< ၁ ဓမ္မရာဇဝင် 28 >
1 ၁ ထိုကာလ၌ ဖိလိတ္တိလူတို့သည်၊ ဣသရေလ အမျိုးကို စစ်တိုက်အံ့သောငှါ ဗိုလ်ခြေများကို စုဝေးကြ၏။ အာခိတ်မင်းကလည်း၊ သင်သည် လူများပါလျက် ငါနှင့် လိုက်၍စစ်တိုက်သွားရမည်ကို ဆက်ဆက် သဘောကျလော့ဟု ဒါဝိဒ်အားဆိုလျှင်၊
У күнләрдә Филистийләр Исраилға қарши җәң қилиш үчүн өз қошунлирини жиғди. Ақиш Давутқа: — Билишиң керәкки, адәмлириңни елип мениң билән җәзмән җәңгә чиқишиң лазим, деди.
2 ၂ ဒါဝိဒ်က၊ အကယ်စင်စစ် ကိုယ်တော်ကျွန်သည် အဘယ်သို့ပြုနိုင်သည်ကို ကိုယ်တော်သည် သိတော်မူလိမ့်မည်ဟု လျှောက်သော်၊ အာခိတ်မင်းက၊ သို့ဖြစ်၍သင့်ကို ငါ့အသက်စောင့် ဗိုလ်ချုပ် အရာ၌ ငါခန့်မည်ဟုပြန်ပြော၏။
Давут Ақишқа: — Ундақта сили қуллириниң немә қилалайдиғанлиғини билип қалила — деди. Ақиш Давутқа: — Мана, сени өзүмгә мәңгүлүк пасибан қилай, деди.
3 ၃ ထိုကာလ၌ ရှမွေလမရှိသေလွန်ပြီ။ ဣသရေလအမျိုးသားပေါင်းတို့သည် ငိုကြွေးမြည်တမ်းခြင်းကို ပြုလျက်၊ သူ့ကိုသူနေရင်း ရာမမြို့၌ သင်္ဂြိုဟ်ကြပြီ။ ရှောလုသည် စုန်းနှင့် နတ်ဝင်ပေါင်းတို့ကို တပြည်လုံးတွင် သုတ်သင်ပယ်ရှင်းနှင့်ပြီ။
(Самуил өлгән еди вә пүткүл Исраил униң үчүн матәм тутуп уни өз шәһири болған Рамаһда дәпнә қилған еди. Саул болса җинкәшләр билән палчиларни зиминдин қоғлап чиқарди).
4 ၄ ထိုအခါ ဖိလိတ္တိလူတို့သည် စုဝေး၍ ရှုနင်မြို့မှာ တပ်ချကြ၏။ ရှောလုသည်လည်း ဣသရလ အမျိုးသားအပေါင်းတို့ကို စုဝေးစေ၍ သူတို့သည် ဂိလဗောမြို့မှာ တပ်ချကြ၏။
Филистийләр топлишип чиқип Шунәмдә чедир тикти. Саулму һәм пүткүл Исраилни жиғип, Гилбоаһда чедир тикти.
5 ၅ ရှောလုသည် ဖိလိတ္တိလူအလုံးအရင်းကို မြင်သောအခါ ကြောက်၍ အလွန်တုန်လှုပ်သော စိတ်နှလုံး ရှိ၏။
Саул әнди Филистийләрниң қошун баргаһини көргәндә қорқуп, жүриги су болуп кәтти.
6 ၆ ထာဝရဘုရားကို မေးလျှောက်သော်လည်း ထာဝရဘုရားသည် ထူးတော်မမူ။ အိပ်မက်အားဖြင့်၎င်း၊ ဥရိမ်အားဖြင့်၎င်း၊ ပရာဖက်အားဖြင့်၎င်း ထူးတော်မူ။
Саул Пәрвәрдигардин йол сориди; лекин Пәрвәрдигар я чүш билән я «урим» билән я пәйғәмбәрләр арқилиқ униңға җавап бәрмиди.
7 ၇ ထိုအခါရှောလုက၊ နတ်ဝင်မိန်းမကို ရှာကြလော့။ ငါသွား၍ မေးမြန်းမည်ဟု ကျွန်တို့အား ဆိုသည်အတိုင်း၊ ကျွန်တို့က အင်္ဒေါရမြို့မှာ နတ်ဝင်မိန်းမတယောက်ရှိပါ၏ဟု လျှောက်သော်၊
Шуниң билән Саул хизмәткарлириға: — Маңа палчи җинкәш бир хотунни тепип бериңлар, мән берип униңдин йол сорай, деди. Хизмәткарлири униңға: — Ән-Дорда җинкәш бир хотун бар екән, деди.
8 ၈ ရှောလုသည် အဝတ်လဲ၍ ထူးခြားသော အယောင်ကို ဆောင်လျက်၊ ညဉ့်အခါ လူနှစ်ယောက်နှင့်တကွ ထိုမိန်းမဆီသို့သွား၍ ရောက်ပြီးလျှင်၊ သင်ပေါင်းသော နတ်ကို အမှီပြု၍ သင့်အားငါပြောမည့်သူကို ဘော်ပါလော့ဟု တောင်းပန်လေ၏။
Саул ниқаплинип, башқа кийимләрни кийип икки адәмни һәмраһ қилип барди. Улар кечиси берип хотунниң қешиға кәлди. У хотунға: — Маңа җин чақирип пал ечип, мән дегән бирисини қешимға кәлтүргин, деди.
9 ၉ မိန်းမကလည်း၊ ရှောလုပြုသောအမှု၊ စုန်းနှင့် နတ်ဝင်တို့ကို တပြည်လုံးတွင် သုတ်သင်ဖယ်ရှင်းသော အမှုကို သင်သည် သိလျက်နှင့် ငါ့ကို သေစေခြင်းငှါ အဘယ်ကြောင့် ငါ့အသက်ကို ကျော့စမ်းသနည်းဟု ပြန်ပြောသော်၊
Хотун униңға: — Мана, Саулниң қилғанлирини, йәни зиминдин җинкәшләрни вә палчиларни йоқатқанлиғини өзүң билисән; немишкә мени өлтүрүшкә җенимға қапқан қойисән, деди.
10 ၁၀ ရှောလုက၊ ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း၊ ဤအမှုကြောင့် အဘယ်အပြစ်မျှ မရောက်ရဟု ထာဝရဘုရားကို တိုင်တည်၍ ကျိန်ဆိုလေ၏။
Саул униңға Пәрвәрдигар билән қәсәм қилип: — Пәрвәрдигарниң һаяти билән қәсәм қилимәнки, бу иш үчүн саңа җаза болмайду, деди.
11 ၁၁ မိန်းမကလည်း၊ အဘယ်သူကို ငါဘော်ရမည်နည်းဟု မေးလျှင်၊ ရှောလုက၊ ရှမွေလကို ဘော်ပါဟု ဆို၏။
Хотун: — Саңа кимни чиқиримән? — дәп сориди. У: — Маңа Самуилни чиқарғин, деди.
12 ၁၂ မိန်းမသည် ရှမွေလကို မြင်သောအခါ ကြီးသောအသံနှင့် အော်ဟစ်၍၊ ကိုယ်တော်သည် ကျွန်မကို အဘယ်ကြောင့် လှည့်စားသနည်း။ ကိုယ်တော်သည် ရှောလုဖြစ်ပါ၏ဟု ရှောလုအားဆိုလျှင်၊
Хотун Самуилни көргәндә қаттиқ аваз билән чирқириди, андин Саулға: — Немишкә мени голлайсән? Сән өзүң Саулғу! — деди.
13 ၁၃ ရှင်ဘုရင်က မစိုးရိမ်နှင့်။ အဘယ်အရာကို မြင်သနည်းဟု မေးသော်၊ မိန်းမက၊ မြေကြီးထဲက ဘုရားတက်လာသည်ကို ကျွန်မမြင်ပါသည်ဟု လျှောက်၏။
Падиша униңға: — Қорқмиғин! Немини көрдүң? — деди. У Саулға: — Мән бир илаһниң йәрдин чиққинини көрдүм, деди.
14 ၁၄ အဘယ်သို့သော အယောင်ဆောင်သနည်းဟု မေးပြန်သော်၊ လူအိုတက်လာပါ၏။ ဝတ်လုံခြုံလျက် ရှိပါ၏ဟု လျှောက်ပြန်လျှင်၊ ရှမွေလဖြစ်ကြောင်းကို ရှောလုသည် ရိပ်မိလျှင် မြေပေါ်၌ ဦးညွှတ်ပြပ်ဝပ် လျက်နေ၏။
У: — Униң қияпити қандақ екән? деди. Хотун: — Қери бир бовай чиқиватиду; у йепинча кийгән екән, деди. Саул: — У Самуил екән, дәп билип, йүзини йәргә йеқип тазим қилди.
15 ၁၅ ရှမွေလကလည်း၊ သင်သည် ငါ့ကို နှောက်ရှက်လျက် အဘယ်ကြောင့် ဘော်သနည်းဟု ရှောလုကို မေးသော်၊ ရှောလုက၊ အကျွန်ုပ်သည် အလွန်ဆင်းရဲခြင်းသို့ရောက်ပါပြီ။ ဖိလိတ္တိလူတို့သည် စစ်တိုက် ကြပါ၏။ ဘုရားသခင်သည် အကျွန်ုပ်ကို စွန့်တော်မူပြီ။ ပရောဖက်အားဖြင့် ထူးတော်မမူ။ အိပ်မက်အားဖြင့် ထူးတော်မမူ။ အကျွန်ုပ် သည် အဘယ်သို့ပြုရမည်ကို၊ ကိုယ်တော်ပြစေခြင်းငှါ ကိုယ်တော်ကို အကျွန်ုပ်ခေါ်ပါပြီဟု ပြောဆို၏။
Самуил Саулға: — Немишкә мени аварә қилип чиқардиң? — деди. Саул: — Мән толиму пәришан болдум; чүнки Филистийләр маңа қарши җәң қиливатиду, вә Худа мәндин жирақлап, маңа яки пәйғәмбәрләр арқилиқ яки чүшләр арқилиқ һеч җавап бәрмәйватиду. Шуңа мениң немә қилишим керәклигини маңа билдүргәйсән дәп, сени чақирдим, деди.
16 ၁၆ ရှမွေလကလည်း၊ ထာဝရဘုရားသည် သင့်ကို စွန့်၍ သင့်ရန်ဘက် ဖြစ်တော်မူသည် မှန်လျှင်၊ ငါ့ကို အဘယ်ကြောင့် မေးမြန်းသေးသနည်း။
Самуил: — Пәрвәрдигар сәндин жирақлап, дүшминиң болғандин кейин немишкә мәндин мәслиһәт сорайсән? — деди.
17 ၁၇ ထာဝရဘုရားသည် ငါ့အားဖြင့် မိန့်တော်မူသည်အတိုင်း သင်၌ပြုတော်မူပြီ။ ထာဝရဘုရားသည် ဤနိုင်ငံကို သင့်လက်မှနှုတ်၍၊ သင့်အိမ်နီးချင်း ဒါဝိဒ်အားပေးတော်မူပြီ။
—Пәрвәрдигар Өзи үчүн мән арқилиқ ейтқинини қилди; Пәрвәрдигар падишалиқни қолуңдин житип елип, хошнаңға, йәни Давутқа бәрди.
18 ၁၈ အကြောင်းမူကား၊ သင်သည် ထာဝရဘုရား၏ စကားတော်ကို နားမထောင်။ ပြင်းစွာသော အမျက်ကို အာမလက်အမျိုး၌ မစီရင်သောကြောင့်၊ ထာဝရဘုရားသည် ဤအမှုကို ယနေ့ သင်၌ ရောက်စေတော် မူပြီ။
Сән Пәрвәрдигарниң сөзигә қулақ салмай, униң Амаләкләргә қаратқан қаттиқ ғәзивини жүргүзмигиниң үчүн Пәрвәрдигар бүгүн саңа шу ишни қилди.
19 ၁၉ ထိုမှတပါးသင်နှင့် ဣသရေလအမျိုးကို ဖိလိတ္တိလူတို့ လက်၌ အပ်တော်မူမည်။ နက်ဖြန်နေ့ သင်နှင့် သင်၏သားတို့သည် ငါနှင့်အတူရှိလိမ့်မည်။ ထာဝရဘုရားသည် ဣသရေလလူ အလုံးအရင်းကို ဖိလိတ္တိလူတို့လက်၌ အပ်တော်မူမည်ဟု ဆို၏။
Пәрвәрдигар өзүң билән Исраилниму Филистийләрниң қолиға тапшуриду; әтә сән вә оғуллириң мениң билән биллә болисиләр; вә Пәрвәрдигар Исраилниң қошуниниму Филистийләрниң қолиға тапшуриду, деди.
20 ၂၀ ထိုအခါ ရှောလုသည် မြေပေါ်မှာ အလျားပြပ်ဝပ်လဲနေ၍၊ ရှမွေလစကားကြောင့် အလွန် ကြောက်ရွံ့၏။ တနေ့နှင့် တညဉ့်လုံး အဘယ်အစာကိုမျှ မစားဘဲနေသောကြောင့် အားကုန်ပြီ။
Саул шуан йәргә дүм жиқилди, Самуилниң сөзлиридин қаттиқ қорқуп кәтти; бир кечә-күндүз тамақму йемигәчкә, мағдуриму қалмиди.
21 ၂၁ ထိုမိန်းမသည်လာ၍ ရှောလု အလွန်စိတ်ညစ်သည်ကို မြင်လျှင်၊ ကိုယ်တော်ကျွန်မသည် ကိုယ်တော်စကားကို နားထောင်ပါပြီ။ ကိုယ်အသက်ကို မနှမြောဘဲ ကိုယ်တော်မိန့်တော်မူသော စကားကို နားထောင်ပါပြီ။
Аял әнди Саулниң қешиға берип униң толиму пәришан болғинини көрүп, униңға: — Мана, дедәклири җенини алқиниға елип қоюп тапилиғанлириға бенаән қилдим.
22 ၂၂ သို့ဖြစ်၍ ယခုကိုယ်တော် ကျွန်မ၏ စကားကို နားထောင်တော်မူပါ။ စားစရာအနည်းငယ်ကို ရှေ့တော်၌ တင်ပါရစေ။ ကိုယ်တော်ကြွသွားသောအခါ အားပြည့်စေခြင်းငှါ စားတော်ခေါ်ပါဟု လျှောက် သော်လည်း၊
Әнди силидин өтүнимән, дедиклириниң сөзигә киргәйла; мени силиниң алдилириға бир чишләм нан кәлтүрүшкә униғайла; шуниң билән сили йәп қувәт тепип андин өз йоллириға кетәләйла, деди.
23 ၂၃ ရှောလုက ငါမစားဟု ငြင်းပယ်လေ၏။ သို့ရာတွင် ကျွန်တို့သည် မိန်းမနှင့် ဝိုင်း၍ အနိုင်ပြုကြသဖြင့်၊ ရှောလုသည် သူတို့စကားကို နားထောင်၍ မြေပေါ်ကထပြီးလျှင် ခုတင်ပေါ်မှာ ထိုင်လေ၏။
Лекин у рәт қилип: — Йемәймән, дәп унимиди. Униң хизмәткарлири һәм аялму йейишни униңға дәвәт қилишти; у йәрдин қопуп кариватта олтарди.
24 ၂၄ ထိုမိန်းမသည် မိမိအိမ်၌ ဆူအောင်ကျွေးသော နွားကလေးတကောင်ရှိသည်ဖြစ်၍ အလျင်အမြန် သတ်လေ၏။ မုန့်ညက်ကိုလည်း ယူ၍ နယ်သဖြင့်၊ တဆေးမဲ့မုန့်ကို ဖုတ်ပြီးမှ၊
Аялниң өйидә бир бордақ мозай бар еди. У дәрһал уни сойди; һәм хемир жуғуруп петир нан пишүрүп бәрди.
25 ၂၅ ရှောလုနှင့် ကျွန်များတို့ ရှေ့၌ တင်လေ၏။ သူတို့သည် စား၍ ထိုညဉ့်တွင် ထသွားကြ၏။
У уни Саул билән хизмәткарлириниң алдиға қойди. Улар йәп болуп, шу кечиси кәтти.