< ၂ ရာဇဝင်ချုပ် 29 >
1 ၁ ဟေဇကိသည် အသက်နှစ်ဆယ်ငါးနှစ်ရှိသော်၊ နန်းထိုင်၍ ယေရုရှလင်မြို့၌ နှစ်ဆယ်ကိုးနှစ်စိုးစံလေ၏။ မယ်တော်ကား၊ ဇာခရိသမီး အာဘိအမည်ရှိ၏။
Ezekiji je bilo dvadeset i pet godina kad se zakraljio. Kraljevao je dvadeset i devet godina u Jeruzalemu. Materi mu je bilo ime Abija, kći Zaharijina.
2 ၂ ထိုမင်းသည် အဘဒါဝိဒ်ကျင့်သမျှအတိုင်း ထာဝရဘုရားရှေ့တော်၌ တရားသောအမှုကိုပြု၏။
Činio je što je pravo u očima Jahvinim, sasvim kao i njegov otac David.
3 ၃ နန်းစံပဌမနှစ်၊ ပဌမလတွင် ဗိမာန်တော်တံခါး တို့ကို ဖွင့်၍ ပြုပြင်တော်မူ၏။
Prve godine prvoga mjeseca svojega kraljevanja otvorio je vrata Doma Jahvina i popravio ih.
4 ၄ ယဇ်ပုရောဟိတ်လေဝိသားတို့ကို ခေါ်၍၊ အရှေ့ လမ်းမှာ စုဝေးစေလျက်၊
Onda je pozvao svećenike i levite i, sabravši ih na istočni trg,
5 ၅ အိုလေဝိသားတို့၊ နားထောင်ကြလော့။ ကိုယ်ကို၎င်း၊ ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရား၏ အိမ်တော်ကို၎င်း၊ သန့်ရှင်းစေ၍၊ သန့်ရှင်းရာဌာနထဲက အမှိုက်ကို သုတ်သင်ပယ်ရှင်းကြလော့။
rekao: “Čujte me, leviti! Sada se posvetite i posvetite Dom Jahve, Boga svojih otaca, i uklonite nečist iz Svetinje.
6 ၆ ငါတို့အဘများသည် ပြစ်မှား၍၊ ငါတို့၏ ဘုရား သခင် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြုကြပြီ။ ထာဝရဘုရားကိုစွန့်၍၊ ကျိန်းဝပ်တော်မူရာအရပ်မှ မျက်နှာလွှဲလျက် ကျောခိုင်းကြပြီတကား။
Naši su se oci iznevjerili i radili što je zlo u očima Jahve, našega Boga. Ostavili su ga i odvratili lice od Jahvina Prebivališta, okrenuvši mu leđa.
7 ၇ ဗိမာန်တော်ဦးတံခါးကို ပိတ်လျက်၊ မီးခွက်တို့ကို သတ်လျက်၊ သန့်ရှင်းရာဌာန၌ ဣသရေအမျိုး၏ ဘုရား သခင်အား နံ့သာပေါင်းကို မီးမရှို့။ မီးရှို့ရာယဇ်ကို မပူဇော်ဘဲနေကြပြီ။
Zatvorili su trijemska vrata i potrnuli svjetiljke; nisu kadili kadom niti su prinosili paljenice u Svetištu Izraelova Boga.
8 ၈ ထိုကြောင့် ထာဝရဘုရားသည် ယုဒပြည် ယေရု ရှလင်မြို့ကို အမျက်တော်ထွက်၍၊ သင်တို့မြင်သည် အတိုင်း ဆင်းရဲခံခြင်း၊ မိန်းမောတွေဝေခြင်း၊ ကဲရဲ့သံကို ကြားခြင်း အမှု၌အပ်တော်မူပြီ။
Zato se Jahve rasrdio na Judejce i na Jeruzalem te je dopustio da budu zlostavljeni i da budu na užas i ruglo, kako vidite svojim očima.
9 ၉ သို့ဖြစ်၍၊ ငါတို့အဘများသည် ထားဖြင့်လဲ သေကြပြီ။ သားသမီး၊ မယားတို့သည် သိမ်းသွားခြင်းကို ခံရကြပြီ။
I očevi su nam, eto, pali od mača, a sinovi, kćeri i žene zato su nam u ropstvu.
10 ၁၀ ယခုမူကား၊ ပြင်းစွာသောအမြတ်တော်သည် ငါတို့မှလွှဲသွားမည်အကြောင်း၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားနှင့် ပဋိညာဉ်ဖွဲ့မည်ဟု ငါအကြံရှိ၏။
Sad sam, dakle, namislio u svom srcu sklopiti Savez s Jahvom, Izraelovim Bogom, da bi se odvratio od nas njegov jarosni gnjev.
11 ၁၁ ငါ့သားတို့၊ မဖင့်နွှဲကြနှင့်။ ထာဝရဘုရား ရှေ့တော်၌ ရပ်၍ဝတ်ပြုခြင်း၊ အမှုတော်ကို စောင့်ခြင်း၊ နံ့သာပေါင်းကို မီးရှို့ခြင်းအမှုကို ပြုစေခြင်းငှါ၊ သင်တို့ကို ရွေးထားတော်မူပြီဟု မိန့်တော်မူလျှင်၊
Moja djeco, sad se nemojte lijeniti, jer vas je izabrao Jahve da stojite pred njim, da mu služite i da mu budete službenici i da mu kadite.”
12 ၁၂ လေဝိအမျိုး၊ ကောဟတ်အနွှယ်၊ အာမသဲသား မာသတ်၊ အာဇရိသား ယောလ၊ မေရာရိအနွယ် အာဇဒိ သားကိရှ၊ ယေဟလေလသားအာဇရိ၊ ဂေရရှုံအနွယ် ဇိမ္မ သားယောအာ၊ ယောအာသား ဧဒင်၊
Tada ustadoše leviti: Amasajev sin Mahat i Azarjin sin Joel od Kehatovih sinova; od Merarijevih sinova: Abdijev sin Kiš i Jehalelelov sin Azarja; od Geršonovaca: Zimin sin Joah i Joahov sin Eden;
13 ၁၃ ဧလိဇဖန်အမျိုးသား ရှိမရိနှင့် ယေယေလ၊ အာသပ်အမျိုးသားဇာခရိနှင့် မတ္တနိ၊
od Elisafanovih sinova: Šimri i Jeiel; od Asafovih sinova: Zaharija i Matanija;
14 ၁၄ ဟေမန်အမျိုးသားယေဟေလနှင့်ရှိမိ၊ ယေဒုသုန် အမျိုးသား ရှေမာယနှင့် ဩဇေလတို့သည်၊
od Hemanovih sinova: Jehiel i Šimej; od Jedutunovih sinova: Šemaja i Uziel.
15 ၁၅ အမျိုးသားချင်းတို့ကို ခေါ်၍၊ ကိုယ်ကို သန့်ရှင်း စေပြီးမှ၊ ထာဝရဘုရားအမိန့်တော်နှင့်အညီ ရှင်ဘုရင် စီရင်သည်အတိုင်း၊ ဗိမာန်တော်ကို သန့်ရှင်းစေခြင်းငှါ လာကြ၏။
Oni skupiše braću, posvetiše se i dođoše kako je bio zapovjedio kralj po Jahvinim riječima da očiste Jahvin Dom.
16 ၁၆ ယဇ်ပုရောဟိတ်တို့သည် ဗိမာန်တော်ကို သန့် ရှင်းစေခြင်းငှါ၊ အတွင်းခန်းထဲသို့ဝင်၍၊ တွေ့သမျှသော အမှိုက်ကို တန်တိုင်းသို့ထုတ်ပြီးလျှင်၊ လေဝိသားတို့သည် ကေဒြုန်ချောင်းသို့ယူသွားကြ၏။
Svećenici uđoše u Jahvin Dom da ga očiste. Počeli su svu nečist što su je našli u Jahvinu Hekalu iznositi u predvorje Jahvina Doma; leviti su je primali iznoseći je napolje na potok Kidron.
17 ၁၇ ပဌမလတရက်နေ့တွင် သန့်ရှင်းစပြု၍၊ ရှစ်ရက် နေ့တွင် ဗိမာန်တော်ဦးသို့ ရောက်ကြ၏။ ထိုနောက် ရှစ်ရက်ပတ်လုံး၊ ဗိမာန်တော်ကို သန့်ရှင်းစေ၍ ပဌမလတဆယ်ခြောက်ရက်နေ့တွင် လက်စသတ်ကြ၏။
Počeli su posvećivati prvoga dana prvoga mjeseca, a osmoga su dana istoga mjeseca ušli u Jahvin trijem; posvećivali su Jahvin Dom osam dana; šesnaestoga su dana prvoga mjeseca završili.
18 ၁၈ ထိုအခါ ဟေဇကိမင်းကြီးထံသို့ဝင်၍၊ အကျွန်ုပ် တို့သည် ဗိမာန်တော်တဆောင်လုံး၊ မီးရှို့ရာယဇ်ပလ္လင်နှင့် တန်ဆာရှိသမျှ၊ ရှေ့တော်မုန့်တင်သော စားပွဲနှင့် တန်ဆာ ရှိသမျှတို့ကို သန့်ရှင်းစေပါပြီ။
Onda su ušli kralju Ezekiji i rekli: “Očistili smo sav Jahvin Dom: žrtvenik za paljenice sa svim njegovim priborom, stol za prinesene kruhove sa svim njegovim priborom,
19 ၁၉ ထိုမှတပါး၊ အာခတ်မင်းကြီးလက်ထက် အဓမ္မ ပြု၍ ပစ်ထားသောတန်ဆာရှိသမျှတို့ကို အကျွန်ုပ်တို့ သည် ပြင်ဆင်၍ သန့်ရှင်းစေသဖြင့်၊ ထာဝရဘုရား၏ ယဇ်ပလ္လင်တော်ရှေ့မှာ တင်ထားပါပြီဟု လျှောက်ဆိုကြ ၏။
a sve posuđe koje bijaše zabacio kralj Ahaz za svojega kraljevanja i nevjere opet smo obnovili i posvetili; eno ga pred Jahvinim žrtvenikom.”
20 ၂၀ ထိုအခါ ဟေဇကိမင်းကြီးသည် စောစောထ၍၊ မြို့သူကြီးတို့ကို စုဝေးစေပြီးလျှင်၊ ဗိမာန်တော်သို့ တက် သွား၏။
Tada kralj Ezekija porani, skupi gradske knezove i ode u Jahvin Dom.
21 ၂၁ နန်းတော်အပြစ်၊ သန့်ရှင်းရာဌာနတော်အပြစ်၊ ယုဒပြည်အပြစ်ဖြေရာ ယဇ်ပူဇော်စရာဘို့ နွားခုနစ် ကောင်၊ သိုးခုနစ်ကောင်၊ သိုးသငယ်ခုနစ်ကောင်၊ ဆိတ် ခုနစ်ကောင်တို့ကို ဆောင်ခဲ့ကြ၏။ အားရှန်သား ယဇ် ပုရောဟိတ်တို့သည် ထာဝရဘုရား၏ ယဇ်ပလ္လင်ပေါ်မှာ ပူဇော်စေခြင်းငှါ မိန့်တော်မူသည်အတိုင်း၊
Dovedoše sedam mladih junaca, sedam ovnova, sedam jaganjaca, sedam jaraca za okajnicu, za kraljevstvo i za Svetište i za Judu; on zapovjedi Aronovim sinovima svećenicima da ih prinesu za paljenicu na Jahvinu žrtveniku.
22 ၂၂ နွားတို့ကိုသတ်၍ ယဇ်ပုရောဟိတ်တို့သည် အသွေးကိုခံလျက်၊ ယဇ်ပလ္လင်ပေါ်မှာ ဖြန်ကြ၏။ သိုးတို့ကို လည်း သတ်၍၊ အသွေးကို ယဇ်ပလ္လင်ပေါ်မှာ ဖြန်းကြ၏။ သိုးသငယ်တို့ကိုလည်း သတ်၍အသွေးကို ယဇ်ပလ္လင်ပေါ် မှာ ဖြန်းကြ၏။
Zaklavši goveda, svećenici uzeše krv i poškropiše žrtvenik; zaklaše ovnove i krvlju poškropiše žrtvenik, zaklaše jaganjce i krvlju poškropiše žrtvenik.
23 ၂၃ အပြစ်ဖြေရာယဇ်ပူဇော်စရာဘို့ ဆိတ်တို့ကို လည်း ရှင်ဘုရင်ရှေ့၊ ပရိသတ်ရှေ့သို့ထုတ်၍၊ မိမိတို့ လက်ကိုတင်ပြီးမှ၊
Dovedoše jarce za okajnicu pred kralja i pred zbor te metnuše ruke na njih.
24 ၂၄ ယဇ်ပုရောဟိတ်တို့သည် သတ်၍၊ ဣသရေလ အမျိုးသားအပေါင်းတို့၏ အပြစ်ကိုပြေစေခြင်းငှါ၊ ယဇ် ပလ္လင်ပေါ်မှာ အသွေးအာဖြင့် အပြစ်ဖြေခြင်း မင်္ဂလာကို ပြုကြ၏။ ထိုသို့မီးရှို့ရာယဇ်နှင့် အပြစ်ဖြေရာ ယဇ်ကို ဣသရေလအမျိုးသားအပေါင်းတို့အဘို့ ပူဇော်မည် အကြောင်း၊ ရှင်ဘုရင်အမိန့်တော်ရှိပြီ။
Onda ih zaklaše svećenici i prinesoše kao okajnicu njihovu krv na žrtveniku da izvrše obred pomirenja za sav Izrael, jer kralj bijaše zapovjedio da se prinese paljenica i okajnica za sav Izrael.
25 ၂၅ ဒါဝိဒ်မင်းကြီးနှင့်သူ၏ပရောဖက်ဂဒ်၊ ပရော ဖက်နာသန်တို့ စီရင်သည်အတိုင်းခွက်ကွင်း၊ စောင်း၊ တယောနှင့်တီးမှုတ်သော လေဝိသားတို့ကို၊ ဗိမာန်တော်၌ ခန့်ထားတော်မူ၏။ ထိုသို့ထာဝရဘုရားသည် ပရောဖက် တို့အားဖြင့် စီရင်တော်မူသတည်း။
Postavio je u Jahvinu Domu levite s cimbalima, harfama i citrama, kako bijaše zapovjedio David, kraljev vidjelac Gad i prorok Natan, jer je od Jahve dolazila zapovijed po njegovim prorocima.
26 ၂၆ သို့ဖြစ်၍ လေဝိသားတို့သည် ဒါဝိဒ်စီရင်သော တုရိယာမျိုးများကို၎င်း၊ ယဇ်ပုရောဟိတ်တို့သည် တံပိုးများကို၎င်း ကိုင်လျက် ရှိကြ၏။
Tako su leviti stajali s Davidovim glazbalima, a svećenici s trubama.
27 ၂၇ ဟေဇကိသည် ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရာယဇ် ကို ပူဇော်စေခြင်းငှါ၊ အမိန့်တော်ရှိ၍ မီးရှို့ရာယဇ်ကို ပူဇော်စပြုသောအခါ၊ တံပိုးများနှင့် ဣသရေလရှင်ဘုရင် ဒါဝိဒ်စီရင်သော တုရိယာမျိုးများကို တီးမှုတ်လျက်၊ ထာဝရဘုရားအား သီချင်းကို ဆိုစပြုကြ၏။
Tada Ezekija zapovjedi da prinesu paljenice na žrtveniku. Kad se stala prinositi paljenica, počela je Jahvina pjesma uz trube i uz glazbala izraelskoga kralja Davida.
28 ၂၈ မီးရှို့ရာယဇ်ပူဇော်ခြင်းအမှု လက်စမသတ်မှီ တိုင် အောင် ပရိသတ်အပေါင်းတို့သည် ကိုးကွယ်လျက်၊ သီချင်း ဆိုလျက်၊ တံပိုးမှုတ်လျက် နေကြ၏။
Sav se zbor klanjao, pjevači pjevali, a trubači trubili, i to sve dok se nije svršila paljenica.
29 ၂၉ လက်စသတ်ပြီးမှ၊ ရှင်ဘုရင်နှင့်စည်းဝေးသော သူအပေါင်းတို့သည် ဦးညွှတ်ချ၍ ကိုးကွယ်ကြ၏။
Kad se svršilo prinošenje paljenice, kralj i svi koji bijahu s njim pobožno padoše na koljena i pokloniše se.
30 ၃၀ တဖန်ဟေဇကိမင်းကြီးနှင့် မှူးမတ်တို့သည် စီရင်၍၊ လေဝိသားတို့သည် ဒါဝိဒ်စကား၊ ပရောဖက် အာသပ်စကားအားဖြင့်၊ ထာဝရဘုရားအား ထောမနာ သီချင်းဆိုကြ၏။ ရွှင်လန်းသောစိတ်နှင့် ထောမနာ သီချင်းကိုဆိုလျက်၊ ဦးညွှတ်ချ၍ ကိုးကွယ်ကြ၏။
Onda su kralj i knezovi zapovjedili levitima da hvale Jahvu riječima Davida i vidioca Asafa; oni su počeli hvaliti s najvećim veseljem i, pavši ničice, poklonili se.
31 ၃၁ ထိုနောက်ဟေဇကိက၊ သင်တို့သည် ယခု ထာဝရဘုရားအား ကိုယ်ကိုပူဇော်ကြပြီ။ ဗိမာန်တော်သို့ ချဉ်းကပ်၍၊ ယဇ်မျိုးများနှင့်ကျေးဇူးတော်ဝန်ခံရာ ပူဇော် သက္ကာများကို ဆောင်ခဲ့ကြလော့ဟု ပြန်၍ မိန့်တော်မူ သည်အတိုင်း၊ စည်းဝေးသောသူတို့သည် ယဇ်မျိုးများနှင့် ကျေးဇူးတော်ဝန်ခံရာ ပူဇော်သက္ကာများကို ဆောင်ခဲ့ကြ ၏။ စေတနာရှိသမျှသော သူတို့သည် မီးရှို့ရာယဇ်တို့ကို ဆောင်ခဲ့ကြ၏။
Tada Ezekija progovori: “Sada ste posvetili ruke Jahvi; pristupite i donesite klanice i zahvalnice u Dom Jahvin.” Sav je zbor donio klanice i zahvalnice. Tko je god bio spremna srca, prinio je paljenice.
32 ၃၂ စည်းဝေးသောသူတို့သည် ထာဝရဘုရားအား မီးရှို့ရာ ယဇ်ပူဇော်စရာဘို့ ဆောင်ခဲ့သော ယဇ်ပေါင်း ကား၊ နွားခုနစ်ဆယ်၊ သိုးတရာ၊ သိုးသငယ်နှစ်ရာတည်း။
Paljenica što ih je donio zbor bijaše na broj: sedamdeset goveda, sto ovnova, dvjesta jaganjaca, sve za paljenice Jahvi.
33 ၃၃ ပူဇော်သောဥစ္စာပေါင်းကား၊ နွားခြောက်ရာ၊ သိုးသုံးထောင်တည်း၊
Ostalih posvećenih darova bilo je šest stotina goveda i tri tisuće grla sitne stoke.
34 ၃၄ ယဇ်ပုရောဟိတ်တို့သည် နည်းသောကြောင့်၊ မီးရှို့ရာယဇ်ကောင်ရှိသမျှကို မသတ်နိုင်သည်ဖြစ်၍၊ အခြားသော ယဇ်ပုရောဟိတ်တို့သည် ကိုယ်ကိုမသန့်ရှင်း စေမှီ၊ အမှုတော်လက်စမသတ်မှီတိုင်အောင်၊ ညီအစ်ကို လေဝိသားတို့သည် ထောက်မကြ၏။ ကိုယ်ကို သန့်ရှင်း စေခြင်းငှါ၊ ယဇ်ပုရောဟိတ်များထက် လေဝိသားတို့သည် သာ၍ စိတ်သဘောဖြောင့်ကြ၏။
Ali je svećenika bilo premalo, tako da nisu mogli oderati svih paljenica; zato su im pomagala braća leviti, dok se nije svršio posao i dok se nisu posvetili drugi svećenici, jer su leviti bili gorljiviji srcem da se posvete nego svećenici.
35 ၃၅ မီးရှို့ရာယဇ်များတို့နှင့်၊ မီးရှို့ရာယဇ်အသီးသီး ဆိုင်သောမိဿဟာယ ယဇ်ဆီဥ၊ သွန်လောင်းရာ ပူဇော် သက္ကာအများရှိကြ၏။ ထိုသို့ဗိမာန်တော်ဝတ်ပြုခြင်းကို စီရင်သတည်း။
Bilo je i mnogo paljenica s pretilinom od pričesnica i s ljevanicama na paljenice. Tako se opet obnovila služba u Jahvinu Domu.
36 ၃၆ ထိုအမှုလျင်မြန်သော်လည်း၊ ဘုရားသခင်သည် လူများကို ပြင်ဆင်တော်မူသောကြောင့်၊ ဟေဇကိနှင့် လူအပေါင်းတို့သည် ဝမ်းမြောက်အားရကြ၏။
I Ezekija se veselio, i sav narod s njime, što je Bog spremio narodu, jer se sve to iznenada dogodilo.