< ၁ ဓမ္မရာဇဝင် 16 >
1 ၁ တဖန် ထာဝရဘုရားက၊ ရှောလုကို ဣသရေလရှင်ဘုရင်အရာမှ ငါပယ်သောကြောင့်၊ သင်သည် အဘယ်မျှ ကာလပတ်လုံး စိတ်မသာ ညည်းတွားလျက် နေလိမ့်မည်နည်း။ သင်၏ဘူးကို ဆီနှင့် ပြည့်စေလော့။ ဗက်လင်မြို့သား ယောရှဲရှိရာသို့ ငါစေလွှတ်မည်။ သူ၏သားတို့တွင် ငါ့အဘို့ ရှင်ဘုရင် တပါးကို ငါပြင်ဆင်ပြီဟု ရှမွေလအား မိန့်တော်မူ၏။
І сказав Господь до Самуїла: „Аж доки ти сумува́тимеш за Саулом? Таж Я відкинув його, щоб не царював над Ізраїлем. Напо́вни рога свого оливою, та й іди, — пошлю тебе до віфлеє́млянина Єссея, бо Я наглянув Собі царя між синами його“.
2 ၂ ရှမွေလက၊ အကျွန်ုပ်သည် အဘယ်သို့ သွားနိုင်ပါမည်နည်း။ ရှောလုကြားလျှင် သတ်ပါလိမ့်မည်ဟု လျှောက်သော်၊ ထာဝရဘုရားက၊ နွားမတန်းကိုယူ၍ ငါသည် ထာဝရဘုရားအား ယဇ်ပူဇော်ခြင်းငှါ လာပြီဟု ပြောလော့။
І сказав Самуїл: „Як я піду́? А почує Саул, то вб'є мене“. А Господь сказав: „Візьми в свою руку теля з великої худоби, та й скажеш: Я прийшов, щоб прине́сти жертву для Господа.
3 ၃ ယေရှဲကိုလည်း ယဇ်ပွဲသို့ ခေါ်ဘိတ်လော့။ ထိုအခါ သင်သည် အဘယ်သို့ ပြုရမည်ကို ငါပြမည်။ ငါသည် နာမဖြင့် ထုတ်ပြသောသူကို ငါ့အဘို့ ဘိသိက်ပေးရမည်ဟု မိန့်တော်မူသည်အတိုင်း၊-
І закличеш Єссе́я на жертву, а Я тобі дам знати, що́ маєш робити, і пома́жеш Мені того, кого скажу́ тобі“.
4 ၄ ရှမွေလပြု၍ ဗက်လင်မြို့သို့ သွားလေ၏။ ဗက်လင်မြို့ သားအသက်ကြီးသူတို့သည် ရှမွေလနှင့် တွေ့သောအခါ တုန်လှုပ်၍၊ ကိုယ်တော်သည် ချမ်းသာပေးလျက် လာတော်မူသလောဟု မေးလျှောက် ကြသော်၊
І зробив Самуїл, що́ Господь говорив. І прийшов він до Віфлеєму, а старші́ міста вийшли йому назустріч із тремтінням. І сказали вони: „Чи твій при́хід — то мир?“
5 ၅ ချမ်းသာပေးလျက် ထာဝရဘုရားအား ယဇ်ပူဇော်ခြင်းငှါ ငါလာပြီ။ မိမိတို့ကို သန့်ရှင်းစေပြီးမှ ငါနှင့်အတူ ယဇ်ပွဲသို့လာကြဟု ဆိုသဖြင့်၊ ယေရှဲနှင့် သူ၏သားတို့ကို သန့်ရှင်းစေ၍ ယဇ်ပွဲသို့ ခေါ်လေ၏။
А він відказав: „Мир! Я прийшов, щоб прине́сти жертву Господе́ві. Освятіться, і при́йдете зо мною до жертви“. І освятив він Єссе́я та синів його, і покликав їх на жертву.
6 ၆ သူတို့သည် ရောက်လာသောအခါ ဧလျာဘကို ကြည့်ရှု၍၊ စင်စစ်ထာဝရဘုရားအခွင့်နှင့် ဘိသက်ခံရသော သူသည် ငါ့ရှေ့မှာရှိ၏ဟု ဆိုလေသော်၊
І сталося, як вони поприхо́дили, то побачив він Еліява, та й сказав: „Справді — перед Господом пома́занець Його!“
7 ၇ ထာဝရဘုရားက၊ သူ၏မျက်နှာ၊ သူ၏အရပ်ကို မကြည့်မရှုနှင့်။ သူ့ကို ငါပယ်ပြီ။ ထာဝရဘုရားသည် လူမြင်သကဲ့သို့ မြင်တော်မူသည် မဟုတ်။ လူသည် အဆင်းသဏ္ဌာန်ကို ကြည့်ရှုတတ်၏။ ထာဝရဘုရား မူကား နှလုံးကို ကြည့်ရှုတတ်သည်ဟု ရှမွေအား မိန့်တော်မူ၏။
Та Господь сказав Самуїлові: „Не дивись на обличчя його та на високість зросту його, бо Я відкинув його Собі! Бо Бог бачить не те, що бачить люди́на: чоловік бо дивиться на лице, а Господь дивиться на серце“.
8 ၈ တဖန် ယေရှဲသည် အဘိနဒပ်ကို ခေါ်၍ ရှမွေလရှေ့မှာ သွားစေသဖြင့်၊ ရှမွေလက၊ ဤသူကိုလည်း ထာဝရဘုရား ရွေးတော်မမူဟုဆို၏။
І покликав Єссе́й Авінадава, і привів його перед Самуїла, та той сказав: „Також цього не вибрав Господь!“
9 ၉ တဖန်ယေရှဲသည် ရှိမာကို သွားစေသဖြင့်၊ ဤသူကိုလည်း ထာဝရဘုရားရွေးတော်မမူဟု ဆို၏။
І привів Єссе́й Шамму, та Самуїл сказав: „Також цього не вибрав Господь“.
10 ၁၀ တဖန်ယေရှဲသည် သားခုနစ်ယောက်တို့ကို ရှမွေလရှေ့မှာ သွားစေသဖြင့်၊ ရှမွေလက၊ ဤသူတို့ကို လည်း ထာဝရဘုရား ရွေးတော်မမူ။
І привів Єссей сімох своїх синів перед Самуїла. І сказав Самуїл до Єссея: „Цих не вибрав Господь“.
11 ၁၁ သင်၌ သားမရှိပြီလောဟု ယေရှဲအား မေးလျှင်၊ ယေရှဲက အငယ်ဆုံးသော သားရှိပါသေး၏။ သိုးတို့ကို ထိန်းကျောင်းလျက် နေပါသည်ဟု ပြောဆိုသော်၊ ရှမွေလက သူ့ကို ခေါ်စေခြင်းငှါ လူကို စေလွှတ် ပါ။ သူမရောက်မှီ ပွဲသို့ ဝင်၍ မထိုင်ရဟု ဆိုသည်အတိုင်း၊
І сказав Самуїл до Єссея: „Чи то всі твої діти?“А той відказав: „Ще позостався найменший, — він пасе отару“. І сказав Самуїл до Єссея: „Пошли ж приве́сти його, бо не сядемо за стіл, аж поки він не при́йде сюди“.
12 ၁၂ စေလွှတ်၍ သူ့ကို ခေါ်ခဲ့၏။ သူသည် နီသောဆံပင်ရှိ၏။ လှသောအဆင်းနှင့် ချစ်ဘွယ်သော မျက်နှာ လည်းရှိ၏။ ထာဝရဘုရားက ဤသူပေတည်း။ ထ၍ ဘိသိက်ပေးလော့ဟု မိန့်တော်မူ၏။
І послав він, і привів його, а він — рум'яний, із гарними очима та хорошого стану. А Господь сказав Самуїлові: „Устань, пома́ж його, — бо це він!“
13 ၁၃ ရှမွေလသည်လည်း၊ ဆီဘူးကိုယူ၍ သူ၏ အစ်ကိုစုထဲမှာ သူ့ကို ဘိသိက်ပေးလေ၏။ ထိုနေ့မှစ၍ ထာဝရဘုရား၏ ဝိညာဉ်တော်သည် ဒါဝိဒ်အပေါ်မှာ သက်ရောက်လေ၏။ ရှမွေသည် ထ၍ ရာမ မြို့သို့ ပြန်သွား၏။
І взяв Самуїл рога оливи, та й пома́зав його серед братів його. І Дух Господній злинув на Давида, і був на ньо́му від того дня й далі. А Самуїл устав, і пішов до Рами́.
14 ၁၄ ထာဝရဘုရား၏ ဝိညာဉ်တော်သည် ရှောလုမှ ထွက်သွား၍၊ ထာဝရဘုရားထံတော်က ဆိုးသော ဝိညာဉ်သည် နှောင့်ရှက်တတ်၏။
І Дух Господній відступився від Саула, а напав його дух злий, по́сланий від Господа.
15 ၁၅ ရှောလု၏ ကျွန်တို့ကလည်း၊ ယခုမှာ ဘုရားသခင်ထံတော်က ဆိုးသော ဝိညာဉ်သည် ကိုယ်တော်ကို နှောင့်ရှက်တတ်ပါ၏။
І сказали раби Саула до нього: „Оце злий дух від Бога нападає на тебе.
16 ၁၆ ခစားသော ကိုယ်တော်၏ ကျွန်တို့သည်၊ သာယာစွာ စောင်းတီးတတ်သောသူကို ရှာဖွေရမည် အကြောင်း အရှင်အမိန့်ရှိတော်မူပါ။ ဘုရားသခင့်ထံတော်က ဆိုးသောဝိညာဉ် လာသောအခါ၊ သူသည် စောင်းတီးသဖြင့် ကိုယ်တော်သည် ချမ်းသာရတော်မူမည်ဟု လျှောက်လျှင်၊
Нехай скаже пан наш, — раби твої пошукають тобі кого, хто вміє грати на гу́слах. І станеться, коли буде на тебе злий дух від Бога, то заграє той рукою своєю, — і буде тобі добре“.
17 ၁၇ ရှောလုက၊ သာယာစွာ တီးတတ်သောသူကို ငါ့အဘို့ ရှာဖွေ၍ ငါ့ထံသို့ ခေါ်ခဲ့ကြဟု ကျွန်တို့အား မိန့်တော်မူသော်၊
І сказав Саул до рабів своїх: „Нагляньте мені кого, хто добре грає, і приведіть до ме́не“.
18 ၁၈ ကျွန်တယောက်က၊ ကျွန်တော်တွေ့ဘူးသော ဗက်လင်မြို့သား ယေရှဲသားသည် စောင်းတီးသောအတတ်၊ ရဲရင့်ခြင်းအစွမ်းသတ္တိနှင့် ပြည့်စုံ၍၊ စစ်မှု၌၎င်း၊ ပညာစကား၌၎င်း လေ့ကျက်ပါ၏။ အဆင်းလည်း လှပါ၏။ ထာဝရဘုရားသည်သူနှင့်အတူ ရှိတော်မူ၏ဟု လျှောက်သောကြောင့်၊
I відповів один із слуг, і сказав: „Ось бачив я сина віфлеємлянина Єссе́я, що вміє грати, — ли́цар та вояка, і розуміється на речах, і чоловік хорошої поста́ви. І Господь із ним“.
19 ၁၉ ရှောလုက၊ ယေရှဲရှိရာသို့ လူကိုစေလွှတ်၍၊ သိုးထိန်းဖြစ်သော သင်၏သားဒါဝိဒ်ကို ငါ့ထံသို့ စေလွှတ် ရမည်ဟု အမိန့်တော်ရှိ၏။
І послав Саул послів до Єссе́я й сказав: „Пошли до мене Давида, сина свого, що при отарі“.
20 ၂၀ ယေရှဲသည် မုန့်တင်သော မြည်း၊ စပျစ်ရည်ဘူး၊ ဆိတ်သငယ်ကို ယူ၍ မိမိသားဒါဝိဒ်တွင် ရှောလုထံ သို့ ပေးလိုက်လေ၏။
І взяв Єссе́й осла, наладованого хлібом, та бурдюка́ вина, та одне козля, і послав через сина свого Давида до Саула.
21 ၂၁ ဒါဝိဒ်သည် ရှောလုထံသို့ ရောက်၍ ခစားသဖြင့်၊ ရှောလုသည် အလွန်ချစ်၍ လက်နက်တော်ဆောင် အရာ၌ ခန့်ထား၏။
І прийшов Давид до Саула, та й став перед ним. І той сильно полюбив його, і він став йому зброєно́шею.
22 ၂၂ ရှောလုသည်လည်း ယေရှဲရှိရာသို့ လူကိုစေလွှတ်၍၊ ဒါဝိဒ်ကို ငါ့စိတ်နှင့်တွေ့သောကြောင့် ငါ့ထံ၌ ခစားပါစေဟု အခွင့်တောင်းလေ၏။
І послав Саул до Єссея, говорячи: „Нехай остається Давид при мені, бо він знайшов ласку в оча́х моїх“.
23 ၂၃ ဘုရားသခင့်ထံတော်က ဆိုးသောဝိညာဉ်သည် ရှောလုအပေါ်မှာ ရောက်သောအခါ၊ ဒါဝိဒ်သည် စောင်းကိုယူ၍ တီးသဖြင့် ဆိုးသောဝိညာဉ်ထွက်သွား၍၊ ရှောလုသည် သက်သာလျက် ပကတိ ကျန်းမာ လျက်ရှိတတ်၏။
І бувало, коли злий дух від Бога нападав на Саула, то Дави́д брав гу́сла, та й грав своєю рукою. І легшало Саулові, і ставало йому добре, і відступа́в від нього той злий дух.