< ၂ ရာဇဝင်ချုပ် 17 >
1 ၁ အာသသားယောရှဖတ်သည် ခမည်းတော် အရာ၌ နန်းထိုင်၍၊ ဣသရေလနိုင်ငံတဘက် မိမိကို ခိုင်ခံ့စေ၏။
၁ယောရှဖတ်သည်ခမည်းတော်အာသ၏ အရိုက်အရာကိုဆက်ခံ၍နန်းတက်ပြီး နောက် ဣသရေလနိုင်ငံအားခုခံတိုက်ခိုက် ရန်မိမိ၏နိုင်ငံကိုခိုင်ခံ့အောင်ပြုတော် မူ၏။-
2 ၂ ယုဒပြည်တွင်၊ ခိုင်ခံ့သောမြို့ရှိသမျှတို့၌၊ တပ် သားများကိုထား၏။ ယုဒပြည်အရပ်ရပ်တို့၌၎င်း၊ ဧဖရိမ် ပြည်မှာ ခမည်းတော် အာသတိုက်ယူ သော မြို့တို့၌၎င်း၊ မြို့စောင့်တပ်ကို အသီးအသီးခန့်ထား၏။
၂သူသည်ယုဒပြည်ခံတပ်မြို့များ၊ ယုဒ ကျေးလက်များနှင့်ဧဖရိမ်နယ်မြေမှ အာသသိမ်းယူထားသည့်မြို့များတွင် မိမိ၏စစ်တပ်များကိုချထားလေသည်။-
3 ၃ ခမည်းတော်သည် အရင်လိုက်သောလမ်းသို့၊ ယောရှဖတ်လိုက်လျက်၊
၃ယောရှဖတ်သည်ခမည်းတော်အာသနန်း တက်စအခါကပြုမူခဲ့သည့်စံနမူနာ ကိုလိုက်၍ ဗာလဘုရားအားဝတ်မပြု ရှိမခိုးဘဲနေသဖြင့်ထာဝရဘုရားသည် သူ့အားကောင်းချီးပေးတော်မူ၏။-
4 ၄ ဗာလဘုရားတို့ကို မဆည်းကပ်၊ ခမည်းတော်၏ ဘုရားသခင်ကိုသာ ဆည်းကပ်သဖြင့်၊ ဣသရေလအမျိုး ၏ ထုံးစံကိုရှောင်၍၊ ပညတ်တရားတော်ကို ကျင့်သော ကြောင့်၊ ထာဝရဘုရားသည် စောင့်မ၍၊
၄သူသည်ခမည်းတော်၏ဘုရားကိုကိုးကွယ် ၍ဘုရားသခင်၏အမိန့်တော်ကိုနာခံ တော်မူ၏။ ဣသရေလဘုရင်တို့၏လမ်းစဉ် ကိုလိုက်တော်မမူ။-
5 ၅ နိုင်ငံတော်ကိုယောရှဖတ်လက်၌ တည်စေတော် မူသဖြင့်၊ ယုဒပြည်သားအပေါင်းတို့သည် လက်ဆောင် များကို ဆောင်ခဲ့ကြ၏။
၅ထာဝရဘုရားသည်ယောရှဖတ်၏အာဏာ ကိုတည်စေတော်မူ၏။ ပြည်သူအပေါင်းတို့ သည်သူ့ထံသို့လက်ဆောင်ပဏ္ဏာများကိုယူ ဆောင်လာကြ၏။ ထိုကြောင့်မင်းကြီးသည် ချမ်းသာကြွယ်ဝကာဂုဏ်အသရေကြီး မြင့်လာတော်မူ၏။-
6 ၆ ဂုဏ်အသရေနှင့် စည်းစိမ်ဥစ္စာများသော်လည်း၊ ထာဝရဘုရား၏ တရားလမ်းတို့၌ စိတ်စွဲလမ်း၍၊ မြင့် သောအရပ်နှင့် အာရှရပင်တို့ကို ယုဒပြည်မှ ပယ်ရှား တော်မူ၏။
၆သူသည်ထာဝရဘုရားအားကိုးကွယ်မှု တွင်စိတ်အားထက်သန်လျက်ယုဒပြည်ရှိ ရုပ်တုကိုးကွယ်ရာဌာနများနှင့်အာရှရ ဘုရားမ၏တံခွန်တိုင်ရှိသမျှကိုဖျက် ဆီးတော်မူ၏။
7 ၇ နန်းစံသုံးနှစ်တွင်၊ ယုဒမြို့ အရပ်ရပ်၌ သွန်သင် စေခြင်းငှါ၊ မှူးမတ် ဗင်ဟဲလ၊ ဩဗဒိ၊ ဇာခရိ၊ နာသနေလ၊ မိက္ခာယတို့ကို၎င်း၊
၇နန်းစံတတိယနှစ်၌ယောရှဖတ်သည် မှူးမတ်များဖြစ်ကြသောဗင်ဟဲလ၊ သြဗဒိ၊ ဇာခရိ၊ နာသနေလနှင့်မိက္ခာယတို့အား ယုဒပြည်အမြို့မြို့သို့သြဝါဒပေးရန် စေလွှတ်တော်မူ၏။-
8 ၈ လေဝိသားရှေမာယ၊ နေသနိ၊ ဇေဗဒိ၊ အာသ ဟေလ၊ ရှေမိရမုတ်၊ ယောနသန်၊ အဒေါနိယ၊ တောဘိယ၊ တောဘ၊ ဒေါနိယတို့ကို၎င်း၊ ယဇ်ပုရောဟိတ်ဧလိ ရှမာနှင့် ယောရံကို၎င်း၊ စေလွှတ်တော်မူ၏။
၈သူတို့နှင့်အတူလေဝိအနွယ်ဝင်ကိုးဦး နှင့်ယဇ်ပုရောဟိတ်နှစ်ပါးလိုက်ပါသွား ကြ၏။ လေဝိအနွယ်ဝင်တို့မှာရှေမာယ၊ နေသနိ၊ ဇေဗဒိ၊ အာသဟေလ၊ ရှေမိရမုတ်၊ ယောနသန်၊ အဒေါနိယ၊ တောဘိယ၊ တောဘ၊ ဒေါနိယတို့ဖြစ်ကြ၏။ ယဇ်ပုရောဟိတ် တို့မှာဧလိရှမာနှင့်ယောရံတို့ဖြစ်ကြ ၏။-
9 ၉ ထိုသူတို့သည် ယုဒပြည်၌ဩဝါဒပေး၍၊ ထာဝရ ဘုရား၏ ပညတ္တိကျမ်းပါလျက်၊ ယုဒမြို့အရပ်ရပ်တို့တွင်၊ လှည့်လည်သဖြင့်၊ ပြည်သားတို့ကို သွန်သင်ကြ၏။
၉သူတို့သည်မိမိတို့နှင့်အတူယူဆောင် သွားသောထာဝရဘုရား၏ပညတ်တရား ကျမ်းအရ ယုဒမြို့အသီးသီးသို့လှည့် လည်ကာပြည်သူတို့အားသွန်သင်ကြ၏။
10 ၁၀ ယုဒပြည် ပတ်ဝန်းကျင်တိုင်းနိုင်ငံရှိသမျှတို့ သည်၊ ထာဝရဘုရားကို ကြောက်ရွံ့၍၊ ယောရှဖတ်ကို စစ်မတိုက်ဝံ့ဘဲ နေကြ၏။
၁၀ထာဝရဘုရားသည်ပတ်ဝန်းကျင်နိုင်ငံ အပေါင်းတို့အား ယောရှဖတ်နှင့်စစ်ဖြစ် ရန်ကြောက်လန့်စေတော်မူ၏။-
11 ၁၁ ဖိလိတ္တိလူတို့သည် လက်ဆောင်နှင့် အခွန်ငွေကို၎င်း၊ အာရပ်လူတို့သည် သိုးခုနစ်ထောင်ခုနစ်ရာနှင့် ဆိတ်ခုနစ်ထောင်ခုနစ်ရာကို၎င်း ဆောင်ခဲ့ကြ၏။
၁၁ဖိလိတ္တိအမျိုးသားအချို့တို့သည်ယော ရှဖတ်ထံသို့ ငွေအမြောက်အမြားနှင့် အခြားလက်ဆောင်ပဏ္ဏာများကိုယူဆောင် လာကြ၏။ အာရပ်အမျိုးသားအချို့တို့ ကလည်းသိုးအကောင်ရေခုနစ်ထောင့်ခုနစ် ရာနှင့် ဆိတ်အကောင်ရေခုနစ်ထောင့်ခုနစ်ရာ ကိုယူဆောင်လာလေသည်။-
12 ၁၂ ယောရှဖတ်သည် အလွန်ခွန်အားတိုးပွား၍၊ ယုဒပြည်၌ရဲတိုက်နှင့် ဘဏ္ဍာတော်မြို့တို့ကို တည်တော် မူ၏။
၁၂သို့ဖြစ်၍ယောရှဖတ်သည်တန်ခိုးကြီးသည် ထက်ကြီးလာတော်မူ၏။ သူသည်ယုဒပြည် တစ်လျှောက်လုံးတွင်ခံတပ်များကိုလည်း ကောင်း၊-
13 ၁၃ ယုဒမြို့တို့၌ အမှုအရေးတော်များ၏။ ခွန်အား ကြီးသော စစ်သူရဲတို့သည် ယေရုရှလင်မြို့၌ ရှိကြ၏။
၁၃ရိက္ခာအမြောက်အမြားသိုလှောင်ရာမြို့ များကိုလည်းကောင်းတည်ဆောက်တော်မူ၏။ မင်းကြီးသည်ယေရုရှလင်မြို့တွင်ထူးချွန် သည့်တပ်မှူးများကို၊-
14 ၁၄ စစ်သူရဲအဆွေအမျိုး အလိုက်ယူသော စာရင်း ဟူမူကား၊ ယုဒအမျိုး ဗိုလ်ချုပ်မင်းအာဒနနှင့် ခွန်အား ကြီးသော စစ်သူရဲသုံးသိန်း၊
၁၄သားချင်းစုများအလိုက်နေရာချထား တော်မူ၏။ ယုဒအနွယ်ဝင်တို့၏တပ်မှူး သည်အာဒနဖြစ်၍ သူ၏လက်အောက် တွင်စစ်သည်သုံးသိန်းရှိလေသည်။-
15 ၁၅ စစ်ကဲယောဟနန်နှင့်ခွန်အားကြီးသော စစ်သူရဲ နှစ်သိန်းရှစ်သောင်း၊
၁၅ဒုတိယတပ်မှူးမှာယောဟနန်ဖြစ်၍စစ် သည်နှစ်သိန်းရှစ်သောင်းကိုအုပ်ချုပ်ရ၏။-
16 ၁၆ စေတနာစိတ်နှင့်ကိုယ်ကို ထာဝရဘုရားအား ပူဇော်သော ဇိခရိသားအာမသိနှင့် ခွန်အားကြီးသော စစ်သူရဲနှစ်သိန်း၊
၁၆တတိယတပ်မှူးကားဇိခရိ၏သားအာမသိ ဖြစ်၍စစ်သည်နှစ်သိန်းကိုအုပ်ချုပ်ရလေသည်။ (အာမသိသည်မိမိစေတနာအလျောက် ထာဝရဘုရား၏အမှုတော်ကိုထမ်းဆောင် သူဖြစ်သည်။-)
17 ၁၇ ဗင်္ယာမိန်အမျိုး ခွန်အားကြီးသော ဧလျာဒနှင့် လေး၊ ဒိုင်းလွှားကို ကိုင်သောသူနှစ်သိန်း၊
၁၇ဗင်္ယာမိန်အနွယ်ဝင်တို့၏တပ်မှူးသည်ဧလျာဒ ဖြစ်၏။ သူသည်လေးနှင့်ဒိုင်းလွှားကိုင်စစ်သည် တော်နှစ်သိန်းကိုအုပ်ချုပ်ရသူ၊ ထူးချွန်သည့် စစ်သူရဲတစ်ဦးဖြစ်လေသည်။-
18 ၁၈ သူ့နောက်ယောဇဗဒ်နှင့် စစ်တိုက်ခြင်းငှါ၊ အသင့် ရှိသောသူ တသိန်းရှစ်သောင်းတည်း။
၁၈သူ၏လက်ထောက်တပ်မှူးမှာလက်နက်အပြည့် အစုံနှင့် လူတစ်သိန်းရှစ်သောင်းကိုအုပ်ချုပ် ရသူယောဇဗဒ်ဖြစ်၏။-
19 ၁၉ ယုဒပြည်အရပ်ရပ်၊ ခိုင်ခံ့သောမြို့တို့၌ ရှင်ဘုရင် ထားသောသူရဲမှတပါး၊ အထက်ဆိုခဲ့ပြီးသော သူတို့သည် အမှုတော်ကို ထမ်းလျက်နေကြ၏။
၁၉ယုဒပြည်ခံတပ်မြို့များတွင်နေရာချထား သည့်စစ်သည်တော်များအပြင် ယေရုရှလင် မြို့တွင်နေရာချထားသည့်ဤသူတို့သည် လည်း မင်းကြီး၏အမှုတော်ကိုထမ်းဆောင် ရကြလေသည်။