< ၂ ရာဇဝင်ချုပ် 12 >
1 ၁ ရောဗောင်မင်းသည် မိမိနိုင်ငံကို တည်စေ၍ အားကြီးသောအခါ၊ ဣသရေလအမျိုးရှိသမျှနှင့်တကွ ထာဝရဘုရား၏ တရားတော်ကို စွန့်၍၊
And it came to pass, when Rehoboam had established the kingdom, and had strengthened himself, he forsook the law of YHWH, and all Israel with him.
2 ၂ ထာဝရဘုရားကို ပြစ်မှားသောကြောင့်၊ ရော ဗောင်မင်းကြီးနန်းစံ ငါးနှစ်တွင်၊
And it came to pass, that in the fifth year of king Rehoboam Shishak king of Egypt came up against Jerusalem, because they had transgressed against YHWH,
3 ၃ အဲဂုတ္တုရှင်ဘုရင်ရှိရှက်သည် ရထားတထောင် နှစ်ရာ၊ မြင်းစီးသူရဲခြောက်သောင်း၊ မရေတွက်နိုင်သော အဲဂုတ္တပြည်သားများ၊ လိဗုပြည်သား၊ သုကိပြည်သား၊ အဲသယောပိပြည်သားတို့နှင့်တကွ၊ ယေရုရှလင်မြို့သို့ စစ်ချီ၍၊
With twelve hundred chariots, and threescore thousand horsemen: and the people were without number that came with him out of Egypt; the Lubims, the Sukkiims, and the Ethiopians.
4 ၄ ယုဒပြည်၌ခိုင်ခံ့သော မြို့တို့ကိုတိုက်ယူပြီးမှ၊ ယေရုရှလင်မြို့သို့ ရောက်လေ၏။
And he took the fenced cities which pertained to Judah, and came to Jerusalem.
5 ၅ ထိုအခါ ရှိရှက်မင်းကြောင့်၊ ယေရုရှလင်မြို့၌ စုဝေးသော ယုဒမင်းများထံ၊ ရောဗောင်မင်းထံတော်သို့ ပရောဖက်ရှေမာယသည်လာ၍၊ ထာဝရဘုရား မိန့်တော် မူသည်ကား၊ သင်တို့သည် ငါ့ကိုစွန့်သောကြောင့်၊ ငါသည် သင်တို့ကို ရှိရှက်မင်းလက်သို့ အပ်လေပြီဟု အမိန့်တော် ကို ဆင့်ဆိုလျှင်၊
Then came Shemaiah the prophet to Rehoboam, and to the princes of Judah, that were gathered together to Jerusalem because of Shishak, and said unto them, Thus saith YHWH, Ye have forsaken me, and therefore have I also left you in the hand of Shishak.
6 ၆ ရှင်ဘုရင်နှင့်ယုဒမင်းတို့က၊ ထာဝရဘုရား ဖြောင့်မတ်တော်မူ သည်ဟုဆို၍၊ မိမိတို့ကို နှိမ့်ချကြ၏။
Whereupon the princes of Israel and the king humbled themselves; and they said, YHWH is righteous.
7 ၇ ထိုသို့နှိမ့်ချကြောင်းကို ထာဝရဘုရားမြင်လျှင်၊ နှုတ်ကပတ်တော်သည် ရှေမာယသို့ရောက်၍၊ သူတို့သည် နှိမ့်ချကြပြီ။ ထိုကြောင့်သူတို့ကို ငါမဖျက်ဆီး၊ အနည်းငယ် သော ချမ်းသာကိုပေးမည်။ ရှိရှက်လက်ဖြင့် ယေရုရှလင် မြို့ပေါ်သို့ ငါ့အမျက်ကို မသွန်းလောင်းရ။
And when YHWH saw that they humbled themselves, the word of YHWH came to Shemaiah, saying, They have humbled themselves; therefore I will not destroy them, but I will grant them some deliverance; and my wrath shall not be poured out upon Jerusalem by the hand of Shishak.
8 ၈ သို့ရာတွင် ငါ့ထံ၌ အမှုထမ်းခြင်း၊ တပါး အမျိုးသား ရှင်ဘုရင်ထံ၌ အမှုထမ်းခြင်းကို ပိုင်းခြား၍ သိစေခြင်ငှါ၊ ရှိရှက်မင်းထံ၌ ကျွန်ခံရကြမည်ဟု မိန့်တော် မူ၏။
Nevertheless they shall be his servants; that they may know my service, and the service of the kingdoms of the countries.
9 ၉ အဲဂုတ္တုရှင်ဘုရင် ရှိရှက်သည် ယေရုရှလင်မြို့သို့ ရောက်၍၊ ဗိမာန်တော်ဘဏ္ဍနှင့် နန်းတော်ဘဏ္ဍာရှိသမျှ ကို သိမ်းသွား၏။ ရှောလမုန်လုပ်သော ရွှေဒိုင်းရှိသမျှကို လည်း ယူသွား၏။
So Shishak king of Egypt came up against Jerusalem, and took away the treasures of the house of YHWH, and the treasures of the king's house; he took all: he carried away also the shields of gold which Solomon had made.
10 ၁၀ ရောဗောင်မင်းကြီးသည် ရွှေဒိုင်းအစား၊ ကြေးဝါ ဒိုင်းတို့ကိုလုပ်၍၊ နန်းတော်တံခါးစောင့်၊ ကိုယ်ရံတော်မှူး၌ အပ်လေ၏။
Instead of which king Rehoboam made shields of brass, and committed them to the hands of the chief of the guard, that kept the entrance of the king's house.
11 ၁၁ ရှင်ဘုရင်သည် ဗိမာန်တော်သို့ သွားသောအခါ၊ ကိုယ်ရံတော်သားတို့သည် ဒိုင်းတို့ကိုဆောင်၍၊ နောက် တဖန်မိမိတို့စောင့်ရာ အခန်းမှာ ပြန်ထားကြ၏။
And when the king entered into the house of YHWH, the guard came and fetched them, and brought them again into the guard chamber.
12 ၁၂ ထိုသို့ရှင်ဘုရင်သည် ကိုယ်ကို နှိမ့်ချသောအခါ၊ ထာဝရဘုရားသည် သူ့ကို ရှင်းရှင်းမဖျက်ဆီးမည် အကြောင်း၊ အမျက်တော်ကို လွှဲတော်မူ၏။ ယုဒပြည်၌ လည်း၊ ပြည်မှုပြည်ရေးသာယာသဖြင့်၊
And when he humbled himself, the wrath of YHWH turned from him that he would not destroy him altogether: and also in Judah things went well.
13 ၁၃ ရောဗောင်မင်းကြီးသည် ယေရုရှလင်မြို့၌ ကိုယ်ကိုခိုင်ခံ့စေ၍ စိုးစံသော သေး၏။
So king Rehoboam strengthened himself in Jerusalem, and reigned: for Rehoboam was one and forty years old when he began to reign, and he reigned seventeen years in Jerusalem, the city which YHWH had chosen out of all the tribes of Israel, to put his name there. And his mother's name was Naamah an Ammonitess.
14 ၁၄ ထာဝရဘုရားကို ရှာလိုသောငှါ၊ မိမိသဘော မချသောကြောင့်၊ ဒုစရိုက်အမှုကိုပြု၏။
And he did evil, because he prepared not his heart to seek YHWH.
15 ၁၅ ရောဗောင်ပြုမူသော အမှုအရာအစအဆုံးတို့ သည်၊ ပရောဖက်ရှေမာယ၏ကျမ်းနှင့်၊ ပရောဖက်ဣဒ္ဒေါ စီရင်သော သားစဉ်မြေးဆက်စာရင်း၌ ရေးထားလျက် ရှိ၏။ ရောဗောင်နှင့် ယေရောဗောင်တို့သည်၊ အသက် ရှည်သမျှကာလပတ်လုံး ရန်ဘက်ပြုကြ၏။
Now the acts of Rehoboam, first and last, are they not written in the book of Shemaiah the prophet, and of Iddo the seer concerning genealogies? And there were wars between Rehoboam and Jeroboam continually.
16 ၁၆ ရောဗောင်သည်လည်း၊ ဘိုးဘေးတို့နှင့် အိပ် ပျော်၍၊ ဒါဝိဒ်မြို့၌ သင်္ဂြိုဟ်ခြင်းကို ခံလေ၏။ သားတော် အဘိယသည် ခမည်းတော်အရာ၌ နန်းထိုင်၏။ ရောဗောင်သည် နန်းထိုက်သောအခါ၊ အသက် လေးဆယ်တနှစ်ရှိ၏။ ထာဝရဘုရားသည် နာမတော် တည်စေရာဘို့၊ ဣသရေလခရိုင်များတို့အထဲက ရွေး ကောက်သောယေရုရှလင်မြို့၌၊ ဆယ်ခုနစ်နှစ်စိုးစံလေ ၏။ မယ်တော်ကားအမ္မန်အမျိုးသား၊ နေမအမည်ရှိ၏။
And Rehoboam slept with his fathers, and was buried in the city of David: and Abijah his son reigned in his stead.