< ၁ ဓမ္မရာဇဝင် 7 >
1 ၁ ကိရယတ်ယာရိမ်မြို့သားတို့သည် လာ၍ ထာဝရဘုရား၏ သေတ္တာတော်ကို ဆောင်သွားသဖြင့်၊ တောင်ပေါ်မှာရှိသော အမိနဒပ်အိမ်၌ ထား၍ သေတ္တာတော်ကို စောင့်စေခြင်းငှါ၊ သူ၏သား ဧလာဇာကို သန့်ရှင်းစေကြ၏။
Тогава кириатиаримските мъже дойдоха та дигнаха Господния ковчег, и донесоха го в Авинадавовата къща на хълма; и осветиха сина му Елеазара, за да пази Господния ковчег.
2 ၂ သေတ္တာတော်သည် အနှစ်နှစ်ဆယ်ပတ်လုံး ကြာမြင့်စွာ ကိရယတ်ယာရိမ်မြို့၌ ရှိစဉ်အခါ၊ ဣသရေလ အမျိုးသား အပေါင်းတို့သည် ထာဝရဘုရားကို အောက်မေ့၍ မြည်တမ်းကြ၏။
И то деня, когато ковчегът бе положен в Кириатиарим, мина се много време - двадесет години; и целият Израилев дом въздишаше за Господа.
3 ၃ တဖန် ရှမွေလက၊ သင်တို့သည် အခြားတပါးသော ဘုရားတည်းဟူသော ဗာလဘုရား၊ အာရှတရက် ဘုရားတို့ကို ပယ်၍ ထာဝရဘုရားအဘို့ သင်တို့စိတ်နှလုံးကို ပြင်ဆင်လျက်၊ ထာဝရဘုရားထံတော်သို့ စိတ်နှလုံး အကြွင်းမဲ့ပြန်လာသဖြင့်၊ ထိုဘုရားကိုသာ ဝတ်ပြုကြလျှင်၊ ဖိလိတ္တိလူတို့လက်မှ ကယ်တင် တော်မူမည်ဟု ဣသရေလအမျိုးသားအပေါင်းတို့အား ဆုံးမသည်အတိုင်း၊-
И Самуил говори на целия Израилев дом, казвайки: Ако се обръщате от все сърце към Господа, махнете отсред себе си чуждите богове и астартите, та пригответе сърцата си за Господа и само Нему служете; и Той ще ви избави от ръката на филистимците.
4 ၄ ဣသရေလအမျိုးသားတို့သည် ဗာလဘုရား၊ အာရှတရက်ဘုရားတို့ကို ပယ်၍ ထာဝရဘုရားကိုသာ ဝတ်ပြုကြ၏။
Тогава израилтяните махнаха ваалимите и астартите та служеха само на Господа.
5 ၅ ရှမွေလကလည်း ဣသရေလအမျိုးသားအပေါင်းတို့ကို မိဇပါမြို့၌ စုဝေးစေကြလော့။ သင်တို့အဘို့ ထာဝရဘုရားကို ငါဆုတောင်းမည်ဟု မှာခဲ့သည်အတိုင်း၊
После Самуил каза: Съберете целия Израил в Масфа, и ще се помоля за вас Господу.
6 ၆ သူတို့သည် မိဇပါမြို့၌ စည်းဝေးသဖြင့်၊ ရေကို ခပ်၍ ထာဝရဘုရားရှေ့တော်၌ သွန်းလောင်းခြင်း၊ အစာရှောင်ခြင်း အကျင့်တို့ကို ကျင့်လျက်၊ အကျွန်ုပ်တို့သည် ထာဝရဘုရားကို ပြစ်မှားပါပြီဟု ဝန်ခံ ကြ၏။ ရှမွေလသည် မိဇပါမြို့၌ ဣသရေလအမျိုးသားတရားမှုတို့ကို စစ်ကြောစီရင်လေ၏။
И тъй събраха се в Масфа, и наляха вода, която изляха пред Господа, и постиха през оня ден, и рекоха там: Съгрешихме на Господа. И Самуил съдеше израилтяните в Масфа.
7 ၇ ဣသရေလအမျိုးသားတို့သည် မိဇပါမြို့၌ စည်းဝေးကြောင်းကို ဖိလိတ္တိလူတို့သည် ကြားလျှင်၊ ဖိလိတ္တိမင်းတို့သည် ဣသရေလအမျိုးရှိရာသို့ စစ်ချီကြ၏။ ထိုသိတင်းကို ဣသရေလလူတို့သည် ကြားလျှင်၊ ဖိလိတ္တိလူတို့ကို ကြောက်၍၊
А като чуха филистимците, че израилтяните се събрали в Масфа, филистимските началници излязоха против Израиля. Като чуха това израилтяните уплашиха се от филистимците.
8 ၈ ရှမွေလအား၊ အကျွန်ုပ်တို့၏ ဘုရားသခင် ထာဝရဘုရားသည် အကျွန်ုပ်တို့ကို ဖိလိတ္တိလူတို့လက်မှ ကယ်တင်တော်မူမည်အကြောင်း အကျွန်ုပ်တို့အဘို့ အစဉ်မပြတ် ဆုတောင်းပါလော့ဟု ဆိုကြ၏။
И израилтяните рекоха на Самуила: Не преставай да викаш за нас към Господа нашия Бог, за да ни избави от ръката на филистимците.
9 ၉ ရှမွေလသည်လည်း နို့စို့သိုးသငယ်ကိုယူ၍ ထာဝရဘုရားအား တကောင်လုံး မီးရှို့ရာယဇ်ပူဇော်လျက်၊ ဣသရေလအမျိုးအဘို့ ဆုတောင်း၍ ထာဝရဘုရား နားထောင်တော်မူ၏။
За това, Самуил взе едно млечниче агне, та го принесе цяло всеизгаряне Господу; и Самуил извика към Господа за Израиля, и Господ го послуша;
10 ၁၀ ရှမွေလသည် မီးရှို့ရာယဇ်ကို ပူဇော်စဉ်အခါ၊ ဖိလိတ္တိလူတို့သည် ဣသရေလအမျိုးကို တိုက်ခြင်းငှါ ချဉ်းလာကြ၏။ ထာဝရဘုရားသည်လည်း၊ ထိုနေ့၌ ဖိလိတ္တိလူတို့အပေါ်မှာ ပြင်းစွာ မိုဃ်းချုန်းစေ၍၊ သူတို့တပ်ကို ဖျက်တော်မူသဖြင့်၊ ဣသရေလအမျိုးရှေ့မှာ ရှုံးကြ၏။
защото, когато принасяше Самуил всеизгарянето, понеже филистимците се приближиха да се бият с Израиля, в същия ден Господ гръмна със силен гръм върху филистимците и ги смути; и те бяха поразени пред Израиля.
11 ၁၁ ဣသရေလလူတို့သည် မိဇပါမြို့မှထွက်၍ ဖိလိတ္တိလူတို့ကို လုပ်ကြံလျက်၊ ဗက်ကာမြို့တိုင်အောင် လိုက်ကြ၏။
Израилевите мъже излязоха от Масфа, та гониха филистимците, и поразиха ги до под Вет-хар.
12 ၁၂ ထိုအခါ ရှမွေလသည် ကျောက်ကို ယူ၍ မိဇပါမြို့နှင့်ရှင်မြို့စပ်ကြားမှာ ထူထောင်သဖြင့်၊ ထာဝရ ဘုရားသည် ငါတို့ကို ယခုတိုင်အောင် မစတော်မူပြီဟုဆိုလျက်၊ ထိုကျောက်ကို ဧဗနေဇာအမည်ဖြင့် မှည့်လေ၏။
Тогава Самуил взе един камък та го постави между Масфа и Сен, и нарече го Евен-езер, като казваше: До тука ни помогна Господ.
13 ၁၃ ထိုသို့ ဖိလိတ္တိလူတို့သည် ရှုံးသဖြင့်၊ နောက်တဖန် ဣသရေလအမျိုးနေရာအရပ်သို့ မလာကြ။ ရှမွေလလက်ထက် ကာလပတ်လုံး ထာဝရဘုရား၏ လက်တော်သည် ဖိလိတ္တိလူတို့ကို ဆီးတား တော်မူ၏။
Така филистимците бяха покорени и не дойдоха вече в Израилевите предели; и Господната ръка беше против филистимците през всичките дни на Самуила.
14 ၁၄ ဖိလိတ္တိလူတို့သည် သိမ်းယူသော ဣသရေလမြို့ရွာတို့ကို ဧကြုန်မြို့မှစ၍ ဂါသမြို့တိုင်အောင် ပြန်ပေးရကြ၏။ မြို့နယ်တို့ကိုလည်း ဣသရေလလူတို့သည် ဖိလိတ္တိလူတို့လက်မှ နှုတ်ယူကြ၏။ ဣသရေလလူနှင့် အာမောရိလူတို့သည်လည်း စစ်မရှိ အသင့်အတင့် နေကြ၏။
И градовете, които филистимците бяха превзели от Израиля, бяха повърнати на Израиля, от Акарон до Гет; и Израил освободи техните околности от ръката на филистимците. А между Израиля и аморейците имаше мир.
15 ၁၅ ရှမွေလသည် တသက်လုံး ဣသရေလအမျိုးကို အုပ်စိုးလေ၏။
И Самуил съдеше Израиля през всичките дни на живота си.
16 ၁၆ ဗေသလမြို့၊ ဂိလဂါလမြို့၊ မိဇပါမြို့တို့ကို နှစ်တိုင်းလှည့်ပတ်၍ အရပ်ရပ်တွင် ဣသရေလအမျိုး၌ စီရင်ရန် အမှုတို့ကို စစ်ကြောစီရင်လေ့ရှိ၏။
И всяка година той отиваше да обикаля Ветил, Галгал и Масфа, и съдеше Израиля във всички тия места;
17 ၁၇ ပြန်လာသောအခါ၊ မိမိအိမ်ရှိသော ရာမမြို့သို့ ပြန်လာ၍ ထိုမြို့မှာလည်း ဣသရေလအမျိုး၌ စီရင် ရန် အမှုတို့ကို စစ်ကြောစီရင်လျက်၊ ထာဝရဘုရားဘို့ ယဇ်ပလ္လင်ကိုတည်လျက် နေလေ၏။
а после се връщаше в Рама, защото домът му беше там, па и там съдеше Израиля. Там издигна и олтар на Господа.