< ၁ ပေတရု 2 >
1 ၁ ထိုကြောင့်၊ သင်တို့သည် သခင်ဘုရား၏ ကျေးဇူးတော်ကို မြည်းစမ်းကြသည်ဖြစ်၍၊
Шуниң үчүн силәр барлиқ рәзиллик, барлиқ мәккарлиқ, сахтипәзлик, һәсәтхорлуқ вә һәммә төһмәтхорлуқларни ташлап,
2 ၂ အမျိုးမျိုးသော မနာလိုခြင်း၊ လှည့်ဖြားခြင်း၊ လျှို့ဝှက်ခြင်း၊ ငြူစူခြင်း၊ ကဲ့ရဲ့ခြင်းရှိသမျှကို ပယ်ရှား၍၊ ကယ်တင်ခြင်းအလိုငှါ နှုတ်ကပတ်တရား၏ နို့စစ်အားဖြင့် ကြီးပွားမည်အကြောင်း၊
Рәбниң меһриванлиғини тетип билгән екәнсиләр, худди йеңи туғулған бовақлардәк болуп [Худаниң] сөз-каламидики сап сүткә тәшна болуңлар. Буниң билән, силәр ниҗатниң [камалитигә] йетип өсисиләр.
3 ၃ ဘွားစသောသူငယ်ကဲ့သို့၊ ထိုတရားနို့ကို အလွန် လိုချင်သော စိတ်ရှိကြလော့။
4 ၄ လူတို့ပယ်ထား၍ ဘုရားသခင်ရွေးချယ်တော်မူသော အသက်ကျောက်မြက်တည်းဟူသော ထိုသခင် ထံသို့သင်တို့သည်ရောက်၍၊
Әнди силәр Униңға, йәни адәмләр тәрипидин әрзимәс дәп ташлинип, лекин Худа тәрипидин талланған вә қәдирләнгән тирик таш Болғучиниң йениға келип
5 ၅ အသက်ကျောက်များကဲ့သို့ အဆင့်ဆင့်အထပ်ထပ် တည်ဆောက်လျက်ရှိသဖြင့် ဓမ္မတိုက်ဖြစ်ကြ၏။ ယေရှုခရစ်အားဖြင့် ဘုရားသခင်နှစ်သက်တော်မူရာ ဓမ္မယဇ်ကိုပူဇော်ရသော သန့်ရှင်းသော ယဇ်ပုရောဟိတ် မျိုးလည်းဖြစ်ကြ၏။
силәр өзүңларму тирик ташлар сүпитидә бир роһий ибадәтхана қилинишқа, Әйса Мәсиһ арқилиқ Худани хурсән қилидиған роһий қурбанлиқларни сунидиған муқәддәс каһин қатаридикиләр болушқа қурулуватисиләр;
6 ၆ ထိုသို့နှင့်အညီကျမ်းစာလာသည်ကား၊ ရွေးချယ်သော တိုက်ထောင့်အမြစ်ကျောက်မြက်ကို ဇိအုန် တောင်ပေါ်မှာ ငါချိတ်ထား၏။ ထိုကျောက်ကို အမှီပြုသောသူသည် ရှက်ကြောက်ခြင်းမရှိနိုင်ရာဟု လာသတည်း။
Чүнки муқәддәс язмиларда мундақ дейилгән: — «Мана, талланған, қәдирләнгән бүрҗәк һул тешини Зионға қойдум. Униңға етиқат қилғучи һәр ким һәргиз йәргә қарап қалмайду».
7 ၇ သို့ဖြစ်၍ ယုံကြည်ခြင်းရှိသော သင်တို့၌ကားဘုန်းအသရေရှိ၏။ နားမထောင်သောသူတို့၌ကား၊ တိုက်ကိုတည်လုပ်သောသူများ ပယ်ထားသော ကျောက်သည် နောက်တဖန်တိုက်ထောင့်အထွဋ်ဖျားသို့ ရောက် ပြန်၏။
Әнди етиқат қилғучи болған силәргә нисбәтән [ташниң] қәдири болиду. Лекин [Униңға] етиқат қилмайдиғанларға нисбәтән У [муқәддәс язмиларда дейилгинидәк] болди: — «Тамчилар әрзимәс дәп ташливәткән бу таш, Буҗәк [ул] теши болуп тикләнди!», Вә: — «[Бу таш] кишиләргә путликашаң таш, Адәмни жиқитидиған қорам таш болиду». Чүнки [мошундақ кишиләр] [Худаниң] сөз-каламиға итаәт қилмаслиғи түпәйлидин путлишип жиқилиду; уларниң бундақ болуши алдин бекитилгәндур.
8 ၈ နားမထောင်ဘဲ နှုတ်ကပတ်တရားတော်ကို ထိမိ၍ လဲသောသူတို့သည် ထိမိ၍ လဲစရာကျောက်၊ မှားယွင်းစရာကျောက်လည်းဖြစ်၏။ ထိုအမှုနှင့် တွေ့စေခြင်းငှါ ထိုသူတို့ကို ခန့်ထားတော်မူသတည်း။
9 ၉ သင်တို့မူကား၊ မှောင်မိုက်ထဲမှ အံ့ဘွယ်သော အလင်းတော်သို့ ခေါ်သွင်းတော်မူသော သူ၏ဂုဏ် ကျေးဇူးများကို ဘော်ပြစေခြင်းငှါ၊ ရွေးချယ်တော်မူသော အမျိုးဖြစ်ကြ၏။ မင်းစည်းစိမ်ရှိသော ယဇ်ပုရောဟိတ်မျိုး၊ သန့်ရှင်းသောလူမျိုး၊ ပိုင်ထိုက်တော်မူသော အပေါင်းအသင်းဖြစ်ကြ၏။
Лекин силәр болсаңлар [Худа] таллиған бир җәмәт, шаһанә бир каһинлиқ, пак-муқәддәс бир әл, шундақла Өзигә алаһидә хас болған бир хәлиқсиләр; буниң мәхсити, силәрни қараңғулуқтин Өзиниң тилсимат йоруқлуғиға чақирғучиниң пәзиләтлирини намайән қилишиңлардин ибарәт.
10 ၁၀ အထက်ကအပေါင်းအသင်းမဟုတ်၊ ယခုတွင် ဘုရားသခင်၏ အပေါင်းအသင်းဖြစ်ကြ၏။ ကရုဏာ ကျေးဇူးတော်ကို အထက်ကမခံရသော်လည်းယခုတွင် ခံရကြ၏။
Бурун силәр бир хәлиқ һесапланмайттиңлар, лекин һазир Худаниң хәлқисиләр; бурун [Худаниң] рәһим-шәпқитигә еришмигән едиңлар, лекин һазир ериштиңлар.
11 ၁၁ ချစ်သူတို့၊ ဝိညာဉ်နှင့်စစ်ပြိုင်တတ်သော ကိုယ်ကာယတပ်မက်ခြင်းတို့ကို ရှောင်မည်အကြောင်း၊ ဧည့်သည်အာဂန္တုကဲ့သို့သော သင်တို့ကို ငါတောင်းပန်၏။
И сөйүмлүклирим, силәр бу дунияға мусапир вә меһмандурсиләр, силәрдин өтүнүмәнки, роһ-қәлбиңлар билән қаршилишидиған әтлириңлардики нәпс-шәһвәтләрдин өзүңларни жирақ тутуңлар.
12 ၁၂ သာသနာပလူတို့သည် သင်တို့ကိုကဲ့ရဲ့ပြစ်တင်ကြသည်အမှုမှာ၊ ဘုရားသခင်ကြည့်ရှု စီရင်တော်မူသော နေ့ရက်၌၊ သင်တို့၏ ကောင်းသောအကျင့်ကို သူတို့သည် ထောက်ရှု၍ ဘုရားသခင်ကိုချီးမွမ်းမည်အကြောင်း၊ သူတို့ ရှေ့၌တင့်တယ်လျောက်ပတ်စွာ ကျင့်နေကြလော့။
Жүрүш-турушуңлар етиқатсизлар арисида есил-пәзиләтлик болсун. Мошундақ қилғанда, гәрчә улар силәргә яманлиқ қилғучилар дәп төһмәт қилсиму, дәл төһмәт қилған ишларда силәрниң яхши әмәллириңларға қарап, [Худаниң] уларни [ойғитип] йоқлайдиған күнидә уни улуқлиши мүмкин.
13 ၁၃ သခင်ဘုရား၏မျက်နှာတော်ကို ထောက်လျက်၊ အထွဋ်အမြတ်တည်းဟူသောရှင်ဘုရင်ဖြစ်စေ၊ လူဆိုး တို့ကို ဒဏ်စီရင်စေခြင်းငှါ၎င်း၊ လူကောင်းတို့ကို ချီးမွမ်းစေခြင်းငှါ၎င်း၊
Шуңа Рәбниң һөрмитидә инсанлар арисидики һәр бир һакимийәтниң түзүмигә, мәйли әң жуқури мәнсәптики падишаға болсун яки у тайинлиған һоқуқдарларға болсун бойсунуңлар. Чүнки бу һоқуқдарлар [падиша] тәрипидин яман иш қилғучиларни җазаға тартиш, яхши иш қилғучиларни һөрмәткә сазавәр қилиш үчүн тайинланғандур.
14 ၁၄ ရှင်ဘုရင်ခန့်ထားသော ဝန်မင်းဖြစ်စေ၊ လူတို့တွင် စီရင်ခန့်ထားသမျှသောမင်း၏အုပ်စိုးခြင်းကို ဝန်ခံကြလော့။
15 ၁၅ အကြောင်းမူကား၊ သင်တို့သည် ကောင်းသောအကျင့်ကို ကျင့်သောအားဖြင့် လူမိုက်တို့၏ မိုက်မဲသော စကားကို ချေစေခြင်းငှါ၊ ဘုရားသခင်သည် ထိုသို့သော အလိုတော်ရှိ၏။
Чүнки Худаниң ирадиси шундақки, яхши әмәллириңлар билән надан адәмләрниң орунсиз шикайәтлирини тувақлаштур.
16 ၁၆ လူလွတ်ဖြစ်သော်လည်း၊ လွတ်ခြင်းအကြောင်းဖြင့် မကောင်းသောအမှုတို့ကို ဖုံးအုပ်သောသူကဲ့သို့ မကျင့်၊ ဘုရားသခင်၏ ကျွန်ကဲ့သို့ကျင့်နေကြလော့။
Силәр әркин-азат болғиниңлар билән, бу әркинлигиңларни яманлиқ қилишниң баниси қиливалмаңлар, бәлки Худаниң қули сүпитидә болуп,
17 ၁၇ ခပ်သိမ်းသောသူတို့ကို ရိုသေကြလော့။ ညီအစ်ကိုများကို ချစ်ကြလော့။ ဘုရားသခင်ကို ကြောက်ရွံ့ ခြင်း၊ ရှင်ဘုရင်ကိုရိုသေခြင်း ရှိကြလော့။
Барлиқ инсанларни һөрмәтләңлар, [етиқатчи] қериндашлириңларға меһир-муһәббәт көрситиңлар, Худадин қорқуңлар, падишани һөрмәтләңлар.
18 ၁၈ အစေခံငယ်သားတို့၊ အလွန်ကြောက်ရွံ့ခြင်းနှင့်တကွ ကိုယ်သခင်တို့၏ အုပ်စိုးခြင်းကို ဝန်ခံကြလော့။ သခင်သည်စိတ်ကောင်း၍ ဖြည်းညှင်းသောသဘောရှိသည်ဖြစ်စေ၊ ကြမ်းတမ်းသောသဘောရှိသည်ဖြစ်စေ ဝန်ခံကြလော့။
Қуллар, ғоҗайинлириңларға толуқ қорқунуч билән бойсунуңлар — ялғуз меһриван вә хуш пеил ғоҗайинларғила әмәс, бәлки териккәк ғоҗайинларғиму бойсунуңлар.
19 ၁၉ အကြောင်းမူကား၊ ဘုရားသခင်၏မျက်နှာတော်ကိုထောက်၍၊ မတရားသောညှဉ်းဆဲခြင်းကို နာကျင်စွာခံရလျှင် ကျေးဇူးရှိ၏။
Чүнки әгәр бириси Худа алдида пак виҗданлиқ болуш үчүн наһәқ азап-оқубәт чәксә һәмдә буларға сәвир-тақәт қилса, бу Худани хурсән қилиду.
20 ၂၀ ကိုယ်အပြစ်ကြောင့် ဒဏ်ခံရသောအခါ သည်းခံလျှင်၊ အဘယ်ချီးမွမ်းစရာရှိသနည်း။ ကောင်းမွန်စွာပြု ၍ ဆင်းရဲခံရသောအခါ သည်းခံလျှင်၊ ဘုရားသခင့် ရှေ့တော်၌ ကျေးဇူးရှိ၏။
Чүнки әгәр силәр гуна өткүзүп, тегишлик урулғиниңларда, униңға бәрдашлиқ бәрсәңлар, буниң махтанғидәк немиси бар! Лекин яхши ишларни қилип азап-оқубәт чәксәңлар һәмдә униңға бәрдашлиқ бәрсәңлар, у Худани хурсән қилиду.
21 ၂၁ အကြောင်းမူကား၊ ထိုသို့အလိုငှါ သင်တို့ကိုခေါ်တော်မူပြီ၊ ခရစ်တော်သည် ငါတို့အတွက် ခံတော်မူ သည်ဖြစ်၍၊ ခြေတော်ရာကို ရှောက်လိုက်စေခြင်းငှါ ပုံသက်သေကိုထားတော်မူပြီ။
Чүнки силәр дәл шуниңға чақирилдиңлар. Чүнки Мәсиһму силәр үчүн азап-оқубәт чекип, силәрни Өзиниң изидин маңсун дәп, силәргә үлгә қалдурди;
22 ၂၂ ထိုသခင်သည် ဒုစရိုက်ကိုမပြု၊ နှုတ်တော်၌လည်း မုသာကိုရှာမတွေ့၊ ကဲ့ရဲ့ခြင်းကို ခံရသောအခါ ပြန်၍မကဲ့ရဲ့။
«У гуна садир қилип бақмиған, Униң ағзидин һеч қандақ алдамчилиқ-ялғанчилиқму тепилмас».
23 ၂၃ အသေခံရသောအခါ ခြိမ်းချောက်ခြင်းကိုမပြု။ တရားသဖြင့် စီရင်တော်မူသောသူ၌ ကိုယ်ကိုကိုယ် အပ်နှံတော်မူ၏။
У һақарәтләнгинидә, тил қайтурмайтти. Азап-оқубәт чәккәндә, У һеч тәһдит салмайтти; әксичә, Өзини адил һөкүм чиқарғучиниң қоллириға тапшуратти.
24 ၂၄ ငါတို့သည်အပြစ်နှင့်ဆိုင်သောအရာ၌ အသေဖြစ်၍၊ ဖြောင့်မတ်ခြင်းအရာ၌ အသက်ရှင်စေမည် အကြောင်း၊ ငါတို့အပြစ်များကို ကိုယ်တော်တိုင် သစ်တိုင်မှာခံတော်မူပြီး ဒဏ်ချတော်များအားဖြင့် သင်တို့သည် အနာပျောက်လျက်ရှိကြ၏။
У Өзи бизниң гунаға нисбәтән өлүп, һәққанийлиққа нисбәтән яшишимиз үчүн яғач түврүктә гуналиримизни зиммисигә алди; силәр Униң ярилири билән шипа таптиңлар.
25 ၂၅ သင်တို့သည် အထက်ကလမ်းလွှဲ၍ ပျောက်သောသိုးကဲ့သို့ဖြစ်ကြ၏။ ယခုမူကား၊ သိုးထိန်းတည်း ဟူသော သင်တို့၏ဝိညာဉ်တို့ကို အုပ်စိုးကြည့်ရှုတော်မူသောအရှင်ထံသို့ ပြန်ရောက်ကြပြီ။
Чүнки бурун силәр қойлардәк йолдин езип кәткәнсиләр, лекин һазир җениңларниң падичиси һәм йетәкчисиниң йениға қайтип кәлдиңлар.