< ၁ ဓမ္မရာဇဝင် 15 >

1 တဖန်ရှမွေလက၊ ထာဝရဘုရား၏လူ ဣသရေလအမျိုးကို အုပ်စိုးစေခြင်းငှါ သင့်ကို ဘိသိက်ပေးမည် အကြောင်း၊ ငါ့ကို အထက်စေလွှတ်တော်မူသည်ဖြစ်၍၊ ယခုမှာ ထာဝရဘုရား၏ စကားတော်ကို နားထောင်လော့။
És szólt Sámuel Sáulhoz: Engem küldött az Örökkévaló, hogy fölkenjelek királyul népe fölé, Izrael fölé; most tehát hallgass az Örökkévaló beszédjének szavára.
2 ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ အဲဂုတ္တုပြည်မှ ထွက်လာသော ဣသရေလအမျိုး၌၊ အာမလက်အမျိုးပြုသော ဆီးတားခြင်းအမှုကို ငါမှတ်လျက်ရှိ၏။-
Így szól az Örökkévaló, a Seregek ura: gondolok arra, amit Izraellel cselekedett Amálék, hogy lest vetett neki az úton, mikor fölvonult Egyiptomból.
3 ယခုသွား၍ ထိုအမျိုးကို လုပ်ကြံလော့။ နှမြောခြင်းမရှိဘဲ၊ ရှင်းရှင်းဖျက်ဆီး၍၊ ယောက်ျား၊ မိန်းမ၊ သူငယ်၊ နို့စို့မှစ၍၊ သိုး၊ နွား၊ ကုလားအုပ်၊ မြည်းတို့ကို သတ်လော့ဟု ရှောလုအား ဆင့်ဆိုသည် အတိုင်း၊
Most, menj és verd meg Amáléket, pusztítsatok el mindent, ami az övé s ne szánakozzál rajta; öld meg férfiastul, nőstül, kisdedestül, csecsemőstül, ökröstül, bárányostul, tevéstül, szamarastul.
4 ရှောလုသည် လူတို့ကို စုဝေးစေ၍ တေလိမ်မြို့မှာ စာရင်းယူသဖြင့်၊ ခြေသည်သူရဲနှစ်သိန်း၊ ယုဒ စစ်သူရဲတသောင်း ရှိကြ၏။
Egybehívta Sául a népet és megszámlálta Teláímban: kétszázezer gyalogost meg tízezret, Jehúda embereit.
5 ရှောလုသည်လည်း အာမလက်မြို့သို့ စစ်ချီ၍ ချိုင့်၌ တပ်ချပြီးမှ၊
És eljutott Sául Amálék városáig és lesbe állt a völgyben.
6 ကေနိလူတို့ရှိရာသို့ စေလွှတ်လျက်၊ သင်တို့ကို အာမလက်လူတို့နှင့်အတူ ငါဖျက်ဆီးမည်ဟု စိုးရိမ် စရာရှိသောကြောင့်၊ သူတို့အထဲက ထွက်သွား၍ နေရာ ပြောင်းကြလော့။ ဣသရေလအမျိုးသား တို့သည် အဲဂုတ္တုပြည်မှ ထွက်လာသောအခါ သင်တို့သည် ကျေးဇူးပြုကြပြီဟု မှာလိုက်သည် အတိုင်း၊ ကေနိလူတို့သည် အာမလက်လူတို့အထဲက ထွက်သွားကြ၏။
Ekkor szólt Sául a Kénihez: Menjetek, távozzatok el, vonuljatok le az amáléki közepéből, nehogy elveszítselek vele együtt, holott te szeretetet műveltél mind az Izrael fiaival, mikor fölvonultak Egyiptomból. És eltávozott a Kéni Amálék közepéből.
7 ရှောလုသည် ဟဝိလမြို့မှစ၍ အဲဂုတ္တုပြည် တဘက်တချက်၌နေသော ရှုရမြို့တိုင်အောင် အာမလက် လူတို့ကို လုပ်ကြံလေ၏။
És megverte Sául Amáléket Chavílától fogva Súr felé, mely Egyiptom előtt van.
8 အာမလက်ရှင်ဘုရင်အာဂတ်ကို အရှင်ဘမ်းမိ၏။ လူအပေါင်းတို့ကို ထားဖြင့် ရှင်းရှင်းဖျက်ဆီးလေ၏။
És elfogta Agágot, Amálék királyát elevenen, az egész népet pedig elpusztította a kard élével.
9 သို့ရာတွင် ရှောလုနှင့် လူများတို့သည် အာဂတ်မင်းနှင့်တကွ၊ သိုး နွားအမြတ်အလတ်၊ ဆူသော သိုးသငယ်၊ ကောင်းသော ဥစ္စာရှိသမျှကို နှမြော၍ ရှင်းရှင်း မဖျက်ဆီးကြ။ အသုံးမဝင် ယုတ်မာ သော ဥစ္စာရှိသမျှကိုသာ ရှင်းရှင်းဖျက်ဆီးကြ၏။
De szánakozott Sául meg a nép Agágon meg az apró jószág és a marha legjaván, a másodelletteken és a kövér juhokon és mindazon, ami jó, és nem akarták elpusztítani; de minden hitvány és silány dolgot elpusztítottak,
10 ၁၀ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ရှမွေလသို့ ရောက်လာ၍၊ -
És lett az Örökkévaló igéje Sámuelhez, mondván:
11 ၁၁ ငါသည် ရှောလုကို ရှင်ဘုရင်အရာ၌ ခန့်ထားသည်အမှုကြောင့် နောင်တရ၏။ သူသည် ငါ၏ ပညတ်တို့ကို မကျင့်၊ ငါ့နောက်သို့မလိုက်၊ လမ်းလွှဲပြီဟု မိန့်တော်မူ၏။ ရှမွေလသည် ဝမ်းနည်း၍ တညဉ့်လုံး ထာဝရဘုရားအား ဟစ်ကြော်ပြီးလျှင်၊
Megbántam, hogy királlyá tettem Sáult, mert ő elpártolt tőlem és szavaimat nem teljesítette. Ez bosszúságára volt Sámuelnek, és kiáltott az Örökkévalóhoz egész éjjel.
12 ၁၂ နံနက်စောစောထ၍ ရှောလုကို ကြိုဆိုခြင်းငှါ သွားသောအခါ၊ ရှောလုသည် ကရမေလမြို့သို့ ရောက်၍ အောင်တိုင်ကို စိုက်ပြီးမှ၊ လှည့်လည်သဖြင့် ဂိလဂါလမြို့သို့ လွန်သွားကြောင်းကို ကြားသောကြောင့်၊ ရှောလုရှိရာသို့ သွားလေ၏။
És kora reggel fölkelt Sámuel Sául elejébe; akkor tudtára adták Sámuelnek, mondván: Karmellbe érkezett Sául és íme fölállít magának emlékjelt, majd megfordult, tovavonult és lement Gilgálba.
13 ၁၃ ရှောလုကလည်း၊ ထာဝရဘုရားသည် ကိုယ်တော်ကို ကောင်းကြီးပေးတော်မူပါစေသော။ အကျွန်ုပ် သည် ထာဝရဘုရားအမိန့်တော်အတိုင်း ပြုပါပြီဟု ဆို၏။
Odament Sámuel Sáulhoz, és mondta neki Sául: Áldott legyél az Örökkévalótól, teljesítettem az Örökkévaló igéjét.
14 ၁၄ ရှမွေလကလည်း၊ သို့ဖြစ်လျှင် ငါကြားရသော သိုးမြည်သံ၊ နွားမြည်သံကား အဘယ်သို့နည်းဟု မေးသော်၊
Mondta Sámuel: Micsoda hát a juhoknak e hangja füleimben, meg a marhának hangja, amit hallok?
15 ၁၅ ရှောလုက၊ အာမလက်ပြည်မှ ဆောင်ခဲ့ပါပြီ။ လူများတို့သည် ကိုယ်တော်၏ဘုရားသခင် ထာဝရဘုရား အား ယဇ်ပူဇော်လိုသောငှါ အကောင်းဆုံးသော သိုးနွားတို့ကို နှမြော၍၊ ကြွင်းသော အရာရှိသမျှ တို့ကို ရှင်းရှင်းဖျက်ဆီးပါပြီဟု ဆို၏။
És mondta Sául: Az amálékítől hozták, mivel szánakozott a nép az apró jószág és a marha legjaván azért, hogy áldozzanak az Örökkévalónak, a te Istenednek: a többit pedig elpusztítottuk.
16 ၁၆ ရှမွေလကလည်း၊ နေပါဦးလော့။ မနေ့ညမှာ ထာဝရဘုရား မိန့်တော်မူသောစကားကို ပြန်ပြောပါ မည်ဟု ရှောလုအားဆိုလျှင်၊ ရှောလုက ပြောပါတော့ဟုဆို၏။
Erre szólt Sámuel Sáulhoz: Engedd, hadd adom tudtodra, azt, amit mondott nekem az Örökkévaló az éjjel. Mondta neki: Beszélj!
17 ၁၇ ရှမွေလကလည်း၊ သင်သည် ကိုယ်အထင်အတိုင်း ငယ်သောသူဖြစ်လျက်ပင်၊ ဣသရေလအမျိုးတို့ ၏ အထွဋ်သို့ ရောက်၍၊ ဣသရေလရှင်ဘုရင်အရာနှင့် ထာဝရဘုရား ဘိသိက် ပေးတော်မူသည် မဟုတ်လော။
És mondta Sámuel: Nemde, bár kicsiny vagy szemeidben, feje vagy te Izrael törzseinek; fölkent téged az Örökkévaló királyul Izrael fölé.
18 ၁၈ ထာဝရဘုရားက၊ သွားလော့။ အပြစ်များသော အာမလက်အမျိုးသားတို့ကို ရှင်းရှင်း ဖျက်ဆီးလော့။ မဖျက်ဆီးမှီ တိုင်အောင် စစ်တိုက်လော့ဟု သင့်ကို ဝေးသော အရပ်သို့ စေလွှတ်တော်မူ၏။
És útra küldött téged az Örökkévaló és mondta: Menj és pusztítsd el a vétkeseket, Amáléket, harcolj vele, míg meg nem semmisíted őket.
19 ၁၉ သို့ဖြစ်၍ သင်သည် ထာဝရဘုရား၏အမိန့်တော်ကို နားမထောင်ဘဲ၊ ရန်သူ၏ ဥစ္စာကို လုယူ၍ ထာဝရဘုရားရှေ့တော်၌ ဤဒုစရိုက်ကို အဘယ်ကြောင့် ပြုဘိသနည်းဟု ပြောဆိုသော်၊
Hát miért nem hallgattál az Örökkévaló szavára, hanem nekiestél a zsákmánynak és tetted ami rossz az Örökkévaló szemeiben?
20 ၂၀ ရှောလုက၊ အကျွန်ုပ်သည် ထာဝရဘုရား၏ အမိန့်တော်ကို ဧကန်အမှန် နားထောင်ပါပြီ။ ထာဝရ ဘုရား စေခိုင်းတော်မူသော လမ်းသို့ လိုက်ပါပြီ။ အာမလက်ရှင်ဘုရင် အာဂတ်ကို ဆောင်ခဲ့၍၊ အာမလက် အမျိုးသားတို့ကို ရှင်းရှင်း ဖျက်ဆီးပါပြီ။
Szólt Sául Sámuelhez: Mivel hallgattam az Örökkévaló szavára és jártam az úton, melyre küldött engem az Örökkévaló; el is hoztam Agágot, Amálék királyát, Amáléket pedig elpusztítottam!
21 ၂၁ သို့ရာတွင် လူများတို့သည် ဂိလဂါလမြို့၌ ကိုယ်တော်၏ ဘုရားသခင် ထာဝရဘုရားအား ယဇ်ပူဇော် လိုသောငှါ လုယူသော သိုး နွား၊ ရှင်းရှင်းဖျက်ဆီးအပ်သောအရာ အကောင်းဆုံးတို့ကို သိမ်းယူ ကြပါပြီဟု ပြောဆိုပြန်၏။
De vett a nép a zsákmányból apró jószágot és marhát, az örökszentség javát, hogy áldozzanak az Örökkévalónak, a te Istenednek Gilgálban.
22 ၂၂ ရှမွေလကလည်း၊ ထာဝရဘုရား၏အမိန့်တော်ကို နားထောင်ခြင်း၌ အားရတော်မူသကဲ့သို့၊ မီးရှို့ရာ ယဇ်အစရှိသော ယဇ်မျိုးတို့ကို ပူဇော်ခြင်း၌ အားရတော်မူမည်လော။ အလိုတော်သို့ လိုက်ခြင်းသည် ယဇ်မျိုးထက်သာ၍ ကောင်း၏။ နားထောင်ခြင်းသည် သိုးထီးဆီဥထက်သာ၍ ကောင်း၏။
És mondta Sámuel: Vajon olyan kedve van-e az Örökkévalónak égő- és vágóáldozatokban, mint abban, hogy hallgatunk az Örökkévaló szavára? Íme engedelmesség jobb az áldozatnál, figyelem a kosok zsiradékánál.
23 ၂၃ ငြင်းဆန်သော သဘောသည် နတ်ဆိုးနှင့်ပေါင်းခြင်းကဲ့သို့၎င်း၊ ခိုင်မာသော သဘောသည် ဗေဒင်တန် ဆာကို သုံးခြင်းကဲ့သို့၎င်း အပြစ်ကြီး၏။ သင်သည် ထာဝရဘုရား၏ စကားတော်ကို ပယ်သောကြောင့်၊ ထာဝရဘုရားသည် ရှင်ဘုရင်အရာကို နှုတ်၍ သင့်ကို ပယ်တော်မူပြီဟု ဆို၏။
Mert kuruzslás vétke az engedetlenség, bálvány és teráfim az ellenszegülés! Minthogy megvetetted az Örökkévaló igéjét, megvetett ő téged, hogy ne legyél király.
24 ၂၄ ရှောလုကလည်း၊ အကျွန်ုပ်သည် ပြစ်မှားပါပြီ။ လူများကို ကြောက်၍ သူတို့စကားကို နားထောင်သော ကြောင့်၊ ထာဝရဘုရား၏ အမိန့်တော်ကို၎င်း၊ ကိုယ်တော်၏ စကားကို၎င်း လွန်ကျူးပါပြီ။
Szólt Sául Sámuelhez: Vétkeztem, mert megszegtem az Örökkévaló parancsát meg a te szavaidat; mert féltem a néptől és hallgattam szavukra.
25 ၂၅ အကျွန်ုပ်အပြစ်ကို သည်းခံတော်မူပါ။ အကျွန်ုပ်သည် ကိုယ်တော်၏ ဘုရားသခင် ထာဝရဘုရားကို ကိုးကွယ်မည်အကြောင်း၊ အကျွန်ုပ်နှင့်အတူ ပြန်လာပါဟု တောင်းပန်သော်လည်း၊
Most hát bocsásd csak meg vétkemet, térj vissza velem, és majd leborulok az Örökkévaló előtt.
26 ၂၆ ရှမွေလက၊ သင်နှင့်အတူ ငါမပြန်။ သင်သည် ထာဝရဘုရား၏ အမိန့်တော်ကို ပယ်သောကြောင့်၊ ထာဝရဘုရားသည် ဣသရေလ ရှင်ဘုရင်အရာကို နှုတ်၍ သင့်ကို ပယ်တော်မူပြီဟု ရှောလုအား ဆိုပြီးမှ၊
És szólt Sámuel Sáulhoz: Nem térek vissza veled; mert megvetetted az Örökkévaló igéjét, megvetett téged az Örökkévaló, hogy ne legyél király Izrael fölött.
27 ၂၇ လှည့်သွားသောအခါ ရှောလုသည် ရှမွေလ၏ ဝတ်လုံစွန်းကို ကိုင်ဆွဲ၍ ဝတ်လုံစုတ်လေ၏။
Mikor fordult Sámuel, hogy elmenjen, megragadta köntösének szárnyát, és elszakadt.
28 ၂၈ ရှမွေလကလည်း၊ ယနေ့ထာဝရဘုရားသည် ဣသရေလနိုင်ငံကို သင်မှ ဆုတ်ယူ၍၊ သင့်ထက်ကောင်း သော သင်၏ အိမ်နီးချင်းအား ပေးတော်မူပြီ။
Ekkor szólt hozzá Sámuel: Elszakította tőled az Örökkévaló Izrael királyságát e napon, és adja majd társadnak, ki jobb nálad.
29 ၂၉ ထိုမှတပါး ဣသရေလအမျိုး၏ အစွမ်းသတ္တိဖြစ်သော ဘုရားသည် မုသာသုံးခြင်း၊ နောင်တရခြင်း နှင့် ကင်းလွတ်တော်မူ၏။ နောင်တရအံ့သောငှါ လူဖြစ်တော်မမူဟုဆိုသော်၊
S bizony, Izrael Erőse nem hazudik s nem bánja meg; mert nem ember ő, hogy megbánná.
30 ၃၀ ရှောလုက အကျွန်ုပ်ပြစ်မှားပါပြီ။ သို့သော်လည်း အကျွန်ုပ်အမျိုးသားချင်း အသက်ကြီးသူတို့ ရှေ့၌၎င်း၊ ဣသရေလအမျိုးရှေ့၌၎င်း၊ အကျွန်ုပ်၏ ဂုဏ်အသရေကို မဖျက်ပါနှင့်။ အကျွန်ုပ်သည် ကိုယ်တော် ၏ ဘုရားသခင်ထာဝရဘုရားကို ကိုးကွယ်ရမည်အကြောင်း၊ အကျွန်ုပ်နှင့်အတူ ပြန်လာပါဟု တောင်းပန်သည်အတိုင်း၊
Mondta: Vétkeztem; most tisztelj meg, kérlek, népem vénei előtt és Izrael előtt s térj vissza velem, hogy leboruljak az Örökkévaló, a te Istened előtt.
31 ၃၁ ရှမွေလသည် ရှောလုနောက်သို့ လိုက်၍၊ ရှောလုသည် ထာဝရဘုရားကို ကိုးကွယ်လေ၏။
S visszatért Sámuel Sául után és leborult Sául az Örökkévaló előtt.
32 ၃၂ ထိုအခါ ရှမွေလက၊ အာမလက်ရှင်ဘုရင် အာဂတ်ကို ငါ့ထံသို့ခေါ်ခဲ့ကြဟု ဆိုသည်အတိုင်း၊ အာဂတ် က သေဘေးသည် စင်စစ်လွန်သွားပြီဟု ဆိုလျက် ရွှင်လန်းစွာလာ၏။
Ekkor mondta Sámuel: Hozzátok ide hozzám Agágot, Amálék királyát. És ment Agág hozzá vidáman; és mondta Agág: Valóban, távozott a halál keserűsége!
33 ၃၃ ရှမွေလက၊ မိန်းမများတို့သည် သင်၏ထားကြောင့် သားဆုံးသကဲ့သို့၊ သင်၏ အမိသည် သားဆုံး သော မိန်းမဖြစ်ရမည်ဟုဆိုလျက်၊ ဂိလဂါလမြို့မှာ ထာဝရဘုရားရှေ့တော်၌ အာဂတ်ကို အပိုင်းပိုင်း ဖြတ်စေ၏။
És mondta Sámuel: Amint megfosztott gyermekektől asszonyokat a te kardod, úgy legyen az asszonyok közül gyermekektől megfosztva az anyád. Erre szétvágta Sámuel Agágot az Örökkévaló színe előtt Gilgálban.
34 ၃၄ ထိုနောက် ရှမွေလသည် ရာမမြို့သို့သွား၍ ရှောလုသည် မိမိနေရာ ဂိဗာမြို့၊ နန်းတော်သို့ ပြန်သွား လေ၏။
És elment Sámuel Rámába; Sáíul pedig fölment házába. Gibeát-Sáulba.
35 ၃၅ ရှောလု အနိစ္စမရောက်မှီတိုင်အောင်၊ ရှမွေလသည် နောက်တဖန် အကြည့်အရှုမလာ။ သို့ရာတွင် ရှမွေလသည် ရှောလုအတွက် စိတ်မသာ ညည်းတွားလျက်နေ၏။ ထာဝရဘုရားသည် ရှောလုကို ဣသရေလရှင်ဘုရင်အရာ၌ ခန့်ထားသော အမှုကို နောင်တရတော်မူ၏။
És többé nem látta Sámuel Sáult halála napjáig, mert gyászolt Sámuel Sául miatt; az Örökkévaló pedig megbánta, hogy királlyá tette Sáult Izrael fölött.

< ၁ ဓမ္မရာဇဝင် 15 >