< ၁ ဓမ္မရာဇဝင် 6 >
1 ၁ ထာဝရဘုရား၏ သေတ္တာတော်သည် ဖိလိတ္တိပြည်၌ ခုနှစ်လနေပြီးမှ၊
I NA malama ehiku i noho ai ka pahu o Iehova ma ka aina o ko Pilisetia.
2 ၂ ဖိလိတ္တိလူတို့သည် ယဇ်ပုရောဟိတ်များ၊ ပရောဖက်လုပ်သူများတို့ကို ခေါ်၍ ထာဝရဘုရား၏ သေတ္တာ တော်ကို အဘယ်သို့ ပြုရပါမည်နည်း။ သူနေရင်းအရပ်သို့ အဘယ်သို့သော ပူဇော်သက္ကာနှင့် လွှတ် လိုက်ရပါမည်နည်းဟု မေးမြန်းကြ၏။
Kahea aku la ko Pilisetia i na kahuna, a me ka poe kilokilo, i aku la, Heaha ka makou e hana aku ai i ka pahu o Iehova? E hoike mai ia makou, me ke aha la makou e lawe aku ai ia mea ma kona wahi?
3 ၃ သူတို့ကလည်း၊ ဣသရေလအမျိုး၏ ဘုရားသခင့်သေတ္တာတော်ကို လွှတ်လိုက်လျှင် ကိုယ်ချည်း မလွှတ် လိုက်ကြနှင့်။ ဒုစရိုက်ပူဇော်သက္ကာကို ဆက်ဆက် ပေးလိုက်ရမည်။ သို့ပြုလျှင် ရောဂါငြိမ်းလိမ့်မည်။ အဘယ်ကြောင့် လက်တော်မရွေ့သေးသည်ကို သိကြလိမ့်မည်ဟု ဆိုကြ၏။
I mai la lakou, Ina e lawe aku oukou i ka pahu o ke Akua o ka Iseraela, mai lawe nele aku; aka, e hoihoi aku me ka mohaihala nona: alaila e hoolaia oukou, a e hoikeia hoi ia oukou ka mea i lawe ole ia aku ai kona lima mai o oukou aku.
4 ၄ အဘယ်အရာကို ဒုစရိုက်ဖြေရာ ပူဇော်သက္ကာဘို့ ပြန်ပေးလိုက်ရပါမည်နည်းဟု မေးလျှင်၊ ဖိလိတ္တိမင်း အရေအတွက်အတိုင်း ရွှေမြင်းသရိုက်ပုံငါးခုနှင့် ရွှေကြွက်ငါးကောင်ကို ပေးလိုက်ရမည်။ သင်တို့ နှင့် သင်တို့မင်းများ၌ ရောဂါတပါးတည်း စွဲလျက်ရှိ၏။
Ninau aku la lakou, Heaha ka mohaihala a makou e hoihoi aku ai nona? I mai la lakou, Elima puupuu koko gula, elima iole gula, ma ka helu ana o na haku o ko Pilisetia: no ka mea, hookahi no mai maluna o lakou a pau, a maluna hoi o ko oukou mau haku.
5 ၅ ထိုကြောင့် မြင်းသရိုက်ပုံ၊ မြေကို ဖျက်တတ်သော ကြွက်ပုံတို့ကို လုပ်၍ ဣသရေလအမျိုး၏ ဘုရားသခင်ဂုဏ်တော်ကို ချီးမွမ်းရကြမည်။ လက်တော်သည် သင်တို့နှင့် သင်တို့ဘုရားအပေါ်၊ သင်တို့မြေအပေါ်မှာ ပေါ့ကောင်းပေါ့လိမ့်မည်။
No ia mea, e hana oukou i na kii no ko oukou puupuu koko, a me na kii no ko oukou iole, nana i hana ino ka aina; a e hoonani aku oukou i ke Akua o ka Iseraela: malia paha e hoomama mai ia i kona lima mai luna ae o oukou, a me ko oukou mau akua, a me ko oukou aina.
6 ၆ သို့ဖြစ်၍ ဖာရောဘုရင်နှင့် အဲဂုတ္တုလူတို့သည် ခိုင်မာသော စိတ်နှလုံးရှိသကဲ့သို့ အဘယ်ကြောင့် ခိုင်မာသော စိတ်နှလုံးရှိကြသနည်း။ သူတို့တွင် အထူးသဖြင့် ပြုတော်မူသောအခါ၊ သူတို့သည် လွှတ် လိုက်၍ ဣသရေလလူတို့သည် သွားကြ၏။
No ke aha la oukou, e hoopaakiki nei i ko oukou naau, e like me ko Aigupita, a me Parao i hoopaakiki ai i ko lakou naau? Ia ia i hana mana ai iwaena o lakou, aole anei ia i kuu aku ia lakou, a hele lakou?
7 ၇ ယခုမှာ လှည်းသစ်ကိုလုပ်ပြီးမှ ထမ်းပိုးမတင်၊ သားငယ်ရှိသော နွားမနှစ်ကောင်ကို လှည်း၌ က၍၊ နွားသငယ်တို့ကို သူ့နေရာသို့ ပို့ကြလော့။
No ia mea, e hana oukou i kaa hou, a lawe i na bipiwahine waiu elua, aole i kau ka auamo maluna o laua, a e nakii i na bipi ma ke kaa, a e lawe i ka laua mau keiki mai o laua aku la:
8 ၈ ထာဝရဘုရား၏ သေတ္တာတော်ကို လှည်းပေါ်မှာ တင်၍ ပြန်ပေးလိုက်သော ဒုစရိုက်ဖြေရာ ပူဇော် သက္ကာတည်းဟူသော ရွှေတန်ဆာတို့ကို သေတ္တာတော်နားမှာ အခြားသောသေတ္တာ၌ ထားပြီးလျှင် လွှတ်လိုက်၍ သွားပါလေစေ။
A e lawe aku oukou i ka pahu o Iehova, a kau maluna o ke kaa, a e hahao i na mea gula a oukou e hoihoi aku i mohaihala nona maloko o kahi pahu ma ka aoao; a e hoouna aku oukou ia mea, i hele aku ia.
9 ၉ သေတ္တာတော်သည် မိမိပြည်သို့ သွားသောလမ်း ဗက်ရှေမက်မြို့သို့လိုက်လျှင်၊ ထိုဘုရားသခင်သည် ဤဘေးကြီးကို ငါတို့၌ ဖြစ်စေပြီ။ သို့မဟုတ် ဒဏ်ခတ်တော်မူသောကြောင့် ငါတို့မခံ၊ အလိုလို ခံရ သည်ကို သိရကြမည်ဟု စီရင်သည်အတိုင်း၊-
A e nana oukou, ina paha e pii aku ia ma ke ala o kona mokuna, i Betesemesa, alaila, ua hana mai ia i keia ino nui no kakou: aka, i ole. alaila e ike kakou, aole kona lima i hahau mai ia kakou; ua hiki wale mai ia mea ia kakou.
10 ၁၀ လူများတို့သည် ပြုသဖြင့်၊ သားငယ်ရှိသော နွားမနှစ်ကောင်ကို လှည်း၌ က၍၊ နွားသငယ်တို့ကို သူ့ နေရာ၌ ချုပ်ထားကြ၏။
A hana aku la na kanaka pela; a lawe aku la i na bipiwahine waiu elua, a nakii ia laua ma ke kaa, a hoopaa lakou i ka laua mau keiki maloko o ka hale.
11 ၁၁ ထာဝရဘုရား၏ သေတ္တာတော်နှင့်တကွ ရွှေကြွက်များ၊ မင်းသရိုက်ပုံများပါသော သေတ္တာတော်ကို လှည်းပေါ်မှာ တင်ကြ၏။
Kau aku la lakou i ka pahu o Iehova maluna o ke kaa, a i kekahi pahu me na iole gula, a me na kii o ko lakou puupuu koko.
12 ၁၂ နွားမတို့သည် ဗက်ရှေမက်လမ်းသို့ တည့်တည့်လိုက်၍ မြည်တွန်လျက် သွားကြ၏။ လက်ျာဘက် လက်ဝဲဘက်သို့မလွှဲ လမ်းမသို့သာ လိုက်ကြ၏။ ဖိလိတ္တိမင်းတို့သည် ဗက်ရှေမက်မြို့နယ်တိုင်အောင် လိုက်ကြ၏။
A hele pololei aku la na bipi ma ke ala e hiki ai i Betesemesa, ma ke ala loa ka hele ana, a hele laua me ka uwo ana, aole laua i huli ae ma ka akau, aole hoi ma ka hema; a hele na haku o ko Pilisetia mahope o laua, a hiki i ka mokuna o Betesemesa.
13 ၁၃ ဗက်ရှေမက်မြို့သားတို့သည် ချိုင့်၌ ဂျုံ၊ စပါးကိုရိတ်လျက် မြော်ကြည့်၍ သေတ္တာတော်ကို မြင်သော အခါ ဝမ်းမြောက်ကြ၏။
A e oki ana ko Betesemesa i ka lakou palaoa ma ke awawa: alawa ae la ko lakou maka iluna, a ike aku la i ka pahu, a olioli lakou i ka ike ana aku.
14 ၁၄ လှည်းသည် ဗက်ရှေမက်မြို့သား ယောရှု၏ လယ်ကွက်ထဲသို့ ဝင်၍ ကျောက်ကြီးအနားမှာ ရပ်နေ၏။ ထိုသူတို့သည် လှည်းကို ချိုးခွဲပြီးလျှင် နွားမတို့ကို ထာဝရဘုရားအား မီးရှို့ရာယဇ်ပြု၍ ပူဇော်ကြ၏။
A hele aku la ke kaa maloko o ka mahinaai o Iosua no Betesemesa, a ku malaila; a malaila ka pohaku nui; a wawahi lakou i ka laau o ke kaa, a kaumaha aku la lakou i na bipi i mohaikuni ia Iehova.
15 ၁၅ ထိုအခါ လေဝိသားတို့သည် ထာဝရဘုရား၏ သေတ္တာတော်နှင့် ရွှေတန်ဆာပါသောသေတ္တာကိုချ၍ ကျောက်ကြီးပေါ်မှာ တင်ထားပြီးလျှင်၊ ဗက်ရှေမက်မြို့သားတို့သည် ထိုနေ့ခြင်းတွင် မီးရှို့ရာယဇ်မှ စ၍ ယဇ်မျိုးကို ထာဝရဘုရားအား ပူဇော်ကြ၏။
Lawe mai la na Levi i ka pahu o Iehova, a me kekahi pahu i waiho pu ai me ia me na mea gula maloko, a kau aku la ia mea maluna o ka pohaku nui; a kaumaha aku na kanaka o Betesemesa i na mohaikuni, a ia la, kaumaha aku la no hoi lakou i na mohai ia Iehova.
16 ၁၆ ထိုအမှုကို ဖိလိတ္တိမင်းငါးယောက်တို့သည် မြင်ပြီးမှ၊ ထိုနေ့ခြင်းတွင် ဧကြုန်မြို့သို့ ပြန်သွားကြ၏။
A ike aku la na haku elima o ko Pilisetia ia mea, hoi aku la lakou ma Ekerona ia la.
17 ၁၇ ထာဝရဘုရားအား ပြန်ပေးသော ဒုစရိုက်ဖြေရာ ပူဇော်သက္ကာတည်းဟူသော ရွှေမြင်းသရိုက်ပုံတို့ကား၊ အာဇုတ်မြို့ဘို့တခု၊ ဂါဇမြို့ဘို့တခု၊ အာရှကေလုန်မြို့ဘို့တခု၊ ဂါသမြို့ဘို့တခု၊ ဧကြုန်မြို့ဘို့တခု ဖြစ်သတည်း။
Eia na puupuu koko gula a ko Pilisetia i hoihoi aku ai i mohaihala ia Iehova: no Asedoda kekahi, no Gaza kekahi, no Asekelona kekahi, no Gata kekahi, no Ekerona kekahi;
18 ၁၈ ရွှေကြွက်တို့ကား၊ ထာဝရဘုရား၏ သေတ္တာတော်ကို တင်ထားသော ကျောက်ကြီးတိုင်အောင် ခိုင်ခံ့သော မြို့ဖြစ်စေ၊ တောရွာဖြစ်စေ၊ ဖိလိတ္တိမင်းငါးပါးဆိုင်သမျှသော မြို့ရွာအရေအတွက်အတိုင်း ဖြစ်သတည်း။ ထိုကျောက်ကား ယနေ့တိုင်အောင် ဗက်ရှေမက်မြို့သား ယောရှု၏ လယ်ကွက်၌ရှိ၏။
A me na iole gula e like me ka helu ana o na kulanakauhale no na haku elima o ko Pilisetia, na kulanakauhale pa pohaku, a me na kauhale papu a hiki i ua pohaku nui o Abela, kahi a lakou i kau ai i ka pahu o Iehova; a ilaila ua pohaku la ma ka mahinaai o Iosua no Betesemesa, a hiki i keia la.
19 ၁၉ ဗက်ရှေမက်မြို့သားတို့သည် ထာဝရဘုရား၏ သေတ္တာတော်ထဲသို့ ကြည့်ရှုမိသောကြောင့်၊ လူခုနစ်ဆယ်နှင့်လူငါးသောင်းတို့သည် ဒဏ်ခတ်တော်မူခြင်းကို ခံရကြ၏။ ထိုသို့ ထာဝရဘုရားသည် ကြီးစွာသော လုပ်ကြံခြင်းအားဖြင့် ဒဏ်ပေးတော်မူသောကြောင့်၊ လူများတို့သည် ငိုကြွေးမြည်တမ်း ကြ၏။
A luku mai ia i na kanaka o Betesemesa, no ka mea, ua nana lakou iloko o ka pahu o Iehova, luku mai ia i na kanaka, he kanalima no tausani, a he kanahiku kanaka ia. Auwe na kanaka, no ka Iehova pepehi ana mai i na kanaka me ka luku nui.
20 ၂၀ ဗက်ရှေမက်မြို့သားတို့က၊ သန့်ရှင်းတော်မူသော ဤဘုရားသခင် ထာဝရဘုရားရှေ့တော်၌ အဘယ်သူ ရပ်နေနိုင်သနည်း။ ငါတို့အရပ်က၊ အဘယ်သူရှိရာသို့ ကြွသွားတော်မူမည်နည်းဟု ဆိုသဖြင့်၊-
I ae la na kanaka o Betesemesa, Owai la ka mea hiki ke ku imua o Iehova keia Akua Hemolele? A ia wai la oia e hele aku mai o kakou aku?
21 ၂၁ ကိရယတ် ယာရိမ်မြို့သားတို့ထံသို့ လူကိုစေလွှတ်၍ ဖိလိတ္တိလူတို့သည် ထာဝရဘုရား၏ သေတ္တာ တော်ကို တဖန်ပို့ကြပြီ။ သင်တို့လာ၍ ဆောင်သွားကြပါတော့ဟု မှာလိုက်ကြ၏။
Hoouna aku la lakou i na elele i na kanaka o Kiriatiarima, i aku la, Ua hoihoi mai ko Pilisetia i ka pahu o Iehova; e iho mai oukou e lawe aku ia io oukou la.