< ၁ ဓမ္မရာဇဝင် 16 >

1 တဖန် ထာဝရဘုရားက၊ ရှောလုကို ဣသရေလရှင်ဘုရင်အရာမှ ငါပယ်သောကြောင့်၊ သင်သည် အဘယ်မျှ ကာလပတ်လုံး စိတ်မသာ ညည်းတွားလျက် နေလိမ့်မည်နည်း။ သင်၏ဘူးကို ဆီနှင့် ပြည့်စေလော့။ ဗက်လင်မြို့သား ယောရှဲရှိရာသို့ ငါစေလွှတ်မည်။ သူ၏သားတို့တွင် ငါ့အဘို့ ရှင်ဘုရင် တပါးကို ငါပြင်ဆင်ပြီဟု ရှမွေလအား မိန့်တော်မူ၏။
တဖန် ထာဝရဘုရား က၊ ရှောလုကို ဣသရေလ ရှင် ဘုရင်အရာမှ ငါ ပယ် သောကြောင့် ၊ သင် သည် အဘယ် မျှ ကာလပတ်လုံး စိတ် မသာ ညည်းတွားလျက် နေလိမ့်မည်နည်း။ သင် ၏ဘူး ကို ဆီ နှင့် ပြည့် စေလော့။ ဗက်လင် မြို့သားယေရှဲ ရှိရာသို့ ငါစေလွှတ် မည်။ သူ ၏သား တို့တွင် ငါ့ အဘို့ ရှင် ဘုရင်တပါးကို ငါပြင်ဆင် ပြီဟု ရှမွေလ အား မိန့် တော်မူ၏။
2 ရှမွေလက၊ အကျွန်ုပ်သည် အဘယ်သို့ သွားနိုင်ပါမည်နည်း။ ရှောလုကြားလျှင် သတ်ပါလိမ့်မည်ဟု လျှောက်သော်၊ ထာဝရဘုရားက၊ နွားမတန်းကိုယူ၍ ငါသည် ထာဝရဘုရားအား ယဇ်ပူဇော်ခြင်းငှါ လာပြီဟု ပြောလော့။
ရှမွေလ က၊ အကျွန်ုပ်သည် အဘယ်သို့ သွား နိုင်ပါမည်နည်း။ ရှောလု ကြား လျှင် သတ် ပါလိမ့်မည်ဟု လျှောက် သော် ၊ ထာဝရဘုရား က၊ နွားမတန်း ကိုယူ ၍ ငါသည် ထာဝရဘုရား အား ယဇ် ပူဇော်ခြင်းငှါ လာ ပြီဟု ပြော လော့။
3 ယေရှဲကိုလည်း ယဇ်ပွဲသို့ ခေါ်ဘိတ်လော့။ ထိုအခါ သင်သည် အဘယ်သို့ ပြုရမည်ကို ငါပြမည်။ ငါသည် နာမဖြင့် ထုတ်ပြသောသူကို ငါ့အဘို့ ဘိသိက်ပေးရမည်ဟု မိန့်တော်မူသည်အတိုင်း၊-
ယေရှဲ ကို လည်း ယဇ် ပွဲသို့ ခေါ်ဘိတ် လော့။ ထိုအခါ သင်သည် အဘယ်သို့ ပြု ရမည်ကို ငါ ပြ မည်။ ငါသည် နာမဖြင့် ထုတ်ပြ သော သူကို ငါ့ အဘို့ ဘိသိက် ပေးရမည်ဟု မိန့် တော်မူသည်အတိုင်း၊
4 ရှမွေလပြု၍ ဗက်လင်မြို့သို့ သွားလေ၏။ ဗက်လင်မြို့ သားအသက်ကြီးသူတို့သည် ရှမွေလနှင့် တွေ့သောအခါ တုန်လှုပ်၍၊ ကိုယ်တော်သည် ချမ်းသာပေးလျက် လာတော်မူသလောဟု မေးလျှောက် ကြသော်၊
ရှမွေလ ပြု၍ ဗက်လင် မြို့သို့ သွား လေ၏။ ဗက်လင်မြို့သားအသက်ကြီး သူတို့သည် ရှမွေလနှင့် တွေ့ သောအခါ တုန်လှုပ် ၍ ၊ ကိုယ်တော်သည် ချမ်းသာ ပေးလျက် လာ တော်မူသလောဟု မေးလျှောက် ကြသော်၊
5 ချမ်းသာပေးလျက် ထာဝရဘုရားအား ယဇ်ပူဇော်ခြင်းငှါ ငါလာပြီ။ မိမိတို့ကို သန့်ရှင်းစေပြီးမှ ငါနှင့်အတူ ယဇ်ပွဲသို့လာကြဟု ဆိုသဖြင့်၊ ယေရှဲနှင့် သူ၏သားတို့ကို သန့်ရှင်းစေ၍ ယဇ်ပွဲသို့ ခေါ်လေ၏။
ချမ်းသာ ပေးလျက် ထာဝရဘုရား အား ယဇ် ပူဇော်ခြင်းငှါ ငါလာ ပြီ။ မိမိတို့ကို သန့်ရှင်း စေပြီးမှ ငါ နှင့်အတူ ယဇ် ပွဲသို့ လာ ကြဟု ဆို သဖြင့် ၊ ယေရှဲ နှင့် သူ ၏သား တို့ကို သန့်ရှင်း စေ၍ ယဇ် ပွဲသို့ ခေါ် လေ၏။
6 သူတို့သည် ရောက်လာသောအခါ ဧလျာဘကို ကြည့်ရှု၍၊ စင်စစ်ထာဝရဘုရားအခွင့်နှင့် ဘိသက်ခံရသော သူသည် ငါ့ရှေ့မှာရှိ၏ဟု ဆိုလေသော်၊
သူတို့သည် ရောက် လာသောအခါ ဧလျာဘ ကို ကြည့်ရှု ၍ ၊ စင်စစ် ထာဝရဘုရား အခွင့်နှင့် ဘိသက် ခံရသောသူသည် ငါ့ရှေ့ မှာရှိ ၏ဟု ဆို လေသော်၊
7 ထာဝရဘုရားက၊ သူ၏မျက်နှာ၊ သူ၏အရပ်ကို မကြည့်မရှုနှင့်။ သူ့ကို ငါပယ်ပြီ။ ထာဝရဘုရားသည် လူမြင်သကဲ့သို့ မြင်တော်မူသည် မဟုတ်။ လူသည် အဆင်းသဏ္ဌာန်ကို ကြည့်ရှုတတ်၏။ ထာဝရဘုရား မူကား နှလုံးကို ကြည့်ရှုတတ်သည်ဟု ရှမွေအား မိန့်တော်မူ၏။
ထာဝရဘုရား က၊ သူ ၏မျက်နှာ ၊ သူ ၏အရပ် ကို မ ကြည့် မရှုနှင့်။ သူ့ ကို ငါပယ် ပြီ။ ထာဝရဘုရားသည် လူ မြင်သကဲ့သို့ မြင် တော်မူသည် မ ဟုတ်။ လူ သည် အဆင်း သဏ္ဌာန်ကို ကြည့်ရှု တတ်၏။ ထာဝရဘုရား မူကား နှလုံး ကို ကြည့်ရှု တတ်သည်ဟု ရှမွေလ အား မိန့် တော်မူ၏။
8 တဖန် ယေရှဲသည် အဘိနဒပ်ကို ခေါ်၍ ရှမွေလရှေ့မှာ သွားစေသဖြင့်၊ ရှမွေလက၊ ဤသူကိုလည်း ထာဝရဘုရား ရွေးတော်မမူဟုဆို၏။
တဖန် ယေရှဲ သည် အဘိနဒပ် ကို ခေါ် ၍ ရှမွေလ ရှေ့ မှာ သွား စေသဖြင့် ၊ ရှမွေလက၊ ဤ သူကို လည်း ထာဝရဘုရား ရွေး တော်မ မူဟုဆို ၏။
9 တဖန်ယေရှဲသည် ရှိမာကို သွားစေသဖြင့်၊ ဤသူကိုလည်း ထာဝရဘုရားရွေးတော်မမူဟု ဆို၏။
တဖန် ယေရှဲ သည် ရှိမာ ကို သွား စေသဖြင့် ၊ ဤ သူကို လည်း ထာဝရဘုရား ရွေး တော်မ မူဟု ဆို ၏။
10 ၁၀ တဖန်ယေရှဲသည် သားခုနစ်ယောက်တို့ကို ရှမွေလရှေ့မှာ သွားစေသဖြင့်၊ ရှမွေလက၊ ဤသူတို့ကို လည်း ထာဝရဘုရား ရွေးတော်မမူ။
၁၀တဖန် ယေရှဲ သည် သား ခုနစ် ယောက်တို့ကို ရှမွေလ ရှေ့ မှာ သွား စေသဖြင့် ၊ ရှမွေလ က၊ ဤ သူတို့ကို လည်း ထာဝရဘုရား ရွေး တော်မ မူ။
11 ၁၁ သင်၌ သားမရှိပြီလောဟု ယေရှဲအား မေးလျှင်၊ ယေရှဲက အငယ်ဆုံးသော သားရှိပါသေး၏။ သိုးတို့ကို ထိန်းကျောင်းလျက် နေပါသည်ဟု ပြောဆိုသော်၊ ရှမွေလက သူ့ကို ခေါ်စေခြင်းငှါ လူကို စေလွှတ် ပါ။ သူမရောက်မှီ ပွဲသို့ ဝင်၍ မထိုင်ရဟု ဆိုသည်အတိုင်း၊
၁၁သင်၌ သား မ ရှိပြီလောဟု ယေရှဲ အား မေး လျှင် ၊ ယေရှဲက အငယ်ဆုံး သော သားရှိ ပါသေး၏။ သိုး တို့ကို ထိန်း ကျောင်းလျက် နေပါသည်ဟု ပြော ဆိုသော် ၊ ရှမွေလ က သူ့ ကို ခေါ် စေခြင်းငှါလူကို စေလွှတ် ပါ။ သူ မ ရောက် မှီ ပွဲသို့ ဝင်၍ မ ထိုင် ရဟု ဆို သည်အတိုင်း၊
12 ၁၂ စေလွှတ်၍ သူ့ကို ခေါ်ခဲ့၏။ သူသည် နီသောဆံပင်ရှိ၏။ လှသောအဆင်းနှင့် ချစ်ဘွယ်သော မျက်နှာ လည်းရှိ၏။ ထာဝရဘုရားက ဤသူပေတည်း။ ထ၍ ဘိသိက်ပေးလော့ဟု မိန့်တော်မူ၏။
၁၂စေလွှတ် ၍ သူ့ ကို ခေါ် ခဲ့၏။ သူ သည် နီ သောဆံပင်ရှိ၏။ လှ သောအဆင်း နှင့် ချစ် ဘွယ်သော မျက်နှာလည်းရှိ၏။ ထာဝရဘုရား က ဤ သူ ပေတည်း။ ထ ၍ ဘိသိက် ပေးလော့ဟု မိန့် တော်မူ၏။
13 ၁၃ ရှမွေလသည်လည်း၊ ဆီဘူးကိုယူ၍ သူ၏ အစ်ကိုစုထဲမှာ သူ့ကို ဘိသိက်ပေးလေ၏။ ထိုနေ့မှစ၍ ထာဝရဘုရား၏ ဝိညာဉ်တော်သည် ဒါဝိဒ်အပေါ်မှာ သက်ရောက်လေ၏။ ရှမွေသည် ထ၍ ရာမ မြို့သို့ ပြန်သွား၏။
၁၃ရှမွေလ သည်လည်း ၊ ဆီ ဘူး ကိုယူ ၍ သူ ၏ အစ်ကို စုထဲမှာ သူ့ ကို ဘိသိက် ပေးလေ၏။ ထို နေ့မှစ၍ ထာဝရဘုရား ၏ ဝိညာဉ် တော်သည် ဒါဝိဒ် အပေါ် မှာ သက်ရောက် လေ၏။ ရှမွေလ သည် ထ ၍ ရာမ မြို့သို့ ပြန်သွား ၏။
14 ၁၄ ထာဝရဘုရား၏ ဝိညာဉ်တော်သည် ရှောလုမှ ထွက်သွား၍၊ ထာဝရဘုရားထံတော်က ဆိုးသော ဝိညာဉ်သည် နှောင့်ရှက်တတ်၏။
၁၄ထာဝရဘုရား ၏ ဝိညာဉ် တော်သည် ရှောလု မှ ထွက်သွား ၍ ၊ ထာဝရဘုရား ထံ တော်က ဆိုး သော ဝိညာဉ် သည် နှောင့်ရှက် တတ်၏။
15 ၁၅ ရှောလု၏ ကျွန်တို့ကလည်း၊ ယခုမှာ ဘုရားသခင်ထံတော်က ဆိုးသော ဝိညာဉ်သည် ကိုယ်တော်ကို နှောင့်ရှက်တတ်ပါ၏။
၁၅ရှောလု ၏ ကျွန် တို့ကလည်း ၊ ယခု မှာ ဘုရား သခင်ထံတော်က ဆိုး သော ဝိညာဉ် သည် ကိုယ်တော် ကို နှောင့်ရှက် တတ်ပါ၏။
16 ၁၆ ခစားသော ကိုယ်တော်၏ ကျွန်တို့သည်၊ သာယာစွာ စောင်းတီးတတ်သောသူကို ရှာဖွေရမည် အကြောင်း အရှင်အမိန့်ရှိတော်မူပါ။ ဘုရားသခင့်ထံတော်က ဆိုးသောဝိညာဉ် လာသောအခါ၊ သူသည် စောင်းတီးသဖြင့် ကိုယ်တော်သည် ချမ်းသာရတော်မူမည်ဟု လျှောက်လျှင်၊
၁၆ခစားသော ကိုယ်တော် ၏ ကျွန် တို့သည်၊ သာယာစွာ စောင်း တီး တတ် သောသူ ကို ရှာဖွေ ရမည် အကြောင်းအရှင် အမိန့် ရှိတော်မူပါ။ ဘုရား သခင့်ထံတော်က ဆိုး သောဝိညာဉ် လာ သောအခါ ၊ သူသည်စောင်းတီး သဖြင့် ကိုယ်တော် သည် ချမ်းသာ ရတော်မူမည်ဟု လျှောက် လျှင်၊
17 ၁၇ ရှောလုက၊ သာယာစွာ တီးတတ်သောသူကို ငါ့အဘို့ ရှာဖွေ၍ ငါ့ထံသို့ ခေါ်ခဲ့ကြဟု ကျွန်တို့အား မိန့်တော်မူသော်၊
၁၇ရှောလု က၊ သာယာ စွာ တီး တတ်သောသူ ကို ငါ့ အဘို့ ရှာဖွေ၍ ငါ့ ထံသို့ ခေါ် ခဲ့ကြဟု ကျွန် တို့အား မိန့် တော်မူသော်၊
18 ၁၈ ကျွန်တယောက်က၊ ကျွန်တော်တွေ့ဘူးသော ဗက်လင်မြို့သား ယေရှဲသားသည် စောင်းတီးသောအတတ်၊ ရဲရင့်ခြင်းအစွမ်းသတ္တိနှင့် ပြည့်စုံ၍၊ စစ်မှု၌၎င်း၊ ပညာစကား၌၎င်း လေ့ကျက်ပါ၏။ အဆင်းလည်း လှပါ၏။ ထာဝရဘုရားသည်သူနှင့်အတူ ရှိတော်မူ၏ဟု လျှောက်သောကြောင့်၊
၁၈ကျွန် တယောက် က၊ ကျွန်တော်တွေ့ ဘူးသော ဗက်လင် မြို့သားယေရှဲ သား သည် စောင်းတီး သောအတတ်၊ ရဲရင့် ခြင်းအစွမ်း သတ္တိနှင့် ပြည့်စုံ၍၊ စစ်မှု ၌၎င်း၊ ပညာ စကား ၌၎င်း လေ့ကျက်ပါ၏။ အဆင်း လည်း လှပါ၏။ ထာဝရဘုရား သည်သူ နှင့်အတူ ရှိတော်မူ၏ဟု လျှောက် သောကြောင့်၊
19 ၁၉ ရှောလုက၊ ယေရှဲရှိရာသို့ လူကိုစေလွှတ်၍၊ သိုးထိန်းဖြစ်သော သင်၏သားဒါဝိဒ်ကို ငါ့ထံသို့ စေလွှတ် ရမည်ဟု အမိန့်တော်ရှိ၏။
၁၉ရှောလု က၊ ယေရှဲ ရှိရာသို့ လူကိုစေလွှတ် ၍ ၊ သိုးထိန်းဖြစ်သောသင် ၏သား ဒါဝိဒ် ကို ငါ့ ထံသို့ စေလွှတ် ရမည်ဟု အမိန့် တော်ရှိ၏။
20 ၂၀ ယေရှဲသည် မုန့်တင်သော မြည်း၊ စပျစ်ရည်ဘူး၊ ဆိတ်သငယ်ကို ယူ၍ မိမိသားဒါဝိဒ်တွင် ရှောလုထံ သို့ ပေးလိုက်လေ၏။
၂၀ယေရှဲ သည် မုန့် တင်သော မြည်း ၊ စပျစ်ရည် ဘူး ၊ ဆိတ် သငယ်ကို ယူ ၍ မိမိ သား ဒါဝိဒ် တွင် ရှောလု ထံသို့ ပေး လိုက်လေ၏။
21 ၂၁ ဒါဝိဒ်သည် ရှောလုထံသို့ ရောက်၍ ခစားသဖြင့်၊ ရှောလုသည် အလွန်ချစ်၍ လက်နက်တော်ဆောင် အရာ၌ ခန့်ထား၏။
၂၁ဒါဝိဒ် သည် ရှောလု ထံသို့ ရောက် ၍ ခစား သဖြင့် ၊ ရှောလုသည် အလွန် ချစ် ၍ လက်နက် တော်ဆောင် အရာ၌ ခန့်ထား၏။
22 ၂၂ ရှောလုသည်လည်း ယေရှဲရှိရာသို့ လူကိုစေလွှတ်၍၊ ဒါဝိဒ်ကို ငါ့စိတ်နှင့်တွေ့သောကြောင့် ငါ့ထံ၌ ခစားပါစေဟု အခွင့်တောင်းလေ၏။
၂၂ရှောလု သည်လည်း ယေရှဲ ရှိရာသို့ လူကိုစေလွှတ် ၍၊ ဒါဝိဒ် ကို ငါ့ စိတ် နှင့်တွေ့သောကြောင့် ငါ့ ထံ၌ ခစား ပါစေဟု အခွင့် တောင်းလေ၏။
23 ၂၃ ဘုရားသခင့်ထံတော်က ဆိုးသောဝိညာဉ်သည် ရှောလုအပေါ်မှာ ရောက်သောအခါ၊ ဒါဝိဒ်သည် စောင်းကိုယူ၍ တီးသဖြင့် ဆိုးသောဝိညာဉ်ထွက်သွား၍၊ ရှောလုသည် သက်သာလျက် ပကတိ ကျန်းမာ လျက်ရှိတတ်၏။
၂၃ဘုရား သခင့်ထံတော်က ဆိုးသောဝိညာဉ် သည် ရှောလု အပေါ် မှာ ရောက် သောအခါ ၊ ဒါဝိဒ် သည် စောင်း ကိုယူ ၍ တီး သဖြင့် ဆိုး သောဝိညာဉ် ထွက် သွား၍ ၊ ရှောလု သည် သက်သာ လျက် ပကတိ ကျန်းမာလျက်ရှိတတ်၏။

< ၁ ဓမ္မရာဇဝင် 16 >