< ၂ ရာဇဝင်ချုပ် 3 >
1 ၁ ယေရုရှလင်မြို့တွင် ၊မောရိတောင်ပေါ်မှာ ခမည်းတော်ဒါဝိဒ်အား ထာဝရဘုရား ထင်ရှားတော် မူရာအရပ်၊ ယေဗုသိလူအရောန၏ ကောက်နယ်တလင်း ကို ဒါဝိဒ်ပြင်ဆင်ခဲ့ပြီးသော အရပ်၌ ရှောလမုန်သည် နန်းစံလေးနှစ်၊ ဒုတိယလ၊ နှစ်ရက်နေ့တွင် ထာဝရဘုရား ၏ အိမ်တော်ကို တည်စပြုတော်မူ၏။
၁
၂ယေရုရှလင် မြို့တွင် ၊ မောရိ တောင် ပေါ် မှာ ခမည်းတော် ဒါဝိဒ် အား ထာဝရဘုရား ထင်ရှား တော်မူရာအရပ် ၊ ယေဗုသိ လူအရောန ၏ ကောက်နယ် တလင်း ကို ဒါဝိဒ် ပြင်ဆင် ခဲ့ပြီးသော အရပ် ၌ ရှောလမုန် သည် နန်းစံ လေး နှစ် ၊ ဒုတိယ လ ၊ နှစ် ရက်နေ့တွင် ထာဝရဘုရား ၏ အိမ် တော်ကို တည် စ ပြုတော်မူ၏။
3 ၃ ရှောလမုန်သည် ဘုရားသခင်၏အိမ်တော်ကို တည်ဆောက်ခြင်းအမှု၌ သွန်သင်ခြင်းကိုခံသည်နှင့်အညီ၊ သံတောင်အားဖြင့် အလျားသည် အတောင်ခြောက်ဆယ်၊ အနံတထောင်နှစ်ဆယ်ရှိ၏။
၃ရှောလမုန် သည် ဘုရားသခင် ၏အိမ် တော်ကို တည်ဆောက် ခြင်းအမှု၌ သွန်သင်ခြင်းကိုခံသည်နှင့်အညီ၊ သံတောင် အားဖြင့် အလျား သည် အတောင် ခြောက်ဆယ် ၊ အနံ အတောင် နှစ်ဆယ် ရှိ၏။
4 ၄ အိမ်တော်ဦးသည်လည်း အိမ်တော်အနံနှင့်ညီ၍ အလျားအတောင်နှစ်ဆယ်၊ အမြင့်အတောင်တရာ နှစ်ဆယ်ရှိ၏။ ရွှေစင်နှင့် မွမ်းမံလျက်ရှိ၏။
၄အိမ်တော်ဦး သည်လည်း အိမ် တော်အနံ နှင့်ညီ၍ အလျား အတောင် နှစ်ဆယ် ၊ အမြင့် အတောင်တရာ နှစ်ဆယ် ရှိ၏။ ရွှေစင် နှင့် မွမ်းမံ လျက်ရှိ၏။
5 ၅ အိမ်တော်အတွင်းအမိုးကို ထင်းရူးပျဉ်ပြားဖြင့် ပြီးစေလျက် စွန်ပလွံပင်များနှင့် ကြိုးများတို့ကို ထု၍ ရွှေစင်နှင့်မွမ်းမံလေ၏။
၅အိမ် တော်အတွင်းအမိုးကို ထင်းရူး ပျဉ်ပြား ဖြင့် ပြီးစေလျက် စွန်ပလွံ ပင်များနှင့် ကြိုး များတို့ကို ထု ၍ ရွှေစင် နှင့် မွမ်းမံ လေ၏။
6 ၆ အိမ်တော်၌ အသရေတင့်တယ်စေခြင်းငှါ ကျောက်မြတ်တို့ကို စီချယ်၏။ မွမ်းမံသောရွှေသည် ပါရဝိမ်ရွှေဖြစ်၏။
၆အိမ် တော်၌ အသရေ တင့်တယ်စေခြင်းငှါ ကျောက် မြတ် တို့ကို စီချယ် ၏။ မွမ်းမံသောရွှေ သည် ပါရဝိမ် ရွှေ ဖြစ်၏။
7 ၇ အိမ်တော်၏ထုပ်၊ လျောက်တိုင်၊ ထရုံ၊ တံခါး ရွက်တို့ကို ရွှေနှင့် မွမ်းမံ၍ ထရံပေါ်မှာ ခေရုဗိမ်အရုပ် များကို ထုလေ၏။
၇အိမ် တော်၏ထုပ် ၊ လျောက်၊ တိုင်၊ ထရံ ၊ တံခါးရွက် တို့ကို ရွှေ နှင့် မွမ်းမံ ၍ ထရံ ပေါ် မှာ ခေရုဗိမ် အရုပ် များကို ထု လေ၏။
8 ၈ အလွန်သန့်ရှင်းရာ ဌာနတော်ကိုလည်း အိမ်တော်အနံနှင့်ညီစွာ အလျားအတောင်နှစ်ဆယ်၊ အနံအတောင်နှစ်ဆယ်လုပ်၍ ရွှေစင်အခွက် ခြောက် ထောင်နှင့်မွမ်းမံလေ၏။
၈အလွန် သန့်ရှင်းရာ ဌာန တော်ကိုလည်း အိမ် တော်အနံ နှင့်ညီစွာ အလျား အတောင် နှစ်ဆယ် ၊ အနံ အတောင် နှစ်ဆယ် လုပ်၍ ရွှေစင် အခွက် ခြောက် ထောင် နှင့် မွမ်းမံ လေ၏။
9 ၉ ရွှေမှိုအချိန်ကား အကျပ်ငါးဆယ်ရှိ၏။ အထက် ခန်းတို့ကိုလည်း ရွှေနှင့်မွမ်းမံ၏။
၉ရွှေ မှိုအချိန် ကား အကျပ် ငါးဆယ် ရှိ၏။ အထက် ခန်းတို့ကိုလည်း ရွှေ နှင့်မွမ်းမံ ၏။
10 ၁၀ အလွန်သန့်ရှင်းသော အခန်း၌ခေရုဗိမ်နှစ်ပါး ကို ထုလုပ်၍ ရွှေနှင့်မွမ်းမံ၏။
၁၀အလွန်သန့်ရှင်း သော အခန်း ၌ ခေရုဗိမ် နှစ်ပါး ကို ထု လုပ်၍ ရွှေ နှင့် မွမ်းမံ ၏။
11 ၁၁ ခေရုဗိမ်အတောင်တို့သည် အတောင်နှစ်ဆယ် ရှည်၏။
၁၁ခေရုဗိမ် အတောင် တို့သည် အတောင် နှစ်ဆယ် ရှည် ၏။
12 ၁၂ အတောင်တဘက်လျှင် အလျားငါးတောင်စီ ရှိ၍၊ ခေရုဗိမ်နှစ်ပါးတို့သည် အတောင်ချင်းထိလျက်၊ အတောင်တဘက်စီ အိမ်တော်ထရံကို မှီလျက် ရှိကြ၏။
၁၂အတောင် တဘက်လျှင် အလျားငါး တောင် စီ ရှိ၍၊ ခေရုဗိမ်နှစ်ပါးတို့သည် အတောင်ချင်းထိလျက်၊ အတောင်တဘက်စီအိမ် တော်ထရံ ကို မှီ လျက် ရှိကြ၏။
13 ၁၃ ထိုခေရုဗိမ်တို့သည် အတွင်းသို့ မျက်နှာပြုလျက်၊ မတ်တတ်နေ၍ အတောင်တို့ကို ဖြန့်သဖြင့် အတောင် နှစ်ဆယ်ကျယ်၏။
၁၃ထို ခေရုဗိမ် တို့သည် အတွင်း သို့ မျက်နှာ ပြုလျက် ၊ မတ်တတ် နေ၍ အတောင် တို့ကို ဖြန့် သဖြင့် အတောင် နှစ်ဆယ် ကျယ်၏။
14 ၁၄ ပြာသောအထည်၊ မောင်းသောအထည်၊ နီသော အထည်၊ ပိတ်ချောဖြင့်ပြီး၍ ခေရုဗိမ်အရုပ်နှင့် ချယ်လှယ် သော ကုလားတာကိုလည်း လုပ်လေ၏။
၁၄ပြာ သောအထည်၊ မောင်း သောအထည်၊ နီ သော အထည်၊ ပိတ်ချော ဖြင့် ပြီး၍ ခေရုဗိမ် အရုပ်နှင့် ချယ်လှယ် သော ကုလားကာ ကိုလည်း လုပ် လေ၏။
15 ၁၅ အရှည်သုံးဆယ်ငါးထောင်ရှိသော တိုင်နှစ်တိုင် ကိုလည်း လုပ်၍ အိမ်တော်ရှေ့မှာ စိုက်ထားလေ၏။ တိုင်အပေါ်မှာ တင်သောတိုင်ထိပ်သည် အမြင့်ငါးတောင် စီရှိ၏။
၁၅အရှည်သုံးဆယ် ငါး တောင် ရှိသောတိုင် နှစ် တိုင် ကိုလည်း လုပ် ၍ အိမ် တော်ရှေ့ မှာ စိုက်ထားလေ၏။ တိုင်အပေါ်မှာ တင်သောတိုင်ထိပ်သည် အမြင့်ငါးတောင် စီရှိ၏။
16 ၁၆ ဗျာဒိတ်ဌာနတော်၌ ရှိသကဲ့သို့ကြိုးများကိုလည်း လုပ်၍တိုင်ထိပ်အပေါ်မှာ ထား၏။ သလဲသီးအလုံးတရာ တို့ကိုလည်း လုပ်၍ကြိုးပေါ်မှာ ဆွဲထား၏။
၁၆ဗျာဒိတ် ဌာနတော်၌ ရှိသကဲ့သို့ကြိုး များကိုလည်း လုပ် ၍ တိုင် ထိပ် အပေါ် မှာထား ၏။ သလဲသီး အလုံးတရာ တို့ကိုလည်း လုပ် ၍ ကြိုး ပေါ် မှာ ဆွဲ ထား၏။
17 ၁၇ ထိုထိုင်တို့ကို ဗိမာန်တော်ရှေ့မှာ လက်ျာဘက် လက်ဝဲဘက်၌ စိုက်ထား၍၊ လက်ျာတိုင်ကိုယာခိန်၊ လက်ဝဲတိုင်ကို ဗောဇအမည်ဖြင့် မှည့်လေ၏။
၁၇ထိုတိုင် တို့ကို ဗိမာန် တော်ရှေ့ မှာ လက်ျာ ဘက် လက်ဝဲ ဘက်၌ စိုက် ထား၍ ၊ လက်ျာ တိုင်ကိုယာခိန် ၊ လက်ဝဲ တိုင်ကို ဗောဇ အမည် ဖြင့် မှည့် လေ၏။