< ၁ ဓမ္မရာဇဝင် 12 >
1 ၁ ရှမွေလကလည်း၊ သင်တို့ပြောသမျှသော စကားကို ငါနားထောင်၍၊ သင်တို့အပေါ်မှာ ရှင်ဘုရင်ကို ငါချီးမြှောက်လေပြီ။
καὶ εἶπεν Σαμουηλ πρὸς πάντα ἄνδρα Ισραηλ ἰδοὺ ἤκουσα φωνῆς ὑμῶν εἰς πάντα ὅσα εἴπατέ μοι καὶ ἐβασίλευσα ἐφ’ ὑμᾶς βασιλέα
2 ၂ ယခုမှာ ရှင်ဘုရင်သည် သင်တို့ရှေ့၌ ကြွနေတော်မူ၏။ ငါသည် အသက်ကြီး၍ ဆံပင်ဖြူပြီ။ ငါ့သားတို့ သည် သင်တို့၌ ရှိကြ၏။ ငါသည် ငယ်သော အရွယ်မှ စ၍ ယနေ့တိုင်အောင် သင်တို့ရှေ့၌ သွားပြီ။
καὶ νῦν ἰδοὺ ὁ βασιλεὺς διαπορεύεται ἐνώπιον ὑμῶν κἀγὼ γεγήρακα καὶ καθήσομαι καὶ οἱ υἱοί μου ἰδοὺ ἐν ὑμῖν κἀγὼ ἰδοὺ διελήλυθα ἐνώπιον ὑμῶν ἐκ νεότητός μου καὶ ἕως τῆς ἡμέρας ταύτης
3 ၃ ဤအရပ်၌ ယခု ငါရှိ၏။ အဘယ်သူ၏ နွားကို ငါယူဘူးပြီနည်း။ အဘယ်သူ၏ မြည်းကို ယူဘူးပြီ နည်း။ အဘယ်သူကို လှည့်စားဘူးပြီနည်း။ အဘယ်သူကို ညှဉ်းဆဲဘူးပြီနည်း။ ကိုယ်မျက်စိကို ကွယ် စေခြင်းငှါ အဘယ်သူလက်မှ တံစိုးကို ခံဘူးပြီနည်း။ ထာဝရဘုရားရှေ့၊ ဘိသိက်တော်ကို ခံသော သူရှေ့မှာ ငါ့တဘက်၌ သက်သေခံကြလော့။ သူ့ဥစ္စာကို ငါယူမိလျှင် ပြန်ပေးပါမည်ဟု ဣသရေလ လူအပေါင်းတို့အား ပြောဆိုသော်၊
ἰδοὺ ἐγώ ἀποκρίθητε κατ’ ἐμοῦ ἐνώπιον κυρίου καὶ ἐνώπιον χριστοῦ αὐτοῦ μόσχον τίνος εἴληφα ἢ ὄνον τίνος εἴληφα ἢ τίνα κατεδυνάστευσα ὑμῶν ἢ τίνα ἐξεπίεσα ἢ ἐκ χειρὸς τίνος εἴληφα ἐξίλασμα καὶ ὑπόδημα ἀποκρίθητε κατ’ ἐμοῦ καὶ ἀποδώσω ὑμῖν
4 ၄ သူတို့က၊ ကိုယ်တော်သည် အကျွန်ုပ်တို့ကို မလှည့်စားပါ။ မညှဉ်းဆဲပါ။ အဘယ်သူ၏ ဥစ္စာကိုမျှ မယူပါဟု ပြောဆိုကြ၏။
καὶ εἶπαν πρὸς Σαμουηλ οὐκ ἠδίκησας ἡμᾶς καὶ οὐ κατεδυνάστευσας καὶ οὐκ ἔθλασας ἡμᾶς καὶ οὐκ εἴληφας ἐκ χειρὸς οὐδενὸς οὐδέν
5 ၅ ရှမွေလကလည်း၊ သင်တို့သည် ငါ့လက်၌ သူတပါး၏ ဥစ္စာကို ရှာ၍ မတွေ့ကြောင်းကို ထာဝရဘုရား သည် သင်တို့တဘက်၌ သက်သေဖြစ်တော်မူ၏။ ဘိသိက်တော်ကို ခံသောသူလည်း သက်သေဖြစ်၏ ဟု ဆိုလျှင်၊ သူတို့က၊ သက်သေဖြစ်ပါသည်ဟု ဝန်ခံကြ၏။
καὶ εἶπεν Σαμουηλ πρὸς τὸν λαόν μάρτυς κύριος ἐν ὑμῖν καὶ μάρτυς χριστὸς αὐτοῦ σήμερον ἐν ταύτῃ τῇ ἡμέρᾳ ὅτι οὐχ εὑρήκατε ἐν χειρί μου οὐθέν καὶ εἶπαν μάρτυς
6 ၆ တဖန် ရှမွေလက၊ ထာဝရဘုရားသည် မောရှေနှင့် အာရုန်ကို ချီးမြှောက်၍၊ သင်တို့ဘိုးဘေးများကို အဲဂုတ္တုပြည်မှ ဆောင်ခဲ့တော်မူ၏။
καὶ εἶπεν Σαμουηλ πρὸς τὸν λαὸν λέγων μάρτυς κύριος ὁ ποιήσας τὸν Μωυσῆν καὶ τὸν Ααρων ὁ ἀναγαγὼν τοὺς πατέρας ἡμῶν ἐξ Αἰγύπτου
7 ၇ ယခုတွင် တိတ်ဆိတ်စွာနေကြလော့။ ထာဝရဘုရားသည် သင်တို့နှင့် သင်တို့ဘိုးဘေးများ၌ တရား သဖြင့် ပြုတော်မူသောအမှုတို့ကို ထာဝရဘုရား ရှေ့တော်မှာ သင်တို့အား ငါဆွေးနွေး ဟောပြောမည်။
καὶ νῦν κατάστητε καὶ δικάσω ὑμᾶς ἐνώπιον κυρίου καὶ ἀπαγγελῶ ὑμῖν τὴν πᾶσαν δικαιοσύνην κυρίου ἃ ἐποίησεν ἐν ὑμῖν καὶ ἐν τοῖς πατράσιν ὑμῶν
8 ၈ ယာကုပ်သည် အဲဂုတ္တုပြည်သို့ ရောက်၍၊ သင်တို့ဘိုးဘေးတို့သည် ထာဝရဘုရားအား အော်ဟစ်သော အခါ၊ မောရှေနှင့် အာရုန်ကို စေလွှတ်သဖြင့် ဘိုးဘေးတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်၍ ဤပြည်၌ နေရာချတော်မူ၏။
ὡς εἰσῆλθεν Ιακωβ καὶ οἱ υἱοὶ αὐτοῦ εἰς Αἴγυπτον καὶ ἐταπείνωσεν αὐτοὺς Αἴγυπτος καὶ ἐβόησαν οἱ πατέρες ἡμῶν πρὸς κύριον καὶ ἀπέστειλεν κύριος τὸν Μωυσῆν καὶ τὸν Ααρων καὶ ἐξήγαγεν τοὺς πατέρας ἡμῶν ἐξ Αἰγύπτου καὶ κατῴκισεν αὐτοὺς ἐν τῷ τόπῳ τούτῳ
9 ၉ သူတို့၏ ဘုရားသခင် ထာဝရဘုရားကို မေ့လျော့သောအခါ၊ ဟာဇော် ဗိုလ်ချုပ်မင်း သိသရလက်သို့ ၎င်း၊ ဖိလိတ္တိလူတို့ လက်သို့၎င်း၊ မောဘရှင် ဘုရင်လက်သို့၎င်း ရောက်စေတော်မူသဖြင့်၊ ထိုရန်သူတို့၏ တိုက်ဖျက်ခြင်းကို ခံရကြ၏။
καὶ ἐπελάθοντο κυρίου τοῦ θεοῦ αὐτῶν καὶ ἀπέδοτο αὐτοὺς εἰς χεῖρας Σισαρα ἀρχιστρατήγου Ιαβιν βασιλέως Ασωρ καὶ εἰς χεῖρας ἀλλοφύλων καὶ εἰς χεῖρας βασιλέως Μωαβ καὶ ἐπολέμησαν ἐν αὐτοῖς
10 ၁၀ တဖန်သူတို့သည် ထာဝရဘုရားအား အော်ဟစ်လျက်၊ အကျွန်ုပ်တို့သည် ကိုယ်တော်ကို စွန့်၍၊ ဗာလ ဘုရားနှင့် အာရှတရက်ဘုရားတို့ကို ဝတ်ပြုသဖြင့် ပြစ်မှားပါပြီ။ သို့ရာတွင် ရန်သူလက်မှ ကယ်ချွတ် တော်မူပါ။ ကိုယ်တော်ကို ဝတ်ပြုပါမည်ဟု လျှောက်ကြသောအခါ၊-
καὶ ἐβόησαν πρὸς κύριον καὶ ἔλεγον ἡμάρτομεν ὅτι ἐγκατελίπομεν τὸν κύριον καὶ ἐδουλεύσαμεν τοῖς Βααλιμ καὶ τοῖς ἄλσεσιν καὶ νῦν ἐξελοῦ ἡμᾶς ἐκ χειρὸς ἐχθρῶν ἡμῶν καὶ δουλεύσομέν σοι
11 ၁၁ ထာဝရဘုရားသည် ယေရုဗ္ဗာလ၊ ဗာရက်၊ ယေဖသ၊ ရှမွေလတို့ကို စေလွှတ်၍၊ ပတ်ဝန်းကျင် ရန်သူတို့ လက်မှ ကယ်နှုတ်တော်မူသဖြင့် သင်တို့သည် ဘေးလွတ်ရကြ၏။
καὶ ἀπέστειλεν κύριος τὸν Ιεροβααλ καὶ τὸν Βαρακ καὶ τὸν Ιεφθαε καὶ τὸν Σαμουηλ καὶ ἐξείλατο ὑμᾶς ἐκ χειρὸς ἐχθρῶν ὑμῶν τῶν κυκλόθεν καὶ κατῳκεῖτε πεποιθότες
12 ၁၂ နောက်တဖန် အမ္မုန်အမျိုးသားရှင်ဘုရင် နာဟတ်သည် စစ်ချီမည်အကြောင်းကို သိသောအခါ၊ အကျွန်ုပ်တို့သည် အရင်ကဲ့သို့မဟုတ်၊ ရှင်ဘုရင်သည် အကျွန်ုပ်တို့ကို အုပ်စိုးရမည်ဟု သင်တို့၏ ဘုရားသခင် ထာဝရဘုရားသည် ရှင်ဘုရင် လုပ်လျက်ပင် ငါ့အား လျှောက်ထားကြ၏။
καὶ εἴδετε ὅτι Ναας βασιλεὺς υἱῶν Αμμων ἦλθεν ἐφ’ ὑμᾶς καὶ εἴπατε οὐχί ἀλλ’ ἢ ὅτι βασιλεὺς βασιλεύσει ἐφ’ ἡμῶν καὶ κύριος ὁ θεὸς ἡμῶν βασιλεὺς ἡμῶν
13 ၁၃ ယခုမှာ သင်တို့လိုချင်၍ ရွေးချယ်သော ရှင်ဘုရင်ကို ကြည့်ရှုကြလော့။ ထာဝရဘုရားသည် သင်တို့ အပေါ်မှာ ရှင်ဘုရင်ဖြစ်စေခြင်းငှါ ချီးမြှောက်တော်မူပြီ။-
καὶ νῦν ἰδοὺ ὁ βασιλεύς ὃν ἐξελέξασθε καὶ ἰδοὺ δέδωκεν κύριος ἐφ’ ὑμᾶς βασιλέα
14 ၁၄ သင်တို့သည် ထာဝရဘုရားကို ကြောက်ရွံ့၍ ဝတ်ပြုခြင်းနှင့်တကွ အာဏာတော်ကို မဆန်၊ စကား တော်ကို နားထောင်လျှင် သင်တို့နှင့် သင်တို့ကို အုပ်စိုးသော ရှင်ဘုရင်သည် သင်တို့၏ ဘုရားသခင် ထာဝရဘုရားနောက်တော်သို့ အမြဲလိုက်ကြလိမ့်မည်။
ἐὰν φοβηθῆτε τὸν κύριον καὶ δουλεύσητε αὐτῷ καὶ ἀκούσητε τῆς φωνῆς αὐτοῦ καὶ μὴ ἐρίσητε τῷ στόματι κυρίου καὶ ἦτε καὶ ὑμεῖς καὶ ὁ βασιλεὺς ὁ βασιλεύων ἐφ’ ὑμῶν ὀπίσω κυρίου πορευόμενοι
15 ၁၅ သို့မဟုတ် ထာဝရဘုရား၏ စကားတော်ကို နားမထောင်၊ အာဏာတော်ကို ဆန်လျှင်၊ ထာဝရ ဘုရား၏ လက်တော်သည် ဘိုးဘေးတို့ကို ဆီးတားသကဲ့သို့ သင်တို့ကို ဆီးတားတော်မူလိမ့်မည်။
ἐὰν δὲ μὴ ἀκούσητε τῆς φωνῆς κυρίου καὶ ἐρίσητε τῷ στόματι κυρίου καὶ ἔσται χεὶρ κυρίου ἐπὶ ὑμᾶς καὶ ἐπὶ τὸν βασιλέα ὑμῶν
16 ၁၆ ယခုမှာ သင်တို့ မျက်မှောက်၌ ထာဝရဘုရားပြုတော်မူ လတံ့သော အမှုကြီးကို ငြိမ်ဝပ်စွာ နေ၍ ကြည့်ရှုလော့။
καὶ νῦν κατάστητε καὶ ἴδετε τὸ ῥῆμα τὸ μέγα τοῦτο ὃ ὁ κύριος ποιήσει ἐν ὀφθαλμοῖς ὑμῶν
17 ၁၇ ယနေ့ ဂျုံစပါးရိတ်ရာ ကာလဖြစ်သည် မဟုတ်လော။ သို့သော်လည်း ထာဝရဘုရားကို ငါဆုတောင်း ၍ မိုဃ်းချုန်းခြင်းနှင့်တကွ မိုဃ်းရွာစေတော်မူမည်။ သို့ဖြစ်၍ သင်တို့သည် ရှင်ဘုရင်ကို တောင်း သောအားဖြင့် ထာဝရဘုရားရှေ့တော်၌ ပြစ်မှားမိသောအပြစ်သည် ကြီးကြောင်းကို ရိပ်မိသိမြင်ရ ကြမည်ဟု လူများတို့အား ပြောဆိုပြီးလျှင်၊-
οὐχὶ θερισμὸς πυρῶν σήμερον ἐπικαλέσομαι κύριον καὶ δώσει φωνὰς καὶ ὑετόν καὶ γνῶτε καὶ ἴδετε ὅτι ἡ κακία ὑμῶν μεγάλη ἣν ἐποιήσατε ἐνώπιον κυρίου αἰτήσαντες ἑαυτοῖς βασιλέα
18 ၁၈ ထာဝရဘုရားကို ဆုတောင်း၍၊ ထိုနေ့၌ ထာဝရဘုရားသည် မိုဃ်းချုန်းခြင်းနှင့်တကွ မိုဃ်းရွာစေ တော်မူ၍၊ လူအပေါင်းတို့သည် ထာဝရဘုရားနှင့်ရှမွေလကို အလွန်ကြောက်ရွံ့ကြ၏။
καὶ ἐπεκαλέσατο Σαμουηλ τὸν κύριον καὶ ἔδωκεν κύριος φωνὰς καὶ ὑετὸν ἐν τῇ ἡμέρᾳ ἐκείνῃ καὶ ἐφοβήθησαν πᾶς ὁ λαὸς τὸν κύριον σφόδρα καὶ τὸν Σαμουηλ
19 ၁၉ လူအပေါင်းတို့က၊ ကိုယ်တော်၏ ကျွန်တို့သည် မသေရမည်ကြောင်း၊ ကိုယ်တော်၏ ဘုရားသခင် ထာဝရ ဘုရားအား ကိုယ်တော်ကျွန်တို့အဘို့ ဆုတောင်းတော်မူပါ။ အကျွန်ုပ်တို့သည် ရှင်ဘုရင်ကို တောင်း သောအားဖြင့် အထက်အပြစ်များတို့အပေါ်မှာ ထပ်၍ ဒုစရိုက်ကို ပြုမိပါပြီဟု ရှမွေလအား တောင်း ပန်ကြ၏။
καὶ εἶπαν πᾶς ὁ λαὸς πρὸς Σαμουηλ πρόσευξαι ὑπὲρ τῶν δούλων σου πρὸς κύριον θεόν σου καὶ οὐ μὴ ἀποθάνωμεν ὅτι προστεθείκαμεν πρὸς πάσας τὰς ἁμαρτίας ἡμῶν κακίαν αἰτήσαντες ἑαυτοῖς βασιλέα
20 ၂၀ ရှမွေလကလည်း မစိုးရိမ်ကြနှင့်။ ဤဒုစရိုက်အပေါင်းကို ပြုမိသော်လည်း၊ ထာဝရဘုရားနောက် တော်သို့ လိုက်ရာမှ မလွှဲကြနှင့်။ ထာဝရဘုရားကို စိတ်နှလုံး အကြွင်းမဲ့ ဝတ်ပြုကြလော့။
καὶ εἶπεν Σαμουηλ πρὸς τὸν λαόν μὴ φοβεῖσθε ὑμεῖς πεποιήκατε τὴν πᾶσαν κακίαν ταύτην πλὴν μὴ ἐκκλίνητε ἀπὸ ὄπισθεν κυρίου καὶ δουλεύσατε τῷ κυρίῳ ἐν ὅλῃ καρδίᾳ ὑμῶν
21 ၂၁ ကျေးဇူးမပြု မကယ်တင်နိုင်၊ အချည်းနှီးဖြစ်သော အရာတို့နောက်သို့ လမ်းလွှဲ၍ မလိုက်ကြနှင့်။ ထိုသို့သောအရာသည် အချည်းနှီး သက်သက်ဖြစ်၏။
καὶ μὴ παραβῆτε ὀπίσω τῶν μηθὲν ὄντων οἳ οὐ περανοῦσιν οὐθὲν καὶ οἳ οὐκ ἐξελοῦνται ὅτι οὐθέν εἰσιν
22 ၂၂ ထာဝရဘုရားသည် မဟာနာမတော်ကို ထောက်၍ မိမိလူတို့ကို စွန့်တော်မမူ။ ထာဝရဘုရားသည် သင်တို့ကို မိမိလူအရာ၌ ခန့်ထားခြင်းငှါ အလိုရှိတော်မူပြီ။
ὅτι οὐκ ἀπώσεται κύριος τὸν λαὸν αὐτοῦ διὰ τὸ ὄνομα αὐτοῦ τὸ μέγα ὅτι ἐπιεικέως κύριος προσελάβετο ὑμᾶς αὑτῷ εἰς λαόν
23 ၂၃ ငါမူကား သင်တို့အဘို့ ဆုမတောင်းဘဲ နေသဖြင့်၊ ထာဝရဘုရားကို ပြစ်မှားခြင်းအမှုသည် ငါနှင့် ဝေးပါစေသော။ ကောင်းမွန်ဖြောင့်မတ်သော လမ်းကိုလည်း သင်တို့အား ငါပြသဦးမည်။
καὶ ἐμοὶ μηδαμῶς τοῦ ἁμαρτεῖν τῷ κυρίῳ ἀνιέναι τοῦ προσεύχεσθαι περὶ ὑμῶν καὶ δουλεύσω τῷ κυρίῳ καὶ δείξω ὑμῖν τὴν ὁδὸν τὴν ἀγαθὴν καὶ τὴν εὐθεῖαν
24 ၂၄ သို့ရာတွင် ထာဝရဘုရားကို ကြောက်ရွံ့၍ သစ္စာနှင့်တကွ စိတ်နှလုံးအကြွင်းမဲ့ ဝတ်ပြုကြလော့။ သင်တို့အဘို့ အဘယ်မျှလောက် ပြုတော်မူပြီးသည်တို အောက်မေ့ကြလော့။
πλὴν φοβεῖσθε τὸν κύριον καὶ δουλεύσατε αὐτῷ ἐν ἀληθείᾳ καὶ ἐν ὅλῃ καρδίᾳ ὑμῶν ὅτι εἴδετε ἃ ἐμεγάλυνεν μεθ’ ὑμῶν
25 ၂၅ သို့မဟုတ် သင်တို့သည် ဒုစရိုက် ပြုမြဲပြုလျှင်၊ ရှင်ဘုရင်နှင့်တကွ ပျက်စီးခြင်းသို့ ရောက်ရကြလိမ့် မည်ဟု လူများတို့အား ပြောဆိုလေ၏။
καὶ ἐὰν κακίᾳ κακοποιήσητε καὶ ὑμεῖς καὶ ὁ βασιλεὺς ὑμῶν προστεθήσεσθε