< ၁ ဓမ္မရာဇဝင် 21 >
1 ၁ ဒါဝိဒ်သည် ယဇ်ပုရောဟိတ် အဟိမလက် ရှိရာ နောဗမြို့သို့ ရောက်၍၊ အဟိမလက်သည် ဒါဝိဒ်နှင့် တွေ့သောအခါ ကြောက်၍၊ သင်သည် လူတယောက်မျှ မပါဘဲ အဘယ်ကြောင့် တကိုယ်တည်း လာသနည်းဟု မေးသော်၊
Then came David to Nob to Ahimelech the priest: and Ahimelech was afraid at the meeting of David, and said unto him, Why [art] thou alone, and no man with thee?
2 ၂ ဒါဝိဒ်က၊ ရှင်ဘုရင် အမှုတော်တခုကို အပ်၍၊ ငါစေခိုင်းမှာထားသော အမှုကို အဘယ်သူမျှ မသိစေနှင့်ဟု မိန့်တော်မူသောကြောင့်၊ ငါ့ကျွန်တို့ကို ဤမည်သောအရပ် ဤမည်သောအရပ်၌ ဆိုင်းလင့်စေခြင်းငှါ အရင်စေလွှတ်လေပြီ။
And David said unto Ahimelech the priest, The king hath commanded me a business, and hath said unto me, Let no man know any thing of the business whereabout I send thee, and what I have commanded thee: and I have appointed [my] servants to such and such a place.
3 ၃ သို့ဖြစ်၍ ကိုယ်တော်လက်၌ ရှိသော မုန့်ငါးလုံးကိုသော်၎င်း၊ တွေ့သမျှကို သော်၎င်း၊ ကျွန်ုပ်လက်သို့ အပ်ပေးပါဟု ယဇ်ပုရောဟိတ် အဟိမလက်အား တောင်း၏။
Now therefore what is under thine hand? give [me] five [loaves of] bread in mine hand, or what there is present.
4 ၄ ယဇ်ပုရောဟိတ်က၊ ငါ့လက်၌ လူတိုင်းစားရသော မုန့်မရှိ။ လုလင်တို့သည် မိန်းမကိုသာ ရှောင်လျှင်၊ သန့်ရှင်းသော မုန့်ရှိသည်ဟု ဒါဝိဒ်အားဆို၏။
And the priest answered David, and said, [There is] no common bread under mine hand, but there is hallowed bread; if the young men have kept themselves at least from women.
5 ၅ ဒါဝိဒ်ကလည်း၊ ကျွန်ုပ်ထွက်ကတည်းက အဘယ်သူမျှ မိန်းမနှင့် မပေါင်းဘော်၊ လုလင်တန်ဆာ တို့သည် သန့်ရှင်းပါ၏။ ထိုမုန့်လည်း လူတိုင်းစားရသော မုန့်ကဲ့သို့ ဖြစ်ပါ၏။ အကြောင်းမူကား၊ ယနေ့ သန့်ရှင်းသောမုန့်သစ်ကို တင်ထားလျက်ရှိပါ၏ဟု ယဇ်ပုရောဟိတ် အား ပြန်ပြောသော်၊
And David answered the priest, and said unto him, Of a truth women [have been] kept from us about these three days, since I came out, and the vessels of the young men are holy, and [the bread is] in a manner common, yea, though it were sanctified this day in the vessel.
6 ၆ ယဇ်ပုရောဟိတ်သည် ရှေ့တော်မုန့်မှ တပါးအခြားသော မုန့်မရှိသောကြောင့် သန့်ရှင်းသော မုန့်ကိုပေး၏။ ထိုရှေ့တော်မုန့်စား၌ မုန့်သစ်ကို တင်ထားအံ့သောငှါ ထာဝရဘုရားရှေ့တော်မှ နှုတ်ပယ် နှင့်ပြီ။
So the priest gave him hallowed [bread: ] for there was no bread there but the shewbread, that was taken from before the LORD, to put hot bread in the day when it was taken away.
7 ၇ ထိုနေ့၌ အမှုတော်ထမ်းအဝင် သိုးတော်ထိန်းအုပ် ဧဒုံအမျိုးသား၊ ဒေါဂအမည်ရှိသော သူသည် ထာဝရဘုရားရှေ့တော်၌ စောင့်နေရ၏။
Now a certain man of the servants of Saul [was] there that day, detained before the LORD; and his name [was] Doeg, an Edomite, the chiefest of the herdmen that [belonged] to Saul.
8 ၈ ဒါဝိဒ်ကလည်း၊ ကိုယ်တော်၌ ထားလှံရှိသလော။ အမှုတော်ကို အလျင်အမြန် ဆောင်ရသောကြောင့်၊ ထား အစရှိသော လက်နက်တစုံတခုမျှ မပါဟု အဟိမလက်အား ပြောလေသော်၊
And David said unto Ahimelech, And is there not here under thine hand spear or sword? for I have neither brought my sword nor my weapons with me, because the king’s business required haste.
9 ၉ ယဇ်ပုရောဟိတ်က၊ ဧလာချိုင့်၌ သင်လုပ်ကြံခဲ့သော ဖိလိတ္တိလူ ဂေါလျတ်၏ ထားသည် အဝတ်နှင့် ထုပ်ရစ်လျက် သင်တိုင်းတော်နောက်မှာ ရှိ၏။ ယူချင်လျင် ယူတော့။ အခြားသော ထားမရှိဟု ဆိုလျှင်၊ ဒါဝိဒ်က ထိုထားနှင့်တူသော ထားမရှိ။ ပေးပါတော့ဟု ဆို၏။
And the priest said, The sword of Goliath the Philistine, whom thou slewest in the valley of Elah, behold, it [is here] wrapped in a cloth behind the ephod: if thou wilt take that, take [it: ] for [there is] no other save that here. And David said, [There is] none like that; give it me.
10 ၁၀ ထိုနေ့၌ ဒါဝိဒ်သည် ရှောလုကို ကြောက်သောကြောင့် ထ၍ ဂါသမင်းကြီးအာခိတ်ထံသို့ ပြေးသွား၏။
And David arose, and fled that day for fear of Saul, and went to Achish the king of Gath.
11 ၁၁ အာခိတ်မင်း၏ ကျွန်တို့က၊ ဒါဝိဒ်သည် ဣသရေလရှင်ဘုရင် ဖြစ်သည်မဟုတ်လော။ ရှောလု အထောင်ထောင်၊ ဒါဝိဒ် အသောင်းသောင်း သတ်လေစွတကားဟု ဤသူရှေ့မှာ အလှည့်လှည့်ကလျက် သီချင်းဆိုကြသည် မဟုတ်လောဟု လျှောက်ကြ၏။
And the servants of Achish said unto him, [Is] not this David the king of the land? did they not sing one to another of him in dances, saying, Saul hath slain his thousands, and David his ten thousands?
12 ၁၂ ထိုစကားကို ဒါဝိဒ်သည် မှတ်မိ၍၊ ဂါသမင်းကြီး အာခိတ်ကို အလွန်ကြောက်သောကြောင့်၊-
And David laid up these words in his heart, and was sore afraid of Achish the king of Gath.
13 ၁၃ ရူးသွပ်ဟန်ဆောင်၍ သူတို့ရှေ့မှာ အရူးကဲ့သို့ ပြုလျက်၊ တံခါးရွက်ပေါ်၌ ရေးသား၍ မိမိ တံထွေးကို မုတ်ဆိတ်တွင် ယိုစေ၏။
And he changed his behaviour before them, and feigned himself mad in their hands, and scrabbled on the doors of the gate, and let his spittle fall down upon his beard.
14 ၁၄ အာခိတ်မင်းကလည်း ကြည့်ကြလော့။ ဤသူသည် အရူးဖြစ်၏။ အဘယ်ကြောင့် ငါ့ထံသို့ သွင်းကြ သနည်း။
Then said Achish unto his servants, Lo, ye see the man is mad: wherefore [then] have ye brought him to me?
15 ၁၅ အရူးကို ငါအသုံးလိုသည်ဟု သင်တို့သည် ထင်လျက် ငါ့ရှေ့မှာ အရူးလုပ်စေခြင်းငှါ ဤသူကို သွင်းကြသလော။ ဤသူသည် နန်းတော်ထဲသို့ ဝင်ရမည်လောဟု ကျွန်တို့အား ဆို၏။
Have I need of mad men, that ye have brought this [fellow] to play the mad man in my presence? shall this [fellow] come into my house?