< ၁ ဓမ္မရာဇဝင် 22 >
1 ၁ ဒါဝိဒ်သည် ထိုအရပ်မှပြေး၍ အဒုလံဥမင်သို့ ဘေးလွတ်လျက် ရောက်လေ၏။ သူအစ်ကိုများ၊ အဆွေ အမျိုးများအပေါင်းတို့သည် ကြားလျှင် သူ့ထံသို့ သွားကြ၏။
UDavida wasuka eGathi wabalekela ebhalwini lwase-Adulami. Kwathi abafowabo labendlu kayise sebekuzwile, baya kuye khonale.
2 ၂ အမှုရောက်သောသူ၊ ကြွေးတင်သောသူ၊ စိတ်ညစ်သောသူအပေါင်းတို့သည်၊ သူ့ထံမှာ စုဝေးကြ၍ လူလေးရာခန့်ရှိသဖြင့်၊ ဒါဝိဒ်သည် သူတို့ကို အုပ်ရ၏။
Bonke labo ababelosizi loba ababelemilandu kumbe ababelensolo babuthana kuye, wasesiba ngumkhokheli wabo. Abantu ababelaye babengaba zinkulungwane ezine.
3 ၃ ထိုအရပ်မှ မောဘပြည် မိဇပါမြို့သို့သွား၍၊ မောဘရှင်ဘုရင်အား၊ ဘုရားသခင်သည် ကျွန်တော်၌ အဘယ်သို့ပြုတော်မူမည်ကို ကျွန်တော်မသိဘဲနေစဉ်တွင်၊ ကျွန်တော်မိဘသည် ထွက်လာ၍ ကိုယ်တော် ထံ၌ နေရသောအခွင့်ကို ပေးတော်မူပါဟု လျှောက်သဖြင့်၊
Esuka lapho uDavida waya eMizipha kwelaseMowabi wathi enkosini ye-Mowabi, “Ungabavumela yini ubaba lomama ukuba bazehlala lawe ngize ngazi uNkulunkulu azangenzela khona na?”
4 ၄ မောဘရှင်ဘုရင်ထံသို့ သွင်း၍၊ ဒါဝိဒ်သည် ခိုင်ခံ့သော ဥမင်၌ နေသည်ကာလပတ်လုံး၊ မိဘတို့သည် မောဘရှင်ဘုရင်ထံမှာ နေကြ၏။
Ngakho wabatshiya enkosini yaseMowabi njalo bahlala layo sonke isikhathi uDavida esenqabeni.
5 ၅ တဖန် ပရောဖက်ဂဒ်က၊ ခိုင်ခံ့သော ဥမင်၌ မနေနှင့်။ ထွက်၍ ယုဒပြည်သို့ သွားလော့ဟု ဒါဝိဒ်အား ဆိုသည်အတိုင်း ဒါဝိဒ်သွား၍ ဟာရက်တော၌ နေ၏။
Kodwa umphrofethi uGadi wathi kuDavida, “Ungahlali enqabeni. Yana elizweni lakoJuda.” Ngakho uDavida wasuka waya ehlathini laseHerethi.
6 ၆ ထိုအခါ ရှောလုသည် ဂိဗာမြို့၌ ကုန်းပေါ်တွင် သစ်ပင်အောက်မှာ လှံကို ကိုင်လျက်၊ ကျွန်အပေါင်းတို့ သည် ခြံရံလျက်နေစဉ်တွင်၊ ဒါဝိဒ်နှင့်သူ၏ လူတို့သည် ပေါ်ကြောင်းကို ရှောလုကြား၍၊
Ngalesosikhathi uSawuli wezwa ukuthi uDavida labantu bakhe babebonakele. Njalo uSawuli, ephethe umkhonto ngesandla, wayehlezi ngaphansi kwesihlahla somthamarisiki phezu koqaqa eGibhiya, lazozonke izikhulu zakhe zimi zimhanqile.
7 ၇ အို ဗင်္ယာမိန် အမျိုးသားတို့၊ ယေရှဲ၏သားသည် လယ်များ၊ စပျစ်ဥယျာဉ်များကို သင်တို့ရှိသမျှ၌ ဝေပေးနိုင်သလော။ သင်တို့ရှိသမျှကို လူတထောင်အုပ်၊ တရာအုပ်အရာ၌ ခန့်ထားနိုင်သလော။
USawuli wathi kuzo, “Lalelani bantu bakoBhenjamini! Kambe indodana kaJese izalipha lonke amasimu lezivini na? Kambe lonke izalenza libe ngabalawuli bezinkulungwane labalawuli bamakhulu na?
8 ၈ ထိုသို့ ပြုနိုင်သောကြောင့် သင်တို့အပေါင်းသည် ငါ့တဘက်၌ သင်းဖွဲ့ကြသလော။ ငါ့သားသည် ယေရှဲ၏သားနှင့် မိဿဟာယဖွဲ့ကြောင်းကို တယောက်မျှမပြော။ ငါ့အတွက် တယောက်မျှ ဝမ်းမနည်း။ ငါ့ကျွန်သည် ယနေ့ ပြုသည် အတိုင်း၊ ငါ့ကို ချောင်းမြောင်းစေခြင်းငှါ၊ ငါ့သားနှိုးဆော် ကြောင်းကို တယောက်မျှမပြောဘဲ နေကြသည်တကားဟု အခြံအရံတို့အား ဆိုလေသော်၊
Kungenxa yalokho lonke selicebe okubi ngami na? Kakho ongitshelayo nxa indodana yami isenza isivumelwano lendodana kaJese. Kakho owenu okhathazekayo ngami loba angitshele ukuthi indodana yami itshotshozela izinceku zami ukuba zingicathamele, njengalokhu ekwenzayo lamhla.”
9 ၉ ရှောလု၏ ကျွန်အုပ် ဧဒုံ အမျိုးသား ဒေါဂက၊ ယေရှဲ၏သားသည် အဟိတုပ်၏သား အဟိမလက်ရှိရာ နောဗမြို့သို့ရောက်ကြောင်းကို ကျွန်တော်မြင်ပါ၏။
Kodwa uDoyegi, umʼEdomi, owayemi lezikhulu zikaSawuli wathi, “Mina ngibone indodana kaJese isiya ku-Ahimeleki indodana ka-Ahithubi eNobhi.
10 ၁၀ အဟိမလက်သည် ယေရှဲ၏သားအဘို့ ထာဝရဘုရားထံတော်၌ မေးမြန်း၍ စားစရိတ်ကို၎င်း၊ ဖိလိတ္တိလူ ဂေါလျတ်၏ ထားကို၎င်း ပေးပါ၏ဟု ကြားလျှောက်လျှင်၊
U-Ahimeleki umbuzele kuThixo; waphinda wamnika ukudla lenkemba kaGoliyathi umFilistiya.”
11 ၁၁ ရှင်ဘုရင်သည် အဟိတုပ်၏သား ယဇ်ပုရောဟိတ် အဟိမလက်နှင့် သူ၏အဆွေအမျိုးတည်းဟူသော နောဗမြို့၌ နေသော ယဇ်ပုရောဟိတ်အပေါင်းတို့ကို ခေါ်၍၊ သူတို့သည် အထံတော်သို့ ရောက်လာကြ၏။
Lapho-ke inkosi yathumela ilizwi lokubiza umphristi u-Ahimeleki indodana ka-Ahithubi labo bonke abendlu kayise, ababengabaphristi eNobhi, yikho bonke baya enkosini.
12 ၁၂ ရှောလုကလည်း၊ အဟိတုပ်၏သား နားထောင်လော့ဟု ဆိုလျှင်၊ အဟိမလက်က အကျွန်ုပ်ရှိပါသည် သခင်ဟုလျှောက်၏။
USawuli wasesithi, “Khathesi-ke lalela, ndodana ka-Ahithubi.” Waphendula wathi, “Yebo, nkosi yami.”
13 ၁၃ ရှောလုကလည်း၊ သင်နှင့် ယေရှဲ၏သားသည် အဘယ်ကြောင့် ငါ့တဘက်၌ သင်းဖွဲ့ကြသနည်း။သူသည် ယနေ့ပြုသည့်အတိုင်း ငါ့ကို ပုန်ကန်စေခြင်းငှါ သင်သည် မုန့်နှင့်ထားကို ပေး၍ သူအဘို့ ဘုရားသခင့်ထံတော်၌ မေးမြန်းပြီတကားဟု ဆိုသော်၊
USawuli wasesithi kuye, “Kungani licebe okubi ngami, wena lendodana kaJese, wayinika isinkwa lenkemba njalo wayibuzela kuNkulunkulu, okwenze yangihlamukela njalo yangicathamela, njengalokhu ekwenzayo lamhla na?”
14 ၁၄ အဟိမလက်က၊ ကိုယ်တော်၏ ကျွန်တို့တွင် ဒါဝိဒ်ကဲ့သို့ အဘယ်သူသည် သစ္စာရှိသနည်း။ သမက်တော်ဖြစ်ပါ၏။ စေခိုင်းတော်မူသောသူ၊ နန်းတော်၌ အသရေရှိသောသူ ဖြစ်ပါ၏။
U-Ahimeleki waphendula wathi, “Ngubani kuzozonke izinceku zakho othembeke njengoDavida, umkhwenyana wenkosi, induna yabakulindayo njalo lohlonitshwa kakhulu endlini yakho na?
15 ၁၅ ထိုကာလ၌ အကျွန်ုပ်သည် ဒါဝိဒ်အဘို့ ဘုရားသခင့်ထံတော်၌ မေးမြန်းစပြုသလော။ ထိုအမှု ဝေးပါစေသော။ ရှင်ဘုရင်သည် ကိုယ်တော်ကျွန်နှင့် ကျွန်တော်၏အဆွေအမျိုး တစုံတယောက်၌မျှ အပြစ်တင်တော်မမူပါနှင့်၊ ကိုယ်တော်ကျွန်သည် ဤအမှုကို အကြီးအငယ်အားဖြင့်မျှ မသိပါဟု ရှင်ဘုရင်အား လျှောက်လေ၏။
Ngalelolanga ngangiqala ukumbuzela kuNkulunkulu na? Hatshi impela! Inkosi kayingethesi inceku yakho icala loba omunye wabendlu kayise, ngoba inceku yakho kayazi lutho lakancane ngodaba lonke lolu.”
16 ၁၆ ရှင်ဘုရင်က၊ အဟိမလက်၊သင်နှင့် သင်၏အဆွေအမျိုးအပေါင်းတို့သည် ဧကန်အမှန်အသေခံရမည်ဟု ဆိုလျက်၊
Kodwa inkosi yathi, “Ngeqiniso uzakufa, Ahimeleki, wena labo bonke abendlu kayihlo.”
17 ၁၇ ထာဝရဘုရား၏ ယဇ်ပုရောဟိတ်တို့သည် ဒါဝိဒ်ဘက်မှာ နေ၍၊ သူပြေးကြောင်းကို သိသော်လည်း ငါ့အားမကြားမပြောသောကြောင့်၊ သူတို့ကို လှည့်၍ သတ်ကြဟု ခြံရံလျက်ရှိသော ခြေသည်တို့အား အမိန့်တော်ရှိသော်လည်း၊ ရှင်ဘုရင်၏ ကျွန်တို့သည် ထာဝရဘုရား၏ ယဇ်ပုရောဟိတ်တို့ကို မလုပ်ကြံ ဘဲ နေကြ၏။
Inkosi yasilaya abalindi ababephansi kwayo yathi, “Phendukani libulale abaphristi bakaThixo ngoba labo basekele uDavida. Babekwazi ukuthi uyabaleka, kodwa kabangitshelanga.” Kodwa izikhulu zenkosi zazingafuni ukuphakamisa izandla ukuba zigalele abaphristi bakaThixo.
18 ၁၈ တဖန်ရှင်ဘုရင်က၊ သင်သည်လှည့်၍ ယဇ်ပုရောဟိတ်တို့ကို လုပ်ကြံတော့ဟု ဒေါဂအား မိန့်တော်မူ သည်အတိုင်း၊ ဧဒုံအမျိုးသား ဒေါဂသည် လှည့်၍ ပိတ်သင်တိုင်းကို ဝတ်သော ယဇ်ပုရောဟိတ် ရှစ်ဆယ့်ငါးပါးတို့ကို လုပ်ကြံသဖြင့် ထိုနေ့၌ သတ်လေ၏။
Ngakho inkosi yalaya uDoyegi yathi, “Phenduka ugalele abaphristi!” UDoyegi umʼEdomi waphenduka wabagongoda. Mhlalokho wabulala abantu abangamakhulu ayisificaminwembili lanhlanu ababegqoka izembatho zemahlombe ezelineni.
19 ၁၉ ယဇ်ပုရောဟိတ် ပိုင်သော နောဗမြို့ကိုလည်း တိုက်၍ ယောက်ျား၊ မိန်းမ၊ သူငယ်၊ နို့စို့မှစ၍ နွား၊ မြည်း၊ သိုးတို့ကို ထားနှင့်လုပ်ကြံလေ၏။
Wabuye wahlasela iNobhi ngenkemba, umuzi wabaphristi, lamadoda ayo kanye labesifazane, abantwana bayo lensane, lenkomo zayo, obabhemi kanye lezimvu.
20 ၂၀ အဟိတုပ်၏ သားဖြစ်သော အဟိမလက်၏သားတို့တွင်၊ အဗျာသာ အမည်ရှိသော သူတယောက်သည် လွတ်၍ ဒါဝိဒ်ရှိရာသို့ ပြေးလေ၏။
Kodwa u-Abhiyathari, indodana ka-Ahimeleki indodana ka-Ahithubi, waphunyuka wabaleka wayamanyana loDavida.
21 ၂၁ ထာဝရဘုရား၏ ယဇ်ပုရောဟိတ်တို့ကို ရှောလုသတ်ကြောင်းကို၊ အဗျာသာသည် ဒါဝိဒ်အား ကြားပြောသောအခါ၊
Watshela uDavida ukuthi uSawuli wayebulele abaphristi bakaThixo.
22 ၂၂ ဒါဝိဒ်က၊ ဧဒုံအမျိုးသား ဒေါဂသည် ရှောလုအားပြောမည်ဟု သူ့ကိုတွေ့သောနေ့၌ ငါရိပ်မိ၏။ ငါသည် သင်၏ အဆွေအမျိုးအပေါင်းတို့ကို သေစေခြင်းငှါပြုမိပါပြီတကား။
UDavida wasesithi ku-Abhiyathari, “Ngaloluyana usuku, lapho uDoyegi umʼEdomi wayekhona, ngakwazi ukuthi uzamtshela ngempela uSawuli. Ngilecala lokufa kwabendlu kayihlo bonke.
23 ၂၃ ငါနှင့် အတူနေပါလော့။ မစိုးရိမ်နှင့်။ ငါ့အသက်ကို ရှာသောသူသည် သင့်အသက်ကိုရှာ၏။ ငါနှင့်အတူ နေပါလော့။ မစိုးရိမ်နှင့်။ ငါနှင့်အတူနေလျှင် ဘေးလွတ်ပါလိမ့်မည်ဟု အဗျာသာအား ပြောဆို၏။
Hlala lami; ungesabi; umuntu ofuna ukukubulala lami futhi ufuna ukungibulala. Uvikelekile nxa ulami.”