< ၂ ရာဇဝင်ချုပ် 23 >
1 ၁ ခုနစ်နှစ်မြောက်သောအခါ၊ ယောယဒသည် ကိုယ်ကိုခိုင်ခံ့စေ၍ တပ်မှူးများ၊ ယေရောဟံသား အာဇရိ၊ ယောဟနန်သား ဣရှမေလ၊ ဩဗက်သားအာဇရိ၊ အဒါ ယသား မာသေယ၊ ဇိခရိသား ဧလိရှဖတ်တို့နှင့် သင်းဖွဲ့ လေ၏။
and in/on/with year [the] seventh to strengthen: strengthen Jehoiada and to take: take [obj] ruler [the] hundred to/for Azariah son: child Jeroham and to/for Ishmael son: child Jehohanan and to/for Azariah son: child Obed and [obj] Maaseiah son: child Adaiah and [obj] Elishaphat son: child Zichri with him in/on/with covenant
2 ၂ ထိုသူတို့သည် ယုဒပြည်၌ လှည့်လည်သဖြင့်၊ ယုဒမြို့အရပ်ရပ်ထဲက လေဝိသားများနှင့် ဣသရေလ အဆွေအမျိုး သူကြီးများကို စုဝေးစေ၍၊ ယေရုရှလင်မြို့ သို့ ပြန်လာကြ၏။
and to turn: turn in/on/with Judah and to gather [obj] [the] Levi from all city Judah and head: leader [the] father to/for Israel and to come (in): come to(wards) Jerusalem
3 ၃ စည်းဝေးသောသူ အပေါင်းတို့သည် ဗိမာန် တော်၌ ရှင်ဘုရင်နှင့် ပဋိညာဉ်ဖွဲ့ကြ၏။ ယောယဒ ကလည်း၊ ရှင်ဘုရင်သားတော်ကို ကြည့်ရှုကြလော့။ ထာဝရဘုရားသည် ဒါဝိဒ်အမျိုးကို မိန့်တော်မူသည် အတိုင်း၊ ရှင်ဘုရင်သားတော် စိုးစံရမည်။
and to cut: make(covenant) all [the] assembly covenant in/on/with house: temple [the] God with [the] king and to say to/for them behold son: descendant/people [the] king to reign like/as as which to speak: speak LORD upon son: descendant/people David
4 ၄ သင်တို့ပြုရသော အမှုဟူမူကား၊ ဥပုသ်နေ့၌ ဝင်သောယဇ်ပုရောဟိတ် လေဝိသားသုံးစုတစုသည် တံခါးစောင့်လုပ်ရမည်။
this [the] word: thing which to make: do [the] third from you to come (in): come [the] Sabbath to/for priest and to/for Levi to/for gatekeeper [the] threshold
5 ၅ တစုသည် နန်းတော်ကို စောင့်ရမည်။ တစု သည် သုရတံခါးကို စောင့်ရမည်။ လူအပေါင်းတို့သည် ဗိမာန်တော်တန်တိုင်းတို့အတွင်း၌ နေရကြမည်။
and [the] third in/on/with house: home [the] king and [the] third in/on/with gate [the] (Gate of the) Foundation and all [the] people in/on/with court house: temple LORD
6 ၆ ယဇ်ပုရောဟိတ်များနှင့် အမှုတော်စောင့် လေဝိသားများမှတပါး၊ အဘယ်သူမျှ ဗိမာန်တော်ထဲသို့ မဝင်စေနှင့်။ သူတို့သည်သန့်ရှင်းသောကြောင့် ဝင်ရကြ မည်။ အခြားသောသူအပေါင်းတို့သည် ထာဝရဘုရား ဘက်၌စောင့်နေရကြမည်။
and not to come (in): come house: temple LORD that if: except if: except [the] priest and [the] to minister to/for Levi they(masc.) to come (in): come for holiness they(masc.) and all [the] people to keep: obey charge LORD
7 ၇ လေဝိသားတိုင်း မိမိလက်နက်ကိုကိုင်လျက်၊ ကိုယ် တော်မြတ်ကို ဝိုင်း၍ အိမ်တော်ထဲသို့ ဝင်သမျှသော သူတို့ကို သတ်ရမည်။ ရှင်ဘုရင်ထွက်ဝင်တော်မူသော အခါ၊ နောက်တော်သို့လိုက်ရမည်ဟု မှာထားလေ၏။
and to surround [the] Levi [obj] [the] king around man: anyone and article/utensil his in/on/with hand his and [the] to come (in): come to(wards) [the] house: home to die and to be with [the] king in/on/with to come (in): come he and in/on/with to come out: come he
8 ၈ ထိုသို့ယဇ်ပုရောဟိတ်ယောယဒမှာ ထားသမျှ အတိုင်း၊ လေဝိသားများနှင့် ယုဒအမျိုးသားအပေါင်းတို့ သည်ပြု၍၊ ယဇ်ပုရောဟိတ်ယောဒသည် ဖွဲ့မြဲဖွဲ့သော အသင်းတို့ကို မဖျက်သောကြောင့်၊ ဥပုသ်နေ့၌ ထွက်ရ သောသူနှင့် ဝင်ရသော သူအသီးအသီးတို့ကို ခေါ်ထား ကြ၏။
and to make: do [the] Levi and all Judah like/as all which to command Jehoiada [the] priest and to take: bring man: anyone [obj] human his to come (in): come [the] Sabbath with to come out: come [the] Sabbath for not to separate Jehoiada [the] priest [obj] [the] division
9 ၉ ဗိမာန်တော်၌ရှိသောဒါဝိဒ်မင်းကြီး၏ လှံများနှင့် ဒိုင်းလွှားများကို၊ ယဇ်ပုရောဟိတ်ယောယဒသည် ထုတ်၍၊ လူတရာအုပ်တို့အား အပ်လေ၏။
and to give: give Jehoiada [the] priest to/for ruler [the] hundred [obj] [the] spear and [obj] [the] shield and [obj] [the] shield which to/for king David which house: temple [the] God
10 ၁၀ အသီးအသီးလက်နက်ကိုင်သော သူအပေါင်းတို့ကို ရှင်ဘုရင်ပတ်လည်၊ ယဇ်ပလ္လင်အနားနှင့် ဗိမာန်တော် အနား၌၊ လက်ျာထောင့်မှစ၍ လက်ဝဲထောင့်တိုင်အောင် နေရာချထားလေ၏။
and to stand: appoint [obj] all [the] people and man: anyone missile his in/on/with hand his from shoulder [the] house: home [the] right: south till shoulder [the] house: home [the] left: north to/for altar and to/for house: home upon [the] king around
11 ၁၁ ထိုအခါ ရှင်ဘုရင်သားတော်ကို ပြင်သို့ထုတ်၍၊ ရာဇသရဖူနှင့် ပညတ္တိကျမ်းစာကိုတင်လျက်၊ ရှင်ဘုရင် အရာ၌ ချီးမြှောက်ကြ၏။ ယောယဒနှင့် သူ၏သားတို့ သည် ဘိသိက်ပေး၍၊ ရှင်ဘုရင်အသက်တော်ရှင်စေသ တည်းဟု ကြွေးကြော်ကြ၏။
and to come out: send [obj] son: child [the] king and to give: put upon him [obj] [the] consecration: crown and [obj] [the] testimony and to reign [obj] him and to anoint him Jehoiada and son: child his and to say to live [the] king
12 ၁၂ အာသလိသည် လူများပြေး၍၊ ရှင်ဘုရင်ထံ၌ ချီးမွမ်းသံကိုကြားလျှင်၊ လူများရှိရာ ဗိမာန်တော်သို့ သွား၍၊
and to hear: hear Athaliah [obj] voice: sound [the] people [the] to run: run and [the] to boast: praise [obj] [the] king and to come (in): come to(wards) [the] people house: temple LORD
13 ၁၃ ရှင်ဘုရင်သည် ဗိမာန်တော်ဝင်ဝ၊ တိုင်နားမှာ ရပ်လျက်၊ မှူးတော်မတ်တော်များနှင့် တံပိုးမှုတ်သော သူများတို့သည် ရှင်ဘုရင်အနားတော်၌ ရပ်လျက်၊ ပြည်သူပြည်သားများတို့သည် ဝမ်းမြောက်၍၊ တံပိုးမှုတ် လျက် သီချင်းသည်တို့သည် တုရိယာအမျိုးမျိုးကိုကိုင်၍၊ ထောမနာသီချင်းကို ဆိုလျက်ရှိကြသည်ကိုမြင်လျှင်၊ မိမိအဝတ်ကိုဆုတ်၍ ပုန်ကုန်မှုပါတကား၊ ပုန်ကန်မှုပါ တကားဟု အော်ဟစ်လေ၏။
and to see: see and behold [the] king to stand: stand upon pillar his in/on/with entrance and [the] ruler and [the] trumpet upon [the] king and all people [the] land: country/planet glad and to blow in/on/with trumpet and [the] to sing in/on/with article/utensil [the] song and to know to/for to boast: praise and to tear Athaliah [obj] garment her and to say conspiracy conspiracy
14 ၁၄ ယဇ်ပုရောဟိတ်ယောယဒကလည်း။ ဗိမာန်တော် ထဲမှာ မသေစေနှင့်။ တပ်ပြင်သို့ ထုတ်ကြ။ သူ့ဘက်မှာ နေသောသူကိုထားနှင့် သတ်ကြ ဟုလူတရာအုပ်တပ်မှူး တို့ကို မှာထားနှင့်သည်အတိုင်း၊
and to come out: send Jehoiada [the] priest [obj] ruler [the] hundred to reckon: overseer [the] strength: soldiers and to say to(wards) them to come out: send her to(wards) from house: home [the] rank and [the] to come (in): come after her to die in/on/with sword for to say [the] priest not to die her house: temple LORD
15 ၁၅ အာသလိကို ဘမ်းဆီးလျက်၊ နန်းတော်သို့ သွားသော မြင်းလမ်းဝသို့ ရောက်သောအခါ သတ်ကြ၏။
and to set: put to/for her hand and to come (in): come to(wards) entrance gate [the] horse house: home [the] king and to die her there
16 ၁၆ ရှင်ဘုရင်နှင့် လူအပေါင်းတို့သည် ထာဝရ ဘုရား၏လူဖြစ်ရမည်အကြောင်း၊ ယောယဒသည် မိမိထံ၌ ပဋိညာဉ်ဖွဲ့စေ၏။
and to cut: make(covenant) Jehoiada covenant between him and between all [the] people and between [the] king to/for to be to/for people to/for LORD
17 ၁၇ လူအပေါင်းတို့သည် ဗာလကျောင်းသို့သွား၍ ဖြိုဖျက်ကြ၏။ ယဇ်ပလ္လင်များနှင့် ရုပ်တုများကိုချိုးဖဲ့၍၊ ယဇ်ပလ္လင်တို့ရှေ့မှာ ဗာလယဇ်ပုရော ဟိတ်မဿန်ကို သတ်ကြ၏။
and to come (in): come all [the] people house: home [the] Baal and to tear him and [obj] altar his and [obj] image his to break and [obj] Mattan priest [the] Baal to kill to/for face: before [the] altar
18 ၁၈ မောရှေပညတ္တိကျမ်း၌ ပါသည်အတိုင်း၊ ထာဝရ ဘုရားအား မီးရှို့ရာယဇ်တို့ကို ပူဇော်ခြင်း၊ ဒါဝိဒ်စီရင် သည်အတိုင်း၊ ရွှင်လန်းစွာသီချင်းဆိုခြင်းအမှုကို ပြုစေ ခြင်းငှါ၊ ဗိမာန်တော်၌ ဒါဝိဒ်ခွဲထားသော ယဇ်ပုရောဟိတ် လေဝိသားတို့သည် ဗိမာန်တော်မှုများကို ဆောင်ရွက်မည် အကြောင်း၊ ယောယဒစီရင်လေ၏။
and to set: put Jehoiada punishment house: temple LORD in/on/with hand: power [the] priest [the] Levi which to divide David upon house: temple LORD to/for to ascend: offer up burnt offering LORD like/as to write in/on/with instruction Moses in/on/with joy and in/on/with song upon hand: power David
19 ၁၉ မသန့်ရှင်းသော လက္ခဏာတစုံတခုရှိသော သူကို မဝင်စေခြင်းငှါ။ ဗိမာန်တော်တံခါးစောင့်တို့ကိုလည်း ခန့်ထားလေ၏။
and to stand: stand [the] gatekeeper upon gate house: temple LORD and not to come (in): come unclean to/for all word: thing
20 ၂၀ လူတရာအုပ်၊ မှူးမတ်၊ အကြီးအကဲ၊ ပြည်သူ ပြည်သားအပေါင်းတို့ကို ခေါ်လျက်၊ မြင့်သော တံခါးလမ်း ဖြင့်၊ ရှင်ဘုရင်ကို ဗိမာန်တော်မှ နန်းတော်သို့ပို့ဆောင်၍၊ ရာဇပလ္လင်တော်ပေါ်မှာ တင်ကြ၏။
and to take: take [obj] ruler [the] hundred and [obj] [the] great and [obj] [the] to rule in/on/with people and [obj] all people [the] land: country/planet and to go down [obj] [the] king from house: temple LORD and to come (in): come in/on/with midst gate [the] high house: home [the] king and to dwell [obj] [the] king upon throne [the] kingdom
21 ၂၁ နန်းတော်နားမှာ အာသလိကို သတ်ပြီးမှ၊ ပြည်သူပြည်သားအပေါင်းတို့သည် ဝမ်းမြောက်၍၊ တမြို့လုံး၌လည်း ငြိမ်ဝပ်ခြင်းရှိ၏။
and to rejoice all people [the] land: country/planet and [the] city to quiet and [obj] Athaliah to die in/on/with sword