorde en sedvänjo deraf i Israel; si, det är skrifvet uti de klagovisor.
26 ၂၆ ယောရှိပြုမူသော အမှုအရာကြွင်းလေသမျှ တို့နှင့် ထာဝရဘုရား၏ ပညတ္တိကျမ်း၌ ရေးထားသည် အတိုင်း ကျေးဇူးပြုခြင်း၊
Hvad nu mer af Josia sägande är, och om hans barmhertighet, efter skriftene i Herrans lag,
27 ၂၇ အကျင့်ကျင့်ခြင်းအရာအစ အဆုံးတို့သည်၊ ဣသရေလရာဇဝင်နှင့် ယုဒရာဇဝင်၌ ရေးထားလျက် ရှိ၏။
Och hans gerningar, både de första och de sista, si, det är skrifvet uti Israels och Juda Konungars bok.