< ၂ ရာဇဝင်ချုပ် 22 >
1 ၁ အာရပ်လူတို့နှင့်လိုက်လာသော တပ်သားတို့ သည် တပ်ထဲသို့ဝင်၍၊ ယုဒရှင်ဘုရင် ယဟောရံ၏ သားတော်အကြီး ရှိသမျှတို့ကို သတ်သောကြောင့်၊ ယေရု ရှလင်မြို့သားတို့သည် သားထွေးအာခဇိကို ခမည်းတော် အရာ၌ချီးမြှောက်၍၊
၁အာရပ် လူတို့နှင့် လိုက် လာသောတပ်သား တို့ သည် တပ် ထဲ သို့ဝင်၍၊ ယုဒ ရှင်ဘုရင် ယဟောရံ ၏ သား တော်အကြီး ရှိသမျှ တို့ကိုသတ် သောကြောင့်၊ ယေရုရှလင် မြို့သား တို့သည် သား ထွေး အာခဇိ ကို ခမည်းတော် အရာ ၌ချီးမြှောက် ၍၊
2 ၂ အာခဇိသည် အသက်နှစ်ဆယ်နှစ်နှစ်ရှိသော်၊ နန်းထိုင်၍ ယေရုရှလင်မြို့၌ တနှစ် စိုးစံလေ၏။ မယ်တော်ကား၊ ဩမရိမြေးအာသလိ အမည်ရှိ၏။
၂အာခဇိ သည် အသက် နှစ်ဆယ်နှစ် နှစ်ရှိသော် ၊ နန်း ထိုင်၍ ယေရုရှလင် မြို့၌ တ နှစ် စိုးစံ လေ၏။ မယ်တော် ကား ၊ ဩမရိ မြေး အာသလိ အမည် ရှိ၏။
3 ၃ မယ်တော်သည် မကောင်းသောအကြံကို ပေး သောကြောင့်၊ ထိုမင်းသည် အာဟပ်အမျိုးလိုက်ရာ လမ်းသို့လိုက်၍၊
၃မယ်တော် သည် မ ကောင်းသောအကြံ ကိုပေး သောကြောင့် ၊ ထို မင်းသည် အာဟပ် အမျိုး လိုက် ရာ လမ်း သို့ လိုက်၍၊
4 ၄ အာဟပ်အမျိုးကဲ့သို့ ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၏။ ခမည်းတော်သေသောနောက်၊ အာဟပ် အမျိုးသားတို့သည် အာခဇိကို အကျိုးနည်းစေခြင်းငှါ မကောင်းသောအကြံကို ပေးကြ၏။
၄အာဟပ် အမျိုး ကဲ့သို့ ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကိုပြု ၏။ ခမည်းတော် သေ သောနောက် ၊ အာဟပ် အမျိုးသားတို့သည် အာခဇိ ကို အကျိုးနည်း စေခြင်းငှါ မကောင်းသောအကြံကိုပေး ကြ၏။
5 ၅ အာခဇိသည် သူတို့စကားကိုနားထောင်သဖြင့်၊ ဣသရေလရှင် ဘုရင်အာဟပ်သား ယောရံနှင့်ဝိုင်းလျက်၊ ဂိလဒ်ပြည်ရာမုတ်မြို့သို့စစ်ချီ၍၊ ရှုရိရှင်ဘုရင် ဟာဇေလ ကို တိုက်ရာတွင်၊ ရှုရိလူတို့သည်ယောရံကို ထိခိုက် ကြ၏။
၅အာခဇိသည် သူ တို့စကား ကိုနားထောင် သဖြင့် ၊ ဣသရေလ ရှင်ဘုရင် အာဟပ် သား ယောရံ နှင့် ဝိုင်းလျက်၊ ဂိလဒ် ပြည်ရာမုတ်မြို့သို့ စစ်ချီ၍၊ ရှုရိ ရှင်ဘုရင် ဟာဇေလ ကို တိုက် ရာတွင် ၊ ရှုရိ လူတို့သည်ယောရံ ကို ထိခိုက် ကြ၏။
6 ၆ ထိုသို့ရာမုတ်မြို့၌ ရှုရိရှင်ဘုရင် ဟာဇေလကို တိုက်၍၊ ရှုရိလူထိခိုက်သော အနာပျောက်စေခြင်းငှါ၊ ယောရံသည် ယေဇရလမြို့သို့ ပြန်သွား၍ နာလျက် နေစဉ်တွင်၊ ယုဒရှင်ဘုရင် ယယောရံသားအာခဇိသည် လည်း၊ အာဟပ်သားယောရံကို ကြည့်ရှုခြင်းငှါ ထိုမြို့သို့ ဆင်းသွားလေ၏။
၆ထိုသို့ ရာမုတ် မြို့၌ ရှုရိ ရှင်ဘုရင် ဟာဇေလ ကို တိုက် ၍ ၊ ရှုရိလူထိခိုက် သော အနာ ပျောက် စေခြင်းငှါ ၊ ယောရံသည် ယေဇရေလ မြို့သို့ ပြန်သွား ၍ နာ လျက် နေစဉ်တွင်၊ ယုဒ ရှင်ဘုရင် ယဟောရံ သား အာခဇိ သည် လည်း ၊ အာဟပ် သား ယောရံ ကို ကြည့်ရှု ခြင်းငှါ ထိုမြို့သို့ ဆင်း သွားလေ၏။
7 ၇ ဘုရားသခင် စီရင်တော်မူသည်အတိုင်း၊ အာခဇိ သည် ယောရံ ထံသို့ရောက်သောအားဖြင့်၊ ဆုံးရှုံးလေသည် အကြောင်းအရာဟူမူကား၊ အဟပ်အမျိုးကို သုတ်သင် ပယ်ရှင်းစေခြင်းငှါ၊ ထာဝရဘုရား ဘိသိတ်ပေးတော်မူ သောနိမ်ရှိသားယေဟုကို ဆီးကြိုခြင်းငှါ၊ ယောရံနှင့် အာခဇိတို့သည် ထွက်သွား၏။
၇ဘုရားသခင် စီရင် တော်မူသည်အတိုင်း ၊ အာခဇိ သည် ယောရံ ထံသို့ ရောက် သောအားဖြင့် ၊ ဆုံးရှုံးလေသည် အကြောင်းအရာဟူမူကား၊ အာဟပ် အမျိုး ကို သုတ်သင် ပယ်ရှင်းစေခြင်းငှါ ၊ ထာဝရဘုရား ဘိသိတ် ပေးတော်မူသော နိမ်ရှိ သား ယေဟု ကို ဆီးကြိုခြင်းငှါ၊ ယောရံ နှင့် အာခဇိတို့သည် ထွက်သွား ၏။
8 ၈ ယေဟုသည် အာဟပ်အမျိုးကို တရားစီရင် သောအခါ၊ ယုဒမှူးမတ်တို့ကို၎င်း၊ အာခဇိမင်း၌ ခစား သော နောင်တော်၏သားတို့ကို၎င်း၊ တွေ့၍သတ်လေ၏။
၈ယေဟု သည် အာဟပ် အမျိုး ကို တရား စီရင်သောအခါ ၊ ယုဒ မှူးမတ် တို့ကို၎င်း ၊ အာခဇိ မင်း၌ ခစား သော နောင် တော်၏သား တို့ကို၎င်း၊ တွေ့ ၍ သတ် လေ၏။
9 ၉ ရှမာရိပြည်၌ ပုန်လျက်နေသော အာခဇိကို ရှာ၍ ဘမ်မိသောအခါ၊ ယေဘုထံသို့ ဆောင်ခဲ့ပြီးမှ သတ်၍ သင်္ဂြိုဟ်ကြ၏။ အကြောင်းမူကား၊ သူသည် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ရှာသော ယောရှ ဖတ်၏ အမျိုးဖြစ်သည်ဟု ဆိုကြ၏။ ထိုသို့အာခဇိအမျိုး သည် နိုင်ငံကိုအုပ်စိုးခြင်းငှါ မတတ်နိုင်။
၉ရှမာရိ ပြည်၌ ပုန်း လျက်နေသော အာခဇိ ကို ရှာ ၍ ဘမ်းမိ သောအခါ ၊ ယေဟု ထံသို့ ဆောင် ခဲ့ပြီးမှ သတ် ၍ သင်္ဂြိုဟ် ကြ၏။ အကြောင်း မူကား၊ သူသည် ထာဝရဘုရား ကို စိတ်နှလုံး အကြွင်းမဲ့ ရှာ သော ယောရှဖတ် ၏ အမျိုး ဖြစ်သည်ဟု ဆို ကြ၏။ ထိုသို့ အာခဇိ အမျိုး သည် နိုင်ငံ ကိုအုပ်စိုး ခြင်းငှါ မ တတ်နိုင်။
10 ၁၀ အာခဇိ၏မယ်တော် အာသလိသည် မိမိသား သေကြောင်းကို သိမြင်သော်၊ ထ၍ယုဒပြည်၏ဆွေတော် မျိုးတော်အပေါင်းတို့ကို သုတ်သင်ပယ်ရှင်းလေ၏။
၁၀အာခဇိ ၏မယ်တော် အာသလိ သည် မိမိ သား သေ ကြောင်း ကို သိမြင် သော် ၊ ထ ၍ ယုဒ ပြည် ၏ ဆွေတော် မျိုးတော်အပေါင်း တို့ကို သုတ်သင် ပယ်ရှင်းလေ၏။
11 ၁၁ သို့ရာတွင်၊ ရှင်ဘုရင်သမီး ယောရှေဘသည်၊ အာခဇိ၏သား ယောရှိကု အသေခံရသော ဆွေတော် မျိုးတော်ထဲက ခိုးယူ၍၊ သူနှင့်သူ၏ နို့ထိန်းကို အိပ်ခန်း ထဲ၌ ဝှက်ထား၏။ ထိုသို့ယဟောရံမင်းကြီးသမီး၊ ယဇ် ပုရောဟိတ်ယောဒ၏မယားဖြစ်သော အာခဇိ၏နှမ ယောရှေဘသည်၊ အာသလိလက်မှ ယောရှ၏အသက် လွတ်စေခြင်းငှါ ဝှက်ထားသဖြင့်၊
၁၁သို့ရာတွင် ၊ ရှင်ဘုရင် သမီး ယောရှေဘ သည်၊ အာခဇိ ၏သား ယောရှ ကို အသေခံရသောဆွေတော် မျိုးတော်ထဲက ခိုးယူ၍၊ သူနှင့်သူ၏ နို့ထိန်းကို အိပ်ခန်းထဲ၌ဝှက်ထား၏။ ထိုသို့ယဟောရံမင်းကြီးသမီး၊ ယဇ်ပုရောဟိတ်ယောယဒ၏မယားဖြစ်သော အာခဇိ၏နှမ ယောရှေဘသည်၊ အာသလိလက်မှ ယောရှ၏အသက် လွတ်စေခြင်းငှါဝှက်ထားသဖြင့်၊
12 ၁၂ ခြောက်နှစ်ပတ်လုံး ယောရှသည် သူတို့နှင့်အတူ၊ ဗိမာန်တော်၌ ပုန်းရှောင်လျက်နေ၍ အာသလိသည် စိုးစံလေ၏။
၁၂ခြောက် နှစ် ပတ်လုံးယောရှသည် သူ တို့နှင့်အတူ ၊ ဗိမာန် တော်၌ ပုန်းရှောင် လျက်နေ ၍ အာသလိ သည် စိုးစံ လေ၏။