< ၂ ရာဇဝင်ချုပ် 16 >
1 ၁ အာသမင်းနန်းစံသုံးဆယ်ခြောက်နှစ်တွင်၊ ဣသ ရေလရှင်ဘုရင်ဗာရှာသည် ယုဒပြည်သို့ စစ်ချီ၍၊ ယုဒ ရှင်ဘုရင် အာသထံသို့ အဘယ်သူမျှ မထွက်မဝင်စေခြင်း ငှါ၊ ရာမမြို့ကိုတည်၏။
Asan valtakunnan kuudentena vuonna neljättäkymmentä nousi Baesa Israelin kuningas Juudaa vastaan, ja rakensi Raman, estääksensä Asan Juudan kuninkaan ulos- ja sisällekäymistä.
2 ၂ ထိုအခါ ဗိမာန်တော် ဘဏ္ဍာနှင့်နန်းတော် ဘဏ္ဍာတည်းဟူသော ရွှေငွေရှိသမျှကို၊ အာသသည် ထုတ်၍၊ ဒမာသက်မြို့၌နေသော ရှုရိရှင်ဘုရင်ဗင်္ဟာဒဒ် ထံသို့ပေးလိုက်၍၊
Vaan Asa otti Herran huoneen ja kuninkaan huoneen tavaroista hopiaa ja kultaa, ja lähetti Benhadadille Syrian kuninkaalle, joka asui Damaskussa, ja käski sanoa hänelle:
3 ၃ ငါသည်သင်နှင့်၎င်း၊ ငါ့ခမည်းတော်သည် သင့် ခမည်းတော်နှင့်၎င်း၊ မိဿဟာယဖွဲ့ခြင်းရှိသည်ဖြစ်၍၊ ရွှေငွေကို ငါပေးလိုက်၏။ ဣသရေ လရှင်ဘုရင်ဗာရှာ သည် ငါ့ထံမှထွက်သွားစေခြင်းငှါ၊ သူနှင့်ဖွဲ့သော မိဿ ဟာယကို ဖျက်၍လာပါဟု မှာလိုက်လေ၏။
Liitto on minun ja sinun vaiheellas, minun ja sinun isäs vaiheella: katso, minä lähetin sinulle hopiaa ja kultaa, ettäs Baesan Israelin kuninkaan liiton särkisit, että hän menis pois minun tyköäni.
4 ၄ အာသမင်းကြီး၏ စကားကို ဗဟာဒဒ်သည် နားထောင်၍၊ ဣသရေလမြို့ရွာတို့ကို စစ်ချီစေခြင်းငှါ၊ မိမိဗိုလ်များကို စေလွှတ်သဖြင့်၊ သူတို့သည်ဣယုန်မြို့၊ ဒန်မြို့၊ အာဗေလမိမ်မြို့မှစ၍၊ နဿလိပြည်၌ရှိသမျှ သော ဘဏ္ဍာမြို့တို့ကို လုပ်ကြံကြ၏။
Benhadad oli kuningas Asalle kuuliainen ja lähetti sodanpäämiehet, jotka hänellä olivat, Israelin kaupungeita vastaan; he löivät Ijonin, Danin ja Abelmajimin, ja kaikki Naphtalin jyväkaupungit.
5 ၅ ထိုသိတင်းကို ဗာရှာသည်ကြားသောအခါ၊ ရာမမြို့ကို လက်စမသတ်ဘဲ အလုပ်ကိုဖြတ်၍နေ၏။
Kuin Baesa sen kuuli, lakkasi hän rakentamasta Ramaa ja jätti työnsä.
6 ၆ ထိုအခါအာသမင်းကြီးသည် ယုဒလူအပေါင်းကို ခေါ်သဖြင့်၊ ရာမမြို့၌ ဗာရှာမင်းသွင်းသောကျောက်နှင့် သစ်သားကိုယူသွား၍၊ ဂေဘမြို့နှင့်မိဇပါမြို့ကိုတည်၏။
Vaan kuningas Asa otti tykönsä koko Juudan, ja he ottivat kivet ja hirret Ramasta, joista Baesa rakensi. Ja hän rakensi niistä Geban ja Mitspan.
7 ၇ ထိုအခါ ပရောဖက်ဟာနန်သည် ယုဒရှင်ဘုရင် အာသထံသို့လာ၍၊ မင်းကြီးသည် မိမိဘုရားသခင် ထာဝရဘုရားကို မခိုလှုံ၊ ရှုရိရှင်ဘုရင်ကို ခိုလှုံသော ကြောင့်၊ ရှုရိရှင်ဘုရင်၏ ဗိုလ်ခြေတို့သည် မင်းကြီး လက်မှ လွတ်သွားကြပြီ။
Siihen aikaan tuli Hanani näkiä Asan Juudan kuninkaan tykö ja sanoi hänelle: koskas turvasit Syrian kuninkaasen ja et turvannut Herraan Jumalaas, sentähden on Syrian kuninkaan väki päässyt pois sinun käsistäs.
8 ၈ ကုရှလူနှင့်လိဗုလူတို့သည် ရထားများ၊ မြင်းစီး သူရဲများနှင့်တကွ၊ အားကြီးသော အလုံးအရင်ဖြစ်သည် မဟုတ်လော။ သို့သော်လည်း မင်းကြီးသည် ထာဝရ ဘုရားကို ခိုလှုံသောကြောင့်၊ ထိုအလုံးအရင်းကို မင်းကြီး လက်သို့ အပ်နှံတော်မူပြီ။
Eikö Etiopialaiset ja Libialaiset olleet suuri joukko monien vaunuin ja hevosmiesten kanssa? Kuitenkin, koskas Herraan turvasit, antoi hän heidät sinun käsiis.
9 ၉ ထာဝရဘုရားသည် စုံလင်သော စေတနာစိတ် ရှိသောသူတို့ဘက်၌၊ ခိုင်ခံ့စွာ နေခြင်းငှါ၊ မြေကြီးတပြင် လုံးကို အနှံ့အပြားကြည့်ရှုလျက် ရှိတော်မူ၏။ ဤအမှု၌ မင်းကြီးသည် မိုက်စွာပြုပြီ။ ယခုမှစ၍ စစ်မှုရှိလိမ့်မည်ဟု ဆို၏။
Sillä Herran silmät katselevat kaikki maat, vahvistaaksensa niitä, jotka pysyvät hänen tykönänsä kaikesta sydämestänsä. Sinä olet tyhmästi tehnyt, sentähden sinun pitää tästedeskin sotia saaman.
10 ၁၀ ထိုသို့ဆိုသောကြောင့်၊ အာသသည် ပရောဖက် ကို အမျက်ထွက်၍ ထောင်ထဲမှာ လှောင်ထား၏။ ထိုကာလ၌ ပြည်သူပြည်သားအချို့တို့ကိုလည်း ညှဉ်းဆဲ ၏။
Niin Asa vihastui näkiän päälle ja heitti hänen vankeuteen; sillä hän kovin suuttui hänen päällensä tästä asiasta. Ja Asa ahdisti muutamia kansasta siihen aikaan.
11 ၁၁ အာသမင်းပြုမူသော အမှုအရာအစအဆုံးတို့ သည်၊ ဣသရေလရာဇဝင်နှင့် ယုဒရာဇဝင်၌ ရေးထား လျက်ရှိ၏။
Ja katso, Asan työt, sekä ensimäiset että viimeiset, katso, ne ovat kirjoitetut Juudan ja Israelin kuningasten kirjassa.
12 ၁၂ နန်းစံသုံးဆယ်ကိုးနှစ်တွင်၊ ခြေတော်၌ အနာ ရောဂါစွဲ၍ ပြင်းစွာ ခံရသော်လည်း၊ ထာဝရဘုရားကို မဆည်းကပ်၊ ဆေးသမားတို့ကိုသာ ဆည်းကပ်လေ၏။
Ja Asa tuli kipiäksi jaloista yhdeksäntenäneljättäkymmentä valtakuntansa vuotena, ja hänen tautinsa kovin eteni, ja ei hän kuitenkaan etsinyt Herraa taudissansakaan, vaan lääkäreitä.
13 ၁၃ အာသသည် ဘိုးဘေးတို့နှင့်အိပ်ပျော်၍၊ နန်းစံ လေးဆယ်တနှစ်တွင် အနိစ္စရောက်သဖြင့်၊
Niin Asa nukkui isäinsä kanssa ja kuoli valtakuntansa ensimäisenä vuotena viidettäkymmentä.
14 ၁၄ ဒါဝိဒ်မြို့မှာ မိမိအဘို့ မိမိလုပ်နှင့်သော သင်္ချိုင်း ၌၊ ပြည်သားတို့သည် သင်္ဂြိုဟ်သောအခါ၊ မွှေးကြိုင်သော နံ့သာမျိုးတို့ကို၊ ဆေးသမားအတတ်ဖြင့်ဘော်၍၊ တလား၌ အပြည့်ထည့်ပြီးလျှင်၊ အလောင်းတော်ကို တင်ထားကြ၏။ အလွန်ကြီးသောမီးရှို့ပွဲကိုလည်း ခံကြ၏။
Ja hän haudattiin omaan hautaansa, jonka hän oli antanut kaivaa Davidin kaupungissa. Ja he panivat hänet leposiaansa, joka täytettiin hyvänhajullisilla ja kaikkinaisilla kalliilla yrteillä, jotka olivat valmistetut apotekarein tavalla, ja polttivat hänelle sangen suurella polttamisella.