< ၁ ဓမ္မရာဇဝင် 5 >
1 ၁ ဖိလိတ္တိလူတို့သည် ဘုရားသခင်၏ သေတ္တာတော်ကို ယူ၍ ဧဗနေဇာမြို့မှ အာဇုတ်မြို့သို့ ဆောင်သွား ကြ၏။
၁ဖိလိတ္တိအမျိုးသားတို့သည်ပဋိညာဉ်သေတ္တာ တော်ကိုသိမ်းယူကြပြီးလျှင် ဧဗနေဇာမြို့ မှမိမိတို့နေထိုင်ရာအာဇုတ်မြို့သို့ပင့်ဆောင် ကာ၊-
2 ၂ ဘုရားသခင်၏ သေတ္တာတော်ကို ဒါဂုန်ကျောင်းထဲသို့ သွင်း၍ ဒါဂုန်အနားမှာ ထားကြ၏။
၂ဒါဂုန်ဘုရားကျောင်းအတွင်းရှိဒါဂုန်ရုပ်တု အနီးတွင်ထားကြ၏။-
3 ၃ အာဇုတ်မြို့သားတို့သည် နံနက်စောစော ထကြသောအခါ၊ ဒါဂုန်သည် ထာဝရဘုရား၏ သေတ္တာ တော်ရှေ့၌ မြေပေါ်မှာလဲ၍ ပြပ်ဝပ်လျက်ရှိသည်ကို တွေသဖြင့်၊ သူ့ကိုယူ၍ သူ၏နေရာ၌ တင်ထား ပြန်ကြ၏။
၃နောက်တစ်နေ့နံနက်စောစော၌ဒါဂုန်ရုပ်တု သည် ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော် ရှေ့တွင် မှောက်လျက်လဲကျနေသည်ကိုအာဇုတ် မြို့သားတို့မြင်ရကြ၏။ သို့ဖြစ်၍သူတို့သည် ထိုရုပ်တုကိုထူပြီးလျှင်တစ်ဖန်မူရင်းနေ ရာတွင်ပြန်ထားကြ၏။-
4 ၄ တဖန် နက်ဖြန်နံနက် စောစောထကြသောအခါ၊ ဒါဂုန်သည် ထာဝရဘုရား၏ သေတ္တာတော်ရှေ့၌ မြေပေါ်မှာ လဲ၍ ပြပ်ဝပ်လျက်၊ ခေါင်းနှင့် လက်ဝါးနှစ်ဘက် ပြတ်၍ တံခါးခုံပေါ်မှာတင်လျက်၊ ဒါဂုန်၌ ကိုယ်တိတိရှိသည်ကို တွေ့ကြ၏။
၄နောက်တစ်နေ့နံနက်စောစော၌ထိုရုပ်တုသည် ပဋိညာဉ်သေတ္တာတော်၏ရှေ့တွင်တစ်ဖန်မှောက် လျက်လဲကျနေသည်ကိုမြင်ရကြပြန်၏။ ယခုအကြိမ်၌မူရုပ်တု၏ဦးခေါင်းနှင့် လက်နှစ်ဖက်စလုံးပင်ပြတ်၍ တံခါးဝ အနီးသို့ရောက်ရှိနေလေသည်။ ရုပ်တု၏ ကိုယ်လုံးသာလျှင်ကျန်ရစ်ခဲ့၏။-
5 ၅ ထိုကြောင့် ဒါဂုန်၏ ယဇ်ပုရောဟိတ်များ၊ ဒါဂုန်ကျောင်းသို့ ဝင်သောသူများတို့သည်၊ အာဇုတ်မြို့၌ ရှိသော ဒါဂုန်ကျောင်းတံခါးခုံကို ယနေ့တိုင်အောင် ကျော်နင်းလေ့မရှိကြ။
၅(ထို့ကြောင့်ဒါဂုန်ဘုရားယဇ်ပုရောဟိတ် များ၊ ဒါဂုန်ဘုရားကျောင်းကိုဝင်ထွက်ကြ သောအာဇုတ်မြို့သားများသည် ကျောင်းတံခါး ခုံကိုယနေ့တိုင်အောင်မနင်းဘဲကျော်၍ သွားကြ၏။)
6 ၆ အာဇုတ်မြို့နှင့်မြို့နယ်၌နေသော သူတို့အပေါ်မှာ၊ ထာဝရဘုရားသည် လေးသောလက်တော်နှင့် ဖျက်တော်မူ၏။ မြင်းသရိုက် အနာနှင့်လည်း ဒဏ်ခတ်တော်မူ၏။
၆ထာဝရဘုရားသည်အာဇုတ်မြို့သားတို့ အား ပြင်းစွာဒဏ်ခတ်တော်မူသဖြင့်ကြောက် လန့်တုန်လှုပ်စေတော်မူ၏။ ကိုယ်တော်သည် ထိုမြို့သားတို့နှင့်ပတ်ဝန်းကျင်ရှိလူတို့ အားအနာစိမ်းများပေါက်စေခြင်းအား ဖြင့်ဒဏ်ခတ်တော်မူ၏။-
7 ၇ အာဇုတ်မြို့သားတို့သည် ထိုအမှုကို မြင်လျှင်၊ ဣသရေလအမျိုး၏ ဘုရားသခင်သည် ငါတို့နှင့် ငါတို့ဘုရား ဒါဂုန်အပေါ်မှာ လေးသောလက်တော်ကို တင်တော်မူသည်ဖြစ်၍၊ ထိုဘုရားသခင်၏ သေတ္တာတော်ကို ငါတို့တွင် မရှိစေရဟု ဆိုလျက်၊
၇သူတို့သည်ထိုအခြင်းအရာကိုတွေ့မြင် ကြသောအခါ``ဣသရေလအမျိုးသား တို့ကိုးကွယ်သောဘုရားသည်ငါတို့နှင့် ငါတို့၏ဒါဂုန်ဘုရားအားဒဏ်ခတ်တော်မူ လေပြီ။ ပဋိညာဉ်သေတ္တာတော်ကိုဤအရပ် တွင်ငါတို့ဆက်လက်ထားရှိ၍ဖြစ်တော့ မည်မဟုတ်'' ဟုဆိုကြ၏။-
8 ၈ လူကိုစေလွှတ်၍ ဖိလိတ္တိမင်းအပေါင်းတို့ကို စုဝေးစေပြီးလျှင်၊ ဣသရေလအမျိုး၏ ဘုရားသခင့် သေတ္တာတော်ကို အဘယ်သို့ ပြုရပါမည်နည်းဟု မေးကြ၏။ မင်းများကလည်း၊ ဣသရေလအမျိုး၏ ဘုရားသခင့်သေတ္တာတော်ကို ဂါသမြို့သို့ ဆောင်သွားစေဟု စီရင်သည်အတိုင်း ဆောင်သွားကြ၏။
၈ထို့ကြောင့်သူတို့သည်ဖိလိတ္တိဘုရင်ငါးပါး တို့ထံစေတမန်များလွှတ်၍ဖိတ်ခေါ်ပြီး လျှင်``ဣသရေလအမျိုးသားတို့ကိုးကွယ် သောဘုရား၏ပဋိညာဉ်သေတ္တာတော်ကိုငါ တို့အဘယ်သို့ပြုရကြမည်နည်း'' ဟုမေး ကြ၏။ ဘုရင်တို့က``ဂါသမြို့သို့ပင့်ဆောင်သွား ကြလော့'' ဟုဆိုသဖြင့်ပဋိညာဉ်သေတ္တာ တော်ကိုအခြားဖိလိတ္တိမြို့တစ်မြို့ဖြစ် သောဂါသမြို့သို့ပင့်ဆောင်သွားကြ၏။-
9 ၉ ထိုမြို့သို့ ဆောင်သွားသောနောက်၊ ထာဝရဘုရား၏ လက်တော်သည် ထိုမြို့၌ ကြီးစွာသော ဖျက်ဆီးခြင်းကို ပြု၍၊ မြို့သူမြို့သား အကြီးအငယ်တို့ကို ဒဏ်ခတ်တော်မူသဖြင့်၊ ကိုယ်အတွင်း၌ မြင်းသရိုက်အနာကို ခံရကြ၏။
၉သို့ရာတွင်ထိုအရပ်သို့သေတ္တာတော်ရောက်ရှိ ပြီးနောက် ထာဝရဘုရားသည်ထိုမြို့ကိုလည်း ဒဏ်ခတ်တော်မူပြန်သဖြင့် လူတို့သည်ထိတ်လန့် ကြကုန်၏။ ကိုယ်တော်သည်ကြီးငယ်မရွေးမြို့ သူမြို့သားအပေါင်းတို့အားအနာစိမ်းများ ပေါက်စေခြင်းအားဖြင့်ဒဏ်ခတ်တော်မူ၏။-
10 ၁၀ တဖန် ဘုရားသခင်၏ သေတ္တာတော်ကို ဧကြုန်မြို့သို့ ပို့လိုက်သဖြင့်၊ ထိုမြို့သို့ ရောက်သောအခါ၊ မြို့သူမြို့သားတို့က၊ ငါတို့နှင့် ငါတို့လူများကို သတ်စေခြင်းငှါ၊ ဣသရေလအမျိုး၏ ဘုရားသခင့် သေတ္တာတော်ကို ဆောင်ခဲ့ပါသည်တကားဟု ဟစ်ကြော်လျက်၊
၁၀သို့ဖြစ်၍သူတို့သည်ပဋိညာဉ်သေတ္တာတော်ကို အခြားဖိလိတ္တိမြို့တစ်မြို့ဖြစ်သောဧကြုန်မြို့ သို့ပို့လိုက်ကြ၏။ ထိုမြို့သို့သေတ္တာတော်ရောက် ရှိသောအခါလူတို့က``သူတို့သည်ငါတို့ ရှိသမျှကိုသတ်ရန်ဣသရေလအမျိုးသား တို့ကိုးကွယ်သည့်ဘုရား၏ပဋိညာဉ်သေတ္တာ တော်ကိုငါတို့ထံသို့ပင့်ဆောင်လာကြလေ ပြီ'' ဟုဟစ်အော်ကြကုန်၏။-
11 ၁၁ လူကိုစေလွှတ်၍ ဖိလိတ္တိမင်းအပေါင်းတို့ကို စုဝေးစေပြီးလျှင်၊ ဣသရေလအမျိုး၏ ဘုရားသခင့် သေတ္တာတော်သည် ငါတို့နှင့်ငါတို့လူများကို မသတ်စေခြင်းငှါ လွှတ်လိုက်ကြကုန်အံ့၊ မိမိနေရင်း အရပ်သို့ သွားပါလေစေဟု ဆိုကြ၏။ အကြောင်းမူကား၊ ဘုရားသခင်သည် အလွန်လေးသော လက်တော်ကို တင်တော်မူသဖြင့်၊ တမြို့လုံးသေစေတတ်သော အနာရောဂါ နှံ့ပြားလေ၏။
၁၁ထို့ကြောင့်သူတို့သည်ဖိလိတ္တိဘုရင်အပေါင်း တို့အား တစ်ဖန်ဖိတ်ခေါ်ပြီးလျှင်``ဣသရေလ အမျိုးသားတို့၏ပဋိညာဉ်သေတ္တာတော်ကို ယင်း၏မူရင်းအရပ်သို့ပြန်ပို့လိုက်ကြပါ။ သို့မှသာလျှင်ငါတို့နှင့်တကွငါတို့၏အိမ် ထောင်စုသားများသည်သေဘေးမှကင်းလွတ် ကြပါလိမ့်မည်'' ဟုဆိုကြ၏။ ဘုရားသခင် သည်သူတို့အားပြင်းထန်စွာဒဏ်ခတ်တော် မူသည်ဖြစ်၍တစ်မြို့လုံးပင်ကြောက်လန့် တုန်လှုပ်လျက်နေကြ၏။-
12 ၁၂ သေဘေးနှင့်လွတ်သော်လည်း မြင်းသရိုက်နာဖြင့် ဒဏ်ခတ်ခြင်းကိုခံရ၍၊ ထိုမြို့အော်ဟစ်သော အသံ သည် မိုဃ်းကောင်းကင်သို့ တက်လေ၏။
၁၂သေဘေးနှင့်လွတ်သောသူများပင်လျှင် အနာစိမ်းများပေါက်ကြသဖြင့် လူတို့သည် မိမိတို့၏ဘုရားများအားကူမရန်ဟစ် အော်လျှောက်ထားကြ၏။