< ၁ ဓမ္မရာဇဝင် 6 >
1 ၁ ထာဝရဘုရား၏ သေတ္တာတော်သည် ဖိလိတ္တိပြည်၌ ခုနှစ်လနေပြီးမှ၊
၁ထာဝရဘုရား ၏ သေတ္တာ တော်သည် ဖိလိတ္တိ ပြည် ၌ ခုနှစ် လ နေ ပြီးမှ၊
2 ၂ ဖိလိတ္တိလူတို့သည် ယဇ်ပုရောဟိတ်များ၊ ပရောဖက်လုပ်သူများတို့ကို ခေါ်၍ ထာဝရဘုရား၏ သေတ္တာ တော်ကို အဘယ်သို့ ပြုရပါမည်နည်း။ သူနေရင်းအရပ်သို့ အဘယ်သို့သော ပူဇော်သက္ကာနှင့် လွှတ် လိုက်ရပါမည်နည်းဟု မေးမြန်းကြ၏။
၂ဖိလိတ္တိ လူတို့သည် ယဇ် ပုရောဟိတ်များ၊ ပရောဖက် လုပ်သူများတို့ကို ခေါ် ၍ ထာဝရဘုရား ၏ သေတ္တာ တော်ကို အဘယ်သို့ ပြု ရပါမည်နည်း။ သူ နေရင်းအရပ် သို့ အဘယ်သို့ သောပူဇော်သက္ကာနှင့် လွှတ် လိုက်ရပါမည်နည်းဟု မေးမြန်းကြ၏။
3 ၃ သူတို့ကလည်း၊ ဣသရေလအမျိုး၏ ဘုရားသခင့်သေတ္တာတော်ကို လွှတ်လိုက်လျှင် ကိုယ်ချည်း မလွှတ် လိုက်ကြနှင့်။ ဒုစရိုက်ပူဇော်သက္ကာကို ဆက်ဆက် ပေးလိုက်ရမည်။ သို့ပြုလျှင် ရောဂါငြိမ်းလိမ့်မည်။ အဘယ်ကြောင့် လက်တော်မရွေ့သေးသည်ကို သိကြလိမ့်မည်ဟု ဆိုကြ၏။
၃သူတို့ကလည်း၊ ဣသရေလ အမျိုး၏ ဘုရား သခင့်သေတ္တာ တော်ကို လွှတ် လိုက်လျှင် ကိုယ် ချည်း မ လွှတ် လိုက်ကြနှင့်။ ဒုစရိုက် ပူဇော်သက္ကာကို ဆက်ဆက်ပေး လိုက်ရမည်။ သို့ပြုလျှင် ရောဂါ ငြိမ်းလိမ့်မည်။ အဘယ်ကြောင့် လက် တော်မ ရွေ့ သေးသည်ကို သိ ကြလိမ့်မည်ဟု ဆို ကြ၏။
4 ၄ အဘယ်အရာကို ဒုစရိုက်ဖြေရာ ပူဇော်သက္ကာဘို့ ပြန်ပေးလိုက်ရပါမည်နည်းဟု မေးလျှင်၊ ဖိလိတ္တိမင်း အရေအတွက်အတိုင်း ရွှေမြင်းသရိုက်ပုံငါးခုနှင့် ရွှေကြွက်ငါးကောင်ကို ပေးလိုက်ရမည်။ သင်တို့ နှင့် သင်တို့မင်းများ၌ ရောဂါတပါးတည်း စွဲလျက်ရှိ၏။
၄အဘယ် အရာကို ဒုစရိုက် ဖြေရာ ပူဇော်သက္ကာဘို့ ပြန် ပေးလိုက်ရပါမည်နည်းဟုမေး လျှင် ၊ ဖိလိတ္တိ မင်း အရေအတွက် အတိုင်း ရွှေ မြင်းသရိုက် ပုံငါး ခုနှင့် ရွှေ ကြွက် ငါး ကောင်ကိုပေး လိုက်ရမည်။ သင်တို့နှင့် သင် တို့မင်း များ၌ ရောဂါ တပါးတည်း စွဲလျက်ရှိ၏။
5 ၅ ထိုကြောင့် မြင်းသရိုက်ပုံ၊ မြေကို ဖျက်တတ်သော ကြွက်ပုံတို့ကို လုပ်၍ ဣသရေလအမျိုး၏ ဘုရားသခင်ဂုဏ်တော်ကို ချီးမွမ်းရကြမည်။ လက်တော်သည် သင်တို့နှင့် သင်တို့ဘုရားအပေါ်၊ သင်တို့မြေအပေါ်မှာ ပေါ့ကောင်းပေါ့လိမ့်မည်။
၅ထိုကြောင့် မြင်းသရိုက် ပုံ ၊ မြေ ကို ဖျက် တတ်သော ကြွက် ပုံ တို့ကို လုပ် ၍ ဣသရေလ အမျိုး၏ ဘုရား သခင်ဂုဏ် တော်ကို ချီးမွမ်းရကြမည်။ လက် တော်သည် သင် တို့နှင့် သင် တို့ဘုရား အပေါ် ၊ သင် တို့မြေ အပေါ် မှာ ပေါ့ ကောင်းပေါ့လိမ့်မည်။
6 ၆ သို့ဖြစ်၍ ဖာရောဘုရင်နှင့် အဲဂုတ္တုလူတို့သည် ခိုင်မာသော စိတ်နှလုံးရှိသကဲ့သို့ အဘယ်ကြောင့် ခိုင်မာသော စိတ်နှလုံးရှိကြသနည်း။ သူတို့တွင် အထူးသဖြင့် ပြုတော်မူသောအခါ၊ သူတို့သည် လွှတ် လိုက်၍ ဣသရေလလူတို့သည် သွားကြ၏။
၆သို့ဖြစ်၍ ဖာရော ဘုရင်နှင့် အဲဂုတ္တု လူတို့သည် ခိုင်မာ သော စိတ် နှလုံးရှိသကဲ့သို့ အဘယ်ကြောင့် ခိုင်မာ သော စိတ် နှလုံးရှိကြသနည်း။ သူ တို့တွင် အထူးသဖြင့်ပြု တော်မူသောအခါ ၊ သူတို့သည် လွှတ် လိုက်၍ ဣသရေလလူတို့သည် သွား ကြ၏။
7 ၇ ယခုမှာ လှည်းသစ်ကိုလုပ်ပြီးမှ ထမ်းပိုးမတင်၊ သားငယ်ရှိသော နွားမနှစ်ကောင်ကို လှည်း၌ က၍၊ နွားသငယ်တို့ကို သူ့နေရာသို့ ပို့ကြလော့။
၇ယခု မှာ လှည်း သစ် ကိုလုပ် ပြီးမှထမ်းပိုး မ တင် ၊ သား ငယ်ရှိသောနွားမ နှစ် ကောင်ကို လှည်း ၌ က ၍ ၊ နွားသငယ် တို့ကို သူ့နေရာ သို့ ပို့ ကြလော့။
8 ၈ ထာဝရဘုရား၏ သေတ္တာတော်ကို လှည်းပေါ်မှာ တင်၍ ပြန်ပေးလိုက်သော ဒုစရိုက်ဖြေရာ ပူဇော် သက္ကာတည်းဟူသော ရွှေတန်ဆာတို့ကို သေတ္တာတော်နားမှာ အခြားသောသေတ္တာ၌ ထားပြီးလျှင် လွှတ်လိုက်၍ သွားပါလေစေ။
၈ထာဝရဘုရား ၏ သေတ္တာ တော်ကို လှည်း ပေါ် မှာ တင် ၍ ပြန် ပေးလိုက်သော ဒုစရိုက် ဖြေရာ ပူဇော်သက္ကာတည်းဟူသောရွှေ တန်ဆာ တို့ကို သေတ္တာတော်နား မှာ အခြားသောသေတ္တာ၌ ထား ပြီးလျှင် လွှတ် လိုက်၍ သွား ပါလေစေ။
9 ၉ သေတ္တာတော်သည် မိမိပြည်သို့ သွားသောလမ်း ဗက်ရှေမက်မြို့သို့လိုက်လျှင်၊ ထိုဘုရားသခင်သည် ဤဘေးကြီးကို ငါတို့၌ ဖြစ်စေပြီ။ သို့မဟုတ် ဒဏ်ခတ်တော်မူသောကြောင့် ငါတို့မခံ၊ အလိုလို ခံရ သည်ကို သိရကြမည်ဟု စီရင်သည်အတိုင်း၊-
၉သေတ္တာတော်သည် မိမိ ပြည် သို့ သွားသောလမ်း ဗက်ရှေမက် မြို့သို့လိုက် လျှင် ၊ ထိုဘုရားသခင် သည် ဤဘေး ကြီး ကို ငါ တို့၌ ဖြစ် စေပြီ။ သို့မဟုတ်ဒဏ်ခတ်တော်မူသောကြောင့်ငါတို့မခံ၊ အလိုလို ခံရသည် ကို သိရကြမည်ဟု စီရင်သည်အတိုင်း၊
10 ၁၀ လူများတို့သည် ပြုသဖြင့်၊ သားငယ်ရှိသော နွားမနှစ်ကောင်ကို လှည်း၌ က၍၊ နွားသငယ်တို့ကို သူ့ နေရာ၌ ချုပ်ထားကြ၏။
၁၀လူ များတို့သည် ပြု သဖြင့် ၊ သား ငယ်ရှိသောနွားမ နှစ် ကောင်ကို လှည်း ၌ က ၍ ၊ နွားသငယ် တို့ကို သူ့ နေရာ ၌ ချုပ် ထားကြ၏။
11 ၁၁ ထာဝရဘုရား၏ သေတ္တာတော်နှင့်တကွ ရွှေကြွက်များ၊ မင်းသရိုက်ပုံများပါသော သေတ္တာတော်ကို လှည်းပေါ်မှာ တင်ကြ၏။
၁၁ထာဝရဘုရား ၏ သေတ္တာ တော်နှင့်တကွရွှေ ကြွက် များ၊ မြင်းသရိုက် ပုံ များပါသောသေတ္တာ တော်ကို လှည်း ပေါ် မှာ တင် ကြ၏။
12 ၁၂ နွားမတို့သည် ဗက်ရှေမက်လမ်းသို့ တည့်တည့်လိုက်၍ မြည်တွန်လျက် သွားကြ၏။ လက်ျာဘက် လက်ဝဲဘက်သို့မလွှဲ လမ်းမသို့သာ လိုက်ကြ၏။ ဖိလိတ္တိမင်းတို့သည် ဗက်ရှေမက်မြို့နယ်တိုင်အောင် လိုက်ကြ၏။
၁၂နွားမ တို့သည် ဗက်ရှေမက် လမ်း သို့ တည့်တည့် လိုက်၍ မြည်တွန်လျက် သွားကြ၏။ လက်ျာ ဘက် လက်ဝဲ ဘက်သို့မ လွှဲ လမ်းမ သို့သာ လိုက် ကြ၏။ ဖိလိတ္တိ မင်း တို့သည် ဗက်ရှေမက် မြို့နယ် တိုင်အောင် လိုက် ကြ၏။
13 ၁၃ ဗက်ရှေမက်မြို့သားတို့သည် ချိုင့်၌ ဂျုံ၊ စပါးကိုရိတ်လျက် မြော်ကြည့်၍ သေတ္တာတော်ကို မြင်သော အခါ ဝမ်းမြောက်ကြ၏။
၁၃ဗက်ရှေမက် မြို့သားတို့သည် ချိုင့် ၌ ဂျုံ ၊ စပါးကိုရိတ် လျက် မြော် ကြည့်၍ သေတ္တာ တော်ကို မြင် သောအခါ ဝမ်းမြောက် ကြ၏။
14 ၁၄ လှည်းသည် ဗက်ရှေမက်မြို့သား ယောရှု၏ လယ်ကွက်ထဲသို့ ဝင်၍ ကျောက်ကြီးအနားမှာ ရပ်နေ၏။ ထိုသူတို့သည် လှည်းကို ချိုးခွဲပြီးလျှင် နွားမတို့ကို ထာဝရဘုရားအား မီးရှို့ရာယဇ်ပြု၍ ပူဇော်ကြ၏။
၁၄လှည်း သည် ဗက်ရှေမက် မြို့သားယောရှု ၏ လယ်ကွက် ထဲသို့ ဝင် ၍ ကျောက် ကြီး အနားမှာ ရပ် နေ၏။ ထိုသူတို့သည် လှည်း ကို ချိုး ခွဲပြီးလျှင် နွားမ တို့ကို ထာဝရဘုရား အား မီးရှို့ ရာယဇ်ပြု၍ ပူဇော် ကြ၏။
15 ၁၅ ထိုအခါ လေဝိသားတို့သည် ထာဝရဘုရား၏ သေတ္တာတော်နှင့် ရွှေတန်ဆာပါသောသေတ္တာကိုချ၍ ကျောက်ကြီးပေါ်မှာ တင်ထားပြီးလျှင်၊ ဗက်ရှေမက်မြို့သားတို့သည် ထိုနေ့ခြင်းတွင် မီးရှို့ရာယဇ်မှ စ၍ ယဇ်မျိုးကို ထာဝရဘုရားအား ပူဇော်ကြ၏။
၁၅ထိုအခါ လေဝိ သားတို့သည် ထာဝရဘုရား ၏ သေတ္တာ တော်နှင့် ရွှေ တန်ဆာ ပါ သော သေတ္တာ ကိုချ ၍ ကျောက် ကြီး ပေါ် မှာ တင် ထားပြီးလျှင် ၊ ဗက်ရှေမက် မြို့သား တို့သည် ထို နေ့ခြင်းတွင် မီးရှို့ ရာယဇ်မှစ၍ယဇ် မျိုးကို ထာဝရဘုရား အား ပူဇော် ကြ၏။
16 ၁၆ ထိုအမှုကို ဖိလိတ္တိမင်းငါးယောက်တို့သည် မြင်ပြီးမှ၊ ထိုနေ့ခြင်းတွင် ဧကြုန်မြို့သို့ ပြန်သွားကြ၏။
၁၆ထိုအမှုကို ဖိလိတ္တိ မင်း ငါး ယောက်တို့သည် မြင် ပြီးမှ ၊ ထို နေ့ခြင်းတွင် ဧကြုန် မြို့သို့ ပြန် သွားကြ၏။
17 ၁၇ ထာဝရဘုရားအား ပြန်ပေးသော ဒုစရိုက်ဖြေရာ ပူဇော်သက္ကာတည်းဟူသော ရွှေမြင်းသရိုက်ပုံတို့ကား၊ အာဇုတ်မြို့ဘို့တခု၊ ဂါဇမြို့ဘို့တခု၊ အာရှကေလုန်မြို့ဘို့တခု၊ ဂါသမြို့ဘို့တခု၊ ဧကြုန်မြို့ဘို့တခု ဖြစ်သတည်း။
၁၇ထာဝရဘုရား အား ပြန် ပေးသော ဒုစရိုက် ဖြေရာပူဇော်သက္ကာတည်းဟူသော ရွှေ မြင်းသရိုက် ပုံတို့ကား၊ အာဇုတ် မြို့ဘို့ တခု ၊ ဂါဇ မြို့ဘို့ တခု ၊ အာရှကေလုန် မြို့ဘို့ တခု ၊ ဂါသ မြို့ဘို့ တခု ၊ ဧကြုန် မြို့ဘို့ တခု ဖြစ်သတည်း။
18 ၁၈ ရွှေကြွက်တို့ကား၊ ထာဝရဘုရား၏ သေတ္တာတော်ကို တင်ထားသော ကျောက်ကြီးတိုင်အောင် ခိုင်ခံ့သော မြို့ဖြစ်စေ၊ တောရွာဖြစ်စေ၊ ဖိလိတ္တိမင်းငါးပါးဆိုင်သမျှသော မြို့ရွာအရေအတွက်အတိုင်း ဖြစ်သတည်း။ ထိုကျောက်ကား ယနေ့တိုင်အောင် ဗက်ရှေမက်မြို့သား ယောရှု၏ လယ်ကွက်၌ရှိ၏။
၁၈ရွှေ ကြွက် တို့ကား၊ ထာဝရဘုရား ၏ သေတ္တာ တော်ကို တင် ထားသော ကျောက် ကြီး တိုင်အောင် ခိုင်ခံ့ သော မြို့ ဖြစ်စေ၊ တော ရွာဖြစ်စေ၊ ဖိလိတ္တိ မင်း ငါး ပါးဆိုင်သမျှ သောမြို့ ရွာအရေအတွက် အတိုင်း ဖြစ်သတည်း။ ထိုကျောက်ကား ယနေ့ တိုင်အောင် ဗက်ရှေမက် မြို့သားယောရှု ၏ လယ်ကွက် ၌ ရှိ၏။
19 ၁၉ ဗက်ရှေမက်မြို့သားတို့သည် ထာဝရဘုရား၏ သေတ္တာတော်ထဲသို့ ကြည့်ရှုမိသောကြောင့်၊ လူခုနစ်ဆယ်နှင့်လူငါးသောင်းတို့သည် ဒဏ်ခတ်တော်မူခြင်းကို ခံရကြ၏။ ထိုသို့ ထာဝရဘုရားသည် ကြီးစွာသော လုပ်ကြံခြင်းအားဖြင့် ဒဏ်ပေးတော်မူသောကြောင့်၊ လူများတို့သည် ငိုကြွေးမြည်တမ်း ကြ၏။
၁၉ဗက်ရှေမက် မြို့သား တို့သည် ထာဝရဘုရား ၏ သေတ္တာ တော်ထဲသို့ ကြည့်ရှု မိသောကြောင့် ၊ လူ ခုနစ် ဆယ်နှင့်လူ ငါး သောင်းတို့သည် ဒဏ်ခတ် တော်မူခြင်းကိုခံရကြ၏။ ထိုသို့ ထာဝရဘုရား သည် ကြီးစွာ သော လုပ်ကြံ ခြင်းအားဖြင့်ဒဏ်ပေး တော်မူသောကြောင့် ၊ လူ များတို့သည် ငိုကြွေး မြည်တမ်းကြ၏။
20 ၂၀ ဗက်ရှေမက်မြို့သားတို့က၊ သန့်ရှင်းတော်မူသော ဤဘုရားသခင် ထာဝရဘုရားရှေ့တော်၌ အဘယ်သူ ရပ်နေနိုင်သနည်း။ ငါတို့အရပ်က၊ အဘယ်သူရှိရာသို့ ကြွသွားတော်မူမည်နည်းဟု ဆိုသဖြင့်၊-
၂၀ဗက်ရှေမက် မြို့သား တို့က၊ သန့်ရှင်း တော်မူသောဤ ဘုရား သခင်ထာဝရဘုရား ရှေ့ တော်၌ အဘယ်သူ ရပ် နေနိုင် သနည်း။ ငါ တို့အရပ်က၊ အဘယ်သူ ရှိရာသို့ ကြွ သွားတော်မူမည်နည်းဟု ဆို သဖြင့်၊
21 ၂၁ ကိရယတ် ယာရိမ်မြို့သားတို့ထံသို့ လူကိုစေလွှတ်၍ ဖိလိတ္တိလူတို့သည် ထာဝရဘုရား၏ သေတ္တာ တော်ကို တဖန်ပို့ကြပြီ။ သင်တို့လာ၍ ဆောင်သွားကြပါတော့ဟု မှာလိုက်ကြ၏။
၂၁ကိရယတ်ယာရိမ် မြို့သား တို့ထံသို့ လူကိုစေလွှတ် ၍ ဖိလိတ္တိ လူတို့သည် ထာဝရဘုရား ၏ သေတ္တာ တော်ကို တဖန်ပို့ ကြပြီ။ သင် တို့လာ ၍ ဆောင် သွားကြပါတော့ဟု မှာ လိုက်ကြ၏။