< ၂ ရာဇဝင်ချုပ် 31 >
1 ၁ ထိုအမှုလက်စသတ်သောအခါ၊ စည်းဝေးသော ဣသရေလလူအပေါင်းတို့သည်၊ ယုဒမြို့များသို့ ထွက်သွား ၍ ယုဒပြည်၊ ဗင်္သာမိန်ပြည်၊ ဧဖရိမ်ပြည်၊ မနာရှေပြည် အရပ်ရပ်၌ရှိသော ရုပ်တုဆင်းတု၊ အာရှရပင်၊ မြင့်သော အရပ်၊ ယဇ်ပလ္လင်ရှိသမျှတို့ကို ရှင်းရှင်းမဖျက်ဆီးမှီ တိုင်အောင် ချိုးဖဲ့၊ ခုတ်လှဲဖြိုချကြ၏။ ထိုနောက်မှ၊ ဣသရေလအမျိုးသားအပေါင်းတို့သည်၊ အသီးသီးပိုင် ထိုက်သောနေရာ မြို့ရွာတို့သို့ ပြန်သွားကြ၏။
၁ထို အမှုလက်စသတ် သောအခါ ၊ စည်းဝေးသော ဣသရေလ လူအပေါင်း တို့သည်၊ ယုဒ မြို့ များသို့ ထွက်သွား ၍ ယုဒ ပြည်၊ ဗင်္ယာမိန် ပြည်၊ ဧဖရိမ် ပြည်၊ မနာရှေ ပြည် အရပ်ရပ် ၌ ရှိသောရုပ်တု ဆင်းတု၊ အာရှရ ပင်၊ မြင့် သော အရပ်၊ ယဇ် ပလ္လင်ရှိသမျှတို့ကို ရှင်းရှင်းမဖျက်ဆီး မှီ တိုင်အောင်ချိုးဖဲ့ ၊ ခုတ်လှဲ ဖြိုချကြ၏။ ထိုနောက်မှ ၊ ဣသရေလ အမျိုးသား အပေါင်း တို့သည်၊ အသီးအသီး ပိုင် ထိုက်သောနေရာ မြို့ ရွာတို့သို့ ပြန် သွားကြ၏။
2 ၂ ယဇ်ပုရောဟိတ်လေဝိသားတို့သည်၊ အသီး အသီးစောင့်ရသောအမှုကို အလှည်သင့်သည်အတိုင်း စောင့်လျက်၊ ထာဝရဘုရား၏ကျိန်းဝပ်တော်မူသော ဌာနတော်တံခါးအတွင်း၌၊ မီးရှို့ရာယဇ်နှင့် မိဿဟာယ ယဇ်ကိုပူဇော်ခြင်း၊ အမှုတော်မျိုးကိုစောင့်ခြင်း၊ ကျေးဇူး တော်ကို ဝန်ခံခြင်း၊ ထောမနာသီချင်း ဆိုခြင်းအမှုကို ပြုစေခြင်းငှါ၊ ဟေဇကိ ခန့်ထားတော်မူ၏။
၂ယဇ်ပုရောဟိတ် လေဝိ သားတို့သည်၊ အသီးအသီး စောင့်ရသောအမှု ကို အလှည့်သင့်သည်အတိုင်း စောင့်လျက်၊ ထာဝရဘုရား ၏ကျိန်းဝပ် တော်မူသောဌာနတော်တံခါး အတွင်း ၌၊ မီးရှို့ ရာယဇ်နှင့် မိဿဟာယ ယဇ်ကိုပူဇော်ခြင်း၊ အမှု တော်မျိုးကိုစောင့်ခြင်း၊ ကျေးဇူး တော်ကို ဝန်ခံခြင်း၊ ထောမနာ သီချင်း ဆိုခြင်းအမှုကို ပြုစေခြင်းငှါ ၊ ဟေဇကိ ခန့်ထား တော်မူ၏။
3 ၃ ထာဝရဘုရား၏ ပညတ္တိကျမ်း၌ ရေးထားသည် အတိုင်း၊ နေ့ရက်အစဉ် နံနက်အချိန်၊ ညဦးချိန်၊ ဥပုသ်နေ့၊ လဆန်းနေ့၊ ဓမ္မပွဲနေ့တွင် မီးရှို့ရာယဇ်ပူဇော်စရာဘို့၊ ဘဏ္ဍာတော်ထဲက ဥစ္စာတဘို့ကို ထုတ်၍လှူတော်မူ၏။
၃ထာဝရဘုရား ၏ ပညတ္တိ ကျမ်း၌ ရေးထား သည် အတိုင်း ၊ နေ့ရက်အစဉ် နံနက် အချိန်၊ ညဦး ချိန်၊ ဥပုသ် နေ့၊ လဆန်း နေ့၊ ဓမ္မပွဲနေ့တွင် မီးရှို့ရာယဇ်ပူဇော်စရာဘို့၊ ဘဏ္ဍာတော်ထဲက ဥစ္စာတဘို့ကို ထုတ်၍လှူတော်မူ၏။
4 ၄ ယဇ်ပုရောဟိတ်၊ လေဝိသားတို့သည် ထာဝရ ဘုရား၏ တရားကိုကြိုးစား၍ သွန်သင်စေခြင်းငှါ၊ ယေရု ရှလင်မြို့၌နေသော သူတို့သည် ဥစ္စာတဘို့ကို လှူရမည် အကြောင်း မိန့်တော်မူ၏။
၄ယဇ်ပုရောဟိတ် ၊ လေဝိ သားတို့သည် ထာဝရဘုရား ၏ တရား ကိုကြိုးစား ၍ သွန်သင်စေခြင်းငှါ ၊ ယေရုရှလင် မြို့၌နေသောသူတို့ သည် ဥစ္စာတဘို့ကို လှူရမည် အကြောင်းမိန့် တော်မူ၏။
5 ၅ ထိုအမိန့်တော်ကို ဣသရေလအမျိုးသားတို့ သည် အနှံ့အပြား ကြားသိကြသောအခါ၊ အဦးသီးသော စပါး၊ စပျစ်ရည်၊ ဆီ၊ ပျားရည်အစရှိ သော မြေအသီးအနှံ ကို၎င်း၊ အခြားသောဥစ္စာရှိသမျှ ဆယ်ဘို့တဘို့ကို၎င်း၊ များစွာဆောင်ခဲ့ကြ၏။
၅ထိုအမိန့် တော်ကို ဣသရေလ အမျိုးသား တို့ သည် အနှံ့အပြားကြားသိကြသောအခါ၊ အဦး သီးသော စပါး ၊ စပျစ်ရည် ၊ ဆီ ၊ ပျားရည် အစရှိ သော မြေ အသီးအနှံ ကို၎င်း ၊ အခြားသောဥစ္စာရှိသမျှ ဆယ်ဘို့ တဘို့ကို၎င်း၊ များစွာ ဆောင် ခဲ့ကြ၏။
6 ၆ ယုဒမြို့တို့၌နေသောဣသရေလအမျိုးနှင့် ယုဒ အမျိုးသားတို့သည်လည်း၊ သိုးနွားဆယ်ဘို့တဘို့ကို၎င်း၊ သူတို့၏ဘုရားသခင် ထာဝရဘုရားအား ပူဇော်၍ သန့်ရှင်းသော ဥစ္စာဆယ်ဘို့တဘို့ကို၎င်း ဆောင်ခဲ့၍ အသီးအသီးပုံထားကြ၏။
၆ယုဒ မြို့ တို့၌ နေ သောဣသရေလ အမျိုးသား နှင့် ယုဒ အမျိုးသားတို့သည်လည်း ၊ သိုး နွား ဆယ်ဘို့ တဘို့ကို၎င်း ၊ သူ တို့၏ဘုရားသခင် ထာဝရဘုရား အား ပူဇော် ၍ သန့်ရှင်း သော ဥစ္စာဆယ်ဘို့ တဘို့ကို၎င်း ဆောင် ခဲ့၍ အသီးအသီး ပုံထားကြ၏။
7 ၇ တတိယလတွင် ပုံထားစပြု၍၊ သတ္တမလတွင် လက်စသတ်ကြ၏။
၇တတိယ လ တွင် ပုံ ထားစ ပြု၍ ၊ သတ္တမ လ တွင် လက်စသတ် ကြ၏။
8 ၈ ပုံထားသောဥစ္စာကို၊ ဟေဇကိနှင့် မှူးမတ်တို့ သည် လာ၍မြင်သောအခါ၊ ထာဝရဘုရားနှင့် ဘုရား သခင်၏ လူဣသရေလအမျိုးကို ကောင်းကြီးပေးကြ၏။
၈ပုံ ထားသောဥစ္စာကို၊ ဟေဇကိ နှင့် မှူးမတ် တို့ သည် လာ ၍ မြင် သောအခါ ၊ ထာဝရဘုရား နှင့် ဘုရားသခင် ၏ လူ ဣသရေလ အမျိုးကို ကောင်းကြီး ပေးကြ၏။
9 ၉ ထိုပုံထားသော ဥစ္စာအကြောင်းကို ဟေဇကိ သည် ယဇ်ပုရောဟိတ်၊ လေဝိသားတို့၌ မေးမြန်းလျှင်၊
၉ထိုပုံ ထားသော ဥစ္စာအကြောင်း ကို ဟေဇကိ သည် ယဇ်ပုရောဟိတ် ၊ လေဝိ သားတို့၌ မေးမြန်း လျှင်၊
10 ၁၀ ဇာဒုတ်အမျိုး၊ ယဇ်ပုရောဟိတ်အကြီး အာဇရိ က၊ ပူဇော်သက္ကာတို့ကို၊ ဗိမာန်တော်သို့ဆောင်ခဲ့စပြုသော နောက်၊ အကျွန်ုပ်တို့ စားလောက်အောင်ရှိသည်သာမက များစွာ ကျန်ကြွင်းတတ်ပါ၏။ ထာဝရဘုရားသည် မိမိလူတို့ကို ကောင်းကြီးပေးတော်မူသောကြောင့်၊ ပုံထား သောဤဥစ္စာများသည် ကျန်ကြွင်းလျက်ရှိပါသည်ဟု လျှောက်ကြ၏။
၁၀ဇာဒုတ် အမျိုး ၊ ယဇ်ပုရောဟိတ် အကြီး အာဇရိ က၊ ပူဇော် သက္ကာတို့ကို၊ ဗိမာန် တော်သို့ ဆောင် ခဲ့စ ပြုသော နောက်၊ အကျွန်ုပ်တို့ စားလောက်အောင်ရှိသည်သာမက များစွာကျန်ကြွင်း တတ်ပါ၏။ ထာဝရဘုရား သည် မိမိ လူ တို့ကို ကောင်းကြီး ပေးတော်မူသောကြောင့် ၊ ပုံထား သောဤ ဥစ္စာ များသည် ကျန်ကြွင်း လျက်ရှိပါသည်ဟု လျှောက်ကြ၏။
11 ၁၁ ထိုအခါ ဗိမာန်တော်၌ ဘဏ္ဍာတိုက်တို့ကို ပြင်ဆင်စေမည်အကြောင်း၊ ဟေဇကိမိန့်တော်မူသည် အတိုင်း ပြင်ဆင်၍၊
၁၁ထိုအခါ ဗိမာန် တော်၌ ဘဏ္ဍာ တိုက်တို့ကို ပြင်ဆင် စေမည်အကြောင်း ၊ ဟေဇကိ မိန့် တော်မူသည် အတိုင်း ပြင်ဆင် ၍၊
12 ၁၂ လှူသောဥစ္စာ၊ ဆယ်ဘို့တဘို့ဥစ္စာ၊ ပူဇော်သော ဥစ္စာများကို တရားနှင့်အညီ သွင်းထားကြ၏။ လေဝိသားကောနနိသည်တိုက်အုပ်၊ သူ၏ညီရှိမိသည် တိုက်စာရေးဖြစ်၏။
၁၂လှူ သောဥစ္စာ၊ ဆယ်ဘို့ တဘို့ဥစ္စာ၊ ပူဇော် သော ဥစ္စာများကို တရား နှင့်အညီ သွင်း ထားကြ၏။ လေဝိ သားကောနနိ သည်တိုက်အုပ် ၊ သူ ၏ညီ ရှိမိ သည် တိုက်စာရေးဖြစ်၏။
13 ၁၃ ယေဟေလ၊ အာဇဇိ၊ နာဟတ်၊ အာသဟေလ၊ ယေရိမုတ်၊ ယောဇဗတ်၊ ဧလျေလ၊ ဣသမခိ၊ မာဟတ်၊ ဗေနာယတို့သည်လည်း ဟေဇကိမင်းကြီးနှင့် ဗိမာန်တော် အုပ်အာဇရိစီရင်သည်အတိုင်း၊ ကောနနိနှင့် သူ၏ညီရှိမိ တို့သည် အစေခံ၍ ကြည့်ရှုပြုစုရကြ၏။
၁၃ယေဟေလ ၊ အာဇဇိ ၊ နာဟတ် ၊ အာသဟေလ ၊ ယေရိမုတ် ၊ ယောဇဗတ် ၊ ဧလျေလ ၊ ဣသမခိ ၊ မာဟတ် ၊ ဗေနာယ တို့သည်လည်း ဟေဇကိ မင်းကြီး နှင့် ဗိမာန် တော် အုပ် အာဇရိ စီရင်သည်အတိုင်း၊ ကောနနိ နှင့် သူ ၏ညီ ရှိမိ တို့သည် အစေခံ၍ ကြည့်ရှုပြုစုရကြ၏။
14 ၁၄ အရှေ့တံခါးမှူး၊ လေဝိသားဣမနသားကောရ သည်၊ ထာဝရအရှင်ဘုရားသခင်အား လှူဒါန်း ပူဇော်သောဥစ္စာ၊ အလွန်သန့်ရှင်းသောဥစ္စာ များကို ဝေဖန်ရသောအမှုအုပ်ဖြစ်၏။
၁၄အရှေ့ တံခါးမှူး ၊ လေဝိ သားဣမန သား ကောရ သည်၊ ထာဝရ အရှင်ဘုရားသခင် အား လှူဒါန်း ပူဇော်သောဥစ္စာ၊ အလွန်သန့်ရှင်းသောဥစ္စာ များကို ဝေဖန်ရသောအမှုအုပ်ဖြစ်၏။
15 ၁၅ ကောရလက်ထောက်၊ ဧဒင်၊ ဗင်္ယာမိန်၊ ယောရှု၊ ရှေမာယ၊ အာမရိ၊ ရှေကနိတို့သည်လည်း ယဇ်ပုရောဟိတ် နေရာမြို့တို့၌ အရာခံသည်အတိုင်း၊ သင်းဖွဲ့သော ညီအစ်ကို အကြီးအငယ်တို့အား ပေးဝေရကြ၏။
၁၅ကောရ လက် ထောက်၊ ဧဒင် ၊ ဗင်္ယာမိန် ၊ ယောရှု ၊ ရှေမာယ ၊ အာမရိ ၊ ရှေကနိ တို့သည်လည်း ယဇ်ပုရောဟိတ် နေရာမြို့ တို့၌ အရာခံသည်အတိုင်း၊ သင်းဖွဲ့ သော ညီအစ်ကို အကြီး အငယ် တို့အား ပေးဝေ ရကြ၏။
16 ၁၆ သင်းဖွဲ့သည်အတိုင်း၊ ဗိမာန်တော်သို့ဝင်၍ အမှု တော်ကိုစောင့်သောသူ၊ စာရင်းဝင်သည်အတိုင်း၊ အသက် သုံးနှစ်လွန်သော ယောက်ျားအ ပေါင်းတို့အား၎င်း၊
၁၆သင်းဖွဲ့ သည်အတိုင်း ၊ ဗိမာန် တော်သို့ ဝင် ၍ အမှု တော် ကိုစောင့် သောသူ၊ စာရင်း ဝင်သည်အတိုင်း ၊ အသက် သုံး နှစ်လွန် သော ယောက်ျား အပေါင်း တို့အား ၎င်း၊
17 ၁၇ အဆွေအမျိုးအလိုက် စာရင်းဝင်၍၊ အသက် နှစ်ဆယ်လွန်သဖြင့်၊ သင်းဖွဲ့သည်အတိုင်း၊ အမှုတော် စောင့်သော ယဇ်ပုရောဟိတ်လေဝိသားတို့ အား၎င်း၊
၁၇အဆွေအမျိုး အလိုက် စာရင်း ဝင်၍ ၊ အသက် နှစ်ဆယ် လွန် သဖြင့် ၊ သင်းဖွဲ့ သည်အတိုင်း ၊ အမှုတော်စောင့် သော ယဇ်ပုရောဟိတ် လေဝိ သားတို့ အား၎င်း၊
18 ၁၈ သစ္စာစောင့်၍ ကိုယ်ကိုသန့်ရှင်းစေသော ထိုသူတို့၏သားမယားသူငယ်မှစ၍၊ ပရိသတ်အနှံ့အပြား စာရင်းဝင်သမျှသော သူတို့အား၎င်း၊ နေ့ရက်အစဉ် အတိုင်းပေးဝေရကြ၏။
၁၈သစ္စာ စောင့်၍ ကိုယ်ကိုသန့်ရှင်း စေသော ထိုသူ တို့၏သား မယား သူငယ် မှစ၍ ၊ ပရိသတ် အနှံ့အပြား စာရင်း ဝင်သမျှ သောသူ တို့ အား ၎င်း ၊ နေ့ရက်အစဉ်အတိုင်း ပေးဝေရကြ၏။
19 ၁၉ ထိုအတူ၊ အထက်ဆိုခဲ့ပြီးသော သူတို့သည် ယဇ်ပုရောဟိတ်၊ လေဝိသားနေစရာဘို့ ခွဲထားသော မြို့နယ်တို့၌ နေသောအာရုန်သား ယဇ်ပုရောဟိတ် ယောက်ျား၊ စာရင်းဝင်သော လေဝိသားအပေါင်းတို့အား လည်း ပေးဝေရကြ၏။
၁၉ထိုအတူ ၊ အထက်ဆိုခဲ့ပြီးသောသူတို့ သည် ယဇ်ပုရောဟိတ် ၊ လေဝိသားနေစရာဘို့ ခွဲထားသော မြို့နယ်တို့၌ နေသောအာရုန် သား ယဇ်ပုရောဟိတ် ယောက်ျား ၊ စာရင်း ဝင်သော လေဝိ သားအပေါင်း တို့အား လည်း ပေး ဝေရကြ၏။
20 ၂၀ ထိုသို့ဟေဇကိသည် ယုဒပြည်တရှောက်လုံးတွင် စီရင်၍၊ မိမိဘုရားသခင် ထာဝရဘုရားရှေ့တော်၌ ကောင်းသောအမှု၊ ဖြောင့်မတ်သောအမှု၊ သမ္မာတရား အမှုတို့ကို ပြုတော်မူ၏။
၂၀ထိုသို့ ဟေဇကိ သည် ယုဒ ပြည်တရှောက်လုံး တွင် စီရင် ၍ ၊ မိမိ ဘုရားသခင် ထာဝရဘုရား ရှေ့ တော်၌ ကောင်း သောအမှု၊ ဖြောင့်မတ် သောအမှု၊ သမ္မာ တရား အမှုတို့ကို ပြု တော်မူ၏။
21 ၂၁ မိမိဘုရားသခင်ကို ဆည်းကပ်လျက်၊ ဗိမာန် တော်၊ တရားတော်၊ ပညတ်တော်တို့အဘို့ အမှုစောင့်စ ပြုလေရာရာ၌ စိတ်နှလုံးအကြွင်းမဲ့ပြု၍ အကြံထမြှောက် တတ်၏။
၂၁မိမိ ဘုရားသခင် ကို ဆည်းကပ် လျက် ၊ ဗိမာန် တော်၊ တရား တော်၊ ပညတ် တော်တို့အဘို့ အမှု စောင့်စ ပြု လေရာရာ၌ စိတ်နှလုံး အကြွင်းမဲ့ ပြု ၍ အကြံ ထမြောက်တတ်၏။