< ၂ ရာဇဝင်ချုပ် 32 >
1 ၁ ထိုအမှုများတို့ကို လက်စသတ်သည်နောက်၊ အာရှုရိရှင်ဘုရင် သနာခရိပ်သည်၊ ယုဒပြည်သို့စစ်ချီ၍ ခိုင်ခံ့သောမြို့တို့ကို ဝိုင်းထားလျက် တိုက်ယူခြင်းငှါ အားထုတ်လေ၏။
Hizkiya'nın RAB'be bağlılıkla yaptığı bu hizmetlerden sonra Asur Kralı Sanherib gelip Yahuda'ya saldırdı. Surlu kentleri ele geçirmek amacıyla onları kuşattı.
2 ၂ ထိုသို့ သနာခရိပ်သည်လာ၍၊ ယေရုရှလင်မြို့ကို တိုက်မည့်အကြံရှိကြောင်းကို၊ ဟေဇကိသည်သိမြင်လျှင်၊
Sanherib'in Yeruşalim'le savaşmaya hazırlandığını duyan Hizkiya,
3 ၃ မြို့ပြင်၌ရှိသော စမ်းရေကိုဖြတ်ခြင်းငှါ မှူးမတ်၊ စစ်သူကြီးတို့နှင့် တိုင်ပင်၍။ သူတို့သည် ဝိုင်းလုပ်ကြ၏။
kentin dışındaki pınarları kapatma konusunda önderlerine ve ordu komutanlarına danıştı. Onlar da onu desteklediler.
4 ၄ အာရှုရိရှင်ဘုရင်တို့သည် လာ၍၊ များစွာသော ရေကို အဘယ်ကြောင့်တွေ့ရမည်နည်းဟု လူများတို့သည် ဆိုလျက်၊ စုဝေး၍ စမ်းရေတွင်းရှိသမျှကို ပိတ်ကြ၏။ ပြည်အလယ်၌ စီးသောချောင်းရေကိုလည်း ဖြတ်ကြ၏။
Böylece birçok kişi toplandı. “Neden Asur Kralı gelip bol su bulsun?” diyerek bütün pınarları ve ülkenin ortasından akan dereyi kapadılar.
5 ၅ ဟေဇကိသည်လည်း ကိုယ်ကို ခိုင်ခံ့စေ၏။ ပြိုသောမြို့ရိုးရှိသမျှကို ပြုပြင်၍၊ ရဲတိုက်တို့နှင့် တညီတည်း တည်၏။ ပြင်မြို့ရိုးကိုလည်း တည်၏။ ဒါဝိဒ်မြို့၌ မိလ္လော ရဲတိုက်ကိုလည်း ပြုပြင်၍၊များစွာသော လှံလက်နက်ဒိုင်း လွှားတို့ကိုလည်း လုပ်လေ၏။
Hizkiya gücünü toplayarak surun yıkılmış bölümlerini onarttı, üstüne kuleler yaptırdı. Dışardan bir sur daha yaptırarak Davut Kenti'nde Millo'yu sağlamlaştırdı. Bunların yanısıra, çok sayıda silah ve kalkan hazırlattı.
6 ၆ လူများတို့တွင် တပ်မှူးတို့ကိုခန့်ထား၍၊ မြို့ လမ်းမ၌ စုဝေးစေသဖြင့်၊ အားပေးသော စကားကို ပြောလျက်၊
Halka komutanlar atadı. Sonra onları kent kapısı yakınındaki alanda toplayarak şöyle yüreklendirdi:
7 ၇ ခွန်အားယူ၍ ရဲရင့်ခြင်းရှိကြလော့။ အာရှုရိ ရှင်ဘုရင်နှင့် သူ၌ပါသောအလုံးအရင်း အပေါင်းတို့ ကြောင့် မကြောက်ကြနှင့်။ စိတ်မပျက်ကြနှင့်။ ငါတို့ ဘက်၌နေသော သူတို့သည်၊ သူ့ဘက်၌ နေသောသူတို့ထက်သာ၍ များကြ၏။
“Güçlü ve yürekli olun! Asur Kralı'ndan ve yanındaki büyük ordudan korkmayın, yılmayın. Çünkü bizimle olan onunla olandan daha üstündür.
8 ၈ သူ့ဘက်၌ လူလက်ရုံးရှိ၏။ ငါတို့ဘက်၌ ထောက်မ၍၊ စစ်ကူတော်မူသော ငါတို့၏ဘုရားသခင် ထာဝရဘုရားရှိတော်မူသည်ဟု မိန့်တော်မူ၏။ လူများတို့ သည် ယုဒရှင်ဘုရင်ဟေဇကိ၏ စကားကိုကိုးစား ကြ၏။
Ondaki güç insansaldır; bizdeki güç ise bize yardım eden ve bizden yana savaşan Tanrımız RAB'dir.” Yahuda Kralı Hizkiya'nın bu sözleri halka güven verdi.
9 ၉ ထိုနောက် အာရှုရိရှင်ဘုရင်သနာခရိပ်သည် ဗိုလ်ခြေအပေါင်းတို့နှင့်တကွ၊ လာခရှမြို့ကိုဝိုင်ထားစဉ် တွင်၊ မိမိကျွန်အချို့ကို ယေရုရှလင်မြို့၊ ယုဒရှင်ဘုရင် ဟေဇကိထံသို့၎င်း၊ ယေရုရှလင်မြို့၌ရှိသော ယုဒ လူအပေါင်းတို့ရှိရာသို့၎င်း စေလွှတ်၍၊
Asur Kralı Sanherib, bütün ordusuyla Lakiş Kenti'ni kuşatırken, subayları aracılığıyla Yahuda Kralı Hizkiya'ya ve Yeruşalim'de yaşayan Yahuda halkına şu haberi gönderdi:
10 ၁၀ အာရှုရိရှင်ဘုရင်သနာခရိပ် မိန့်တော်မူသည် ကား၊ သင်တို့သည် ယေရုရှလင်မြို့၌ ဝိုင်းထားခြင်းကို ခံခြင်းငှါ၊ အဘယ်သို့ခိုလှုံကြသနည်း။
“Asur Kralı Sanherib şöyle diyor: ‘Neye güvenerek Yeruşalim'de kuşatma altında kalıyorsunuz?’
11 ၁၁ ဟေဇကိက၊ ငါတို့၏ဘုရားသခင် ထာဝရ ဘုရားသည် ငါတို့ကို အာရှုရိရှင်ဘုရင်လက်မှ ကယ်လွှတ် တော်မူမည်ဟုဆိုလျက်၊ မွတ်သိပ်ခြင်း၊ ရေငတ်ခြင်း အားဖြင့် အသေခံရသည်တိုင်အောင်၊ ကိုယ်ကိုစွန့်ပစ်စေ ခြင်းငှါ၊ သင်တို့ကို ဖြားယောင်းသည်မဟုတ်လော။
Hizkiya, ‘Tanrımız RAB bizi Asur Kralı'nın elinden kurtaracak’ diyerek sizi kandırıyor. Sizi kıtlığa ve susuzluğa terk edip ölüme sürüklüyor.
12 ၁၂ ထိုဟေဇကိသည် ထာဝရဘုရား၏ မြင့်သော အရပ်ဌာနနှင့် ယဇ်ပလ္လင်တို့ကို ပယ်၍၊ သင်တို့သည် တခုတည်းသော ယဇ်ပလ္လင် ရှေ့မှာကိုးကွယ်ရမည်။ ထိုယဇ် ပလ္လင်ပေါ်မှာ နံ့သာပေါင်းကို မီးရှို့ရမည်ဟု ယုဒပြည်သူ ယေရုရှလင်မြို့ သားတို့ကို မိန့်တော်မူပြီမဟုတ်လော။
Tanrı'nın tapınma yerlerini, sunaklarını ortadan kaldıran, Yahuda ve Yeruşalim halkına, ‘Tek bir sunağın önünde tapınacak, onun üzerinde buhur yakacaksınız’ diyen Hizkiya değil mi bu?
13 ၁၃ ငါနှင့် ငါ့ဘိုးဘေးတို့သည် အတိုင်းတိုင်းအပြည် ပြည်တို့၌ အဘယ်သို့ပြုသည်ကို သင်တို့မသိကြသလော။ အတိုင်းတိုင်းအပြည်ပြည် ဘုရားတို့သည် မိမိတို့ပြည် များကို ငါ့လက်မှ ကယ်လွှတ်ခြင်းငှါ တတ်စွမ်းနိုင် သလော။
Benim ve atalarımın öbür ülkelerin halklarına neler yaptığımızı bilmiyor musunuz? Ulusların ilahlarından hangisi ülkesini benim elimden kurtarabildi?
14 ၁၄ ငါ့ဘိုးဘေးအကုန်အစင်ဖျက်ဆီးသော တိုင်း နိုင်ငံတို့၏ ဘုရားတို့တွင်၊ အဘယ်မည်သောဘုရားသည် မိမိပြည်ကို ငါ့လက်မှ ကယ်လွှတ်ဘူးသနည်း။ သင်တို့၏ ဘုရားသည် သင်တို့ကိုငါ့လက်မှ အဘယ်သို့ကယ်လွှတ် မည်နည်း။
Atalarımın büsbütün yok ettiği bu ulusların ilahlarından hangisi halkını elimden kurtarabildi ki, Tanrınız sizi elimden kurtarabilsin?
15 ၁၅ သို့ဖြစ်၍၊ ဟေဇကိသည် သင်တို့ကိုမလှည့်စား စေနှင့်။ ထိုသို့ မဖြားယောင်းစေနှင့်။ သူ့စကားကို မယုံကြ နှင့်။ အခြားသော တိုင်းနိုင်ငံ၌ ကိုးကွယ်သော ဘုရား မည်မျှသည်၊ မိမိပြည်ကိုငါ့လက်မှ၎င်း၊ ငါ့ဘိုးဘေး လက်မှ၎င်း မကယ်မလွှတ်နိုင်။ ထိုမျှမက၊ သင်တို့၏ဘုရားသည် သင်တို့ကို ငါ့လက်မှ မကယ်မလွှတ်နိုင်ဟု မှာလိုက်လေ၏။
Hizkiya'nın sizi kandırıp aldatmasına izin vermeyin! Ona güvenmeyin! Çünkü hiçbir ulusun, krallığın ilahlarından bir teki bile halkını elimden ya da atalarımın elinden kurtaramamıştır! Tanrınız kim ki sizi elimden kurtarsın?”
16 ၁၆ သူ့ကျွန်တို့သည် ထာဝရအရှင်ဘုရားသခင် တဘက်၊ ဘုရားသခင်၏ကျွန်ဟေဇကိတဘက်၌ သာ၍ ပြောဆိုကြ၏။
Sanherib'in subayları RAB Tanrı'ya ve kulu Hizkiya'ya karşı daha birçok şey söylediler.
17 ၁၇ ထိုမှတပါး အခြားသော တိုင်းနိုင်ငံဘုရားတို့ သည်၊ မိမိလူများကို ငါ့လက်မှ မကယ်မလွှတ်နိုင်သည် နည်းတူ၊ ဟေဇကိကိုးကွယ်သော ဘုရားသည်၊ သူ၏ လူများကို ငါ့လက်မှ မကယ်မလွှတ်ရဟုဣသရေလအမျိုး ၏ ဘုရားသခင်ထာဝရဘုရားကို ကဲ့ရဲ့ပြစ်တင်သော စာကို ရေး၍ ပေးလိုက်သေး၏။
Sanherib İsrail'in Tanrısı RAB'bi aşağılamak için yazdığı mektuplarda da şöyle diyordu: “Öteki ulusların tanrıları halklarını elimden kurtaramadıkları gibi, Hizkiya'nın Tanrısı da halkını elimden kurtaramayacak.”
18 ၁၈ တဖန်မြို့ရိုးပေါ်မှာရှိသော ယေရုရှလင်မြို့သား တို့ကို ခြိမ်းချောက်နှောက်ရှက်၍၊ မြို့ကိုတိုက်ယူနိုင်အောင်၊ ယုဒဘာသာစကားအားဖြင့် ကျယ်သော အသံနှင့် ကြွေး ကြော်ကြ၏။
Sonra kenti ele geçirmek amacıyla surun üstündeki Yeruşalim halkını korkutup yıldırmak için Yahudi dilinde bağırdılar.
19 ၁၉ လူတို့လက်ဖြင့် လုပ်သောဘုရား၊ မြေကြီးသား များ ကိုးကွယ်သော ဘုရားတို့နှင့် ယေရုရှလင်မြို့ ဘုရား သခင်ကို ရော၍ ကဲ့ရဲ့ကြ၏။
Üstelik dünyanın öteki uluslarının insan eliyle yapılmış ilahlarından söz edercesine Yeruşalim'in Tanrısı'ndan söz ettiler.
20 ၂၀ ထိုအကြောင်းကြောင့်၊ ဟေဇကိမင်းကြီးနှင့် အာမုတ်သား ပရောဖက်ဟေရှာယသည် ဆုတောင်း၍၊ ကောင်းကင်ဘုံသို့ ဟစ်ခေါ်သဖြင့်၊
Bunun üzerine Kral Hizkiya ile Amots oğlu Peygamber Yeşaya dua edip Tanrı'ya yalvardılar.
21 ၂၁ ထာဝရဘုရားစေလွှတ်တော်မူသော ကောင်းကင် တမန်သည်၊ အာရှုရိရှင်ဘုရင်တပ်၌ ခွန်အားကြီးသော သူရဲများ၊ တပ်မှူး၊ စစ်ကဲများအပေါင်းတို့ကို သုတ်သင် ပယ်ရှင်းလေ၏။ ရှင်ဘုရင်သည် မျက်နှာပျက်လျက်၊ မိမိ ပြည်သို့ပြန်သွား၏။ မိမိဘုရား၏ ဗိမာန်သို့ရောက်သော အခါ၊ မိမိသားရင်းတို့သည် ထားနှင့်သတ်ကြ၏။
RAB bir melek göndererek Asur Kralı'nın ordugahındaki bütün yiğit savaşçıları, önderleri, komutanları yok etti. Asur Kralı utanç içinde ülkesine döndü. Bir gün kendi ilahının tapınağına girdiğinde de oğullarından bazıları onu orada kılıçla öldürdüler.
22 ၂၂ ထိုသို့ထာဝရဘုရားသည် ဟေဇကိနှင့် ယေရုရှလင်မြို့သားတို့ကို၊ အာရှုရိရှင်ဘုရင်လက်မှ၎င်း၊ အခြားသောရန်သူလက်မှ၎င်း ကယ်လွှတ်၍၊ အရပ်ရပ်၌ စောင့်မတော်မူ၏။
Böylece RAB Hizkiya'yla Yeruşalim'de yaşayanları Asur Kralı Sanherib'in ve öbür düşmanlarının elinden kurtararak her yanda güvenlik içinde yaşamalarını sağladı.
23 ၂၃ အများသောသူတို့သည် ယေရုရှလင်မြို့သို့ ထာဝဘုရားအဘို့ ပူဇော်သက္ကာကို၎င်း၊ ယုဒရှင်ဘုရင် ဟေဇကိထံသို့ လက်ဆောင်ပဏ္ဏာကို၎င်း ဆောင်ခဲ့ကြ သဖြင့်၊ ဟေဇကိသည် ထိုကာလမှစ၍ ခပ်သိမ်းသောလူ မျိုး ရှေ့မှာဘုန်းကြီးတော်မူ၏။
Yeruşalim'e gelen birçok kişi RAB'be sunular, Yahuda Kralı Hizkiya'ya da değerli armağanlar getirdi. O günden sonra Hizkiya bütün uluslar arasında saygınlık kazandı.
24 ၂၄ ထိုကာလအခါ ဟေဇကိမင်းသည် သေနာစွဲ၍ ထာဝရဘုရားအား ဆုတောင်းသဖြင့်၊ ဗျာဒိတ်တော်နှင့် ထူးဆန်းသော တန်ခိုးတော်ကို ခံရ၏။
O günlerde Hizkiya ölümcül bir hastalığa yakalanınca, RAB'be yalvardı. RAB yakarışını duyarak ona bir belirti verdi.
25 ၂၅ သို့ရာတွင် ဟေဇကိသည် မိမိခံရသော ကျေးဇူးတော်နှင့် အထိုက်အလျောက်မကျင့်၊ ထောင်လွှား သော စိတ်ရှိ၏။ ထိုကြောင့် သူ၌၎င်း၊ ယုဒပြည်နှင့် ယေရုရှလင်မြို့၌၎င်း၊ အမျက်တော်ထွက်လေ၏။
Ne var ki, Hizkiya kendisine yapılan bu iyiliğe yaraşır biçimde davranmayıp büyüklendi. Bu yüzden RAB hem ona, hem Yahuda'ya, hem de Yeruşalim'e öfkelendi.
26 ၂၆ သို့ရာတွင် ဟေဇကိသည် မိမိစိတ်ထောင်လွှား သော အပြစ်ကြောင့်၊ ယေရုရှလင်မြို့သားတို့နှင့်တကွ ကိုယ်တိုင်ကိုယ်ကို နှိမ့်ချသောကြောင့်၊ လက်ထက်တော် ကာလတွင်၊ ထာဝရဘုရား၏ အမျက်တော်မသက် ရောက်။
Hizkiya ile Yeruşalim'de yaşayanlar gururu bırakıp alçakgönüllü davranmaya başladılar. Bu sayede Hizkiya'nın krallığı boyunca RAB'bin öfkesine uğramadılar.
27 ၂၇ ဟေဇကိသည် များစွာသော စည်းစိမ်ဥစ္စာ ဂုဏ် အသရေရှိ ၏။ ရွှေ၊ ငွေ၊ ကျောက်မြတ်၊ နံ့သာမျိုး၊ ဒိုင်းလွှား၊ နှမြောဘွယ်သော တန်ဆာ သိုထားရာဘဏ္ဍာ တိုက်များကို တည်လေ၏။
Hizkiya çok zengin ve onurlu biriydi. Altını, gümüşü, değerli taşları, baharatı, kalkanları ve çeşit çeşit değerli eşyası için hazineler yaptırdı.
28 ၂၈ စပါးကျီများ၊ ဆီ၊ စပျစ်ရည်သိုထားရာ တိုက်များ၊ တိရစ္ဆာန်မျိုး တင်းကုပ်များ၊ သိုးခြံများကိုလည်း လုပ်လေ ၏။
Ayrıca tahıl ambarları, yeni şarap ve zeytinyağı depoları, sığırlar için ahırlar, sürüler için ağıllar yaptırdı.
29 ၂၉ ကိုယ်အဘို့ မြို့တို့ကိုတည်၍၊ များစွာသော သိုးနွား တို့ကိုလည်း ဆည်းဖူးလေ၏။ ဘုရားသခင်သည် များစွာ သောဥစ္စာကို ပေးသနားတော်မူ၏။
Bunların yanısıra kendisi için kentler kurdurdu ve çok sayıda davar, sığır edindi. Tanrı ona çok büyük zenginlik vermişti.
30 ၃၀ ထိုမှတပါး၊ ဟေဇကိသည် ဂိဟုတ်အထက် ချောင်းရေကို ပိတ်၍၊ ဒါဝိဒ်မြို့အနောက်သို့ တည့်တည့် စီးစေ၏။ ထိုသို့ ဟေဇက်သည် ပြုလေရာရာ၌ အကြံ ထမြောက်၏။
Gihon Pınarı'nın yukarı ağzını kapayıp suyun Davut Kenti'nin batı yakasından aşağıya akmasını sağlayan da Hizkiya'dır. Üstlendiği her işte başarılı oldu.
31 ၃၁ သို့ရာတွင်၊ နိုင်ငံတော်၌ ဖြစ်သောအံ့ဘွယ်သော အမှုကို မေးမြန်းစေခြင်းငှါ၊ ဗာဗုလုန်မင်းတို့သည် သံတမန်ကို စေလွှတ်သော အမှုမှာ၊ ဟေဇကိမင်း၏ သဘောကို အကုန်အစင်သိခြင်းငှါ၊ ဘုရားသခင်သည် စုံစမ်း၍အလွတ်ထားတော်မူ၏။
Ama Babil önderlerinin ülkede gerçekleştirilen belirtiyi araştırmak için gönderdiği elçiler gelince, Tanrı Hizkiya'yı denemek ve aklından geçenlerin hepsini öğrenmek için onu bıraktı.
32 ၃၂ ဟေဇကိပြုမူသော အမှုအရာကြွင်းလေသမျှ တို့နှင့် ကျေးဇူးပြုခြင်းအရာသည် အာမုတ်သား ပရော ဖက်ဟေရှာယ၏ ရူပါရုံကျမ်း၊ ယုဒရာဇဝင်၊ ဣသရေလ ရာဇဝင်၌ ရေးထားလျက် ရှိ၏။
Hizkiya'nın yaptığı öbür işler ve RAB'be bağlılığı Amots oğlu Peygamber Yeşaya'nın Yahuda ve İsrail krallarının tarihindeki görümünde yazılıdır.
33 ၃၃ ဟေဇကိသည် ဘိုးဘေးတို့နှင့်အိပ်ပျော်၍၊ ဒါဝိဒ် ၏သားတော် မြေးတော်တို့ သင်္ချိုင်းတွင် အမြတ်ဆုံးသော သင်္ချိုင်း၌ သင်္ဂြိုဟ်ခြင်းကို ပြုလေ၏။ ယုဒပြည်သူ ယေရုရှလင်မြို့သားအပေါင်းတို့သည်၊ ဟေဇကိ အနိစ္စ ရောက်သောအခါ၊ ဂုဏ်အသရေတော်ကို ချီးမြှောက်ကြ ၏။ သားတော်မနာရှေသည် ခမည်းတော်အရာ၌ နန်းထိုင်၏။
Hizkiya ölüp atalarına kavuşunca, Davutoğulları'nın mezarlarının üst kesimine gömüldü. Bütün Yahuda ve Yeruşalim halkı onu saygıyla andı. Yerine oğlu Manaşşe kral oldu.