< ၂ ရာဇဝင်ချုပ် 30 >
1 ၁ တဖန်ဧဖရိမ်အမျိုး၊ မနာရှေအမျိုးနှင့်တကွ ဣသရေလအမျိုး၊ ယုဒအမျိုးသားအပေါင်းတို့သည် ယေရု ရှလင်မြို့၊ ဗိမာန်တော်သို့လာ၍၊ ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရားအား၊ ပသခါပွဲကို ခံစေခြင်းငှါ၊ ဟေဇကိသည် စာရေး၍ပေးလိုက်လေ၏။
히스기야가 온 이스라엘과 유다에 보내고 또 에브라임과 므낫세에 편지를 보내어 예루살렘 여호와의 전에 와서 이스라엘 하나님 여호와를 위하여 유월절을 지키라 하니라
2 ၂ ဒုတိယလတွင်၊ ပသခါပွဲကိုခံခြင်းငှါ ရှင်ဘုရင် သည် တိုင်ပင်၍၊ မှူးတော်မတ်တော်တို့နှင့် ယေရုရှလင် မြို့၌ စည်းဝေးသော သူအပေါင်းတို့သည် စီရင်ကြပြီ။
왕이 방백들과 예루살렘 온 회중으로 더불어 의논하고 이월에 유월절을 지키려 하였으며
3 ၃ ယဇ်ပုရောဟိတ်တို့သည် အမှုတော်ကို ဆောင် ရွက်နိုင်မည်အကြောင်း၊ ကိုယ်ကိုသန့်ရှင်းစွာမပြုကြသေး။ ပြည်သူပြည်သားတို့သည် ယေရုရှလင်မြို့၌ မစည်းဝေး သောကြောင့် လွန်ခဲ့သောလတွင် ထိုပွဲကို မခံနိုင်ကြ။
이는 성결케 한 제사장이 부족하고 백성도 예루살렘에 모이지 못한고로 그 정한 때에 지킬 수 없었음이라
4 ၄ ရှင်ဘုရင်နှင့်စည်းဝေးသော သူအပေါင်းတို့ သည် ထိုအမှုကို နှစ်သက်သောကြောင့်၎င်း၊ ကျမ်းစာ၌ လာသည်အတိုင်း၊ ကြာမြင့်စွာသော ကာလပတ်လုံး၊ ပသခါပွဲကို မခံသောကြောင့်၎င်း၊
왕과 온 회중이 이 일을 선히 여기고
5 ၅ အရပ်ရပ်တို့ကလာ၍၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားအား၊ ယေရုရှလင်မြို့၌ ပသခါ ပွဲကိုခံစေခြင်းငှါ၊ ဣသရေ လပြည်တရှောက်လုံး၊ ဗေရ ရှေဘမြို့မှစ၍ ဒန်မြို့တိုင်အောင်၊ ကြော်ငြာစေမည် အကြောင်း အမိန့်တော်နှင့်စီရင်ကြ၏။
드디어 명을 발하여 브엘세바에서부터 단까지 온 이스라엘에 반포하여 일제히 예루살렘으로 와서 이스라엘 하나님 여호와의 유월절을 지키라 하니 이는 기록한 규례대로 오래동안 지키지 못하였음이더라
6 ၆ ရှင်ဘုရင်နှင့်မှူးမတ်တို့ပေးလိုက်သောစာကို စာပို့လုလင်တို့သည် ယူ၍၊ အမိန့်တော်အတိုင်း ဣသ ရေလပြည်နှင့် ယုဒပြည်တရှောက်လုံးသို့ ပြေးကြ၏။ စာ၌ ပါသောစကားဟူမူကား၊ အိုဣသရေလအမျိုးသားတို့၊ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့၏ဘုရားသခင် ထာဝရ ဘုရားထံသို့ပြန်လာကြလော့။ အာရှုရိရှင်ဘုရင်တို့လက်မှ လွတ်၍၊ ကျန်ကြွင်းသေးသောသူတို့ ရှိရာသို့ ပြန်လာ တော်မူမည်။
보발꾼들이 왕과 방백들의 편지를 받아가지고 왕의 명을 좇아 온 이스라엘과 유다에 두루 다니며 전하니 일렀으되 이스라엘 자손들아 너희는 아브라함과 이삭과 이스라엘의 하나님 여호와께로 돌아오라 그리하면 저가 너희 남은 자 곧 앗수르 왕의 손에서 벗어난 자에게로 돌아오시리라
7 ၇ ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရားကို ပြစ်မှားသော သင်တို့၏အဘများ၊ ညီအစ်ကိုများကဲ့သို့ မပြုကြနှင့်။ ပြစ်မှားသော ထိုသူတို့ကို သင်တို့မြင်သည် အတိုင်း၊ သုတ်သင်ပယ်ရှင်းခြင်းသို့ အပ်တော်မူပြီ။
너희 열조와 너희 형제 같이 하지 말라 저희가 그 열조의 하나님 여호와께 범죄한고로 여호와께서 멸망에 붙이신 것을 너희가 목도하는 바니라
8 ၈ သင်တို့အဘများကဲ့သို့ ခိုင်မာသောသဘော မရှိကြနှင့်။ ထာဝရဘုရား၌ ကိုယ်ကိုအပ်နှံကြလော့။ အစဉ်သန့်ရှင်းစေတော်မူသော သန့်ရှင်းရာဌာနတော်သို့ လာကြလော့။ ပြင်းစွာသော အမျက်တော်သည် သင်တို့မှ လွှဲသွားမည်အကြောင်း၊ သင်တို့၏ဘုရားသခင် ထာဝရ ဘုရား၏အမှုတော်ကို စောင့်ကြလော့။
그런즉 너희 열조 같이 목을 곧게 하지 말고 여호와께 귀순하여 영원히 거룩케 하신 전에 들어가서 너희 하나님 여호와를 섬겨 그 진노가 너희에게서 떠나게 하라
9 ၉ သင်တို့သည် ထာဝရဘုရားထံတော်သို့ ပြန်လာ လျှင်၊ သင်တို့၏ညီအစ်ကို သားသမီးတို့သည် သိမ်းသွား သော သူတို့ထံမှာ၊ ကရုဏာစိတ်နှင့်တွေ့ကြုံ၍၊ ဤပြည်သို့ တဖန် ပြန်လာကြလိမ့်မည်။ သင်တို့၏ ဘုရားသခင် ထာဝရဘုရားသည် ကျေးဇူးပြုချင်သောသဘော၊ သနား တတ်သောသဘောရှိသောကြောင့်၊ သင်တို့သည် အထံ တော်သို့ပြန်လာလျှင်၊ မျက်နှာတော်ကို သင်တို့မှ လွှဲတော် မမူဟု စာ၌ပါသတည်း။
너희가 만일 여호와께 돌아오면 너희 형제와 너희 자녀가 사로잡은 자에게서 자비를 입어 다시 이 땅으로 돌아오리라 너희 하나님 여호와는 은혜로우시고 자비하신지라 너희가 그에게로 돌아오면 그 얼굴을 너희에게서 돌이키지 아니하시리라 하였더라
10 ၁၀ စာပို့လုလင်တို့သည် ဧဖရိမ်ခရိုင်၊ မနာရှေခရိုင် တရှောက်လုံး၊ ဇာဗုလုန်ခရိုင်တိုင်အောင် တမြို့မှ တမြို့သို့ ပြေးကြ၏။ ပြည်သားတို့သည် ပြက်ယယ်ပြု၍ ကဲ့ရဲ့ကြ၏။
보발꾼이 에브라임과 므낫세 지방 각 성에 두루 다녀 스불론까지 이르렀으나 사람들이 저희를 조롱하며 비웃었더라
11 ၁၁ သို့ရာတွင် အာရှာခရိုင်သား၊ မနာရှေခရိုင်သား၊ ဇာဗုလုန်ခရိုင်သား အချို့တို့သည် ကိုယ်ကိုနှိမ့်ချ၍ ယေရုရှလင်မြို့သို့ လာကြ၏။
그러나 아셀과 므낫세와 스불론 중에서 몇 사람이 스스로 겸비하여 예루살렘에 이르렀고
12 ၁၂ ယုဒပြည်သားတို့သည် ထာဝရဘုရားမိန့်တော်မူ သည်အတိုင်း၊ ရှင်ဘုရင်နှင့်မှူးမတ်တို့ စီရင်သည်အတိုင်း၊ တညီညွတ်တည်း ပြုချင်သော စေတနာစိတ်ကို၊ ဘုရား သခင်တန်ခိုးတော်ကြောင့် ရကြ၏။
하나님이 또한 유다 사람들을 감동시키사 저희로 왕과 방백들이 여호와의 말씀대로 전한 명령을 일심으로 준행하게 하셨더라
13 ၁၃ ဒုတိယလတွင် အဇုမပွဲကို ခံလိုသောငှါ၊ များစွာ သောလူတို့သည် ယေရုရှလင်မြို့၌ စည်းဝေးကြ၍၊ အလွန် ကြီးသောပရိသတ် ဖြစ်လေ၏။
이월에 백성이 무교절을 지키려 하여 예루살렘에 많이 모이니 심히 큰 회라
14 ၁၄ သူတို့သည်ထ၍၊ ယေရုရှလင်မြို့၌ရှိသော ယဇ်ပလ္လင်တို့ကို၎င်း၊ နံ့သာပေါင်းမီးရှို့ရာ ယဇ်ပလ္လင် ရှိသမျှတို့ကို၎င်းပယ်ရှင်း၍၊ ကေဒြုန်ချောင်းထဲသို့ ပစ်ချကြ၏။
무리가 일어나 예루살렘에 있는 제단과 향단들을 모두 제하여 기드론 시내에 던지고
15 ၁၅ ဒုတိယလ တဆယ်လေးရက်နေ့တွင်၊ ပသခါ သိုးသငယ်ကို သတ်ကြ၏။ ယဇ်ပုရောဟိတ်၊ လေဝိသားတို့ သည် သတိရ၍ ကိုယ်ကိုသန့်ရှင်းစေလျက်၊ မီးရှို့ရာယဇ် တို့ကို ဗိမာန်တော်ထဲသို့ သွင်းကြ၏။
이월 십사일에 유월절 양을 잡으니 제사장과 레위 사람이 부끄러워하여 성결케 하고 번제물을 가지고 여호와의 전에 이르러
16 ၁၆ ဘုရားသခင်၏လူ မောရှေပညတ်တရား၌ စီရင်သော ထုံးစံအတိုင်း၊ မိမိတို့နေရာ၌ ရပ်နေလျက်၊ ယဇ် ပုရောဟိတ်တို့သည် လေဝိသားတို့ လက်မှ အသွေးကို ယူ၍ ဖြန်းကြ၏။
규례대로 각각 자기 처소에 서고 하나님의 사람 모세의 율법을 좇아 제사장이 레위 사람의 손에서 피를 받아 뿌리니라
17 ၁၇ မသန့်ရှင်းသောသူအများတို့သည် ပရိသတ်၌ ပါသောကြောင့်၊ ထိုမသန့်ရှင်းသော သူရှိသမျှတို့ကို၊ ထာဝရဘုရားအဘို့ သန့်ရှင်းစေခြင်းငှါ၊ ပသခါသိုးသငယ် သတ်ခြင်းအမှုကို၊ လေဝိသားတို့သည် စောင့်ရကြ၏။
회중에 많은 사람이 성결케 하지 못한고로 레위 사람들이 모든 부정한 사람을 위하여 유월절 양을 잡아 저희로 여호와 앞에서 성결케 하였으나
18 ၁၈ များစွာသောလူတည်းဟူသော၊ ဧဖရိမ်အမျိုး၊ မနာရှေအမျိုး၊ ဣသခါအမျိုး၊ ဇာဗုလုန်အမျိုးသား အများတို့သည် ကျမ်းစာ၌ပါသော တရားသို့မလိုက်၊ ကိုယ်ကိုမသန့်ရှင်းစေဘဲ၊ ပသခါ သိုးသငယ်ကိုစားကြ ၏။
에브라임과 므낫세와 잇사갈과 스불론의 많은 무리는 자기를 깨끗케 하지 아니하고 유월절 양을 먹어 기록한 규례에 어긴지라 히스기야가 위하여 기도하여 가로되 선하신 여호와여 사하옵소서
19 ၁၉ သို့ရာတွင်၊ ဟေဇကိက၊ သန့်ရှင်းရာဌာနထုံးစံ အတိုင်း၊ သန့်ရှင်းခြင်းမရှိသော်လည်း၊ ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရားကို ဆည်းကပ်ခြင်းငှါ၊ သဘော ကျသောသူအပေါင်းတို့၏ အပြစ်ကို ကောင်းမြတ်သော ထာဝရဘုရားသည် လွှတ်တော်မူပါစေသောဟု ထိုသူတို့ အဘို့ ဆုတောင်းသဖြင့်၊
결심하고 하나님 곧 그 열조의 하나님 여호와를 구하는 아무 사람이든지 비록 성소의 결례대로 스스로 깨끗케 못하였을지라도 사하옵소서 하였더니
20 ၂၀ ထာဝရဘုရားသည် ဟေဇကိစကားကို နား ထောင်တော်မူ၍၊ ဠူများတို့ကို ချမ်းသာပေးတော်မူ၏။
여호와께서 히스기야의 기도를 들으시고 백성을 고치셨더라
21 ၂၁ ယေရုရှလင်မြို့၌ စည်းဝေးသောဣသရေလအမျိုး တို့သည်၊ ခုနစ်ရက်ပတ်လုံး အလွန်ရွှင်လန်းသောစိတ်နှင့် အဇုမပွဲကိုခံကြ၏။ ယဇ်ပုရောဟိတ်လေဝိသားတို့သည် အသံကျယ်သောတူရိယာမျိုးကို တီးမှုတ်လျက်၊ နေ့ညဉ့် မပြတ် ထာဝရဘုရားအား ထောမနာသီချင်းဆိုကြ၏။
예루살렘에 모인 이스라엘 자손이 크게 즐거워하며 칠 일 동안 무교절을 지켰고 레위 사람들과 제사장들은 날마다 여호와를 칭송하며 큰 소리나는 악기를 울려 여호와를 찬양하였으며
22 ၂၂ ထာဝရဘုရား၏ တရားတော်မြတ်ကို သွန်သင်သော လေဝိသားအပေါင်းတို့ကို၊ ဟေဇကိသည် အားပေး တော်မူသောစကား နှင့်နှုတ်ဆက်သဖြင့်၊ သူတို့သည် ခုနစ်ရက်ပတ်လုံးပွဲခံစဉ်အခါ၊ စားသောက်လျက်မိဿ ဟာယပူဇော်သက္ကာကိုပြုလျက်၊ ဘိုးဘေးတို့၏ ဘုရား သခင် ထာဝရဘုရားအား တောင်းပန်လျက်နေကြ၏။
히스기야는 여호와를 섬기는 일에 통달한 모든 레위 사람에게 위로하였더라 이와 같이 절기 칠 일 동안에 무리가 먹으며 화목제를 드리고 그 열조의 하나님 여호와께 감사하였더라
23 ၂၃ စည်းဝေးသောသူအပေါင်းတို့သည် ခုနစ်ရက် ထပ်၍ပွဲခံခြင်းငှါ တိုင်ပင်ပြီးမှ၊ ရွှင်လန်းသောစိတ်နှင့် ခုနစ်ရက်ထပ်၍ပွဲခံကြ၏။
온 회가 다시 칠 일을 지키기로 결의하고 이에 또 칠 일을 즐거이 지켰더라
24 ၂၄ ယုဒရှင်ဘုရင်ဟေဇကိသည် နွားတထောင်နှင့် သိုးခုနစ်ထောင်တို့ကို၎င်း၊ မှူးမတ်တို့သည် နွားတထောင်နှင့် သိုးတသောင်းကို၎င်း၊ စည်းဝေးသောသူတို့အား ပေးကြ ၏။ များစွာသောယဇ် ပုရောဟိတ်တို့သည် ကိုယ်ကို သန့်ရှင်းစေကြ၏။
유다 왕 히스기야가 수송아지 일천과 양 칠천을 회중에게 주었고 방백들은 수송아지 일천과 양 일만을 회중에게 주었으며 성결케 한 제사장도 많았는지라
25 ၂၅ ယဇ်ပုရောဟိတ်၊ လေဝိသားတို့နှင့်တကွ ယုဒ ပရိတ်သတ်များ၊ ဣသရေလပြည်မှလာသော ပရိသတ် များ၊ ယုဒပြည်၌နေသော တပါးအမျိုးသား၊ ဣသရေလပြည်မှလာသော တပါးအမျိုးသား တို့သည် ဝမ်းမြောက်ဝမ်းသာကြ၏။
유다 온 회중과 제사장들과 레위 사람들과 이스라엘에서 온 온 회중과 이스라엘 땅에서 나온 나그네와 유다에 거한 나그네가 다 즐거워 하였으므로
26 ၂၆ ထိုသို့ယေရုရှလင်မြို့၌ ကြီးစွာသောဝမ်းမြောက် ခြင်းရှိ၏။ ဣသရေလရှင်ဘုရင် ဒါဝိဒ်သား ရှောလမုန် လက်ထက်မှသည်၊ နောက်တဖန်ယေရုရှလင်မြို့၌ ထိုမျှ လောက်ကြီးစွာသော ဝမ်းမြောက်ခြင်းမရှိ။
예루살렘에 큰 희락이 있었으니 이스라엘 왕 다윗의 아들 솔로몬 때로부터 이러한 희락이 예루살렘에 없었더라
27 ၂၇ ထိုအခါ ယဇ်ပုရောဟိတ်၊ လေဝိသားတို့သည် ထ၍လူများတို့ကို ကောင်းပေးကြ၏။ ထိုသူတို့စကားသံကို ဘုရားသခင်ကြားတော်မူ၏။ သန့်ရှင်းသော ကျိန်းဝပ် တော်မူရာ၊ ကောင်းကင်ဘုံသို့ ပဌနာစကားတက်လေ၏။
그 때에 제사장들과 레위 사람들이 일어나서 백성을 위하여 축복하였으니 그 소리가 들으신바 되고 그 기도가 여호와의 거룩한 처소 하늘에 상달하였더라