< ၁ ဓမ္မရာဇဝင် 29 >
1 ၁ ဖိလိတ္တိလူတို့သည် ဗိုလ်ခြေအပေါင်းတို့ကို အာဖက်မြို့မှာ စုဝေးစေကြ၏။ ဣသရေလ လူတို့သည် ယေဇရေလမြို့မှာ ရှိသော စမ်းရေတွင်းအနား၌ တပ်ချကြ၏။
І зібрали филисти́мляни всі свої війська́ до Афеку, а Ізраїль таборував в Аїні, що в Їзреелі.
2 ၂ ဖိလိတ္တိမင်းတို့သည် လူတရာတပ်၊ တထောင်တပ်အစဉ်အတိုင်း ချီသွားသဖြင့်၊ ဒါဝိဒ်နှင့် သူ၏ လူတို့သည် နောက်တပ်၌ အာခိတ်မင်းနှင့်အတူ လိုက်ကြ၏။
А филистимські князі перехо́дили за сотнями та за тисячами, Давид же та люди його ішли накінці́ ра́зом з Ахішем.
3 ၃ ဖိလိတ္တိမင်းတို့ကလည်း၊ သင်နှင့်လိုက်သော ထိုသူတို့သည် အဘယ်သူနည်းဟုမေးလျှင်၊ အာခိတ်မင်းက၊ ဤသူသည် ဣသရေလရှင်ဘုရင် ရှောလု၏ကျွန် ဒါဝိဒ် ဖြစ်သည်မဟုတ်လော။ ကြာမြင့်စွာ ငါ့ထံမှာနေပြီ။ ငါ့ထံသို့ ရောက်သောနေ့မှစ၍ ယနေ့တိုင်အောင် သူ၌အပြစ်တင်စရာ တစုံတခုကိုမျှ မတွေ့ဟု ဖိလိတ္တိမင်းတို့အား ပြောဆိုသော်လည်း၊
І казали филисти́мські князі́: „Що́ це за євреї?“А Ахі́ш відказав филистимським князя́м: „Таж це Давид, раб Саула, Ізраїлевого царя, що був зо мною певний час, чи то роки, а я не знайшов у ньому нічого злого від дня його прихо́ду аж до дня цього.“
4 ၄ ဖိလိတ္တိမင်းတို့သည် စိတ်ဆိုးလျက် ဤသူ ပြန်ပါစေ။ မင်းနေရာချသော အရပ်သို့ သွား၍နေပါစေ။ ငါတို့နှင့်အတူ စစ်တိုက်မလိုက်စေနှင့်။ စစ်တိုက်ရာတွင် ငါတို့ ရန်ဘက်၌ နေမည်ကို စိုးရိမ်စရာရှိ၏။ သူသည် သူ့သခင်၏ စိတ်ကို ပြေစေခြင်းငှါ အဘယ်သို့ပြုနိုင်သနည်း။ ငါတို့လူများ၏ အသက်ကို အပ်၍ ပြုနိုင်သည်မဟုတ်လော။
І гнівалися на нього филистимські князі́. І сказали йому филистимські князі: „Заверни того́ чоловіка, і нехай він ве́рнеться до свого місця, де ти призна́чив йому, і нехай він не йде з нами на війну, і не стане нам противником на війні. І чим він може подо́батися своєму панові? Хіба головами цих людей?
5 ၅ ရှောလုအထောင်ထောင်၊ ဒါဝိဒ် အသောင်းသောင်း သတ်လေစွတကားဟု အလှည့်လှည့်ကလျက် သီချင်းဆိုကြသောအခါ၊ ဤဒါဝိဒ်ကို ရည်ဆောင်၍ သီချင်းဆိုကြသည်မဟုတ်လောဟု အပြစ်တင်သောကြောင့်၊
Чи ж це не той Давид, що про нього співали в танцях, говорячи: „Саул повбивав свої тисячі, а Давид — десятки тисяч свої!“
6 ၆ အာခိတ်မင်းသည် ဒါဝိဒ်ကို ခေါ်၍၊ အကယ်စင်စစ် ထာဝရဘုရား အသက်ရှင်တော်မှုသည့်အတိုင်း သင်သည် ဖြောင့်မတ်စွာ ပြုပြီ။ ငါနှင့်အတူ တပ်မှုတပ်ရင်း၌ သင်သွားလာပြုမူခြင်းကို ငါအားရပြီ။ သင်သည် ငါ့ထံသို့ရောက်သော နေ့မှစ၍ ယနေ့တိုင်အောင် သင်၌ အပြစ်ကို မတွေ့။ သို့သော် ဖိလိတ္တိမင်းတို့သည် သင့်ကို အလိုမရှိကြ။
І покликав Ахіш Давида, і сказав до нього: „ Як живий Господь, — ти правдивий, і в моїх оча́х добрий твій вихід та вхід твій зо мною в табо́рі, бо я не знайшов у тобі зла від дня прихо́ду твого до мене аж до цього дня. Та в оча́х князі́в ти не добрий.
7 ၇ သို့ဖြစ်၍ ယခုငြိမ်ဝပ်စွာ ပြန်သွားတော့။ ဖိလိတ္တိမင်းတို့ကို စိတ်ဆိုးစေခြင်းငှါ မပြုပါနှင့်ဟုဆိုသော်၊
А тепер вернися та йди в мирі, і не зробиш зла в оча́х филистимських князів“.
8 ၈ ဒါဝိဒ်က ကျွန်တော်သည် ကျွန်တော်သခင် ရှင်ဘုရင်၏ ရန်သူတို့ကို စစ်တိုက်မသွားစေခြင်းငှါ အဘယ်သို့ ပြုဘိသနည်း။ ကိုယ်တော်ထံမှာ နေသမျှ ကာလပတ်လုံး ယနေ့တိုင်အောင် အဘယ်အပြစ်ကို တွေ့တော်မူသနည်းဟု အာခိတ်မင်းအား မေးလျှောက်သော်၊
А Давид сказав до Ахіша: „Що́ ж зробив я? І що́ ти знайшов у своєму рабові від дня, коли став я перед твоїм обли́ччям, аж до цього дня, що я не ви́йду й не буду воювати з ворогами мого пана, царя?“
9 ၉ အာခိတ်မင်းက၊ သင်သည် ငါ့ရှေ့မှာ ဘုရားသခင်၏ ကောင်းကင်တမန်ကဲ့သို့ ကောင်းသည်ကို ငါသိ၏။ သို့သော်လည်း ငါတို့နှင့်အတူ စစ်တိုက်မလိုက်စေနှင့်ဟု ဖိလိတ္တိမင်းတို့သည် စီရင်ကြပြီ။
І відповів Ахіш і сказав до Давида: „Знаю я, що ти добрий в оча́х моїх, немов Ангол Божий. Та филистимські князі сказали: Нехай не йде він із нами на війну́!
10 ၁၀ သို့ဖြစ်၍ သင်နှင့်လိုက်လာသော သင့်သခင်၏ ကျွန်တို့နှင့်အတူ နံနက်စောစောထ၍ မိုဃ်းလင်းသောအခါ ပြန်သွားတော့ဟု ဒါဝိဒ်အား ဆိုသည်အတိုင်း၊
А тепер устань рано вранці ти та раби пана твого, що прийшли з тобою. І повставайте рано вранці, і як вам розсвіне́, ідіть!“
11 ၁၁ ဒါဝိဒနှင့် သူ၏ လူတို့သည် နံနက်စောစောထ၍ ဖိလိတ္တိပြည်သို့ ပြန်သွားကြ၏။ ဖိလိတ္တိ လူတို့သည်လည်း၊ ယေဇရေလမြို့သို့ ချီသွားကြ၏။
І встав рано вранці Давид та люди його, щоб піти ра́нком і вернутися до филистимського кра́ю. А филисти́мляни пішли до Ізраїля.