< ၂ ရာဇဝင်ချုပ် 30 >

1 တဖန်ဧဖရိမ်အမျိုး၊ မနာရှေအမျိုးနှင့်တကွ ဣသရေလအမျိုး၊ ယုဒအမျိုးသားအပေါင်းတို့သည် ယေရု ရှလင်မြို့၊ ဗိမာန်တော်သို့လာ၍၊ ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရားအား၊ ပသခါပွဲကို ခံစေခြင်းငှါ၊ ဟေဇကိသည် စာရေး၍ပေးလိုက်လေ၏။
တဖန် ဧဖရိမ် အမျိုး၊ မနာရှေ အမျိုးနှင့်တကွ ဣသရေလ အမျိုး၊ ယုဒ အမျိုးသားအပေါင်း တို့သည် ယေရုရှလင် မြို့၊ ဗိမာန် တော်သို့ လာ ၍ ၊ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား အား ၊ ပသခါ ပွဲကို ခံ စေခြင်းငှါ ၊ ဟေဇကိ သည် စာ ရေး ၍ ပေး လိုက်လေ၏။
2 ဒုတိယလတွင်၊ ပသခါပွဲကိုခံခြင်းငှါ ရှင်ဘုရင် သည် တိုင်ပင်၍၊ မှူးတော်မတ်တော်တို့နှင့် ယေရုရှလင် မြို့၌ စည်းဝေးသော သူအပေါင်းတို့သည် စီရင်ကြပြီ။
ဒုတိယ လ တွင် ၊ ပသခါ ပွဲကိုခံ ခြင်းငှါ ရှင် ဘုရင်သည် တိုင်ပင် ၍ ၊ မှူး တော်မတ်တော်တို့နှင့် ယေရုရှလင် မြို့၌ စည်းဝေး သော သူအပေါင်း တို့သည် စီရင်ကြပြီ။
3 ယဇ်ပုရောဟိတ်တို့သည် အမှုတော်ကို ဆောင် ရွက်နိုင်မည်အကြောင်း၊ ကိုယ်ကိုသန့်ရှင်းစွာမပြုကြသေး။ ပြည်သူပြည်သားတို့သည် ယေရုရှလင်မြို့၌ မစည်းဝေး သောကြောင့် လွန်ခဲ့သောလတွင် ထိုပွဲကို မခံနိုင်ကြ။
ယဇ် ပုရောဟိတ်တို့သည် အမှုတော်ကို ဆောင်ရွက် နိုင်မည်အကြောင်း၊ ကိုယ်ကိုသန့်ရှင်း စွာမ ပြုကြသေး။ ပြည်သူ ပြည်သားတို့သည် ယေရုရှလင် မြို့၌ မ စည်းဝေး သောကြောင့် လွန်ခဲ့သောလတွင် ထိုပွဲကို မ ခံ နိုင် ကြ။
4 ရှင်ဘုရင်နှင့်စည်းဝေးသော သူအပေါင်းတို့ သည် ထိုအမှုကို နှစ်သက်သောကြောင့်၎င်း၊ ကျမ်းစာ၌ လာသည်အတိုင်း၊ ကြာမြင့်စွာသော ကာလပတ်လုံး၊ ပသခါပွဲကို မခံသောကြောင့်၎င်း၊
ရှင်ဘုရင် နှင့် စည်းဝေး သော သူအပေါင်း တို့ သည် ထိုအမှု ကို နှစ်သက် သောကြောင့် ၎င်း၊ ကျမ်းစာ ၌ လာသည်အတိုင်း ၊ ကြာမြင့်စွာသော ကာလပတ်လုံး၊ ပသခါပွဲကို မခံသောကြောင့်၎င်း၊
5 အရပ်ရပ်တို့ကလာ၍၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားအား၊ ယေရုရှလင်မြို့၌ ပသခါ ပွဲကိုခံစေခြင်းငှါ၊ ဣသရေ လပြည်တရှောက်လုံး၊ ဗေရ ရှေဘမြို့မှစ၍ ဒန်မြို့တိုင်အောင်၊ ကြော်ငြာစေမည် အကြောင်း အမိန့်တော်နှင့်စီရင်ကြ၏။
အရပ်ရပ်တို့ကလာ ၍၊ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား အား ၊ ယေရုရှလင် မြို့၌ ပသခါ ပွဲကိုခံ စေခြင်းငှါ ၊ ဣသရေလ ပြည်တရှောက်လုံး ၊ ဗေရရှေဘ မြို့မှစ၍ ဒန် မြို့တိုင်အောင် ၊ ကြော်ငြာစေမည် အကြောင်းအမိန့်တော်နှင့်စီရင်ကြ၏။
6 ရှင်ဘုရင်နှင့်မှူးမတ်တို့ပေးလိုက်သောစာကို စာပို့လုလင်တို့သည် ယူ၍၊ အမိန့်တော်အတိုင်း ဣသ ရေလပြည်နှင့် ယုဒပြည်တရှောက်လုံးသို့ ပြေးကြ၏။ စာ၌ ပါသောစကားဟူမူကား၊ အိုဣသရေလအမျိုးသားတို့၊ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့၏ဘုရားသခင် ထာဝရ ဘုရားထံသို့ပြန်လာကြလော့။ အာရှုရိရှင်ဘုရင်တို့လက်မှ လွတ်၍၊ ကျန်ကြွင်းသေးသောသူတို့ ရှိရာသို့ ပြန်လာ တော်မူမည်။
ရှင်ဘုရင် နှင့် မှူးမတ် တို့ပေးလိုက်သောစာ ကို စာပို့ လုလင်တို့သည် ယူ၍၊ အမိန့် တော်အတိုင်း ဣသရေလ ပြည်နှင့် ယုဒ ပြည်တရှောက်လုံးသို့ ပြေးကြ၏။ စာ၌ ပါသောစကားဟူမူကား၊ အိုဣသရေလအမျိုးသားတို့၊ အာဗြဟံ ၊ ဣဇာက် ၊ ယာကုပ်တို့၏ဘုရားသခင် ထာဝရဘုရား ထံ တော်သို့ပြန်လာ ကြလော့။ အာရှုရိ ရှင် ဘုရင်တို့လက် မှ လွတ် ၍ ၊ ကျန်ကြွင်းသေးသောသူတို့ ရှိရာသို့ ပြန် လာတော်မူမည်။
7 ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရားကို ပြစ်မှားသော သင်တို့၏အဘများ၊ ညီအစ်ကိုများကဲ့သို့ မပြုကြနှင့်။ ပြစ်မှားသော ထိုသူတို့ကို သင်တို့မြင်သည် အတိုင်း၊ သုတ်သင်ပယ်ရှင်းခြင်းသို့ အပ်တော်မူပြီ။
ဘိုးဘေး တို့၏ ဘုရားသခင် ထာဝရဘုရား ကို ပြစ်မှား သော သင် တို့၏အဘ များ၊ ညီအစ်ကို များကဲ့သို့ မ ပြု ကြနှင့်။ ပြစ်မှားသော ထိုသူ တို့ကို သင် တို့မြင် သည် အတိုင်း ၊ သုတ်သင် ပယ်ရှင်းခြင်းသို့ အပ် တော်မူပြီ။
8 သင်တို့အဘများကဲ့သို့ ခိုင်မာသောသဘော မရှိကြနှင့်။ ထာဝရဘုရား၌ ကိုယ်ကိုအပ်နှံကြလော့။ အစဉ်သန့်ရှင်းစေတော်မူသော သန့်ရှင်းရာဌာနတော်သို့ လာကြလော့။ ပြင်းစွာသော အမျက်တော်သည် သင်တို့မှ လွှဲသွားမည်အကြောင်း၊ သင်တို့၏ဘုရားသခင် ထာဝရ ဘုရား၏အမှုတော်ကို စောင့်ကြလော့။
သင် တို့အဘ များကဲ့သို့ ခိုင်မာ သောသဘော မ ရှိကြနှင့်။ ထာဝရဘုရား ၌ ကိုယ်ကို အပ်နှံ ကြလော့။ အစဉ် သန့်ရှင်း စေတော်မူသော သန့်ရှင်း ရာဌာနတော်သို့ လာ ကြလော့။ ပြင်းစွာ သော အမျက် တော်သည် သင် တို့မှ လွှဲ သွားမည်အကြောင်း ၊ သင် တို့၏ဘုရားသခင် ထာဝရဘုရား ၏အမှု တော်ကို စောင့်ကြလော့။
9 သင်တို့သည် ထာဝရဘုရားထံတော်သို့ ပြန်လာ လျှင်၊ သင်တို့၏ညီအစ်ကို သားသမီးတို့သည် သိမ်းသွား သော သူတို့ထံမှာ၊ ကရုဏာစိတ်နှင့်တွေ့ကြုံ၍၊ ဤပြည်သို့ တဖန် ပြန်လာကြလိမ့်မည်။ သင်တို့၏ ဘုရားသခင် ထာဝရဘုရားသည် ကျေးဇူးပြုချင်သောသဘော၊ သနား တတ်သောသဘောရှိသောကြောင့်၊ သင်တို့သည် အထံ တော်သို့ပြန်လာလျှင်၊ မျက်နှာတော်ကို သင်တို့မှ လွှဲတော် မမူဟု စာ၌ပါသတည်း။
သင် တို့သည် ထာဝရဘုရား ထံတော်သို့ ပြန်လာ လျှင် ၊ သင် တို့၏ညီအစ်ကို သားသမီး တို့သည် သိမ်းသွား သောသူတို့ ထံ မှာ၊ ကရုဏာစိတ်နှင့်တွေ့ကြုံ၍၊ ဤ ပြည် သို့ တဖန် ပြန် လာကြလိမ့်မည်။ သင် တို့၏ ဘုရားသခင် ထာဝရဘုရား သည် ကျေးဇူး ပြုချင်သောသဘော၊ သနား တတ်သောသဘောရှိသောကြောင့် ၊ သင် တို့သည် အထံ တော်သို့ ပြန် လာလျှင် ၊ မျက်နှာ တော်ကို သင်တို့မှ လွှဲ တော် မ မူဟု စာ၌ပါသတည်း။
10 ၁၀ စာပို့လုလင်တို့သည် ဧဖရိမ်ခရိုင်၊ မနာရှေခရိုင် တရှောက်လုံး၊ ဇာဗုလုန်ခရိုင်တိုင်အောင် တမြို့မှ တမြို့သို့ ပြေးကြ၏။ ပြည်သားတို့သည် ပြက်ယယ်ပြု၍ ကဲ့ရဲ့ကြ၏။
၁၀စာပို့ လုလင်တို့သည် ဧဖရိမ် ခရိုင် ၊ မနာရှေ ခရိုင် တရှောက်လုံး၊ ဇာဗုလုန် ခရိုင်တိုင်အောင် တမြို့ မှ တမြို့သို့ ပြေး ကြ၏။ ပြည်သား တို့သည် ပြက်ယယ် ပြု၍ ကဲ့ရဲ့ ကြ၏။
11 ၁၁ သို့ရာတွင် အာရှာခရိုင်သား၊ မနာရှေခရိုင်သား၊ ဇာဗုလုန်ခရိုင်သား အချို့တို့သည် ကိုယ်ကိုနှိမ့်ချ၍ ယေရုရှလင်မြို့သို့ လာကြ၏။
၁၁သို့ရာတွင် အာရှာ ခရိုင်သား၊ မနာရှေ ခရိုင်သား၊ ဇာဗုလုန် ခရိုင်သား အချို့တို့သည် ကိုယ်ကိုနှိမ့်ချ ၍ ယေရုရှလင် မြို့သို့ လာ ကြ၏။
12 ၁၂ ယုဒပြည်သားတို့သည် ထာဝရဘုရားမိန့်တော်မူ သည်အတိုင်း၊ ရှင်ဘုရင်နှင့်မှူးမတ်တို့ စီရင်သည်အတိုင်း၊ တညီညွတ်တည်း ပြုချင်သော စေတနာစိတ်ကို၊ ဘုရား သခင်တန်ခိုးတော်ကြောင့် ရကြ၏။
၁၂ယုဒ ပြည်သားတို့သည် ထာဝရဘုရား အမိန့် တော်အတိုင်း ၊ ရှင်ဘုရင် နှင့် မှူးမတ် တို့ စီရင် သည်အတိုင်း၊ တညီညွတ် တည်း ပြု ချင်သော စေတနာစိတ်ကို၊ ဘုရားသခင် တန်ခိုး တော်ကြောင့် ရ ကြ၏။
13 ၁၃ ဒုတိယလတွင် အဇုမပွဲကို ခံလိုသောငှါ၊ များစွာ သောလူတို့သည် ယေရုရှလင်မြို့၌ စည်းဝေးကြ၍၊ အလွန် ကြီးသောပရိသတ် ဖြစ်လေ၏။
၁၃ဒုတိယ လ တွင် အဇုမ ပွဲ ကို ခံ လိုသောငှါ ၊ များစွာ သောလူ တို့သည် ယေရုရှလင် မြို့၌ စည်းဝေး ကြ၍ ၊ အလွန် ကြီး သောပရိသတ် ဖြစ်လေ၏။
14 ၁၄ သူတို့သည်ထ၍၊ ယေရုရှလင်မြို့၌ရှိသော ယဇ်ပလ္လင်တို့ကို၎င်း၊ နံ့သာပေါင်းမီးရှို့ရာ ယဇ်ပလ္လင် ရှိသမျှတို့ကို၎င်းပယ်ရှင်း၍၊ ကေဒြုန်ချောင်းထဲသို့ ပစ်ချကြ၏။
၁၄သူတို့သည်ထ ၍ ၊ ယေရုရှလင် မြို့၌ ရှိသောယဇ် ပလ္လင်တို့ကို၎င်း ၊ နံ့သာပေါင်း မီးရှို့ရာ ယဇ်ပလ္လင်ရှိသမျှ တို့ကို၎င်းပယ်ရှင်း ၍ ၊ ကေဒြုန် ချောင်း ထဲသို့ ပစ်ချ ကြ၏။
15 ၁၅ ဒုတိယလ တဆယ်လေးရက်နေ့တွင်၊ ပသခါ သိုးသငယ်ကို သတ်ကြ၏။ ယဇ်ပုရောဟိတ်၊ လေဝိသားတို့ သည် သတိရ၍ ကိုယ်ကိုသန့်ရှင်းစေလျက်၊ မီးရှို့ရာယဇ် တို့ကို ဗိမာန်တော်ထဲသို့ သွင်းကြ၏။
၁၅ဒုတိယ လ တဆယ် လေး ရက်နေ့တွင် ၊ ပသခါ သိုးသငယ်ကိုသတ် ကြ၏။ ယဇ်ပုရောဟိတ် ၊ လေဝိ သားတို့ သည် သတိရ ၍ ကိုယ်ကိုသန့်ရှင်း စေလျက် ၊ မီးရှို့ ရာယဇ် တို့ကို ဗိမာန် တော်ထဲသို့ သွင်း ကြ၏။
16 ၁၆ ဘုရားသခင်၏လူ မောရှေပညတ်တရား၌ စီရင်သော ထုံးစံအတိုင်း၊ မိမိတို့နေရာ၌ ရပ်နေလျက်၊ ယဇ် ပုရောဟိတ်တို့သည် လေဝိသားတို့ လက်မှ အသွေးကို ယူ၍ ဖြန်းကြ၏။
၁၆ဘုရားသခင် ၏လူ မောရှေ ပညတ် တရား၌ စီရင် သော ထုံးစံအတိုင်း ၊ မိမိ တို့နေရာ ၌ ရပ် နေလျက် ၊ ယဇ် ပုရောဟိတ်တို့သည် လေဝိ သားတို့ လက် မှ အသွေး ကို ယူ၍ ဖြန်း ကြ၏။
17 ၁၇ မသန့်ရှင်းသောသူအများတို့သည် ပရိသတ်၌ ပါသောကြောင့်၊ ထိုမသန့်ရှင်းသော သူရှိသမျှတို့ကို၊ ထာဝရဘုရားအဘို့ သန့်ရှင်းစေခြင်းငှါ၊ ပသခါသိုးသငယ် သတ်ခြင်းအမှုကို၊ လေဝိသားတို့သည် စောင့်ရကြ၏။
၁၇မ သန့်ရှင်း သောသူ အများ တို့သည် ပရိသတ် ၌ ပါသောကြောင့် ၊ ထိုမ သန့်ရှင်း သောသူ ရှိသမျှ တို့ကို၊ ထာဝရဘုရား အဘို့ သန့်ရှင်း စေခြင်းငှါ ၊ ပသခါ သိုးသငယ်သတ် ခြင်းအမှုကို၊ လေဝိ သားတို့သည် စောင့်ရကြ၏။
18 ၁၈ များစွာသောလူတည်းဟူသော၊ ဧဖရိမ်အမျိုး၊ မနာရှေအမျိုး၊ ဣသခါအမျိုး၊ ဇာဗုလုန်အမျိုးသား အများတို့သည် ကျမ်းစာ၌ပါသော တရားသို့မလိုက်၊ ကိုယ်ကိုမသန့်ရှင်းစေဘဲ၊ ပသခါ သိုးသငယ်ကိုစားကြ ၏။
၁၈များစွာ သောလူ တည်းဟူသော၊ ဧဖရိမ် အမျိုး၊ မနာရှေ အမျိုး၊ ဣသခါ အမျိုး၊ ဇာဗုလုန် အမျိုးသားအများ တို့သည် ကျမ်းစာ ၌ ပါသောတရားသို့မ လိုက်၊ ကိုယ်ကိုမ သန့်ရှင်း စေဘဲ၊ ပသခါ သိုးသငယ်ကိုစား ကြ ၏။
19 ၁၉ သို့ရာတွင်၊ ဟေဇကိက၊ သန့်ရှင်းရာဌာနထုံးစံ အတိုင်း၊ သန့်ရှင်းခြင်းမရှိသော်လည်း၊ ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရားကို ဆည်းကပ်ခြင်းငှါ၊ သဘော ကျသောသူအပေါင်းတို့၏ အပြစ်ကို ကောင်းမြတ်သော ထာဝရဘုရားသည် လွှတ်တော်မူပါစေသောဟု ထိုသူတို့ အဘို့ ဆုတောင်းသဖြင့်၊
၁၉သို့ရာတွင် ၊ ဟေဇကိ က၊ သန့်ရှင်း ရာဌာနထုံးစံအတိုင်း ၊ သန့်ရှင်းခြင်း မရှိသော်လည်း ၊ ဘိုးဘေး တို့၏ ဘုရားသခင် ထာဝရဘုရား ကို ဆည်းကပ် ခြင်းငှါ ၊ သဘောကျသောသူအပေါင်းတို့၏ အပြစ်ကို ကောင်းမြတ် သော ထာဝရဘုရား သည် လွှတ် တော်မူပါစေသောဟု ထိုသူ တို့ အဘို့ ဆုတောင်း သဖြင့်၊
20 ၂၀ ထာဝရဘုရားသည် ဟေဇကိစကားကို နား ထောင်တော်မူ၍၊ ဠူများတို့ကို ချမ်းသာပေးတော်မူ၏။
၂၀ထာဝရဘုရား သည် ဟေဇကိ စကားကို နားထောင် တော်မူ၍ ၊ လူများတို့ကို ချမ်းသာပေးတော်မူ၏။
21 ၂၁ ယေရုရှလင်မြို့၌ စည်းဝေးသောဣသရေလအမျိုး တို့သည်၊ ခုနစ်ရက်ပတ်လုံး အလွန်ရွှင်လန်းသောစိတ်နှင့် အဇုမပွဲကိုခံကြ၏။ ယဇ်ပုရောဟိတ်လေဝိသားတို့သည် အသံကျယ်သောတူရိယာမျိုးကို တီးမှုတ်လျက်၊ နေ့ညဉ့် မပြတ် ထာဝရဘုရားအား ထောမနာသီချင်းဆိုကြ၏။
၂၁ယေရုရှလင် မြို့၌ စည်းဝေး သောဣသရေလ အမျိုးသား တို့သည်၊ ခုနစ် ရက် ပတ်လုံးအလွန် ရွှင်လန်း သောစိတ်နှင့် အဇုမ ပွဲ ကိုခံ ကြ၏။ ယဇ်ပုရောဟိတ် လေဝိ သားတို့သည် အသံကျယ်သောတူရိယာမျိုးကို တီးမှုတ်လျက်၊ နေ့ ညဉ့် မပြတ် ထာဝရဘုရား အား ထောမနာ သီချင်းဆိုကြ၏။
22 ၂၂ ထာဝရဘုရား၏ တရားတော်မြတ်ကို သွန်သင်သော လေဝိသားအပေါင်းတို့ကို၊ ဟေဇကိသည် အားပေး တော်မူသောစကား နှင့်နှုတ်ဆက်သဖြင့်၊ သူတို့သည် ခုနစ်ရက်ပတ်လုံးပွဲခံစဉ်အခါ၊ စားသောက်လျက်မိဿ ဟာယပူဇော်သက္ကာကိုပြုလျက်၊ ဘိုးဘေးတို့၏ ဘုရား သခင် ထာဝရဘုရားအား တောင်းပန်လျက်နေကြ၏။
၂၂ထာဝရဘုရား ၏ တရား တော်မြတ် ကို သွန်သင် သော လေဝိ သားအပေါင်း တို့ကို၊ ဟေဇကိ သည် အားပေးသောစကား နှင့်နှုတ်ဆက်သဖြင့်၊ သူတို့သည် ခုနစ် ရက် ပတ်လုံးပွဲခံစဉ်အခါ၊ စားသောက်လျက်မိဿဟာယ ပူဇော် သက္ကာကိုပြုလျက်၊ ဘိုးဘေး တို့၏ ဘုရားသခင် ထာဝရဘုရား အား တောင်းပန် လျက်နေကြ၏။
23 ၂၃ စည်းဝေးသောသူအပေါင်းတို့သည် ခုနစ်ရက် ထပ်၍ပွဲခံခြင်းငှါ တိုင်ပင်ပြီးမှ၊ ရွှင်လန်းသောစိတ်နှင့် ခုနစ်ရက်ထပ်၍ပွဲခံကြ၏။
၂၃စည်းဝေး သောသူအပေါင်း တို့သည် ခုနစ် ရက် ထပ်၍ ပွဲခံ ခြင်းငှါ တိုင်ပင် ပြီးမှ ၊ ရွှင်လန်း သောစိတ်နှင့် ခုနစ် ရက် ထပ်၍ပွဲခံ ကြ၏။
24 ၂၄ ယုဒရှင်ဘုရင်ဟေဇကိသည် နွားတထောင်နှင့် သိုးခုနစ်ထောင်တို့ကို၎င်း၊ မှူးမတ်တို့သည် နွားတထောင်နှင့် သိုးတသောင်းကို၎င်း၊ စည်းဝေးသောသူတို့အား ပေးကြ ၏။ များစွာသောယဇ် ပုရောဟိတ်တို့သည် ကိုယ်ကို သန့်ရှင်းစေကြ၏။
၂၄ယုဒ ရှင်ဘုရင် ဟေဇကိ သည် နွား တထောင် နှင့် သိုး ခုနစ် ထောင် တို့ကို၎င်း၊ မှူးမတ် တို့သည် နွား တထောင် နှင့် သိုး တသောင်း ကို၎င်း ၊ စည်းဝေး သောသူတို့အား ပေး ကြ ၏။ များစွာ သောယဇ် ပုရောဟိတ်တို့သည် ကိုယ်ကိုသန့်ရှင်း စေကြ၏။
25 ၂၅ ယဇ်ပုရောဟိတ်၊ လေဝိသားတို့နှင့်တကွ ယုဒ ပရိတ်သတ်များ၊ ဣသရေလပြည်မှလာသော ပရိသတ် များ၊ ယုဒပြည်၌နေသော တပါးအမျိုးသား၊ ဣသရေလပြည်မှလာသော တပါးအမျိုးသား တို့သည် ဝမ်းမြောက်ဝမ်းသာကြ၏။
၂၅ယဇ်ပုရောဟိတ် ၊ လေဝိ သားတို့နှင့်တကွ ယုဒ ပရိတ်သတ် များ၊ ဣသရေလ ပြည်မှ လာ သော ပရိတ်သတ် များ ၊ ယုဒ ပြည်၌ နေ သောတပါးအမျိုးသား၊ ဣသရေလ ပြည် မှ လာ သော တပါး အမျိုးသားတို့သည် ဝမ်းမြောက် ဝမ်းသာကြ၏။
26 ၂၆ ထိုသို့ယေရုရှလင်မြို့၌ ကြီးစွာသောဝမ်းမြောက် ခြင်းရှိ၏။ ဣသရေလရှင်ဘုရင် ဒါဝိဒ်သား ရှောလမုန် လက်ထက်မှသည်၊ နောက်တဖန်ယေရုရှလင်မြို့၌ ထိုမျှ လောက်ကြီးစွာသော ဝမ်းမြောက်ခြင်းမရှိ။
၂၆ထိုသို့ ယေရုရှလင် မြို့၌ ကြီးစွာ သောဝမ်းမြောက် ခြင်းရှိ ၏။ ဣသရေလ ရှင်ဘုရင် ဒါဝိဒ် သား ရှောလမုန် လက်ထက် မှသည်၊ နောက်တဖန်ယေရုရှလင် မြို့၌ ထိုမျှလောက် ကြီးစွာသော ဝမ်းမြောက်ခြင်းမ ရှိ။
27 ၂၇ ထိုအခါ ယဇ်ပုရောဟိတ်၊ လေဝိသားတို့သည် ထ၍လူများတို့ကို ကောင်းပေးကြ၏။ ထိုသူတို့စကားသံကို ဘုရားသခင်ကြားတော်မူ၏။ သန့်ရှင်းသော ကျိန်းဝပ် တော်မူရာ၊ ကောင်းကင်ဘုံသို့ ပဌနာစကားတက်လေ၏။
၂၇ထိုအခါ ယဇ်ပုရောဟိတ် ၊ လေဝိ သားတို့သည် ထ ၍ လူ များတို့ကို ကောင်းကြီး ပေးကြ၏။ သူ တို့စကား သံကို ဘုရားသခင်ကြား တော်မူ၏။ သန့်ရှင်း သော ကျိန်းဝပ် တော်မူရာ၊ ကောင်းကင် ဘုံသို့ ပဌနာ စကားတက် လေ၏။

< ၂ ရာဇဝင်ချုပ် 30 >