< ၂ ရာဇဝင်ချုပ် 25 >
1 ၁ အာမဇိသည် သက်နှစ်ဆယ်ငါးနှစ်ရှိသော် နန်းထိုင်၍ ယေရုရှလင်မြို့၌ နှစ်ဆယ်ကိုးနှစ်စိုးစံ၏။ မယ်တော်ကား၊ ယေရုရှလင်မြို့သူ ယုဒ္ဒန်အမည်ရှိ၏။
아마샤가 위에 나아갈 때에 나이 이십 오세라 예루살렘에서 이십 구년을 치리하니라 그 모친의 이름은 여호앗단이라 예루살렘 사람이더라
2 ၂ ထိုမင်းသည် ထာဝရဘုရားရှေ့တော်၌ တရား သောအမှုကို ပြုသော်လည်း၊ စိတ်နှလုံးမစုံလင်။
아마샤가 여호와 보시기에 정직히 행하기는 하였으나 온전한 마음으로 행치 아니하였더라
3 ၃ အာမဇိသည် မင်းအာဏာတည်သောအခါ၊ ခမည်းတော်မင်းကြီးကို သတ်သောကျွန်တို့ကို သတ်လေ ၏။
그 나라가 굳게 서매 그 부왕을 죽인 신복들을 죽였으나
4 ၄ သားအတွက်အဘသည် အသေမခံရ။ အဘ အတွက် သားသည် အသေမခံရ။ လူတိုင်း မိမိအပြစ် ကြောင့် အသေခံရ၏ဟု မောရှေပညတ္တိကျမ်းစာ၌ ရေး ထားလျက်ရှိသော ထာဝရဘုရား၏ ပညတ်တော်ကို စောင့်ရှောက်၍၊ ထိုကျွန်တို့၏သားများကို မသတ်ဘဲ နေ၏။
저희 자녀는 죽이지 아니하였으니 이는 모세 율법 책에 기록한대로 함이라 곧 여호와께서 명하여 이르시기를 자녀로 인하여 아비를 죽이지 말 것이요 아비로 인하여 자녀를 죽이지 말 것이라 오직 각 사람은 자기의 죄로 인하여 죽을 것이니라 하셨더라
5 ၅ အာမဇိမင်းသည် ယုဒလူတို့ကို စုဝေးစေ၍ ယုဒ လူနှင့် ဗင်္ယာမိန်လူတို့တွင်၊ အဆွေအမျိုးအလိုက် လူ တထောင်အုပ်၊ တရာအုပ်တို့ကို ခန့်ထား၏။ အသက် နှစ်ဆယ်လွန်၍၊ လှံနှင့်ဒိုင်းကို ကိုင်တတ်သောစစ်သူရဲ ကောင်းတို့သည်၊ စာရင်းဝင်သည်အတိုင်း သုံးသိန်းရှိကြ ၏။
아마샤가 유다 사람을 모으고 그 여러 족속을 따라 천부장과 백부장을 세우되 유다와 베냐민을 함께 그리하고 이십세 이상으로 계수하여 창과 방패를 잡고 능히 전장에 나갈만한 자 삼십만을 얻고
6 ၆ ခွန်အားကြီးသော ဣသရေလသူရဲတသိန်းကို လည်း ငွေအခွက်တထောင်နှင့်ငှါး၏။
또 은 일백 달란트로 이스라엘 나라에서 큰 용사 십만을 삯내었더니
7 ၇ သို့ရာတွင် ဘုရားသခင်၏လူတယောက်သည် လာ၍ အိုမင်းကြီး၊ ဣသရေလတပ်ကိုမလိုက်စေနှင့်။ ထာဝရဘုရားသည် ဣသရေလလူတည်း ဟူသောဧဖရိမ် အမျိုးသား အပေါင်းတို့နှင့်အတူ ရှိတော်မမူ။
어떤 하나님의 사람이 아마샤에게 나아와서 이르되 왕이여 이스라엘 군대로 왕과 함께 가게 마옵소서 여호와께서는 이스라엘 곧 온 에브라임 자손과 함께하지 아니하시나니
8 ၈ မင်းကြီးသွားလိုလျှင်သွား၍ စစ်တိုက်ခြင်းငှါ ခိုင်ခံ့သော်လည်း၊ ရန်သူရှေ့မှာ ဘုရားသခင်ရှုံးစေတော် မူမည်။ ဘုရားသခင်သည် မစခြင်းငှါ၎င်း၊ နှိမ့်ချခြင်းငှါ ၎င်း တတ်နိုင်တော်မူ၏ဟု ပြောဆိုလျှင်၊
왕이 만일 가시거든 힘써 싸우소서 하나님이 왕을 대적 앞에 엎드러지게 하시리이다 하나님은 능히 돕기도 하시고 능히 패하게도 하시나이다
9 ၉ အာမဇိက၊ ဣသရေလတပ်ကိုငှါး၍ ငွေအခွက် တထောင်ကို ပေးမိသောကြောင့်၊ အဘယ်သို့ပြုရမည် နည်းဟု ဘုရားသခင်၏လူကို မေးမြန်းသော်၊ ဘုရား သခင်၏လူက၊ ထိုမျှမက ထာဝရဘုရားသည် သာ၍ ပေးနိုင်တော်မူသည်ဟု ပြန်ပြော၏။
아마샤가 하나님의 사람에게 이르되 내가 일백 달란트를 이스라엘 군대에게 주었으니 어찌할꼬 하나님의 사람이 대답하되 여호와께서 능히 이보다 많은 것으로 왕에게 주실수 있나이다
10 ၁၀ ထိုအခါ အာမဇိသည် ဧဖရိမ်ပြည်မှရောက်လာ သော စစ်သူရဲတို့ ကိုခွဲထား၍၊ မိမိတို့နေရာသို့ ပြန်သွား စေခြင်းငှါ လွှတ်လိုက်သဖြင့်၊ သူတို့သည် အလွန် အမျက်တွက်၍ ယုဒ ပြည်သားတို့၌ အငြိုးထားလျက်၊မိမိတို့ နေရာ သို့ပြန်သွားကြ၏။
아마샤가 이에 에브라임에서 자기에게 나아온 군대를 구별하여 본곳으로 돌아가게 하였더니 저희 무리가 유다 사람을 심히 노하여 분연히 본곳으로 돌아갔더라
11 ၁၁ အာမဇိသည်လည်း ကိုယ်ကိုခိုင်ခံ့စေ၍ ဆားချိုင့် ကို တပ်ချီသဖြင့်၊ စိရတောင်သားတသောင်းကို လုပ်ကြံ လေ၏။
아마샤가 담력을 내어 그 백성을 거느리고 염곡에 이르러 세일 자손 일만을 죽이고
12 ၁၂ ယုဒအမျိုးသားတို့သည် လူတသောင်းကို အရှင် ဘမ်းပြီးလျှင်၊ ကျောက်တောင်ထိပ်သို့ ဆောင်သွား၍၊ ကျိုးပဲ့စေခြင်းငှါ အောက်သို့ တွန်းချကြ၏။
유다 자손이 또 일만을 사로잡아 가지고 바위 꼭대기에 올라가서 거기서 밀쳐 내려뜨려서 그 몸이 부숴지게 하였더라
13 ၁၃ ဝိုင်း၍တိုက်ရသောအခွင့်ကို အာမဇိမပေး၊ လွှတ်လိုက်သော စစ်သူရဲတို့မူကား၊ ရှမာရိမြို့မှစ၍ ဗေသောရုန်မြို့တိုင်အောင်၊ ယုဒမြို့တို့ကို တိုက်သဖြင့်၊ လူသုံးထောင်ကိုသတ်၍၊ လက်ရဥစ္စာအများကို သိမ်းသွား ကြ၏။
아마샤가 자기와 함께 전장에 나가지 못하게 하고 돌려 보낸 군사들이 사마리아에서부터 벧호론까지 유다 성읍을 엄습하고 사람 삼천을 죽이고 물건을 많이 노략하였더라
14 ၁၄ အာမဇိသည် ဧဒုံအမျိုးသားတို့ကို လုပ်ကြံရာမှ ပြန်လာသောအခါ၊ စိရတောင်သားကိုးကွယ်သော ဘုရား တို့ကိုဆောင်ခဲ့၍၊ ကိုယ်တိုင်ကိုးကွယ်ရာ ဘုရားဖြစ်စေ ခြင်းငှါ၊ တည်ထောင်လျက်သူတို့ရှေ့မှာ ဦးညွှတ်ချ၍ နံ့သာ ပေါင်းကို မီးရှို့လေ၏။
아마샤가 에돔 사람을 도륙하고 돌아올 때에 세일 자손의 우상들을 가져다가 자기의 신으로 세우고 그 앞에 경배하며 분향한지라
15 ၁၅ ထာဝရဘုရားသည် အာမဇိကို အမျက်ထွက်၍၊ ပရောဖက်ကို စေလွှတ်တော်မူသည်ကား၊ မိမိလူတို့ကို ရန်သူလက်မှ မကယ်နိုင်သော တပါးအမျိုးသား ဘုရား တို့ကို အဘယ်ကြောင့်ဆည်းကပ်သနည်းဟုပြောဆိုလျှင်၊
그러므로 여호와께서 아마샤에게 진노하사 한 선지자를 보내시니 나아가 가로되 저 백성의 신들이 자기 백성을 왕의 손에서 능히 구원하지 못하였거늘 왕은 어찌하여 그 신들에게 구하나이까 하며
16 ၁၆ ရှင်ဘုရင်က၊ သင်သည်တိုင်ပင် မှုးမတ်ဖြစ် သလော။ တိတ်ဆိတ်စွာနေလော့။ အဘယ်ကြောင့် ရာဇဝတ်ခံချင်သနည်းဟုဆိုသော်၊ ပရောဖက်က၊ မင်းကြီး သည် ငါပေးသောသတိစကားကို နားမထောင်၊ ဤအမှု ကို ပြုမိသောကြောင့်၊ ဘုရားသခင်သည် မင်းကြီးကို ဖျက်ဆီးမည် ကြံတော်မူသည်ကို ငါသိမြင်သည်ဟု ပြောဆိုပြီးလျှင် တိတ်ဆိတ်စွာ နေလေ၏။
선지자가 오히려 말할 때에 왕이 이르되 우리가 너로 왕의 모사를 삼았느냐 그치라 어찌하여 맞으려 하느냐 선지자가 그치며 가로되 왕이 이 일을 행하고 나의 경고를 듣지 아니하니 하나님이 왕을 멸하시기로 결정하신줄 아노라 하였더라
17 ၁၇ ထိုနောက်၊ အာမဇိသည်တိုင်ပင်ပြီးမှ၊ ဣသ ရေလရှင်ဘုရင်ယေဟု သားဖြစ်သော ယောခတ်၏သား ယဟောရှထံသို့ သံတမန်ကို စေလွှတ်၍၊ ငါတို့သည် မျက်နှာချင်းဆိုင်မိကြကုန်အံ့ဟု မှာလိုက်လျှင်၊
유다 왕 아마샤가 상의하고 예후의 손자 여호아하스의 아들 이스라엘 왕 요아스에게 사자를 보내어 이르되 오라 서로 대면하자 한지라
18 ၁၈ ဣသရေလရှင်ဘုရင်ယဟောရှက၊ လေဗနုန် ဆူးပင်သည် လေဗနုန်အာရဇ်ပင်ထံသို့ စေလွှတ်၍၊ သင့်သမီးကို ငါ့သားနှင့်ပေးစားပါဟု ဆိုစဉ်တွင်၊ လေဗ နုန်သားရဲတကောင်သည် ရှောက်သွား၍ ဆူးပင်ကို နင်းမိ၏။
이스라엘 왕 요아스가 유다 왕 아마샤에게 보내어 이르되 레바논 가시나무가 레바논 백향목에게 보내어 이르기를 네 딸을 내 아들에게 주어 아내를 삼게 하라 하였더니 레바논 짐승이 지나가다가 그 가시나무를 짓밟았느니라
19 ၁၉ သင်ကငါသည် ဧဒုံလူတို့ကို လုပ်ကြံပြီဟု ဆိုလျက်၊ ဝါကြွားချင်သော စိတ်မြင့်လှ၏။ သို့ရာတွင် ကိုယ်နေရာ၌နေလော့။ သင့်ကိုယ်တိုင်နှင့် ယုဒပြည်သည် ဘေးရောက်၍ ဆုံးရှုံးစေခြင်းငှါ၊ အဘယ်ကြောင့် အမှု ရှာသနည်းဟု ယုဒရှင်ဘုရင်အာမဇိကို ပြန်၍မှာလိုက် လေ၏။
네가 에돔 사람을 쳤다 하고 네 마음이 교만하여 자긍하는도다 네 궁에나 편히 거하라 어찌하여 화를 자취하여 너와 유다가 함께 망하고자 하느냐 하나
20 ၂၀ ထိုစကားကို အာမဇိသည် နားမထောင်။ အကြောင်းမူကား၊ ဧဒုံပြည်ဘုရားတို့ကို ဆည်းကပ်သော ကြောင့်၊ ရန်သူလက်သို့ အပ်ခြင်းငှါ၊ ဘုရားသခင် စီရင်တော်မူ၏။
아마샤가 듣지 아니하였으니 이는 하나님께로 말미암은 것이라 저희가 에돔 신들에게 구하였으므로 그 대적의 손에 붙이려 하심이더라
21 ၂၁ ဣသရေလရှင်ဘုရင်သည် စစ်ချီ၍၊ ရှင်ဘုရင် နှစ်ပါးတို့သည် ယုဒပြည်ဗက်ရှေမက်မြို့၌ မျက်နှာချင်း ဆိုင်မိကြသဖြင့်၊
이스라엘 왕 요아스가 올라와서 유다 왕 아마샤로 더불어 유다의 벧세메스에서 대면하였더니
22 ၂၂ ဣသရေလအမျိုးသားရှေ့မှာ ယုဒအမျိုးသား ရှုံး၍၊ အသီးအသီးတို့သည် မိမိတို့နေရာသို့ ပြေးကြ၏။
유다가 이스라엘 앞에서 패하여 각기 장막으로 도망한지라
23 ၂၃ ဣသရေလရှင်ဘုရင် ယဟောရှသည် ယုဒ ရှင်ဘုရင်အာခဇိသားဖြစ်သော ယောရှ၏သားအာမဇိ ကို ဗက်ရှေမက်မြို့မှာ ဘမ်းမိ၍၊ ယေရုရှလင်မြို့သို့ သွားပြီး လျှင်၊ ယေရုရှလင်မြို့ရိုးအတောင်လေးရာကို၊ ဧဖရိမ်တံ ခါးမှသည် ထောင့်တံခါးတိုင်အောင် ဖြိုဖျက်လေ၏။
이스라엘 왕 요아스가 벧세메스에서 여호아하스의 손자 요아스의 아들 유다 왕 아마샤를 사로잡고 예루살렘에 이르러 예루살렘 성벽을 에브라임 문에서부터 성 모퉁이 문까지 사백 규빗을 헐고
24 ၂၄ ဩဗဒေဒုံလက်တွင်၊ ဗိမာန်တော်၌ ရှိသမျှသော ရွှေငွေမှစ၍၊ တန်ဆာအလုံးစုံနှင့် နန်းတော်ဘဏ္ဍာ အလုံးစုံကို၎င်း၊ အာမခံသော သူအချို့တို့ကို၎င်း၊ ယူ၍ ရှမာရိမြို့သို့ပြန်သွား၏။
또 하나님의 전 안에 오벧에돔의 지키는 모든 금은과 기명과 왕궁의 재물을 취하고 또 사람을 볼모로 잡아가지고 사마리아로 돌아갔더라
25 ၂၅ ဣသရေလရှင်ဘုရင် ယောခတ်သားယဟောရှ သေသောနောက်၊ ယုဒရှင်ဘုရင်ယောရှသားအာ မဇိ သည် တဆယ်ငါးနှစ် အသက်ရှင်သေး၏။
이스라엘 왕 요아하스의 아들 요아스가 죽은 후에도 유다 왕 요아스의 아들 아마샤가 십 오년을 생존하였더라
26 ၂၆ အာမဇိပြုမူသော အမှုအရာကြွင်းသမျှ အစ အဆုံးတို့သည်၊ ယုဒရာဇဝင်နှင့် ဣသရေလရာဇဝင်၌ ရေးထားလျက်ရှိ၏။
아마샤의 이 외의 시종 행적은 유다와 이스라엘 열왕기에 기록되지 아니하였느냐
27 ၂၇ အာမဇိသည် ထာဝရဘုရားနောက်တော်သို့ လိုက်ရာမှလွှဲသွားသောနောက်၊ သူ၏တဘက်၊ ယေရု ရှလင်မြို့၌ သင်းဖွဲ့ကြ၍၊ သူသည် လာခိရှမြို့သို့ ပြေးသည်တွင်၊ ထိုမြို့သို့စေလွှတ်၍ သတ်စေပြီးမှ၊
아마샤가 돌이켜 여호와를 버린 후로부터 예루살렘에서 무리가 저를 모반한고로 저가 라기스로 도망하였더니 모반한 무리가 사람을 라기스로 따라 보내어 저를 거기서 죽이게 하고
28 ၂၈ မြင်းပေါ်၌ တင်လျက်၊ ယေရုရှလင်မြို့သို့ ဆောင်ခဲ့၍၊ ဘိုးဘေးတို့နှင့်အတူ ဒါဝိဒ်မြို့၌ သင်္ဂြိုဟ် ကြ၏။
그 시체를 말에 실어다가 그 열조와 함께 유다 성읍에 장사하였더라