< ၂ ရာဇဝင်ချုပ် 15 >
1 ၁ ဘုရားသခင်၏ဝိညာဉ်တော်သည် ဩဒက်သား အာဇရိအပေါ်သို့ သက်ရောက်၍၊
上帝的靈感動俄德的兒子亞撒利雅。
2 ၂ အာဇရိသည် အာသမင်းကို ကြိုဆိုခြင်းငှါ သွားလျက်၊ အိုအာသမင်း၊ အိုယုဒအမျိုးနှင့် ဗင်္ယာမိန် အမျိုးသားအပေါင်းတို့၊ ငါ့စကားကို နားထောင်ကြလော့။ သင်တို့သည် ထာဝရဘုရားဘက်၌ နေလျှင်၊ နေစဉ် ကာလ၊ ထာဝရဘုရားသည် သင်တို့နှင့်အတူရှိတော် မူမည်။ ထာဝရဘုရားကိုရှာလျှင် အတွေ့ခံတော်မူမည်။ စွန့်လျှင်သင်တို့ကို စွန့်တော်မူမည်။
他出來迎接亞撒,對他說:「亞撒和猶大、便雅憫眾人哪,要聽我說:你們若順從耶和華,耶和華必與你們同在;你們若尋求他,就必尋見;你們若離棄他,他必離棄你們。
3 ၃ ကြာမြင့်သောကာလပတ်လုံး၊ ဣသရေလ အမျိုး၌ မှန်သော ဘုရားမရှိ။ ဩဝါဒပေးတတ်သော ယဇ် ပုရောဟိတ်မရှိ။ တရားလည်းမရှိဘဲ နေ၍၊
以色列人不信真神,沒有訓誨的祭司,也沒有律法,已經好久了;
4 ၄ ဘေးရောက်သဖြင့်၊ သူတို့သည် ဣသ ရေလအမျိုး၏ဘုရားသခင် ထာဝရဘုရားထံတော်သို့ ပြန်လာ၍၊ ရှာကြသောအခါ အတွေ့ခံတော်မူ၏။
但他們在急難的時候歸向耶和華-以色列的上帝,尋求他,他就被他們尋見。
5 ၅ ရှေးကာလ၌ ထွက်သောသူ၊ ဝင်သောသူသည် ချမ်းသာမရ။ အတိုင်းတိုင်းအပြည်ပြည်သားအပေါင်း တို့သည် အလွန်ဆင်းရဲခြင်းကို ခံရကြ၏။
那時,出入的人不得平安,列國的居民都遭大亂;
6 ၆ တနိုင်ငံနှင့်တနိုင်ငံ၊ တမြို့နှင့်တမြို့ထကြ၍၊ ဘေး အမျိုးမျိုးအားဖြင့်၊ ဘုရားသခင်ဆုံးမတော်မူ၏။
這國攻擊那國,這城攻擊那城,互相破壞,因為上帝用各樣災難擾亂他們。
7 ၇ သင်တို့မူကား အားယူကြလော့။ လက်အား မလျော့စေနှင့်။ သင်တို့ကျင့်သည် အတိုင်းအကျိုးကို ခံရကြမည်ဟာ မြွတ်ဆို၏။
現在你們要剛強,不要手軟,因你們所行的必得賞賜。」
8 ၈ ထိုစကားနှင့် ပရောဖက်ဩဒက်၏ အနာဂတ္တိ စကားကို အာသမင်းသည် ကြားသောအခါ၊ ရဲရင့်ခြင်းသို့ ရောက်၍၊ ယုဒပြည်နှင့် ဗင်္ယာမိန်ပြည်အရပ်ရပ်တို့၌၎င်း၊ ဧဖရိမ်တောင်ပေါ်မှာ တိုက်ယူသော မြို့တို့၌၎င်း၊ စက် ဆုပ်ဘွယ်သောအရာရှိသမျှတို့ကို ပယ်ရှား၍၊ ဗိမာန်တော် ဦးရှေ့တွင်ရှိသော ထာဝရဘုရား၏ ယဇ်ပလ္လင်ကို ပြုပြင် လေ၏။
亞撒聽見這話和俄德兒子先知亞撒利雅的預言,就壯起膽來,在猶大、便雅憫全地,並以法蓮山地所奪的各城,將可憎之物盡都除掉,又在耶和華殿的廊前重新修築耶和華的壇;
9 ၉ ယုဒအမျိုးနှင့် ဗင်္ယာမိန်အမျိုးသားအပေါင်းတို့ကို၎င်း၊ ဧဖရိမ်ခရိုင်၊ မနာရှေခရိုင်၊ ရှိမောင်ခရိုင်ထဲက ထွက်သော တပါးအမျိုးသားတို့ကို၎င်း စုဝေးစေ၏။ အာသမင်၏ ဘုရားသခင်ထာဝရဘုရားသည်၊ သူနှင့် အတူ ရှိတော်မူကြောင်းကို၊ ဣသရေလအမျိုးသား အများတို့သည် သိမြင်လျှင်၊ ထိုမင်းဘက်သို့ ဝင်စားကြ၏။
又招聚猶大、便雅憫的眾人,並他們中間寄居的以法蓮人、瑪拿西人、西緬人。有許多以色列人歸降亞撒,因見耶和華-他的上帝與他同在。
10 ၁၀ အာသမင်းနန်းစံဆယ်ငါနှစ်၊ တတိယလတွင် ယေရုရှလင်မြို့၌ စုဝေး၍၊
亞撒十五年三月,他們都聚集在耶路撒冷。
11 ၁၁ ဆောင်ခဲ့သော လက်ရဥစ္စာထဲကနွားခုနစ်ရာ၊ သိုးခုနစ်ထောင်တို့ကို ထာဝရဘုရားအား ပူဇော်ကြ၏။
當日他們從所取的擄物中,將牛七百隻、羊七千隻獻給耶和華。
12 ၁၂ ဘိုးဘေးတို့၏ ဘုရားသခင်ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ရှာပါမည်ဟူ၍၎င်း၊
他們就立約,要盡心盡性地尋求耶和華-他們列祖的上帝。
13 ၁၃ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား ကို မရှာသောသူ၊ ယောက်ျားမိန်းမ အကြီးအငယ် မည်သည်ကား၊ အသေသတ်ခြင်းကို ခံရမည်ဟူ၍၎င်း၊
凡不尋求耶和華-以色列上帝的,無論大小、男女,必被治死。
14 ၁၄ ကြွေးကြော်သံ၊ တံပိုးနှဲခရာမှုတ်သံနှင့်တကွ၊ ကြီးသောအသံဗလံပြုလျက်၊ ထာဝရဘုရားအား ကျိန်ဆို ၍ ဝန်ခံခြင်းပဋိညာဉ်ဖွဲ့ကြ၏။
他們就大聲歡呼,吹號吹角,向耶和華起誓。
15 ၁၅ ယုဒလူအပေါင်းသည် ထိုသို့ကျိန်ဆိုခြင်းကို ပြုသောအခါ ဝမ်းမြောက်ကြ၏။ အကြောင်းမူကား၊ စိတ်နှလုံးအကြွင်းမဲ့ကျိန်ဆို၍၊ အလိုဆန္ဒအားကြီးသည်နှင့်၊ ထာဝရဘုရားကိုရှာသောကြောင့် အတွေ့ခံတော်မူ၏။ အရပ်ရပ်၌ငြိမ်သက်ခြင်းအခွင့်ကို ပေးတော်မူ၏။
猶大眾人為所起的誓歡喜;因他們是盡心起誓,盡意尋求耶和華,耶和華就被他們尋見,且賜他們四境平安。
16 ၁၆ အာသမင်းကြီး၏ အဘွားတော်မာခါသည်၊ အာရှရပင်အောက်မှာ ရုပ်တုကိုလုပ်သောကြောင့်၊မိဖုရား အရာကိုနှုတ်၍၊ ရုပ်တုကိုဖျက်ဆီးကျော်နင်းပြီးလျှင်၊ ကေဒြုန်ချောင်းနားမှာ မီးရှို့တော်မူ၏။
亞撒王貶了他祖母瑪迦太后的位,因她造了可憎的偶像亞舍拉。亞撒砍下她的偶像,搗得粉碎,燒在汲淪溪邊。
17 ၁၇ မြင့်သောအရပ်တို့ကို ဣသရေလပြည်၌ မပယ် ရှားသော်လည်း၊ လက်ထက်တော်ကာလပတ်လုံး အာသ စိတ်နှလုံးသည် စုံလင်ခြင်းရှိ၏။
只是邱壇還沒有從以色列中廢去,然而亞撒的心一生誠實。
18 ၁၈ ခမည်းတော်လှူသောဥစ္စာ၊ ကိုယ်တိုင်လှူသော ဥစ္စာ၊ ရွှေ၊ ငွေတန်ဆာများကို ဗိမာန်တော်ထဲသို့ သွင်းထား တော်မူ၏။
亞撒將他父所分別為聖、與自己所分別為聖的金銀和器皿都奉到上帝的殿裏。
19 ၁၉ နောက်တဖန်နန်းစံ သုံးဆယ်ငါးနှစ်တိုင်အောင် စစ်တိုက်ခြင်းမရှိ။
從這時直到亞撒三十五年,都沒有爭戰的事。