< ၁ ဓမ္မရာဇဝင် 3 >
1 ၁ သူငယ်ရှမွေလသည်၊ ဧလိရှေ့တွင် ထာဝရဘုရား၏ အမှုတော်ကို ဆောင်ရွက်လေ၏။ ထိုကာလ၌ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် နည်းပါး၏။ ထင်ရှားသော ရူပါရုံမရှိ။
Wuowino miluongo ni Samuel ne tiyo e nyim Jehova Nyasaye e bwo Eli. E kindeno wach Jehova Nyasaye ne nok kendo ne onge fweny mangʼeny.
2 ၂ တရံရောအခါ ဧလိသည် မိမိနေရာ၌ အိပ်လျက်၊ သူ၏ မျက်စိမှုန်သောကြောင့် မမြင်နိုင်သည်ကာလ၊-
Eli makoro wengene ne osechako imore kendo ne ok onyal neno maber, noyudo nindo e kare mapile.
3 ၃ ဘုရားသခင်၏ သေတ္တာတော်ရှိရာ ထာဝရဘုရားအိမ်တော်၌ မီးခွက်မသေမှီ၊ ရှမွေလသည်လည်း အိပ်လျက်ရှိသောအခါ၊-
To taya mar Nyasaye ne pok otho, Samuel bende ne nindo ei hekalu mar Jehova Nyasaye, kama Sandug Muma mar Nyasaye ne nitie.
4 ၄ ထာဝရဘုရားသည် ရှမွေလကို ခေါ်တော်မူ၍၊ ရှမွေလက အကျွန်ုပ်ရှိပါသည်ဟု ထူးသဖြင့်၊-
Eka Jehova Nyasaye noluongo Samuel. Samuel nodwoko niya, “Era ee.”
5 ၅ ဧလိထံသို့ ပြေး၍၊ ကိုယ်တော်ခေါ်သောကြောင့် အကျွန်ုပ်လာပါသည်ဟု ဆိုလျှင်၊ ဧလိက ငါမခေါ်၊ အိပ်တော့ဟု ဆိုသည်အတိုင်း၊ ရှမွေလသွား၍ အိပ်ပြန်လေ၏။
Eka noringo odhi ir Eli mowacho niya, “Era ee; nikech ne iluonga.” To Eli nowachone niya, “Ne ok aluongi dog inindi.” Omiyo nodok monindo.
6 ၆ တဖန် ထာဝရဘုရားက၊ ရှမွေလဟု ခေါ်တော်မူလျှင်၊ ရှမွေလသည် ထပြီးလျှင်၊ ဧလိထံသို့ သွား၍၊ ကိုယ်တော်ခေါ်သောကြောင့် အကျွန်ုပ်လာပါသည်ဟု ဆိုသော်၊ ဧလိက ငါမခေါ် ငါ့သား၊ အိပ်တော့ဟု ဆို၏။ -
Kendo Jehova Nyasaye nochako oluongo niya, “Samuel!” Eka Samuel nochungʼ modhi ir Eli mowachone niya, “Era ee, nikech ne iluonga.” Eli nowachone niya, “Wuoda, an ne ok aluongi dog inindi.”
7 ၇ ရှမွေလသည် ထာဝရဘုရားကို မသိသေး။ ဗျာဒိတ်တော်ကို မခံရသေး။
E kindeno Samuel ne pod ok ongʼeyo Jehova Nyasaye nikech wach Jehova Nyasaye ne pok ofwenyorene.
8 ၈ တတိယအကြိမ် ထာဝရဘုရားက၊ ရှမွေလဟု ခေါ်တော်မူလျှင်၊ ရှမွေလ ထပြီးလျှင် ဧလိထံသို့ သွား၍ ကိုယ်တော်ခေါ်သောကြောင့် အကျွန်ုပ်လာပါသည်ဟုဆိုသော်၊ ထာဝရဘုရားသည် ထိုသူ ငယ်ကို ခေါ်တော်မူကြောင်းကို ဧလိသည် ရိပ်မိလျှင်၊-
Jehova Nyasaye ne ochako oluongo Samuel mar adek kendo Samuel noa malo modhi ir Eli mowachone niya, “Era ee nikech iluonga.” Eka Eli nofwenyo ni kara Jehova Nyasaye ema, luongo wuowino.
9 ၉ သင်သွား၍ အိပ်ဦးတော့၊ နောက်တဖန်ခေါ်လျှင်၊ အိုထာဝရဘုရား အမိန့်ရှိတော်မူပါ။ ကိုယ်တော် ကျွန်ကြားပါသည်ဟု လျှောက်ရမည်အကြောင်း ရှမွေလကို မှာထားသည်အတိုင်း၊ ရှမွေလသွား၍ မိမိ နေရာ၌ အိပ်လေ၏။-
Omiyo Eli nowacho ni Samuel niya, “Dhiyo inindi, to ka oluongi to iwach ni, ‘Wuo Jehova Nyasaye, nikech jatichni winjo.’” Samuel ne odok monindo kare.
10 ၁၀ ထာဝရဘုရားသည်လည်း ရှေ့နည်းတူ လာရပ်လျက်၊ ရှမွေလ၊ ရှမွေလဟု ခေါ်တော်မူလျှင်၊ ရှမွေလက၊ အိုထာဝရဘုရား အမိန့်ရှိတော်မူပါ။ ကိုယ်တော်ကျွန်ကြားပါသည်ဟု လျှောက်လေသော်၊-
Jehova Nyasaye nobiro mochungʼ kanyo moluongo kaka nosebedo kotimo, “Samuel! Samuel!” Samuel nowachone niya, “Wuo nikech jatichni winjo.”
11 ၁၁ ထာဝရဘုရားက၊ သိတင်းကြားသောသူတိုင်း နားနှစ်ဘက်ခါးစေခြင်းငှါ၊ ငါသည် ဣသရေလ အမျိုး၌ တစုံတခုကိုပြုမည်။
Eka Jehova Nyasaye nowachone Samuel niya, “Ne adhi timo gimoro e Israel mabiro miyo ji duto mowinjo itgi nosakni.
12 ၁၂ ဧလိအိမ်သားတို့တဘက်၌ ငါပြောသမျှအတိုင်း ထိုနေ့တွင် ငါပြုမည်။ ပြုစရှိပြီးမှ လက်စသတ်မည်။-
E kindeno abiro chopo weche mane awacho kuom Eli ka akwede kod mane awacho kuom ode aa chakruok nyaka giko.
13 ၁၃ ထိုသူ၏သားတို့သည် ကိုယ်ယုတ်မာသည်တိုင်အောင်၊ ကိုယ်ပြုသော ဒုစရိုက်အပြစ်ကို သူသိသော် လည်း ကျပ်တည်းစွာ မဆုံးမဘဲနေသောကြောင့်၊ သူ၏ အိမ်သားတို့၌ ငါသည် အစဉ်အမြဲ ဒဏ်ပေး မည်ဟု ငါပြောပြီ။-
Nimar ne anyise ni abiro ngʼado bura ne joode nyaka chiengʼ nikech richono mane ongʼeyo, yawuote ne timo timbe maricho, to ne ok okwerogi.
14 ၁၄ ထိုကြောင့် ဧလိ၏အိမ်သားတို့ အပြစ်သည် ယဇ်နှင့်ပူဇော်သက္ကာအားဖြင့် မဖြေ၊ အစဉ်အမြဲ တည်ရ မည်အကြောင်း သူတို့အား ငါ ကျိန်ဆိုပြီဟု မိန့်တော်မူ၏။
Emomiyo nasingora ne dhood Eli ni, ‘Richogi ok nyal pwodh gi misango kata chiwo.’”
15 ၁၅ ရှမွေလသည် နံနက်တိုင်အောင် အိပ်ပြီးမှ၊ ထာဝရဘုရား၏ အိမ်တော်တံခါးတို့ကို ဖွင့်လေ၏။ မြင်ရ သော ရူပါရုံကို ဧလိအား မကြားမပြောဝံ့။
Samuel nonindo nyaka okinyi eka noyawo dhoudi mag od Jehova Nyasaye. Noluor wacho ne Eli fweny,
16 ၁၆ ဧလိက၊ ငါ့သားရှမွေလဟုခေါ်လျှင်၊ ရှမွေလက အကျွန်ုပ်ရှိပါသည်ဟု ထူးလေ၏။
to Eli noluonge mowachone niya, “Samuel wuoda.” Samuel nodwoke niya, “Era ee.”
17 ၁၇ ဧလိကလည်း၊ အဘယ်သို့ မိန့်တော်မူသနည်း။ ငါ့အား ဝှက်မထားပါနှင့်။ မိန့်တော်မူသမျှ တစုံတခု ကို ငါ့အား ဝှက်ထားလျှင်၊ မိန့်တော်မူသည်အတိုင်းမက သင်၌ပြုတော်မူပါစေသောဟု ဆိုလေသော်၊-
Eli nopenje niya, “En angʼo mane owachoni? Kik ipanda wach. Mad Nyasaye chwadi matek ka dipo ni ipandona gimoro amora ma onyisi.”
18 ၁၈ ရှမွေလသည် တစုံတခုကိုမျှ ဝှက်မထား အလုံးစုံတို့ကို ပြန်ကြား၏။ ဧလိကလည်း၊ ထာဝရဘုရားဖြစ် လျှင် အလိုတော်ရှိသည်အတိုင်း ပြုတော်မူပါစေသောဟု ဝန်ခံလေ၏။
Omiyo Samuel nonyise weche duto ma ok opandone gimoro. Eka Eli nowachone niya, “En e Jehova Nyasaye, we otim gima oneno ni longʼone.”
19 ၁၉ ရှမွေလသည် အစဉ်အတိုင်း ကြီး၍၊ ထာဝရဘုရားသည် သူနှင့်အတူ ရှိတော်မူသဖြင့်၊ သူ၏ စကား တခွန်းမျှ ပျက်စေခြင်းငှါ အခွင့်ပေးတော်မမူ။-
Jehova Nyasaye ne ni kod Samuel kaka nomedo dongo kendo weche duto mane owacho onge mane kadho ma ok otimore kamano.
20 ၂၀ သူသည် ထာဝရဘုရား၏ ပရောဖက်စစ် ဖြစ်ကြောင်းကို ဣသရေလ အမျိုးသားအပေါင်းတို့သည်၊ ဒန်မြို့မှစ၍ ဗေရရှေဘမြို့တိုင်အောင် သိကြ၏။
Jo-Israel duto koa Dan nyaka Bersheba, nofwenyo ni Samuel oseromo bedo janabi mar Jehova Nyasaye.
21 ၂၁ ထာဝရဘုရားသည် ရှိလောမြို့၌ အထပ်ထပ် ထင်ရှားတော်မူ၍၊ ထာဝရဘုရား၏ နှုတ်ကပတ်တော် အားဖြင့် ရှမွေလအား ဗျာဒိတ်ပေးတော်မူ၏။ ရှမွေလ စကားသည်လည်း၊ ဣသရေလအမျိုးတရှောက် လုံးကို နှံ့ပြားလေ၏။
Jehova Nyasaye nomedo fwenyore e Shilo kendo kanyo ne ofwenyore owuon ne Samuel kuom wachne.