< ၁ ဓမ္မရာဇဝင် 19 >
1 ၁ ထို့ကြောင့် ရှောလုသည် ဒါဝိဒ်ကို သတ်စေခြင်းငှါ၊ သားတော် ယောနသန်နှင့် မိမိကျွန်အပေါင်း တို့ကို မှာထားလေ၏။
Saulo nowachone Jonathan ma wuode to gi jotije duto mondo gineg Daudi. To Jonathan nohero Daudi ahinya,
2 ၂ သားတော် ယောနသန်သည် ဒါဝိဒ်ကို အလွန်ချစ်၍၊ ငါ့အဘရှောလုသည် သင့်ကို သတ်ခြင်းငှါ ရှာကြံ၏။ သို့ဖြစ်၍ နံနက်တိုင်အောင် ကိုယ်ကို သတိပြုသဖြင့် ဆိတ်ကွယ်ရာအရပ်၌ ပုန်းရှောင်၍ နေပါလော့။
mi nosieme niya, “Tangʼ, Saulo wuora manyo yo ma donegigo. Omiyo kiny gokinyi dhiyo ipondi kendo bed mana kuno.
3 ၃ ငါထွက်၍ သင်ရှိရာတော၌ ငါ့အဘထံ ခစားလျက်၊ သင့်အမှု၌ စကားပြောမည်။ တွေမြင်သမျှကို သင့်အား ငါပြန်ကြားမည်ဟု ဒါဝိဒ်အား ပြောဆို၏။
Abiro dhi oko kendo anachungʼ but wuora machiegni gi kama ipondoeno. Abiro wuoyo kode kuomi kendo abiro nyisi gima ayudo.”
4 ၄ ယောနသန်သည် အဘရှောလုထံ၌၊ ဒါဝိဒ်ဘက်မှာပြော၍၊ ရှင်ဘုရင်သည် ကျွန်တော်ဒါဝိဒ်ကို မပြစ်မှားပါစေနှင့်။ သူသည် ကိုယ်တော်ကို မပြစ်မှားပါ။ ကိုယ်တော်၌ အလွန်ကျေးဇူးပြုပါပြီ။
Jonathan nowuoyo maber kuom Daudi ne Saulo, wuon mare, mowachone niya, “Ruoth kik itim marach ne jatichni Daudi; pok otimoni marach, to osemana konyi ahinya.
5 ၅ မိမိအသက်ကို မနှမြောဘဲ ဖိလိတ္တိလူကိုသတ်၍ ထာဝရဘုရားသည် ဣသရေလအမျိုးတမျိုးလုံးအဘို့ ကြီးစွာသော ကယ်တင်ခြင်း ကျေးဇူးကို ပြုတော်မူ၏။ ကိုယ်တော်သည် မြင်၍ ဝမ်းမြောက်ပါ၏။ သို့ဖြစ်၍ အကြောင်းမရှိဘဲ ဒါဝိဒ်ကို သတ်သဖြင့် အဘယ်ကြောင့် အပြစ်မရှိသောသူ၏ အသက်ကို သတ်သောအပြစ် သင့်ရောက်စေချင်ပါသနည်းဟု အဘရှောလုအားဆိုသော်၊
Noyie tho chiengʼ mane onego ja-Filistia. Jehova Nyasaye nokelo loch maduongʼ ne jo-Israel duto, ne ineno mine imor. Angʼo madimi itim marach ni ngʼama onge ketho ka Daudi kinege maonge gima omiyo?”
6 ၆ ရှောလုသည် ယောနသန်၏ စကားကို နားထောင်၍၊ ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း၊ သူသည် အသေမခံရဟု ကျိန်ဆိုလေ၏။
Saulo nochiko ite ne wach Jonathan mi okwongʼore kowacho niya, “Akwongʼora gi nying Jehova Nyasaye mangima ni Daudi ok nonegi.”
7 ၇ ယောနသန်သည် ဒါဝိဒ်ကို ခေါ်၍ အကြောင်းအရာ၊ အလုံးစုံတို့ကို ပြောပြီးမှ၊ ရှောလုထံသို့သွင်းပြန်၍ အထံတော်၌ အရင်နေသကဲ့သို့ နေရ၏။
Omiyo Jonathan noluongo Daudi monyise weche duto mane giwacho. Nokele ir Saulo, mi Daudi nobedo gi Saulo kaka nosebet mokwongo.
8 ၈ တဖန်စစ်မှုပေါ်ပြန်သောအခါ၊ ဒါဝိဒ်ထွက်၍ ဖိလိတ္တိလူတို့ကို တိုက်လျက်၊ ကြီးစွာသော လုပ်ကြံ ခြင်းအားဖြင့် သတ်၍ သူတို့သည် ပြေးကြ၏။
Lweny nochako owuok kendo, mi Daudi nowuok modhi kedo gi jo-Filistia. Nonego ji mangʼeny ma joma odongʼ noringo oa.
9 ၉ ရှောလုသည် လှံတို့ကို ကိုင်၍နန်းတော်၌ ထိုင်စဉ်တွင်၊ ထာဝရဘုရားထံတော်မှ ဆိုးသောဝိညာဉ် သက်ရောက်၍၊ ဒါဝိဒ်သည် စောင်းတီးလျက်နေသောအခါ၊
To roho marach ma Jehova Nyasaye nomiyo thuolo nobiro kuom Saulo kama nobetie piny ei ode ka otingʼo tongʼe e lwete. Kane Daudi ne goyo nyatiti,
10 ၁၀ သူ့ကိုလှံတိုနှင့် ထရံနားမှာ ထိုးစမ်းသော်လည်း၊ အထံတော်မှ ရှောင်ပြေးသဖြင့် လှံတိုသည် ထရံကို စူးလျက် နေ၏။ ဒါဝိဒ်သည် ပြေး၍ ထိုညဉ့်ကို လွတ်ရ၏။
Saulo notemo chwowe gi tongʼ mondo oriwe gi kor ot, to Daudi nolengʼe mi tongʼ nochwowo kor ot. Otienono Daudi notony maber modhi.
11 ၁၁ ရှောလုသည် သူ့ကို စောင့်၍ နံနက်ချိန်၌ သတ်စေခြင်းငှါ သူ့အိမ်သို့လူကို လွှတ်စေ၏။ ဒါဝိဒ်မယား မိခါလက၊ သင်သည် ယနေ့ညမှာ ကိုယ်အသက်ကို မကယ်မလျှင်၊ နက်ဖြန်နေ့၌ အသေခံရလိမ့်မည်ဟု ဆိုလျက်၊
Saulo nooro ji mondo orit od Daudi kendo mondo onege gokinyi. To Mikal ma chi Daudi nosieme niya, “Ka ok iringo mi ikonyo ngimani otienoni to kiny nonegi.”
12 ၁၂ ဒါဝိဒ်ကို ပြတင်းပေါက်မှ လျှော့ချ၍ သူသည် အလွတ်ထွက်ပြေးလေ၏။
Eka Mikal nogolo Daudi gie dirisa, mine oringo motony.
13 ၁၃ မိခါလသည်လည်း၊ တေရပ်ရုပ်တုကို ယူ၍ ခုတင်ပေါ်မှာ ထားပြီးလျှင်၊ ဆိတ်မွေးဖြင့်ရက်သော ကုလားကာနှင့် ခေါင်းရင်းရှေ့၌ ကာ၍ စောင်နှင့် ခြုံလေ၏။
Eka Mikal nokawo gima opa mopiele e kitanda, moume gi law, bangʼe oketo yie diek moko e wiye.
14 ၁၄ ဒါဝိဒ်ကို ဘမ်းဆီးစေခြင်းငှါ ရှောလု စေလွှတ်သောလုလင် ရောက်သောအခါ၊ ဒါဝိဒ်နာ၍ နေပါသည်ဟု မယားပြောဆို၏။
Kane Saulo ooro ji mondo omak Daudi, Mikal nowacho niya, “Otuo.”
15 ၁၅ ရှောလုကလည်း၊ သူ့ကို ငါသတ်မည်အကြောင်း ခုတင်နှင့်တကွ ဆောင်ခဲ့ကြဟု ဒါဝိဒ်ကို အကြည့်အရှု စေလွှတ်၍၊
Kendo Saulo nooro jogo mondo odogi one Daudi mowachonegi niya, “Keleuru ira ka utingʼe e kitandane mondo omi anege.”
16 ၁၆ တမန်တို့သည်ဝင်ကြသောအခါ ဆိတ်မွေးနှင့် ရက်သော ကုလားကာနှင့် ခေါင်းရင်းရှေ့၌ ကာလျက်၊ ခုတင်မှာ တေရပ်ရုပ်တု ရှိပါသည်တကား။
To ka jogo nodonjo negiyudo gima opa e kitanda, to yo ka wiye to oketie yie diek.
17 ၁၇ ရှောလုကလည်း ငါ့ကို လှည့်စား၍ အဘယ်ကြောင့် ရန်သူကို လွှတ်လိုက်သနည်း။ ယခုလွတ်အောင် ပြေးပါပြီတကားဟု မိခါလအားပြောဆိုလျှင်၊ မိခါလက ငါသွားမည်။ သို့မဟုတ် သင့်ကို ငါသတ်မည်ဟု သူပြောပါသည်ဟု ရှောလုအား ပြန်လျှောက်လေ၏။
Saulo nowachone Mikal niya, “Angʼo momiyo iwuonda kama kiweyo jasika dhi matony?” Mikal nowachone niya, “Nowachona ni, ‘Weya adhi. Angʼo momiyo danegi.’”
18 ၁၈ ထိုသို့ ဒါဝိဒ် ပြေး၍ ရှောလုလက်မှ လွတ်သဖြင့်၊ ရှမွေလရှိရာ ရာမမြို့သို့ ရောက်လေ၏။ ရှောလု ပြုလေသမျှတို့ကို ပြန်ကြားပြီးမှ၊ ရှမွေလသည် သွား၍ နာယုတ်ရွာမှာ နေ၏။
Kane Daudi oseringo motony, ne odhi Rama ir Samuel mi onyise timbe duto ma Saulo osetimone. Eka en gi Samuel negidhi Nayoth ma gibet kuno.
19 ၁၉ ဒါဝိဒ်သည် ရာမမြို့နယ်၊ နာယုတ်ရွာမှာ ရှိကြောင်းကို ရှောလုသည် ကြား၍၊
Wach nochopo ne Saulo niya, “Daudi ni Nayoth e gwengʼ Rama”
20 ၂၀ ဒါဝိဒ်ကို ဘမ်းဆီးစေခြင်းငှါ စေလွှတ်ပြန်၏။ ပရာဖက် အပေါင်းအသင်းတို့သည် ပရောဖက်ပြုလျက်၊ ရှမွေလစီရင်လျက်နေသည်ကို တမန်တို့သည် တွေ့မြင်သောအခါ၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် ရှောလု၏ တမန်တော်တို့အပေါ်မှာ သက်ရောက်၍၊ သူတို့သည်လည်း ပရောဖက်ပြုရကြ၏။
omiyo nooro ji mondo odhi omake. To kane gineno oganda jonabi ka koro wach ka gin gi Samuel kochungʼ kanyo kaka jatendgi Roho mar Nyasaye nomako joote Saulo ma gin bende negichako koro.
21 ၂၁ ထိုသိတင်းကို ရှောလုသည်ကြားလျှင် အခြားသောသူတို့ကို စေလွှတ်၍၊ သူတို့သည်လည်း ပရောဖက် ပြုရကြ၏။တတိယအကြိမ် ရှောလုသည် စေလွှတ်၍၊ ထို့အတူပြုကြရ၏။
Nonyis Saulo wachno, mi nooro ji moko to gin bende ne gikoro. Eka Saulo nooro joote kendo mar adek, to gin bende negimedo mana koro.
22 ၂၂ ထိုအခါ ကိုယ်တိုင်ရာမမြို့သို့ သွား၍၊ စေခုရွာ၌ရှိသော ရေတွင်းကြီးသို့ရောက်သော်၊ ရှမွေလနှင့် ဒါဝိဒ်တို့သည် အဘယ်မှာရှိသနည်းဟု မေးလျှင်၊ ရာမမြို့နယ်၊ နာယုတ်ရွာမှာ ရှိပါသည်ဟု ကြားလျှောက်လေသော်၊
Mogik en owuon nowuok modhi Rama ka nochopo e Soko maduongʼ man Seku. Nopenjo niya, “Ere Samuel gi Daudi?” Negidwoke niya, “Gin Nayoth e gwengʼ Rama.”
23 ၂၃ ထိုအရပ်သို့သွား၍၊ ဘုရားသခင်၏ဝိညာဉ်တော်သည် သူ့အပေါ်မှာ သက်ရောက်သဖြင့်၊ နာယုတ်ရွာ တိုင်အောင် ပရောဖက်ပြုလျက်သွားလေ၏။
Omiyo Saulo nodhi Nayoth e gwengʼ Rama. To en bende Roho mar Nyasaye nobiro kuome mi owuotho kokoro wach nyaka ochopo Nayoth.
24 ၂၄ အဝတ်တော်ကိုလည်း ချွတ်၍၊ ရှမွေလရှေ့မှာ ထိုအတူပရောဖက်ပြုလျက်၊ အဝတ်မပါဘဲ တနေ့နှင့် တညဉ့် လဲလျက်နေ၏။ ထိုကြောင့် ရှောလုသည်လည်း ပရောဖက်တို့၌ ပါသလောဟု ဆိုလေ့ရှိကြ၏။
Nogolo lepe mokoro wach e nyim Samuel. Nonindo kamano odiechiengʼ gotieno. Mano ema omiyo ji wacho niya, “Kare Saulo bende en achiel kuom jonabi?”