< ၂ ရာဇဝင်ချုပ် 13 >
1 ၁ ယေရောဗောင်မင်းကြီး နန်းစံဆယ်နှစ်နှစ်တွင် အဘိယသည် ယေရုရှလင်မြို့၌မင်းပြု၍၊
anno octavodecimo regis Hieroboam regnavit Abia super Iudam
2 ၂ ယုဒပြည်ကို သုံးနှစ်စိုးစံ၏။ မယ်တော်ကား၊ ဂိဗာမြို့သားဩရေလ၏ သမီးမာခါအမည်ရှိ၏။ အဘိယနှင့် ယေရောဗောင်တို့သည် စစ်တိုက် သောအကြောင်းအရာဟူမူကား၊
tribus annis regnavit in Hierusalem nomenque matris eius Michaia filia Urihel de Gabaa et erat bellum inter Abia et Hieroboam
3 ၃ အဘိယသည် ရွေးချယ်သော စစ်သူရဲကောင်း လေးသိန်းနှင့် စစ်ခင်းကျင်၏။ ယေရောဗောင်သည် ရွေးချယ်သောစစ်သူရဲကောင်းရှစ်သိန်းနှင့် စစ်ခင်း ကျင်း၏။
cumque inisset Abia certamen et haberet bellicosissimos viros et electorum quadringenta milia Hieroboam instruxit e contra aciem octingenta milia virorum qui et ipsi electi erant et ad bella fortissimi
4 ၄ အဘိယသည် ဧဖရိမ်ခရိုင်၊ ဇေမရိမ်တောင် ပေါ်မှာ ရပ်လျက်၊ အိုယေရောဗောင်နှင့် ဣသရေလလူ အပေါင်းတို့၊ နားထောင်ကြလော့။
stetit igitur Abia super montem Someron qui erat in Ephraim et ait audi Hieroboam et omnis Israhel
5 ၅ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား သည် ဆားနှင့် ယှဉ်သောပဋိညာဉ်အားဖြင့်၊ ဣသရေလ နိုင်ငံကို ဒါဝိဒ်နှင့်သားတော် မြေးတော်တို့၌အစဉ် အိပ်တော်မူကြောင်းကို၊ သင်တို့သိမှတ်သင့်သည် မဟုတ်လော။
num ignoratis quod Dominus Deus Israhel dederit regnum David super Israhel in sempiternum ipsi et filiis eius pactum salis
6 ၆ သို့ရာတွင်၊ ဒါဝိဒ်သားတော်ရှောလမုန်၏ ကျွန်နေဗတ်သားယေ ရောဗောင်သည်၊ မိမိအရှင်ကို တဘက်ထ၍ပုန်ကန်လေပြီ။
et surrexit Hieroboam filius Nabath servus Salomonis filii David et rebellavit contra dominum suum
7 ၇ ရှောလမုန်သားရောဗောင်သည် အသက်ငယ်၍ သဘောနူးညံ့သောကြောင့်၊ မဆီးတားနိုင်သောအခါ၊ လှပ်ပေါ်သောသူ၊ အစမ္မလူတို့သည် ယေရောဗောင်ထံမှာ စုဝေး၍၊ ရောဗောင်မင်းတဘက်၌ ကိုယ်ကို ခိုင်ခံ့စေ ကြ၏။
congregatique sunt ad eum viri vanissimi et filii Belial et praevaluerunt contra Roboam filium Salomonis porro Roboam erat rudis et corde pavido nec potuit resistere eis
8 ၈ ယခုလည်း သင်တို့သည် ဒါဝိဒ်၏သားမြေး၌ ရှိသော ထာဝရဘုရား၏ နိုင်ငံတော်ကို ဆီးတားမည်ဟု ကြံစည်ကြသည်တကား၊ သင်တို့သည် များပြား၍ သင်တို့ ဘုရားအရာ၌၊ ယေရောဗောင်လုပ်သော ရွှေနွားသငယ် တို့လည်းရှိကြ၏။
nunc ergo vos dicitis quod resistere possitis regno Domini quod possidet per filios David habetisque grandem populi multitudinem atque vitulos aureos quos fecit vobis Hieroboam in deos
9 ၉ သင်တို့သည် ထာဝရဘုရားခန့်ထားတော်မူ သော ယဇ်ပုရောဟိတ်၊ အာရုန်အမျိုးနှင့် လေဝိအမျိုးသား တို့ကိုနှင်ထုတ်၍၊ တပါးအမျိုးသားထုံးစံအတိုင်း၊ ကိုယ်အဘို့ ယဇ်ပူရောဟိတ်တို့ကို လုပ်ကြပြီမဟုတ်လော။ ထိုသို့နှင့်အညီ၊ နွားသငယ်တကောင်နှင့် သိုးခုနစ်ကောင် ကို ပေး၍၊ ယဇ်ပုရောဟိတ်အရာ၌ ခန့်ထားခြင်းကို ခံသော သူမည်သည်ကား၊ ဘုရားမဟုတ်သောသူထံမှာ ယဇ်ပုရောဟိတ်ပြုရသည်တကား။
et eiecistis sacerdotes Domini filios Aaron atque Levitas et fecistis vobis sacerdotes sicut omnes populi terrarum quicumque venerit et initiaverit manum suam in tauro in bubus et in arietibus septem fit sacerdos eorum qui non sunt dii
10 ၁၀ ငါတို့မူကား၊ ထာဝရဘုရားကိုမစွန့်။ ထိုဘုရား သည် ငါတို့၌ ဘုရားသခင်ဖြစ်တော်မူ၏။ ထာဝရဘုရား ၏အမှုတော်ကို ထမ်းသောယဇ်ပုရောဟိတ်တို့သည် အာရုန်အမျိုးဖြစ်ကြ၏။ လေဝိသားတို့သည်လည်း၊ မိမိတို့ အမှိုကို စောင့်နေကြ၏။
noster autem Dominus Deus est quem non relinquimus sacerdotesque ministrant Domino de filiis Aaron et Levitae sunt in ordine suo
11 ၁၁ ထာဝရဘုရားရှေ့တော်၌၊ မီးရှို့ရာယဇ်နှင့် နံ့သာပေါင်းကို နံနက်တိုင်း၊ ညဦးတိုင်းမီးရှို့ကြ၏။ သန့်ရှင်းသော စားပွဲပေါ်မှာ ရှေ့တော်မုန့်ကို၎င်း၊ ညဦး တိုင်းထွန်းစရာဘို့ရွှေမီးခုံနှင့် မီးခွက်တို့ကို၎င်း ပြင်ဆင်ကြ ၏။ ငါတို့သည် ငါတို့၏ဘုရားသခင် ထာဝရဘုရား၏ အမှုတော်ကို စောင့်ကြ၏။ သင်တို့မူကား၊ ထာဝရဘုရား ကို စွန့်ကြပြီ။
holocausta quoque offerunt Domino per singulos dies mane et vespere et thymiama iuxta legis praecepta confectum et proponuntur panes in mensa mundissima estque apud nos candelabrum aureum et lucernae eius ut accendantur semper ad vesperam nos quippe custodimus praecepta Domini Dei nostri quem vos reliquistis
12 ၁၂ ဘုရားသခင် ကိုယ်တော်တိုင်သည်၊ ငါတို့တွင် ဗိုလ်မင်းဖြစ်တော်မူ၏။ ဘုရားသခင်၏ ယဇ်ပုရောဟိတ် တို့သည်လည်း၊ တံပိုးမှုတ်လျက် သင်တို့တဘက်၌ နှိုးဆော် ခြင်းငှါ၊ ငါတို့တွင်ရှိကြ၏။ အိုဣသရေလအမျိုးသားတို့၊ ဘိုးဘေးတို့၏ဘုရားသခင် ထာဝရဘုရားတဘက်၌ မတိုက်ကြနှင့်။ တိုက်လျှင်ရှုံးရကြလိမ့်မည်ဟု ပြောဆို၏။
ergo in exercitu nostro dux Deus est et sacerdotes eius qui clangunt tubis et resonant contra vos filii Israhel nolite pugnare contra Dominum Deum patrum vestrorum quia non vobis expedit
13 ၁၃ ယေရောဗောင်သည် ယုဒလူတို့နောက်၌ မထင် မရှားတပ်ချီစေ၍၊ ကိုယ်တိုင်တဘက်၊ ချောင်းနေသောသူတဘက်၊ ယုဒတပ်ကိုဝိုင်းကြ၏။
haec illo loquente Hieroboam retro moliebatur insidias cumque ex adverso hostium staret ignorantem Iudam suo ambiebat exercitu
14 ၁၄ ယုဒလူတို့သည် ပြန်ကြည့်သောအခါ၊ စစ်မှုဝိုင်း မိသည်ကိုမြင်လျှင်၊ ထာဝရဘုရားအားဟစ်ခေါ်၍၊ ယဇ် ပုရောဟိတ်တို့သည်လည်း တံပိုးမှုတ်ကြ၏။
respiciensque Iudas vidit instare bellum ex adverso et post tergum et clamavit ad Dominum ac sacerdotes tubis canere coeperunt
15 ၁၅ တဖန်ယုဒလူတို့သည် ကြွေးကြော်သောအခါ၊ ဘုရားသခင်သည် ယေရောဗောင်ကို အဘိယနှင့် ယုဒလူတို့ ရှေ့မှာ ဒဏ်ခတ်တော်မူသဖြင့်၊
omnesque viri Iuda vociferati sunt et ecce illis clamantibus perterruit Deus Hieroboam et omnem Israhel qui stabat ex adverso Abia et Iuda
16 ၁၆ ဣသရေလအမျိုးသားတို့သည် ပြေး၍၊ သူတို့ကို ယုဒလူတို့လက်သို့ ဘုရားသခင်အပ်တော်မူ၏။
fugeruntque filii Israhel Iudam et tradidit eos Deus in manu eorum
17 ၁၇ အဘိယနှင့် သူ၏လူတို့သည် ကြီးစွာသော လုပ်ကြံခြင်းကိုပြု၍၊ ရွေးချယ်သော ဣသရေလလူ ငါးသိန်းလဲသေသဖြင့်၊
percussit ergo eos Abia et populus eius plaga magna et corruerunt vulnerati ex Israhel quingenta milia virorum fortium
18 ၁၈ ဣသရေလအမျိုးသားတို့သည်၊ ထိုအခါရှုံး၍၊ ယုဒအမျိုးသားတို့သည် ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရားကို ခိုလှုံသောကြောင့် နိုင်ကြ၏။
humiliatique sunt filii Israhel in tempore illo et vehementissime confortati filii Iuda eo quod sperassent in Domino Deo patrum suorum
19 ၁၉ အဘိယသည် ယေရောဗောင်ကို လိုက်၍၊ ဗေသလမြို့နှင့်ရွာများ၊ ယေရှနမြို့နှင့်ရွာများ၊ ဧဖရိမ်မြို့ နှင့်ရွာများတို့ကို သူ့လက်မှနှုတ်ယူလေ၏။
persecutus est autem Abia fugientem Hieroboam et cepit civitates eius Bethel et filias eius et Hiesena cum filiabus suis Ephron quoque et filias eius
20 ၂၀ အဘိယလက်ထက် ကာလပတ်လုံး၊ ယေရော ဗောင်သည် နောက်တဖန်ခွန်အားကို မရပြန်။ ထာဝရ ဘုရားဒဏ်ခတ်တော်မူသဖြင့် သေလေ၏။
nec valuit ultra resistere Hieroboam in diebus Abia quem percussit Dominus et mortuus est
21 ၂၁ အဘိယမူကား ခွန်အားတိုးပွါး၏။ မယား တဆယ်လေးယောက်တို့ကိုယူ၍ သားနှစ်ဆယ်နှစ် ယောက်နှင့် သမီးတဆယ်ခြောက်ယောက်တို့ကို မြင်ရ၏။
igitur Abia confortato imperio suo accepit uxores quattuordecim procreavitque viginti duos filios et sedecim filias
22 ၂၂ အဘိယပြုမူသောအမှုအရာ ကြွင်းလေသမျှတို့ နှင့် ကျင့်သောအကျင့်၊ ပြောသောစကားများတို့သည်၊ ရာဇဝင်နှင့်ဆက်၍ ပရောဖက်ဣဒ္ဒေါစီရင်သော စာ၌ ရေးထားလျက်ရှိ၏။
reliqua autem sermonum Abia viarumque et operum eius scripta sunt diligentissime in libro prophetae Addo