< ၁ သက်သာလောနိတ် 1 >
1 ၁ ပေါလု၊ သိလွာနု၊ တိမောသေတို့သည် ခမည်းတော်ဘုရားနှင့် သခင်ယေရှုခရစ်၌ တည်ရှိသော သက်သာလောနိတ်မြို့သား အသင်းတော်ကို ကြားလိုက်ပါ၏။ သခင်ယေရှုခရစ်နှင့် ငါတို့အဘတည်းဟူသော ဘုရားသခင့်အထံတော်က ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်တို့၌ ရှိပါစေသော။
Paulo, Silvano e Timóteo, à assembléia dos Tessalonicenses em Deus Pai e no Senhor Jesus Cristo: Graça a vós e paz de Deus, nosso Pai, e do Senhor Jesus Cristo.
2 ၂ ငါတို့အဘတည်းဟူသော ဘုရားသခင့်ရှေ့တော်၌၊ သင်တို့သည် ယုံကြည်သောစိတ်နှင့် အကျင့်ကို ကျင့်ခြင်း၊ ချစ်သောစိတ်နှင့် ကြိုးစားအားထုတ်ခြင်း၊
Agradecemos sempre a Deus por todos vocês, mencionando-os em nossas orações,
3 ၃ ငါတို့သခင်ယေရှုခရစ်ကို မြော်လင့်သောစိတ်နှင့် တည်ကြည်ခြင်းတို့ကို ငါတို့သည် အစဉ်မပြတ် အောက်မေ့လျက်၊ ဘုရားသခင်ချစ်တော်မူသော ညီအစ်ကိုတို့၊ သင်တို့ခံရသော ရွေးကောက်တော်မူခြင်းကို သိလျက်၊ သင်တို့အပေါင်းကို အကြောင်းပြုသဖြင့်၊
recordando sem cessar seu trabalho de fé e trabalho de amor e perseverança de esperança em nosso Senhor Jesus Cristo, diante de nosso Deus e Pai.
4 ၄ ဘုရားသခင်၏ ကျေးဇူးတော်ကို ကာလအစဉ်ချီးမွမ်း၍၊ သင်တို့အဘို့ အလိုငှါ ဆုတောင်းပဌနာပြုလျက် နေကြ၏။
Sabemos, irmãos amados por Deus, que vocês foram escolhidos,
5 ၅ ငါတို့သည် သင်တို့နှင့်အတူနေသောအခါ သင်တို့အတွက် အဘယ်သို့သော သူဖြစ်သည်ကို သင်တို့ သိကြသည်နှင့်အညီ၊ ငါတို့ဟောပြောသော ဧဝံဂေလိတရားသည်၊ သင်တို့၌ စကားသက်သက်ဖြစ်သည် မဟုတ်။ တန်ခိုးနှင့်၎င်း၊ သန့်ရှင်းသောဝိညာဉ်တော်နှင့်၎င်း၊ ဝိစိကိစ္ဆာမရှိဘဲ အမှန်သိခြင်းနှင့်၎င်း ပြည့်စုံသော တရားဖြစ်၏။
e que nossa Boa Nova chegou até vocês não somente em palavras, mas também em poder, e no Espírito Santo e com muita segurança. Vós sabeis que tipo de homens nós mostramos estar entre vós por vossa causa.
6 ၆ သင်တို့သည် ကြီးစွာသောဆင်းရဲခြင်းကို ခံရသော်လည်း၊ သန့်ရှင်းသော ဝိညာဉ်တော်နှင့်ဆိုင်သော ဝမ်းမြောက်ခြင်းနှင့်တကွ နှုတ်ကပတ်တရားတော်ကို ခံယူ၍၊ ငါတို့ကဲ့သို့သောသူ၊ သခင်ဘုရားကဲ့သို့သော သူဖြစ်ကြ၏။
Vocês se tornaram imitadores de nós e do Senhor, tendo recebido a palavra em muita aflição, com alegria do Espírito Santo,
7 ၇ သို့ဖြစ်၍၊ မာကေဒေါနိပြည်၊ အာခါယပြည်၌ ယုံကြည်သော သူအပေါင်းတို့အား သင်တို့သည် ပုံသက်သေပေးသောသူ ဖြစ်ကြ၏။
de modo que vocês se tornaram um exemplo para todos os que acreditam na Macedônia e na Acaia.
8 ၈ အဘယ်သို့နည်းဟူမူကား၊ သင်တို့ထံက၊ သခင်ဘုရား၏ နှုတ်ကပတ်တရားတော်အသံသည်၊ မာကေ ဒေါနိပြည်၊ အခါယပြည်၌ ကျော်စောသည်သာမက၊ ဘုရားသခင်ကို သင်တို့ ယုံကြည်ခြင်း၏ သိတင်းသည် အရပ်ရပ်တို့၌ နှံ့ပြားလေ၏။ သို့ဖြစ်၍ ငါတို့သည် တစုံတခုကိုမျှ ပြောစရာအကြောင်းမရှိ။
Pois de vocês foi declarada a palavra do Senhor, não somente na Macedônia e na Acaia, mas também em todos os lugares em que sua fé para com Deus se manifestou, de modo que não precisamos dizer nada.
9 ၉ ငါတို့သည် သင်တို့အထဲသို့ အဘယ်သို့ ဝင်ကြသည် အကြောင်းအရာကို သူတို့သည် ကိုယ်တိုင်ကြား ပြောကြ၏။ အသက်နှင့် ပြည့်စုံလျက် မှန်တော်မူသော ဘုရားသခင်၏ အမှုတော်ကို သင်တို့သည် ဆောင်ခြင်း ငှါ၎င်း၊
Pois eles mesmos relatam sobre nós que tipo de recepção tivemos de vocês, e como vocês se voltaram de ídolos para Deus para servir a um Deus vivo e verdadeiro,
10 ၁၀ ရောက်လတံ့သော ဘေးဒဏ်မှ ငါတို့ကို ကယ်နှုတ်သော သခင်ယေရှုတည်းဟူသော သေခြင်းမှ ဘုရား သခင် ထမြောက်စေတော်မူသော သားတော်သည် ကောင်းကင်ဘုံမှ ကြွလာတော်မူမည် အရာကို ငံ့လင့်ခြင်း ငှါ၎င်း၊ ရုပ်တုဆင်းတုတို့ကို ပစ်ပယ်၍၊ ဘုရားသခင့်အထံတော်သို့ ပြောင်းလဲကြသည် အကြောင်းအရာ ကိုလည်း ကြားပြောကြ၏။
e para esperar seu Filho do céu, a quem ele ressuscitou dos mortos: Jesus, que nos livra da ira que está por vir.