< ၁ သက်သာလောနိတ် 3 >
1 ၁ ထိုကြောင့် ငါသည် တဖန်မအောင့်နိုင်သောအခါ၊ အာသင်မြို့၌ တယောက်တည်းကျန်ရစ်၍ နေခြင်းငှါ အလိုရှိ၏။
Kanaafuu nu waan hammana caalaa obsuu dadhabneef kophaa keenya Ateenaatti hafuun gaarii nutti fakkaate.
2 ၂ ခရစ်တော်၏ ဧဝံဂေလိတရားကို ဟောပြော၍၊ ဘုရားသခင်၏ အမှုတော်ကို လုပ်ဘော်ဆောင်ဘက် ဖြစ်သော ငါ့ညီတိမောသေကို လွှတ်လိုက်၏။
Nus obboleessa keenya Xiimotewos, tajaajilaa Waaqaa isa wangeela Kiristoosiitti hojjetaa hidhata keenya taʼe sana, akka inni amantii keessanitti isin cimsuu fi isin jajjabeessuuf ergineerra;
3 ၃ ငါတို့ခံရသော ဆင်းရဲခြင်းကြောင့် အဘယ်သူမျှ မရွေ့လျော့မည်အကြောင်း၊ သင်တို့ကိုမြဲမြံစေ၍၊ ယုံကြည်ခြင်းအရာ၌ သင်တို့ကို တိုက်တွန်းနှိုးဆော်စေခြင်းငှါ သူ့ကို ငါလွှတ်လိုက်၏။
kunis akka namni tokko iyyuu dhiphina kanaan hin jeeqamneef. Isinis akka nu waan kanaaf filatamne sirriitti beektu.
4 ၄ ထိုဆင်းရဲခြင်းကို ခံစေမည်အကြောင်း ၊ ငါတို့ကို ခန့်ထားတော်မူသည်ဟု သင်တို့ကိုယ်တိုင် သိကြ၏။ အဘယ်သို့နည်းဟူမူကား၊ ငါတို့သည် ဆင်းရဲခြင်းကို ခံရလိမ့်မည်ဟု သင်တို့နှင့် အတူရှိစဉ်အခါ ငါတို့ပြောနှင့် ကြပြီ။ ထိုသို့ပြောသည်အတိုင်း ဖြစ်သည်ကို သင်တို့လည်း သိကြ၏။
Yeroo isin bira turretti akka dhiphinni nurra gaʼu isinitti himaa turreetii. Innis akkuma isin beektan sana taʼe.
5 ၅ စုံစမ်းသွေးဆောင်တတ်သောသူသည် သင်တို့ကို စုံစမ်းသွေးဆောင်သဖြင့်၊ ငါတို့ပင်ပန်းစွာ လုပ်ဆောင်ခြင်းအမှုသည် အချည်းနှီးဖြစ်မည်ဟု စိုးရိမ်၍ မအောင့်နိုင်သောအခါ သင်တို့၏ ယုံကြည်ခြင်းကို သိလိုသောငှါ ငါစေလွှတ်၏။
Sababii kanaaf ani yommuun kana caalaa obsuu dadhabetti waaʼee amantii keessanii baruuf jedheen isa erge. Tarii inni nama qoru sun isin qoree dadhabbiin keenyas faayidaa malee hafeera jedheen sodaadhe.
6 ၆ ယခုမူကား၊ တိမောသေသည် သင်တို့ထံက ပြန်လာ၍၊ သင်တို့၏ ယုံကြည်ခြင်းနှင့် ချစ်ခြင်းတည် သည်ဟူ၍၎င်း၊ ငါတို့သည် သင်တို့ကို လွမ်းသကဲ့သို့ သင်တို့သည် ငါတို့ကို လွမ်း၍၊ အစဉ်မပြတ် ကောင်းမွန် စွာ အောက်မေ့ကြသည်ဟူ၍၎င်း၊ ဝမ်းမြောက်စရာ သိတင်းကို ကြားပြောသည်ရှိသော်၊
Amma garuu Xiimotewos isin biraa gara keenya dhufee waaʼee amantii keessaniitii fi waaʼee jaalala keessanii oduu gaarii nutti himeera. Akkasumas akka isin yeroo hunda yaada gaariidhaan nu yaaddanii fi akkuma nu isin arguu hawwinu sana akka isinis nu arguu hawwitan nutti himeera.
7 ၇ ညီအစ်ကိုတို့၊ ငါတို့သည် အရာရာ၌ဆင်းရဲ၍ ခက်ခဲစွာခံရသည်တွင်၊ သင်တို့၏ ယုံကြည်ခြင်းအားဖြင့် သက်သာခြင်းသို့ ရောက်ကြ၏။
Kanaaf yaa obboloota, nu dhiphinaa fi ariʼatama keenya hunda keessatti amantii keessaniin waaʼee keessan jajjabaanneerra.
8 ၈ ယခုမှာ သင်တို့သည် သခင်ဘုရား၌ တည်ကြည်လျှင်၊ ငါတို့သည် အသက်ရှင်ကြ၏။
Yoo isin Gooftaatti cimtanii dhaabatan nu dhugumaan ni jiraannaatii.
9 ၉ ငါတို့၏ ဘုရားသခင်ရှေ့၌ သင်တို့၏အကြောင်းကြောင့် ငါတို့ခံရသော ဝမ်းမြောက်ခြင်းအပေါင်းကို ထောက်၍၊ သင်တို့အကြောင်းကြောင့် ဘုရားသခင်၏ ကျေးဇူးတော်ကို အဘယ်သို့ ဆပ်နိုင်သနည်း။
Gammachuu sababii keessaniin fuula Waaqa keenyaa duratti qabnu hundaaf waaʼee keessaniif hammam Waaqa galateeffachuu dandeenya?
10 ၁၀ သင်တို့မျက်နှာကိုမြင်၍၊ သင်တို့ယုံကြည်ခြင်း လိုသေးသမျှကို စုံလင်စေမည်အကြောင်း၊ ငါတို့သည် နေ့ညဉ့်မပြတ် အလွန်တရာ ဆုတောင်းပဋ္ဌာနာပြု၍ နေကြ၏။
Nu akka deebinee isin arginuu fi waan amantii keessan keessaa hirʼates akka isinii guutuu dandeenyuuf halkanii guyyaa cimsinee kadhanna.
11 ၁၁ သင်တို့ရှိရာသို့ ငါတို့သွားရာလမ်းကို ငါတို့အဘတည်းဟူသော ဘုရားသခင်နှင့် ငါတို့သခင်ယေရှုခရစ် သည် ပြင်ဆင်တော်မူပါစေသော။
Ammas Waaqni keenyaa fi Abbaan keenya mataan isaa, Gooftaan keenya Yesuusis akka nu gara keessan dhufnu karaa nuuf haa qajeelchu.
12 ၁၂ ထိုသခင်သည် မိမိသန့်ရှင်းသူအပေါင်းတို့နှင့်အတူ ကြွလာတော်မူသောအခါ။ ငါတို့အဘတည်း ဟူသော ဘုရားသခင်ရှေ့မှာ အပြစ်တင်ခွင့်နှင့် ကင်းလွတ်သော သင်တို့၏ စိတ်နှလုံးကို ကိုယ်တော်သည် သန့်ရှင်းခြင်းပါရမီ၌ မြဲမြဲခိုင်ခံ့စိမ့်သောငှါ ငါတို့သည် သင်တို့ကို ချစ်သကဲ့သို့ သင်တို့သည် အချင်းချင်းကို၎င်း ၊ သူတပါးအပေါင်းတို့ကို၎င်း ချစ်၍၊ ချစ်ခြင်းမေတ္တာနှင့် အထူးသဖြင့် ကြွယ်ဝပြည့်စုံမည်အကြောင်း သခင်ဘုရား ပြုတော်မူပါစေသော။
Akkuma jaalalli nu isinii qabnu dabalaa deemu sana Gooftaan jaalala isin walii keessanii fi nama hundaaf qabdan isinii haa guddisuu; haa baayʼisus.
Akka isin yommuu Gooftaan keenya Yesuus qulqulloota isaa hunda wajjin dhufutti fuula Waaqa keenyaatii fi Abbaa keenyaa duratti warra mudaa hin qabnee fi qulqulloota taataniifis inni garaa keessan haa jajjabeessu.