< ၂ ရာဇဝင်ချုပ် 22 >

1 အာရပ်လူတို့နှင့်လိုက်လာသော တပ်သားတို့ သည် တပ်ထဲသို့ဝင်၍၊ ယုဒရှင်ဘုရင် ယဟောရံ၏ သားတော်အကြီး ရှိသမျှတို့ကို သတ်သောကြောင့်၊ ယေရု ရှလင်မြို့သားတို့သည် သားထွေးအာခဇိကို ခမည်းတော် အရာ၌ချီးမြှောက်၍၊
[阿哈齊雅即位行惡]耶路撒冷居民立了約蘭的小兒阿哈齊雅繼位為王,因為與阿剌伯人同來攻營的匪徒,將他的哥哥全都殺了,因此猶大王約蘭的兒子阿哈齊雅即位為王。
2 အာခဇိသည် အသက်နှစ်ဆယ်နှစ်နှစ်ရှိသော်၊ နန်းထိုင်၍ ယေရုရှလင်မြို့၌ တနှစ် စိုးစံလေ၏။ မယ်တော်ကား၊ ဩမရိမြေးအာသလိ အမည်ရှိ၏။
阿哈齊雅即位年二十二歲,在耶路撒冷作王一年;他的母親名叫阿塔里雅,是敖默黎的孫女。
3 မယ်တော်သည် မကောင်းသောအကြံကို ပေး သောကြောင့်၊ ထိုမင်းသည် အာဟပ်အမျိုးလိုက်ရာ လမ်းသို့လိုက်၍၊
阿哈齊雅也走了阿哈布家的道路,因為他母親主使他作惡。
4 အာဟပ်အမျိုးကဲ့သို့ ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၏။ ခမည်းတော်သေသောနောက်၊ အာဟပ် အမျိုးသားတို့သည် အာခဇိကို အကျိုးနည်းစေခြင်းငှါ မကောင်းသောအကြံကို ပေးကြ၏။
他行了上主視為惡的事,同阿哈布家一樣,因為自他父親死後,阿哈布家人給他出主意,使他趨於滅亡。
5 အာခဇိသည် သူတို့စကားကိုနားထောင်သဖြင့်၊ ဣသရေလရှင် ဘုရင်အာဟပ်သား ယောရံနှင့်ဝိုင်းလျက်၊ ဂိလဒ်ပြည်ရာမုတ်မြို့သို့စစ်ချီ၍၊ ရှုရိရှင်ဘုရင် ဟာဇေလ ကို တိုက်ရာတွင်၊ ရှုရိလူတို့သည်ယောရံကို ထိခိုက် ကြ၏။
他隨從了他們的計謀,同以色列王阿哈布的兒子耶曷蘭,往辣摩特基肋阿得與阿蘭王哈匝耳交戰;阿蘭人擊傷了耶曷蘭,
6 ထိုသို့ရာမုတ်မြို့၌ ရှုရိရှင်ဘုရင် ဟာဇေလကို တိုက်၍၊ ရှုရိလူထိခိုက်သော အနာပျောက်စေခြင်းငှါ၊ ယောရံသည် ယေဇရလမြို့သို့ ပြန်သွား၍ နာလျက် နေစဉ်တွင်၊ ယုဒရှင်ဘုရင် ယယောရံသားအာခဇိသည် လည်း၊ အာဟပ်သားယောရံကို ကြည့်ရှုခြင်းငှါ ထိုမြို့သို့ ဆင်းသွားလေ၏။
耶曷蘭遂回依次勒耳,治療他在辣摩特與阿蘭在哈匝耳交戰時所受的傷。猶大王約蘭的兒子阿哈齊雅因阿哈布的兒子耶曷蘭患病,就下到依次勒耳去探望他。[阿哈齊雅被殺]
7 ဘုရားသခင် စီရင်တော်မူသည်အတိုင်း၊ အာခဇိ သည် ယောရံ ထံသို့ရောက်သောအားဖြင့်၊ ဆုံးရှုံးလေသည် အကြောင်းအရာဟူမူကား၊ အဟပ်အမျိုးကို သုတ်သင် ပယ်ရှင်းစေခြင်းငှါ၊ ထာဝရဘုရား ဘိသိတ်ပေးတော်မူ သောနိမ်ရှိသားယေဟုကို ဆီးကြိုခြင်းငှါ၊ ယောရံနှင့် အာခဇိတို့သည် ထွက်သွား၏။
阿哈齊雅去看望耶曷蘭反而遇害,這原是出於天主;因為他到了以後,便與耶曷蘭出擊尼默史的孫子耶胡,而耶胡即是上主用油所傅,為消滅阿哈布家的。
8 ယေဟုသည် အာဟပ်အမျိုးကို တရားစီရင် သောအခါ၊ ယုဒမှူးမတ်တို့ကို၎င်း၊ အာခဇိမင်း၌ ခစား သော နောင်တော်၏သားတို့ကို၎င်း၊ တွေ့၍သတ်လေ၏။
耶胡討伐阿哈布家時,遇到了猶大的一些首領和事奉阿哈齊砑的姪子們,便將他們殺了;
9 ရှမာရိပြည်၌ ပုန်လျက်နေသော အာခဇိကို ရှာ၍ ဘမ်မိသောအခါ၊ ယေဘုထံသို့ ဆောင်ခဲ့ပြီးမှ သတ်၍ သင်္ဂြိုဟ်ကြ၏။ အကြောင်းမူကား၊ သူသည် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ရှာသော ယောရှ ဖတ်၏ အမျိုးဖြစ်သည်ဟု ဆိုကြ၏။ ထိုသို့အာခဇိအမျိုး သည် နိုင်ငံကိုအုပ်စိုးခြင်းငှါ မတတ်နိုင်။
然後去尋找阿哈齊雅;阿哈齊雅當時藏在撒瑪黎雅,人將他拿住,解到耶胡那裏,耶胡也將他殺了,以後人也埋葬了他,因為人說:「他究竟是那一心尋求上主的約沙法特的孫子。」這樣,阿哈齊雅家中沒有一個人能即位為王。[母后篡位]
10 ၁၀ အာခဇိ၏မယ်တော် အာသလိသည် မိမိသား သေကြောင်းကို သိမြင်သော်၊ ထ၍ယုဒပြည်၏ဆွေတော် မျိုးတော်အပေါင်းတို့ကို သုတ်သင်ပယ်ရှင်းလေ၏။
阿哈齊雅的母親阿塔里雅見自己的兒子死了,便起來殲滅了猶大家中所有的王族後裔。
11 ၁၁ သို့ရာတွင်၊ ရှင်ဘုရင်သမီး ယောရှေဘသည်၊ အာခဇိ၏သား ယောရှိကု အသေခံရသော ဆွေတော် မျိုးတော်ထဲက ခိုးယူ၍၊ သူနှင့်သူ၏ နို့ထိန်းကို အိပ်ခန်း ထဲ၌ ဝှက်ထား၏။ ထိုသို့ယဟောရံမင်းကြီးသမီး၊ ယဇ် ပုရောဟိတ်ယောဒ၏မယားဖြစ်သော အာခဇိ၏နှမ ယောရှေဘသည်၊ အာသလိလက်မှ ယောရှ၏အသက် လွတ်စေခြင်းငှါ ဝှက်ထားသဖြင့်၊
約蘭王的女兒約舍巴,將阿哈齊雅的兒子約阿士由被殺的太子中偷了出來,將他和他的乳母藏在聖殿的寢室裏。約舍巴─約蘭王的女兒,約雅達大司祭的妻子,阿哈齊雅的姐妹─就這樣藏匿了約阿士,沒有被阿塔里雅殺害。
12 ၁၂ ခြောက်နှစ်ပတ်လုံး ယောရှသည် သူတို့နှင့်အတူ၊ ဗိမာန်တော်၌ ပုန်းရှောင်လျက်နေ၍ အာသလိသည် စိုးစံလေ၏။
約阿士與她們在天主殿內隱藏了六年,當時由阿塔里雅主持國政。

< ၂ ရာဇဝင်ချုပ် 22 >