< ၁ ဓမ္မရာဇဝင် 11 >
1 ၁ ထိုနောက်မှ အမ္မုန်အမျိုးသား နာဟတ်သည်လာ၍ ဂိလဒ်ပြည်ယာဗက်မြို့အနားမှာ တပ်ချလျှင်၊ မြို့သားအပေါင်းတို့က အကျွန်ုပ်တို့နှင့် မိဿဟာယဖွဲ့တော်မူပါ။ ကိုယ်တော်ထံ၌ ကျွန်ခံပါမည်ဟု နာဟတ်မင်းအားလျှောက်သော်လည်း၊
Så drog ammonitten Nahas op og kringsatte Jabes i Gilead, og alle Jabes' menn sa til Nahas: Gjør fred med oss, så vil vi tjene dig.
2 ၂ အမ္မုန်အမျိုးသား နာဟတ်က၊ သင်တို့၌ လက်ျာမျက်စိရှိသမျှကို ဖောက်၍ ဣသရေလအမျိုးတမျိုး လုံး၌ ငါကဲ့ရဲ့ရသော အခွင့်ကို ပေးမှသာ မိဿဟာယဖွဲ့မည်ဟု ပြန်ပြောသော်၊
Men ammonitten Nahas svarte dem: På det vilkår vil jeg gjøre fred med eder at det høire øie stikkes ut på eder alle; den skjensel vil jeg legge på hele Israel.
3 ၃ ယာဗက်မြို့သား အသက်ကြီးသူတို့က၊ အကျွန်ုပ်တို့သည် ဣသရေလပြည်တရှောက်လုံးသို့ တမန် တို့ကို စေလွှတ်ခြင်းငှါ ခုနှစ်ရက်မျှ ငံ့လင့်ပါ။ ထိုအခါ ကယ်တင်သောသူ မပေါ်မရှိလျှင် မင်းကြီးထံ သို့ ထွက်ပါမည်ဟု ဆိုကြ၏။
Da sa Jabes eldste til ham: Gi oss frist i syv dager, så vi kan sende bud rundt om i hele Israels land! Er det da ingen som hjelper oss, så vil vi overgi oss til dig.
4 ၄ တမန်တို့သည် ရှောလုနေရာ ဂိဗာမြို့သို့လာ၍ လူများတို့အား သိတင်းကြားပြောသော်၊ လူအပေါင်းတို့သည် အသံကို လွှင့်၍ ငိုကြွေးကြ၏။
Da sendebudene kom til Sauls Gibea og bar frem sitt ærend for folket, brast alt folket i gråt.
5 ၅ ရှောလုသည် နွားစုနောက်သို့ လိုက်လျက် လယ်လုပ်ရာမှ ရောက်လာသောအခါ၊ လူတို့သည် အဘယ်ကြောင့် ငိုကြွေးကြသနည်းဟု မေးလျှင်၊ ယာဗက်မြို့သားတို့၏ သိတင်းကို ပြောကြ၏။
I samme stund kom Saul gående hjem fra marken bakefter sine okser. Og Saul sa: Hvad er det i veien med folket siden de gråter? Og de fortalte ham hvad mennene fra Jabes hadde sagt.
6 ၆ ထိုသိတင်းကို ရှောလုကြားသောအခါ၊ ဘုရားသခင်၏ ဝိညာဉ်တော် သက်ရောက်၍ ထိုသူသည် ပြင်းစွာ အမျက်ထွက်လျက်၊
Da Saul hørte dette, kom Guds Ånd over ham, og hans vrede optendtes høilig.
7 ၇ နွားတရှဉ်းကို ယူ၍ ခုတ်ဖြတ်ပြီးမှ၊ သံတမန်တို့လက်တွင် ဣသရေလပြည် တရှောက်လုံးသို့ ပေးလိုက် ၍၊ ရှောလုနှင့်ရှမွေလနောက်သို့ ထွက်၍မလိုက်သောသူ၏ နွားတို့ကို ဤကဲ့သို့ပြုမည်ဟု ကြော်ငြာစေသ ဖြင့်၊ လူတို့သည် ထာဝရဘုရားကို ကြောက်၍ တညီတညွတ်တည်း ထွက်လာကြ၏။
Og han tok et par okser og hugg dem i stykker og sendte stykkene om i hele Israels land med sendebudene og lot si: Den som ikke drar ut efter Saul og Samuel, med hans okser skal det gjøres likedan. Da falt det en redsel fra Herren over folket, og de drog ut som en mann.
8 ၈ ဗေဇက်မြို့၌ တပ်စာရင်းယူသောအခါ၊ ဣသရေလအမျိုးသား သုံးသိန်း၊ ယုဒအမျိုးသား သုံးသောင်း ရှိကြ၏။
Han mønstret dem i Besek, og Israels barn var tre hundre tusen, og Judas menn tretti tusen.
9 ၉ ဂိလဒ်ပြည်ယာဗက်မြို့မှ လာသော တမန်တို့အား နက်ဖြန်နေ့ နေပူချိန် ရောက်သောအခါ ချမ်းသာ ရမည် အကြောင်းကို၊ မြို့သားတို့အား ကြားပြောလော့ဟု မှာလိုက်သည်အတိုင်း၊ တမန်တို့သည် သွား၍ သိတင်းကြားပြောသဖြင့် ယာဗက်မြို့သားတို့သည် ဝမ်းမြောက်ကြ၏။
Og de sa til sendebudene som var kommet: Så skal I si til mennene i Jabes i Gilead: Imorgen, når solen brenner hett, skal det komme hjelp til eder. Da sendebudene kom og meldte dette til mennene i Jabes, blev de glade,
10 ၁၀ အကျွန်ုပ်တို့သည် နက်ဖြန်နေ့၌ ကိုယ်တော်ထံသို့ ထွက်ပါမည်။ ကိုယ်တော်အလိုရှိသမျှအတိုင်း ပြုတော် မူပါဟု နာဟတ်မင်းအား လျှောက်ကြ၏။
og de sa til ammonittene: Imorgen vil vi overgi oss til eder, så kan I gjøre med oss aldeles som I finner for godt!
11 ၁၁ နက်ဖြန်နေ့၌ ရှောလုသည် လူတို့ကို သုံးတပ်ခွဲပြီးမှ၊ နံနက်ယံအချိန်၌ ရန်သူအလုံးအရင်းထဲသို့ ဝင်၍ နေပူချိန်တိုင်အောင် အမ္မုန်အမျိုးသားတို့ကို လုပ်ကြံသဖြင့်၊ ကျန်ကြွင်းသောသူတယောက်နှင့် တယောက်ပေါင်း၍ မနေရသည်တိုင်အောင် လူအပေါင်းတို့သည် ကွဲပြားလျက် ရှိကြ၏။
Dagen efter stilte Saul folket op i tre hoper, og i morgenvakten trengte de midt inn i leiren og hugg ammonittene ned, til dagen blev het; og de som blev tilbake, spredtes, så det ikke blev to sammen tilbake av dem.
12 ၁၂ ဣသရေလလူတို့ကလည်း၊ ရှောလုသည် ငါတို့ကို အုပ်စိုးရမည်လောဟု ဆိုမိသောသူကား အဘယ် သူနည်း။ ထိုသို့ဆိုမိသောသူတို့ကိုခေါ်၍ သတ်ကြကုန်အံ့ဟု ရှမွေလအားဆိုကြသော်၊
Da sa folket til Samuel: Hvem var det som sa: Skal Saul være konge over oss? La oss få fatt i disse menn, så vi kan drepe dem.
13 ၁၃ ရှောလုက၊ လူတယောက်ကိုမျှ ယနေ့မသတ်ရ၊ ထာဝရဘုရားသည် ယနေ့ဣသရေလအမျိုးကို ကယ်တင်တော်မူပြီဟု ဆို၏။
Da sa Saul: På denne dag skal ingen drepes; for idag har Gud hjulpet Israel til seier.
14 ၁၄ ရှမွေလကလည်း၊ ဂိလဂါလမြို့သို့သွား၍ နိုင်ငံတော်ကို ပြုပြင်ကြကုန်အံ့ဟု လူများတို့အား ပြောဆိုသည်အတိုင်း၊
Og Samuel sa til folket: Kom, la oss gå til Gilgal for å stadfeste kongedømmet der!
15 ၁၅ လူအပေါင်းတို့သည် ဂိလဂါလမြို့သို့ သွား၍၊ ထိုမြို့၌ ထာဝရဘုရားရှေ့တော်မှာ ရှောလုကို ရှင်ဘုရင် အရာ၌ ချီးမြှောက်ကြ၏။ ထိုမြို့၌လည်း၊ ထာဝရဘုရားရှေ့တော်မှာ မိဿဟာယယဇ်ကို ပူဇော်သဖြင့်၊ ရှောလုနှင့် ဣသရေလအမျိုးသားအပေါင်းတို့သည် အလွန်ပျော်မွေ့ခြင်းကို ပြုကြ၏။
Da gikk alt folket til Gilgal, og der i Gilgal gjorde de Saul til konge for Herrens åsyn; og de ofret der takkoffer for Herrens åsyn. Og Saul og alle Israels menn gledet sig der storlig.