< ၁ ဓမ္မရာဇဝင် 13 >

1 ရှောလုသည် တနှစ်ကျော် နှစ်နှစ်ခန့်လောက် ဣသရေလအမျိုး၌ မင်းပြုပြီးမှ၊ ဣသရေလအမျိုးသား သုံးထောင်တို့ကို ရွေးကောက်ပြီးလျှင်၊ ကိုယ်တိုင်နေသော မိတ်မတ်မြို့နှင့် ဗေသလတောင်ပေါ်မှာ လူနှစ်ထောင်၊ ဗင်္ယာမိန်ခရိုင်၊ ဂိဗာမြို့၊ ယောနသန်ထံမှာ တထောင်ကိုထား၍၊ အခြားသော သူတို့ကို မိမိတို့ အသီးအသီးရောအရပ်သို့ လွှတ်လိုက်လေ၏။
ရှော​လု​သည်​လူ​သုံး​ထောင်​ကို​ရွေး​ချယ်​ပြီး လျှင် နှစ်​ထောင်​ကို​မိ​မိ​နှင့်​အ​တူ​မိတ်​မတ်​မြို့​နှင့် ဗေ​သ​လ​တောင်​ကုန်း​ဒေ​သ​အ​တွက်​ခေါ်​ထား​၏။ တစ်​ထောင်​ကို​မိ​မိ​၏​သား​ယော​န​သန်​နှင့်​အ​တူ ဗင်္ယာ​မိန်​နယ်​ဂိ​ဗာ​မြို့​သို့​စေ​လွှတ်​လိုက်​၏။ အ​ခြား လူ​အ​ပေါင်း​တို့​ကို​မူ မိ​မိ​တို့​နေ​ရပ်​အ​သီး​သီး သို့​ပြန်​စေ​လေ​သည်။
2
3 ယောနသန်သည် ဂိဗာမြို့၌ ရှိသော ဖိလိတ္တိတပ်ကို လုပ်ကြံသဖြင့် ဖိလိတ္တိလူတို့သည် သိတင်းကြား ၏။ ရှောလုကလည်း မြစ်တဘက်၌ နေသောသူတို့သည် ကြားသိစေဟု တပြည်လုံး တံပိုးမှုတ်စေ၏။
ယော​န​သန်​သည် ဂေ​ဗာ​မြို့​ရှိ​ဖိ​လိတ္တိ​တပ်​မှူး ကို​သတ်​ဖြတ်​လိုက်​၏။ ထို​သ​တင်း​ကို​ဖိ​လိတ္တိ အ​မျိုး​သား​အ​ပေါင်း​တို့​ကြား​ကြ​၏။ ထို အ​ခါ​ရှော​လု​သည်​စေ​တ​မန်​များ​အား ဣ​သ ရေ​လ​ပြည်​တစ်​လျှောက်​လုံး​သို့​လွှတ်​ကာ​ဟေ​ဗြဲ အ​မျိုး​သား​တို့​အား​စစ်​ပွဲ​ဝင်​ကြ​ရန်​တံ​ပိုး ခ​ရာ​မှုတ်​၍​စု​ရုံး​စေ​၏။-
4 ရှောလုသည် ဖိလိတ္တိတပ်ကို လုပ်ကြံကြောင်းနှင့် ဖိလိတ္တိလူတို့သည် ဣသရေလလူတို့ကို ရွံ့ရှာကြောင်း ကို ဣသရေလအမျိုးသား အပေါင်းတို့သည် ကြားသိ၍၊ လူများတို့သည် ရှောလုနောက် ဂိလဂါလ မြို့၌ စည်းဝေးကြ၏။
ဖိ​လိတ္တိ​တပ်​မှူး​အား​ရှော​လု​သတ်​ဖြတ်​လိုက် ကြောင်း​နှင့် ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​မုန်း​တီး ကြောင်း​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကြား သိ​ရ​သ​ဖြင့် ရှော​လု​၏​ဆင့်​ဆို​ချက်​အ​တိုင်း ဂိ​လ​ဂါ​လ​မြို့​သို့​လာ​ရောက်​စု​ရုံး​ကြ​၏။
5 ဖိလိတ္တိလူတို့သည်လည်း၊ ဣသရေလအမျိုးသားတို့ကို စစ်တိုက်ခြင်းငှါ၊ ရထားသုံးထောင်နှင့် မြင်း ခြောက်ထောင်ကို၎င်း၊ သမုဒ္ဒရာသဲလုံးနှင့်အမျှ ရှိသောလူများကို၎င်း စုဝေးစေပြီးလျှင်၊ စစ်ချီဗေသဝင် မြို့အရှေ့၊ မိတ်မတ်မြို့၌ တပ်ချကြ၏။
ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား​တိုက်​ခိုက်​ရန်​စု​ဝေး ကြ​၏။ သူ​တို့​မှာ​စစ်​ရ​ထား​သုံး​သောင်း၊ မြင်း စီး​သူ​ရဲ​ခြောက်​ထောင်​နှင့်​သ​မုဒ္ဒ​ရာ​သဲ​လုံး ကဲ့​သို့​မ​ရေ​မ​တွက်​နိုင်​အောင် များ​ပြား​သော စစ်​သည်​တပ်​သား​များ​ရှိ​သ​တည်း။ သူ​တို့ သည်​ချီ​တက်​၍​ဗေ​သ​ဝင်​မြို့​အ​ရှေ့​ဘက် ရှိ​မိတ်​မတ်​မြို့​တွင်​စ​ခန်း​ချ​ကြ​၏။-
6 ဣသရေလအမျိုးသားတို့သည် အလွန် ဆင်းရဲခံရသဖြင့်၊ မိမိတို့ ကျဉ်းမြောင်းလျက်ရှိသည်ကို သိမြင်သောအခါ၊ ဥမင်၊ တောအုံ၊ ကျောက်ကြား၊ တောင်ထိပ်၊ မြေတွင်းတို့၌ ပုန်းရှောင်၍ နေကြ၏။
ထို​နောက်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ပြင်း​ထန်​စွာ​တိုက်​ခိုက်​၍​ဖ​ရို​ဖ​ရဲ​ဖြစ်​စေ လေ​သည်။ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ချို့ တို့​သည်​ဥ​မင်၊ ကျောက်​ကြား၊ ရေ​တွင်း၊ မြေ တွင်း​စ​သည်​တို့​၌​ပုန်း​အောင်း​နေ​ကြ​၏။-
7 ယော်ဒန်မြစ်တဘက်၌ နေသောသူအချို့တို့သည် ကူးပြန်၍၊ ဂဒ်ပြည်၊ ဂိလဒ်ပြည်သို့ သွားကြ၏။ ရှောလုသည် ဂိလဂါလမြို့၌ နေသေး၍၊ လူအပေါင်းတို့သည် သူ့နောက်၌ တုန်လှုပ်လျက်ရှိကြ၏။
အ​ချို့​တို့​က​မူ​ယော်​ဒန်​မြစ်​ကို​ဖြတ်​ကူး ကာ​ဂဒ်​နှင့်​ဂိ​လဒ်​နယ်​များ​သို့​ထွက်​ပြေး ကြ​၏။ ရှော​လု​သည်​ဂိ​လ​ဂါ​လ​မြို့​တွင်​ပင်​ရှိ​နေ သေး​၏။ သူ​နှင့်​အ​တူ​ရှိ​သည့်​တပ်​သား​တို့ သည်​ကြောက်​လန့်​တုန်​လှုပ်​လျက်​နေ​ကြ​၏။-
8 ရှမွေလ ချိန်းချက်သည်အတွင်း ရှောလုသည် ခုနစ်ရက် ငံ့လင့်၍၊ ရှမွေလသည် ဂိလဂါလမြို့သို့ မရောက်၊ လူများတို့လည်း ထွက်ပြေးကြ၏။
ရှ​မွေ​လ​ညွှန်​ကြား​ခဲ့​သည်​အ​တိုင်း​ရှော​လု သည် ခု​နစ်​ရက်​တိုင်​တိုင်​စောင့်​ဆိုင်း​၍​နေ​ခဲ့ သော်​လည်း ရှ​မွေ​လ​ကား​ဂိ​လ​ဂါ​လ​မြို့ သို့​မ​ရောက်​လာ။ သူ​တို့​သည်​ရှော​လု​ထံ​မှ ထွက်​ပြေး​စ​ပြု​ကြ​ပြီ​ဖြစ်​၍၊-
9 ရှောလုကလည်း၊ မီးရှို့ရာယဇ်နှင့် မိဿဟာယ ပူဇော်သက္ကာတို့ကို ငါ့ထံသို့ ယူခဲ့ကြဟုဆိုသဖြင့်၊ မီးရှို့ရာယဇ်ကို ပူဇော်လေ၏။
ရှော​လု​သည်​မီး​ရှို့​ရာ​ယဇ်​နှင့်​မိတ်​သ​ဟာ​ယ ယဇ်​တို့​ကို မိ​မိ​ထံ​သို့​ယူ​ဆောင်​လာ​စေ​ရန် လူ​တို့​အား​စေ​ခိုင်း​ပြီး​လျှင်​မီး​ရှို့​ရာ​ယဇ် ကို​ပူ​ဇော်​လေ​သည်။-
10 ၁၀ မီးရှို့ရာယဇ်ပူဇော်ခြင်းအမှု ပြီးသည်အဆုံး၌ ရှမွေလသည် လာ၏။ ရှောလုသည် ကောင်းကြီးပေး၍ ခရီးဦးကြို ပြုခြင်းငှါ ထွက်သွားလျှင်၊
၁၀ယင်း​သို့​ယဇ်​ပူ​ဇော်​၍​ပြီး​ခါ​နီး​၌​ရှ​မွေ​လ ရောက်​ရှိ​လာ​၏။ ရှော​လု​သည်​သူ့​ကို​သွား​ရောက် ကြို​ဆို​သော်​လည်း၊-
11 ၁၁ ရှမွေလက၊ သင်သည် အဘယ်သို့ ပြုသနည်းဟု မေးသော်၊ ရှောလုက၊ လူများတို့သည် အကျွန်ုပ်ထံ မှ ထွက်ပြေးကြောင်း၊ ကိုယ်တော်သည် ချိန်းချက်သော အချိန်၌ မရောက်ကြောင်း၊ ဖိလိတ္တိလူတို့ သည် မိတ်မတ်မြို့၌ စုဝေးကြောင်းများကို သိမြင်သောအခါ၊ -
၁၁ရှ​မွေ​လ​က``သင်​သည်​အ​ဘယ်​သို့​ပြု​သ​နည်း'' ဟု​မေး​၏။ ရှော​လု​က``လူ​တို့​သည်​အ​ကျွန်ုပ်​ထံ​မှ​စွန့်​ခွာ ထွက်​ပြေး​လျက်​နေ​ကြ​ပါ​၏။ အ​ရှင်​သည်​ချိန်း သော​အ​ချိန်​၌​မ​ပေါ်​လာ​ပါ။ ထို့​အ​ပြင် ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​မိတ်​မတ်​မြို့ တွင်​စု​ရုံး​လျက်​ရှိ​နေ​ကြ​ပါ​၏။-
12 ၁၂ ဖိလိတ္တိလူတို့သည် ငါရှိရာ ဂိလဂါလမြို့သို့ စစ်ချီကြလိမ့်မည်။ ထာဝရဘုရားကို ငါမတောင်းပန်သေး ဟု အကျွန်ုပ်အောက်မေ့သဖြင့်၊ ကိုယ်ကို အနိုင်ပြု၍ မီးရှို့ရာယဇ်ကို ပူဇော်မိပြီဟု ပြန်ပြော၏။
၁၂သို့​ဖြစ်​၍​သူ​တို့​သည်​အ​ကျွန်ုပ်​ရှိ​ရာ​ဂိ​လ ဂါ​လ​မြို့​သို့ ချီ​တက်​တိုက်​ခိုက်​ကြ​လိမ့်​မည် ဟူ​၍​လည်း​ကောင်း၊ အ​ကျွန်ုပ်​သည်​လည်း​ထာ ဝ​ရ​ဘု​ရား​၏​ထံ​တော်​၌ အ​သ​နား​မ​ခံ ရ​သေး​ဟူ​၍​လည်း​ကောင်း​အ​ကျွန်ုပ်​တွေး​တော မိ​ပါ​၏။ ထို့​ကြောင့်​ယဇ်​ကို​မ​ပူ​ဇော်​လျှင် မ​ဖြစ်​တော့​သ​ဖြင့်​ပူ​ဇော်​ရ​ခြင်း​ဖြစ်​ပါ သည်'' ဟု​လျှောက်​၏။
13 ၁၃ ရှမွေလကလည်း သင်သည် မှားပြီ။ သင်၏ ဘုရားသခင် ထာဝရဘုရား ထားတော်မူသော ပညတ်တရားကို မစောင့်ပါတကား။ စောင့်မိလျှင်၊ ထာဝရဘုရားသည် ဣသရေလအမျိုး၌ သင်၏ အာဏာကို ယခုမှစ၍ အစဉ်အမြဲ တည်စေတော်မူပြီ။
၁၃ရှ​မွေ​လ​က``သင်​ပြု​သည့်​အ​မှု​သည်​မိုက်​မဲ သော​အ​မှု​ဖြစ်​၏။ သင်​သည်​မိ​မိ​၏​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော​အ​မိန့် တော်​ကို​နား​မ​ထောင်။ အ​ကယ်​၍​နား​ထောင် ခဲ့​ပါ​လျှင်​ကိုယ်​တော်​သည်​သင်​နှင့်​တ​ကွ သင်​၏​သား​မြေး​တို့​အား​ဣ​သ​ရေ​လ​ပြည် ကို​ထာ​ဝ​စဉ်​အုပ်​စိုး​စေ​တော်​မူ​မည်။-
14 ၁၄ ယခုမူကား သင်၏ အာဏာမတည်ရ။ ထာဝရဘုရားသည် စိတ်နှလုံးတော်နှင့် ညီညွတ်သော သူကို ရှာတော်မူ၏။ ထိုသူသည် လူမျိုးတော်အပေါ်မှာ မင်းဖြစ်စေခြင်းငှါ ထာဝရဘုရား မိန့်တော်မူပြီ။ အကြောင်းမူကား၊ သင်သည် ထာဝရဘုရား မှာထားတော်မူသည်အတိုင်း မကျင့်ဟု ရှောလုအား ဆိုပြီးလျှင်၊
၁၄ယ​ခု​မှာ​မူ​သင်​သည်​နန်း​သက်​ရှည်​တော့ မည်​မ​ဟုတ်။ သင်​သည်​မိ​မိ​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော​အ​မိန့် တော်​ကို​လွန်​ဆန်​သည်​ဖြစ်​၍ ကိုယ်​တော်​သည် မိ​မိ​လူ​မျိုးတော်​အား​အုပ်​စိုး​စေ​ရန်​စိတ် တော်​နှင့်​တွေ့​သူ​ကို​ခန့်​ထား​တော်​မူ​လိမ့် မည်'' ဟု​ဆို​၏။
15 ၁၅ ထ၍ ဂိလဂါလမြို့မှ ဗင်္ယာမိန်ခရိုင်၊ ဂိဗာမြို့သို့ သွား၏။ ရှောလုသည် မိမိ၌ ရှိသောလူတို့ကို ရေတွက်၍ ခြောက်ရာခန့်မျှ ရှိ၏။
၁၅ရှ​မွေ​လ​သည်​ဂိ​လ​ဂါ​လ​မြို့​မှ​ထွက်​ခွာ​၍ ဆက်​လက်​ခ​ရီး​ပြု​လေ​သည်။ ကျန်​ရစ်​သူ​တို့ သည်​ရှောလု​နှင့်​အ​တူ​သူ​၏​စစ်​သည်​တော်​များ ရှိ​ရာ​သို့​လိုက်​သွား​ကြ​၏။ သူ​တို့​သည်​ဂိ​လ ဂါ​လ​မြို့​မှ​ဗင်္ယာ​မိန်​နယ်၊ ဂိ​ဗာ​မြို့​သို့​သွား ကြ​၏။ ရှော​လု​သည်​မိ​မိ​၏​တပ်​သား​အ​ရေ အ​တွက်​ကို​စစ်​ဆေး​ရာ​ခြောက်​ရာ​ခန့်​တွေ့ ရှိ​လေ​သည်။-
16 ၁၆ သူနှင့် သားတော် ယောနသန်၊ သူတို့၌ ရှိသော လူအပေါင်းတို့သည် ဗင်္ယာမိန်ခရိုင်၊ ဂိဗာမြို့တွင် နေကြ၏။ ဖိလိတ္တိလူတို့သည် မိတ်မတ်မြို့တွင် တပ်ချကြ၏။
၁၆သူ​နှင့်​သား​တော်​ယော​န​သန်​တို့​သည်​မိ​မိ တို့​တွင်​ရှိ​သော​စစ်​သည်​တို့​လိုက်​ပါ​လျက် ဗင်္ယာ​မိန်​နယ်၊ ဂိ​ဗာ​မြို့​တွင်​တပ်​ချ​လျက် နေ​ကြ​၏။-
17 ၁၇ လုယူသော တပ်သုံးတပ်တို့သည်၊ ဖိလိတ္တိတပ်မထဲကထွက်၍ တတပ်သည် ရွာလပြည် ဩဖရမြို့ လမ်းသို့လိုက်၏။
၁၇ဖိ​လိတ္တိ​အ​မျိုး​သား​တို့​၏​တပ်​စ​ခန်း​ကား မိတ်​မတ်​မြို့​တွင်​ရှိ​လေ​သည်။ ဖိ​လိတ္တိ​တပ်​သား တို့​သည်​တိုက်​ကင်း​သုံး​စု​ခွဲ​၍​တပ်​စ​ခန်း​မှ ထွက်​သွား​ကြ​၏။ တစ်​စု​သည်​ရွှာ​လ​နယ် သြ​ဖ​ရ​မြို့​ရှိ​ရာ​သို့​လည်း​ကောင်း၊-
18 ၁၈ တတပ်သည် ဗေသောရုန်မြို့လမ်းသို့ လိုက်၏။ တတပ်သည် တောဘက်မှာ ဇေဘိုင်ချိုင့်ကို မျက်နှာပြုသော ပြည်စွန်းလမ်းသို့ လိုက်၏။
၁၈နောက်​တစ်​စု​သည်​ဗေ​သော​ရုန်​မြို့​ရှိ​ရာ​သို့ လည်း​ကောင်း၊ ကျန်​တစ်​စု​ကား​ဇေဘိုင်​ချိုင့်​ဝှမ်း နှင့်​တော​ကန္တာ​ရ​ကို​မျက်​နှာ​မူ​လျက်​ရှိ​သော နယ်​စပ်​လမ်း​သို့​လည်း​ကောင်း​လိုက်​သွား​ကြ သည်။
19 ၁၉ ဖိလိတ္တိလူတို့က၊ ဟေဗြဲလူတို့သည် ထားလှံတို့ကို မလုပ်စေနှင့်ဟု စီရင်မြဲရှိသောကြောင့်၊ ဣသရေလ ပြည်တရှောက်လုံးတွင် ပန်းပဲတယောက်မျှမရှိ။
၁၉ဟေ​ဗြဲ​အ​မျိုး​သား​တို့​ဋ္ဌား​လှံ​လက်​နက်​များ ပြု​လုပ်​ခြင်း​ကို​ဖိ​လိတ္တိ​အ​မျိုး​သား​တို့​က ပိတ်​ပင်​တား​မြစ်​သ​ဖြင့် ဣ​သ​ရေ​လ​ပြည် တွင်​ယ​နေ့​တိုင်​အောင်​ပန်း​ပဲ​ဆ​ရာ​များ မ​ရှိ​ချေ။-
20 ၂၀ ဣသရေလလူအပေါင်းတို့သည် ထွန်သွား၊ ပေါက်တူး၊ ပုဆိန်၊ တူးရွင်းကို ထက်စေခြင်းငှါ၊ ဖိလိတ္တိ လူတို့ရှိရာသို့ သွားရကြ၏။
၂၀ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ထွန်​သွား၊ ပေါက်​တူး၊ ပု​ဆိန်၊ တံ​စဉ်​စ​သည်​တို့​ကို​သွေး ရန်​အ​တွက်​ဖိ​လိတ္တိ​အ​မျိုး​သား​တို့​ထံ​သို့ သွား​ရ​ကြ​၏။-
21 ၂၁ နောက်တဖန် ထွန်သွား၊ ပေါက်တူး၊ သုံးခွခက်ရင်း၊ ပုဆိန်၊ ထိုးတံချွန် တုံးလျက်ရှိကြ၏။
၂၁ပု​ဆိန်​သွေး​ခ​နှင့်​လှံ​တံ​တပ်​ခ​မှာ​ငွေ သုံး​ပဲ​သား​ဖြစ်​၍ ထွန်​သွား​နှင့်​ပေါက်​တူး သွေး​ခ​မှာ​ငွေ​သုံး​မူး​သား​ဖြစ်​၏။-
22 ၂၂ သို့ဖြစ်၍ စစ်တိုက်ရာကာလ ရှောလုနှင့်သားတော် ယောနသန်မှတပါး အဘယ်သူ၌မျှ ထားလှံမရှိ။
၂၂ထို့​ကြောင့်​စစ်​ပွဲ​ဝင်​ရ​သော​နေ့​၌​ရှော​လု​နှင့် သား​တော်​ယော​န​သန်​မှ​လွဲ​၍ အ​ခြား​ဣ​သ ရေ​လ​စစ်​သည်​တော်​တို့​တွင်​ဋ္ဌား​လှံ​လက် နက်​များ​မ​ရှိ​ကြ။
23 ၂၃ တဖန် ဖိလိတ္တိတပ်သားတို့သည် မိတ်မတ်မြို့ လမ်းဝသို့ ထွက်၍ နေကြစဉ်တွင်၊
၂၃ဖိ​လိတ္တိ​အ​မျိုး​သား​တို့​က​စစ်​သည်​တပ်​သား တစ်​စု​ကို​စေ​လွှတ်​၍ မိတ်​မတ်​တောင်​ကြား​လမ်း ကို​ကာ​ကွယ်​စေ​ကြ​၏။

< ၁ ဓမ္မရာဇဝင် 13 >