< ၁ ပေတရု 1 >
1 ၁ ယေရှုခရစ်၏ တမန်တော် ငါပေတရုသည်၊ နားထောင်ခြင်းကျေးဇူး၊ ယေရှုခရစ်၏ အသွေးတော်နှင့် ဖြန်းခြင်းကျေးဇူးကိုခံရမည်အကြောင်း၊ ဝိညာဉ်တော်အားဖြင့် သန့်ရှင်းခြင်းသို့ရောက်၍၊ ခမည်းတော် ဘုရားသခင်၏ အနာဂတံသဥာဏ်တော်အတိုင်း ရွေးကောက်တော်မူသောသူတည်းဟူသော၊
Pita, Manzo Yesu Kristi, hi ni bi tsri wawu'u, ni wa ba chu ba ni-gbu Pontus, Galashiya, Kappodosiya, Ashiya ni Bitiniya.
2 ၂ ပုန္တုပြည်၊ ဂလာတိပြည်၊ ကပ္ပဒေါကိပြည်၊ အာရှိပြည်၊ ဗိသုနိပြည်၊ အရပ်ရပ်တို့၌ ကွဲပြားသော ဧည့်သည်အာဂန္တုတို့ကို ကြားလိုက်ပါ၏။ ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်တို့၌များပြားပါစေသော။
A hi tie u Irji - Tietie wa'a toh ko shishi'a, nda tie ndu ni Ruhuma u wo tre mba u iyi Yesu Kristi wa'a ka-vra. Ndu Zizih hu'yi, u'si suron mbi ndu babrahn.
3 ၃ အသက်ရှင်ခြင်းနှင့်စပ်ဆိုင်သော မြော်လင့်ခြင်းအကြောင်း ရှိစေခြင်းငှါ၊ ဖောက်ပြန်ခြင်း၊ ညစ်စွန်းခြင်း၊ ညှိုးနွမ်းခြင်းနှင့်ကင်းစင်သောအမွေတော်ကို ငါတို့သည် ခံရစေမည်အကြောင်း၊ ယေရှုခရစ်ကို သေခြင်းမှ ထမြောက်စေတော်မူသောအားဖြင့်၊ ကြီးစွာသောကရုဏာတော်နှင့်အညီ ငါတို့ကို တဖန်ဖြစ်ဘွားစေတော် မူသော၊ ငါတို့သခင်ယေရှုခရစ်၏ ခမည်းတော် ဘုရားသခင်သည် မင်္ဂလာရှိတော်မူစေသတည်း။
Irji ni'tti Bachi mbu ndu kpa gbre-san. Ni Khikle llo suron ma, a nnota ingrji să ma ni yo suron ni tashimme Yesu Kristi.
4 ၄ ထိုအမွေတော်သည်ကား၊ နောက်ဆုံးသောကာလ၌ ထင်ရှားစေခြင်းငှါ ပြင်ဆင်သော ကယ်တင်ခြင်းသို့ ရောက်စေမည်အကြောင်း၊
Gado yi a wa ana gla na, ana tie memme na, nda na khle na. Ba mlau zi ni yiwu ni shulu.
5 ၅ ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏ တန်ခိုးတော်သည် စောင့်ရှောက်တော်မူသော သင်တို့အဘို့ ကောင်းကင်ဘုံ၌ သိုထားလျက်ရှိသောအမွေတည်း။
Irji hrawu ni gbengble ma ni'wa wu nyime ni kpa chuwo wa ba tsoro ni'nton bi khle.
6 ၆ အရည်ကျို၍စုံစမ်းခြင်းကိုခံနိုင်သော်လည်း၊ ပျက်စီးတတ်သော ရွှေကိုစစ်ကြောစုံစမ်းခြင်းထက်၊ သင်တို့ယုံကြည်ခြင်းကို စစ်ကြောစုံစမ်းခြင်းအရာသည်သာ၍ မြတ်သည်နှင့်၊ ယေရှုခရစ်ပေါ်ထွန်းတော် မူသောအခါ အချီးအမွမ်း၊ ဂုဏ်သရေ၊ ဘုန်းအာနုဘော် အလိုငှါဖြစ်မည်အကြောင်း၊ အထူးထူးအပြားပြားသော စုံစမ်းနှောင့်ရှက်ခြင်းကို ခံရသောအကြောင်းရှိလျှင်၊
Bi ngiri kpukpo me ni wu, duk ni wa a mla bi, na he wiye me nitu gbugbu ya-a.
7 ၇ သင်တို့သည် ယခုခဏခံရ၍ ဝမ်းနည်းသော်လည်း၊ အထက်ဆိုခဲ့ပြီးသော ကျေးဇူးတော်ကိုထောက်၍ ရွှင်လန်းသောစိတ်ရှိကြ၏။
Iwayi tsro suron kpa nyime mbi, a bi zan zinariya wa ani tie meme'a, ko ba goun ni llu. A tie to'mba dun suron'mbi dun fe gbire-san, daraja mba nzu suron ivi wa ba tsuro Yesu Kristi'a.
8 ၈ ထိုသခင်ကိုသင်တို့သည် မမြင်ဘူးသော်လည်းချစ်ကြ၏။ ယခုမှာလည်းမမြင်ဘဲလျက်၊ ယုံကြည်သော အားဖြင့် ဘုန်းအသရေနှင့် စပ်ဆိုင်သော၊ ပြော၍မမှီနိုင်သော ရွှင်လန်းခြင်းစိတ်နှင့် ဝမ်းမြောက်ကြသည်ဖြစ်၍၊
Bi rihen towu, u bi sonwu. Bina towu zizan na, u bi kpa nyime niwu ndi ngiri wa'a zan wa bana tre-e na.
9 ၉ စိတ်ဝိညာဉ်ကို ကယ်တင်ခြင်းတည်းဟူသော ယုံကြည်ခြင်း၏ အကျိုးကိုခံရကြ၏။
Bi ki kpa ɖï mbi zizahn yi wa'ahe nitu yo'suron mbi, wa ani kpa yi chuwo.
10 ၁၀ ထိုကယ်တင်ခြင်းအကြောင်းအရာကို ပရောဖက်တို့သည် စေ့စေ့စစ်ကြောမေးမြန်းရှာဖွေ၍၊ သင်တို့ ခံရသော ကျေးဇူးတော်အကြောင်းကို ဟောပြောကြပြီ။
Ni tu chu'chuwo mbi'a, Anabawa ba bă hla tre alheri wa ani ye ni yi'a, ba frowa nda froya sren-me,
11 ၁၁ ခရစ်တော်ခံတော်မူရသော ဆင်းရဲကို၎င်း၊ ဆင်းရဲခံပြီးမှ ဝင်စားတော်မူရသော ဘုန်းစည်းစိမ်ကို၎င်း၊ သူတို့အထဲ၌ရှိသော ခရစ်တော်၏ဝိညာဉ်သည် သက်သေခံနှင့်သောအခါ၊ အဘယ်မည်သောသူကို၎င်း၊ အဘယ်သို့သောအချိန်ကာလကို၎င်း ဆိုလိုတော်မူသည်ဟု မေးမြန်းရှာဖွေကြ၏။
Ba wá ba toh ka ba nha u ntoh wa Ruhu Kristi nimi mba sia tre ni ba-a. U wayi asi ti ka wa asi hla ni bawu nitu iya u Kristi ni kikkle kpi wa ba ye ni gohn.
12 ၁၂ ကိုယ်ဟောပြောပြုစုသော အရာများတို့သည်၊ ကိုယ်အဘို့မဟုတ်၊ သင်တို့အဘို့ဖြစ်သည်ဟု ထိုသူတို့ အားဖွင့်ပြတော်မူ၏။ ကောင်းကင်ဘုံမှ စေလွှတ်တော်မူသောသန့်ရှင်းသော ဝိညာဉ်တော်ပါလျက်၊ သင်တို့အား ဧဝံဂေလိတရားကို ဟောပြောသောသူတို့သည်၊ ထိုအရာများကို သင်တို့အား ယခုကြားပြောကြပြီ။ ထိုအရာတို့ကို ကောင်းကင်တမန်တို့သည် စေ့စေ့ကြည့်ရှု စဉ်းစားချင် သောစေတနာ စိတ်ရှိကြ၏။
Ba nhara-a bawu ndi bana ki ti ndu'a u mba na, amma bi yi, wa ba tre nitu kpi wa ba hla yiwu'a ni nyu biwa ba bla tre Irji ni yiwu ni zo Ruhu Irji wa a rji shu'a - ikpi wa Malaiku ba wa to'a.
13 ၁၃ သို့ဖြစ်၍၊ သင်တို့စိတ်နှလုံးကို ခါးပန်းစည်း၍ သမ္မာသတိရှိကြလော့။ ယေရှုခရစ်ပေါ်ထွန်းတော် မူသောအခါ၊ သင်တို့ဆီသို့ရောက်လတံ့သောဆုကျေးဇူးကို အဆုံးတိုင်အောင် မြော်လင့်ကြလော့။
U bi ka lo suron mbi nji. Sohn nchen meh. Yo suron nitu Aleri wa ba njiye ni yiwu ni ntoh wa ba bwu ni yiwu Yesu Kristi.
14 ၁၄ အထက်က သင်တို့သည် မှောင်မိုက်ထဲမှာကျင့်သော တပ်မက်ခြင်းတရားကို ယခုမလိုက်မကျင့်ဘဲ၊ နားထောင်တတ်သော သူငယ်ကဲ့သို့ ဖြစ်၍၊
Na immri bi woh-tre, na yo tu-mbi ti kpe wa bi si ta ti ni ntoh wa bina toh Irji na.
15 ၁၅ သင်တို့ကိုခေါ်တော်မူသော သူသည်သန့်ရှင်းတော်မူသည်နည်းတူ၊ ကျင့်ကြံပြုမူသမျှတို့၌ သန့်ရှင်းခြင်း ရှိကြလော့။
Na wawu wa a yo yi son ni nkinklah suron, biyi ngameh ban nkinklah suron'a ni-ti-mbi.
16 ၁၆ အကြောင်းမူကား၊ ငါသည်သန့်ရှင်းတော်မူသောကြောင့်၊ သင်တို့သည်လည်း သန့်ရှင်းခြင်းရှိကြလော့ ဟု ကျမ်းစာလာသတည်း။
Ba nha ndi, son ni nkinklah suron, u Me ngameh mi he ni nkinklah suron.
17 ၁၇ လူမျက်နှာကိုမငဲ့၊ ခပ်သိမ်းသောသူတို့၏ အကျင့်အတိုင်း စီရင်တော်မူသောခမည်းတော်ကို သင်တို့သည် ဆုတောင်းကိုးကွယ်လျှင်၊ ဧည့်သည်ဖြစ်စဉ် ကာလပတ်လုံး ကြောက်ရွံ့သောစိတ်နှင့် ကျင့်နေကြ လော့။
U to bi yo “iti” wawu yi ni yi sheriya ni ko-nha nda na ya shishi njo na, njiu mgbamgbah ni zren meh.
18 ၁၈ မိစဉ်ဘဆက်ကျင်လည်သော အချည်းနှီးကျင့်ကြံပြုမူခြင်းမှ၊ ရွှေငွေအစရှိသော ဖောက်ပြန် ပျက်စီး တတ်သော ဥစ္စာနှင့် သင်တို့ကို ရွေးတော်မူသည်မဟုတ်။
Bi to ndi ana ni silva ko gold wa ani gla mba A kpa yi chuwo rji ni memme ti nkprah wa bi vu-rji ni ba ti-mbi na.
19 ၁၉ အဘယ်အပြစ်မျှမရှိ၊ အညစ်အကြေးနှင့် ကင်းစင်သော သိုးသငယ်ကဲ့သို့သော ခရစ်တော်၏ အသွေး တော်မြတ်နှင့်ရွေးတော်မူသည်ကို သိမှတ်ကြလော့။
Naki, A kpa yi chuwo ni iyi u Kristi, wa-a na he ni lla-tre mpempe meh na.
20 ၂၀ ထိုခရစ်တော်ကား၊ ဤကမ္ဘာမတည်မရှိမှီ ခန့်ထားတော်မူခြင်းကို ခံနှင့်သည်ဖြစ်၍၊ ကိုယ်တော်အား ဖြင့် ဘုရားသခင်ကို ယုံကြည်သော သင်တို့အဘို့၊ ဤနောက်ဆုံးသော ကာလ၌ ထင်ရှားတော်မူပြီ။
Irji chu Kristi rji ni memmle wa-a yo nchi u ti mgbumgblu'a, u a bwu ni yiwu ni ntoh bi wa ba kle yi.
21 ၂၁ သင်တို့သည် ဘုရားသခင်ကို ထောက်လျက်ယုံကြည်ခြင်း၊ မြော်လင့်ခြင်းရှိစေခြင်းငှါ၊ ထိုသခင်ကို ဘုရားသခင်သည် သေခြင်းမှ ထမြောက်စေ၍ ဘုန်းအသရေကို ပေးသနားတော်မူပြီ။
Wawu yi bwu nkoh u kpa Irji ni tawu, wa A nzuw rji nimi biwa ba kyu u nda nu ruron u chu, nitu kii yo suron mbi ni he tu-nkoh Irji.
22 ၂၂ သင်တို့သည် ဖောက်ပြန်ပျက်စီးတတ်သော မျိုးစေ့အားဖြင့် ဖြစ်ဘွားသည်မဟုတ်၊
Bi kpa suron mbi du kpan nitu bi wo tre njanji'a. Wayi he nitu son u njanji u mmri vayi; bi ka son kpa-mbi rji nimi suron mbi.
23 ၂၃ မဖောက်ပြန်မပျက်စီးတတ်သော မျိုးစေ့တည်းဟူသော အသက်ရှင်၍ အစဉ်အမြဲတည်တော်မူသော ဘုရားသခင်၏နှုတ်ကပတ်တော်အားဖြင့် ဖြစ်ဘွားသောကြောင့်၊ ညီအစ်ကိုများကိုချစ်ယောင်မဆောင်၊ အမှန်ချစ်ခြင်းအလိုငှါ စိတ်ထဲမှသမ္မာတရားကို နားထောင်လျက်၊ ကိုယ်စိတ်နှလုံးကို စင်ကြယ်စေပြီးသည်နှင့် အညီ၊ စင်ကြယ်သော စိတ်နှင့်အချင်းချင်း အားကြီးသောချစ်ခြင်းမေတ္တာရှိကြလော့။ (aiōn )
Ba ngrji yi ngari, ana rji ni bi wa-ani ti memme na, a rji ni bi wa-ana ti memme na, ni kii bi kpa vri mba imbru tre Irji'a. (aiōn )
24 ၂၄ လူမျိုးရှိသမျှသည်လည်း မြက်ပွင့်ကဲ့သို့ဖြစ်၏။ လူမျိုး၏ ဘုန်းရှိသမျှသည်လည်း မြက်ပွင့်ကဲ့သို့ဖြစ်၏။ မြက်ပင်သည်ညှိုးနွမ်းသွေ့ခြောက်တတ်၏။ အပွင့်လည်း ကြွေတတ်၏။
U “ikpa yi he na giga, ibi ngame he na u flawa u giga. Giga ba ba kyu, u flawa ba kuhle,
25 ၂၅ ထာဝရဘုရား၏ နှုတ်ကပတ်တရားမူကား၊ ကာလအစဉ်အမြဲတည်၏။ ထိုနှုတ်ကပတ်တော်သည်၊သင် တို့အား ဟောပြောသော ဧဝံဂေလိတရားဖြစ်သတည်း။ (aiōn )
U tre Irji na kle na. Wayi ahi tre njanji wa ba hla ni yiwu. (aiōn )