< ၃ ဓမ္မရာဇဝင် 9 >
1 ၁ ရှောလမုန်သည် ဗိမာန်တော်နှင့် နန်းတော်ကို လက်စသတ်၍၊ မိမိအလိုဆန္ဒရှိသမျှ ပြည့်စုံသောအခါ၊
၁ရှောလမုန်မင်းသည်ဗိမာန်တော်၊ နန်းတော်မှ စ၍ဆောက်လုပ်လိုသမျှသော အဆောက်အအုံ များကိုဆောက်လုပ်ပြီးသောအခါ၊-
2 ၂ ထာဝရဘုရားသည် ဂိဗောင်မြို့၌ ထင်ရှားတော် မူသကဲ့သို့၊ ဒုတိယအကြိမ်၌ ထင်ရှားတော်မူလျက်၊
၂ထာဝရဘုရားသည်ဂိဗောင်မြို့မှာကဲ့သို့ သူ့ အားထင်ရှား၍ဗျာဒိတ်ပေးတော်မူပြန်၏။-
3 ၃ သင်သည် ငါ့ရှေ့မှာဆုတောင်းပဌနာပြုသော စကားကို ငါကြားပြီ။ သင်တည်ဆောက်သော ဤအိမ်ကို သန့်ရှင်းစေ၍၊ ငါ့နာမကို အစဉ်တည်စေ မည်။ အစဉ်ငါကြည့်ရှုလျက် နှလုံးစွဲလမ်းလျက် နေမည်။
၃ထာဝရဘုရားက``ငါသည်သင်၏ဆုတောင်း ပတ္ထနာကိုကြားတော်မူပြီ။ သင်ဆောက်လုပ်သည့် ဤဗိမာန်တော်ကိုငါ့အားထာဝစဉ်ဝတ်ပြု ကိုးကွယ်ရာဌာနတော်အဖြစ်ငါသီးသန့်၍ ထား၏။ ဤဗိမာန်တော်ကိုအခါခပ်သိမ်း ငါကြည့်ရှုစောင့်ရှောက်မည်။-
4 ၄ သင်သည် ငါမှာထားသမျှကိုပြု၍၊ ငါစီရင်ထုံးဖွဲ့ချက်တို့ကို စောင့်ရှောက်ခြင်းငှါ၊ သင့်အဘဒါဝိဒ်ကဲ့သို့ ဖြောင့်မတ်စုံလင်သော စိတ်သဘောနှင့် ငါ့ရှေ့မှာ ကျင့်နေလျှင်၊
၄သင်သည်သင်၏ခမည်းတော်ဒါဝိဒ်ကဲ့သို့ရိုးသား ဖြောင့်မတ်စွာ ငါ၏အမှုတော်ကိုထမ်းဆောင်၍ ငါ ၏ပညတ်တော်တို့ကိုစောင့်ထိန်းလျက် ငါ၏ အမိန့်တော်မှန်သမျှကိုလိုက်နာလျှင်၊-
5 ၅ ဣသရေလနိုင်ငံ၏ ရာဇပလ္လင်ပေါ်မှာ ထိုင်ရသော သင်၏အမျိုးမင်းရိုးမပြတ်ရဟု သင့်အဘဒါဝိဒ် အား ငါဂတိရှိသည်အတိုင်း၊ သင်ထိုင်ရသော ဣသရေလ နိုင်ငံ၏ရာဇပလ္လင်ကို အစဉ်ငါတည်စေမည်။
၅သင်၏ခမည်းတော်ဒါဝိဒ်အားဣသရေလရာဇ ပလ္လင်ထက်စံရသော သူ၏အမျိုးမင်းရိုးမပြတ် စေရဟုငါပေးခဲ့သည့်ကတိအတိုင်းငါပြု မည်။-
6 ၆ သို့မဟုတ်သင်နှင့် သင်၏သားမြေးတို့သည် ငါ့နောက်သို့မလိုက်၊ လမ်းလွှဲလျက် ငါမှာထားသော စီရင် ထုံးဖွဲ့ချက်တို့ကို မစောင့်၊ အခြားတပါးသော ဘုရားထံသို့ သွား၍ ဝတ်ပြုကိုးကွယ်လျှင်၊
၆သို့ရာတွင်အကယ်၍သင်သို့မဟုတ်သင်၏သား မြေးများငါ့နောက်သို့မလိုက်ဘဲ ငါပေးအပ်သည့် ပညတ်တော်များနှင့်အမိန့်တော်များကိုမလိုက် နာဘဲအခြားဘုရားတို့ကိုကိုးကွယ်ဝတ်ပြု ကြမည်ဆိုပါမူ၊-
7 ၇ ဣသရေလအမျိုးကို ငါပေးသောပြည်မှ ငါပယ်ဖြတ်မည်။ ငါ့နာမဘို့ ငါသန့်ရှင်းစေသော ဤအိမ်တော်ကို ငါ့မျက်မှောက်မှ ပယ်ရှားမည်။ ဣသရေလအမျိုးသည် လည်း တပါးအမျိုးသားတို့တွင် ပုံခိုင်းရာ ကဲ့ရဲ့ရာဖြစ်ရ လိမ့်မည်။
၇ငါသည်ငါ၏လူမျိုးတော်ဣသရေလအမျိုး သားတို့အား ငါပေးထားသည့်ပြည်မှဖယ်ရှား မည်။ ငါ့အားဝတ်ပြုကိုးကွယ်ရန်အတွက်သီး သန့်ထားသည့်ဤဗိမာန်တော်ကိုလည်းငါစွန့် မည်။ ထိုအခါအရပ်တကာရှိလူတို့သည် ဣသရေလအမျိုးကိုကဲ့ရဲ့ပြောင်လှောင် ကြလိမ့်မည်။-
8 ၈ အရပ်မြင့်သော ဤအိမ်တော်ကိုလည်း လမ်း၌ ရှောက်သွားသော သူအပေါင်းတို့သည် အံ့ဩ၍၊ ထာဝရ ဘုရားသည် ဤပြည်နှင့်ဤအိမ်ကို အဘယ်ကြောင့် ဤသို့ပြုတော်မူသနည်းဟု ကဲ့ရဲ့သံကိုပြုလျက် တယောက် မေးမြန်းသော်၊
၈ဤဗိမာန်တော်သည်လည်းယိုယွင်းပျက်စီး သည့်အဆောက်အအုံဖြစ်လာလိမ့်မည်။ ယင်း ၏အနီးမှဖြတ်သန်းသွားလာသူအပေါင်း တို့သည်အံ့အားသင့်လျက်`ထာဝရဘုရားသည် အဘယ်ကြောင့်ဤပြည်နှင့် ဤဗိမာန်တော်ကို ဤသို့ပြုတော်မူပါသနည်း' ဟုမေးမြန်း ကြလိမ့်မည်။-
9 ၉ တယောက်က၊ သူတို့၏ ဘိုးဘေးများကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်သော သူတို့၏ ဘုရားသခင် ထာဝရ ဘုရားကို သူတို့သည်စွန့်၍ အခြားတပါးသောဘုရားကို မှီဝဲလျက် ဝတ်ပြုကိုးကွယ်ကြသောကြောင့်၊ ထာဝရဘုရား သည် ဤအမှုအလုံးစုံကို ရောက်စေတော်မူကြောင်းကို ပြန်ပြောလိမ့်မည်ဟု မိန့်တော်မူ၏။
၉ထိုအခါလူတို့ကဤသူတို့သည်မိမိတို့ ဘိုးဘေးများအား`အီဂျစ်ပြည်မှထုတ်ဆောင် လာတော်မူသောဘုရားသခင်ထာဝရဘုရား ကိုစွန့်၍ အခြားဘုရားများထံမှီဝဲဆည်း ကပ်ကြသောကြောင့် ထာဝရဘုရားသည်သူ တို့အပေါ်ဘေးဆိုးကိုသင့်ရောက်စေတော်မူ ခြင်းဖြစ်သည်' ဟုပြန်လည်ဖြေကြားကြ လိမ့်မည်'' ဟုမိန့်တော်မူ၏။
10 ၁၀ ရှောလမုန်သည် ဗိမာန်တော်နှင့် နန်းတော်တည်းဟူသော အိမ်တော်နှစ်ဆောင်ကို တည်ဆောက်၍ အနှစ်နှစ်ဆယ်စေ့သောအခါ၊
၁၀ရှောလမုန်မင်းသည် ဗိမာန်တော်နှင့်နန်းတော် ကိုတည်ဆောက်ရာတွင် အနှစ်နှစ်ဆယ်တိုင်တိုင် ကြာလေသည်။-
11 ၁၁ တုရုမင်းကြီးဟိရံသည် ရှောလမုန်လိုချင်သမျှအတိုင်း အာရဇ်သစ်သား၊ ထင်းရူးသစ်သားနှင့် ရွှေ အခွက်တရာနှစ်ဆယ်ကို ပေးနှင့်သည် ဖြစ်၍၊ ရှောလမုန်မင်းကြီးသည် ဂါလိလဲပြည်၌ မြို့နှစ်ဆယ်ကို ဟိရံမင်းကြီး အားပေး၏။
၁၁တုရုဘုရင်ဟိရံသည်ရှောလမုန်၏တည်ဆောက် ရေးအတွက် လိုသမျှသောသစ်ကတိုးသား၊ ထင်း ရှူးသားနှင့်ရွှေကိုပေးပို့လေသည်။ တည်ဆောက် ရေးပြီးဆုံးချိန်၌ရှောလမုန်မင်းသည်ဟိရံ အားဂါလိလဲနယ်မြေရှိမြို့နှစ်ဆယ်ကိုပေး တော်မူ၏။-
12 ၁၂ ရှောလမုန်ပေးသော မြို့တို့ကို ဟိရံသည် တုရုမြို့ မှလာ၍ ကြည့်ရှုသောအခါ အားမရ။
၁၂ဟိရံသည်ထိုမြို့များသို့သွားရောက်ကြည့်ရှု ပြီးနောက် မနှစ်သက်သဖြင့်ရှောလမုန်မင်း အား``အဆွေတော်ပေးသည့်မြို့များကား အဘယ်သို့သောမြို့များနည်း'' ဟုဆိုသည် ကို၊-
13 ၁၃ ငါ့ညီ၊ ငါ့အားပေးသော မြို့တို့သည် အဘယ်သို့သောမြို့နည်းဟု ဆိုလျက်၊
၁၃အစွဲပြု၍ထိုအရပ်ကိုကာဗုလဟူ၍ ယခုတိုင်အောင်သမုတ်ကြလေသည်။-
14 ၁၄ ထိုအရပ်ကို တာဗုလဟူ၍ ယနေ့တိုင်အောင် သမုတ်သတည်း။
၁၄ဟိရံသည်ရှောလမုန်အားရွှေချိန်လေးတန် နီးပါးပေးပို့ခဲ့သတည်း။
15 ၁၅ ရှောလမုန်မင်းကြီးသည် ငွေခွဲရသောအကြောင်းဟူမူကား၊ ဗိမာန်တော်၊ နန်းတော်၊ မိလ္လောမြို့၊ ယေရုရှလင်မြို့ရိုး၊ ဟာဇော်မြို့၊ မေဂိဒ္ဒေါမြို့ ဂေဇာမြို့တို့ကို တည်ဆောက်ခြင်းငှါ ငွေခွဲရသတည်း။
၁၅ရှောလမုန်မင်းသည်ဗိမာန်တော်နှင့်နန်းတော်တည် ဆောက်မှုတွင်လည်းကောင်း၊ မြို့၏အရှေ့ပိုင်း၌မြေ ဖို့လုပ်ရာတွင်လည်းကောင်း၊ မြို့ရိုးတည်ဆောက် ရာတွင်လည်းကောင်း ချွေးတပ်ကိုအသုံးပြုတော် မူ၏။ မင်းကြီးသည်ချွေးတပ်ဖြင့်ပင်လျှင်ဟာဇော် မြို့၊ မေဂိဒ္ဒေါမြို့နှင့်ဂေဇာမြို့တို့ကိုလည်းပြန် လည်တည်ဆောက်တော်မူ၏။-
16 ၁၆ ဂေဇာမြို့ကိုကား၊ အဲဂုတ္တုဖာရောဘုရင်သည် စစ်ချီ၍ တိုက်ယူ မီးရှို့သဖြင့်၊ မြို့သားခါနာနိလူတို့ကို လုပ်ကြံပြီးမှ၊ မိမိသမီး၊ ရှောလမုန်၏ ခင်ပွန်းအား လက်ဆောင်ပေးနှင့်လေပြီ။
၁၆(အီဂျစ်ဘုရင်သည်ဂေဇာမြို့ကိုတိုက်ခိုက်သိမ်း ယူပြီးလျှင် မြို့သူမြို့သားတို့ကိုသတ်၍မြို့ကို မီးရှို့ပစ်လေသည်။ ထို့နောက်သမီးတော်အား ရှောလမုန်နှင့်ထိမ်းမြားမင်္ဂလာပြုချိန်၌ထို မြို့ကိုလက်ဖွဲ့တော်မူ၏။-
17 ၁၇ သို့ဖြစ်၍ ဂေဇာမြို့ကို ရှောလမုန်တည်လေ၏။ ထိုမှတပါး၊ အောက်ဗေသောရုန်မြို့၊
၁၇သို့ဖြစ်၍ရှောလမုန်သည်ဂေဇာမြို့ကိုပြန် လည်တည်ဆောက်တော်မူခြင်းဖြစ်၏။) ရှော လမုန်သည်အောက်ဗေသောရုန်မြို့၊-
18 ၁၈ ဗာလက်မြို့၊ တောအရပ်၊ ပြည်ထဲမှာ တာဒမော်မြို့တို့ကိုလည်း တည်လေ၏။
၁၈ဗာလက်မြို့၊ ယုဒပြည်တောကန္တာရရှိတာ ဒမော်မြို့တို့ကိုလည်းကောင်း၊-
19 ၁၉ ဘဏ္ဍာတော် သိုထားသောမြို့များ၊ ရထားတော်ထိန်းသောမြို့များ၊ မြင်းတော်ကျွေးသောမြို့များ၊ ယေရုရှလင်မြို့ပတ်လည်၊ လေဗနုန်တောင်ပေါ်၊ နိုင်ငံတော်အရပ်ရပ်၌ တည်ချင်သောမြို့များတို့ကိုလည်း တည်လေ၏။
၁၉ရိက္ခာသိုလှောင်ရာမြို့များ၊ မြင်းများ၊ စစ်ရထား များ၊ စခန်းမြို့များကိုလည်းကောင်း၊ ယေရု ရှလင်မြို့၊ လေဗနုန်တောင်ပေါ်နှင့်နိုင်ငံတော် အတွင်းအခြားဒေသများတွင် မိမိဆောက် လုပ်လိုသမျှသောအဆောက်အအုံများကို လည်းကောင်းချွေးတပ်ဖြင့်ပင်တည်ဆောက်တော် မူ၏။-
20 ၂၀ ဣသရေလအမျိုးသား အကုန်အစင် မဖျက်ဆီးနိုင်သောကြောင့်၊
၂၀ရှောလမုန်သည်ခါနာန်ပြည်ကိုဣသရေလ အမျိုးသားတို့သိမ်းယူစဉ်အခါက မသတ် ဘဲထားခဲ့သည့်ခါနာန်အမျိုးသားများမှ ဆင်းသက်လာသူတို့ကိုမိမိ၏ချွေးတပ် အဖြစ်အသုံးပြုလေသည်။ ထိုသူတို့အထဲ တွင်အာမောရိ၊ ဟိတ္တိ၊ ဖေရဇိ၊ ဟိဝိနှင့်ယေ ဗုသိအမျိုးသားတို့ပါဝင်ကြ၏။ ထိုသူ တို့၏သားမြေးများသည်ယနေ့တိုင်အောင် ဆက်လက်၍ကျွန်ခံနေရကြသတည်း။-
21 ၂၁ ပြည်တော်၌ကျန်ကြွင်းသော တပါးအမျိုးသား၊ အာမောရိ၊ ဟိတ္တိ၊ ဖေရဇိ၊ ဟိဝိ၊ ယေဗုသိအမျိုးအနွယ် သားစဉ်မြေးဆက်အပေါင်းတို့ကို ရှောလမုန်သည် ယနေ့တိုင်အောင် လူခွဲ၍ ကျွန်ခံစေ၏။
၂၁
22 ၂၂ ဣသရေလအမျိုးသားတို့ကိုကား၊ ရှောလမုန်သည် ကျွန်မခံစေ။ စစ်သူရဲ၊ အမှုတော်စောင့်၊ မှူးမတ်၊ စစ်ကဲ၊ ရထားတော်အုပ်၊ မြင်းတော်အုပ်အရာ၌ ခန့်ထား တော်မူ၏။
၂၂ရှောလမုန်သည်ယုဒအမျိုးသားတို့ကိုမူ ကျွန်ခံစေတော်မမူ။ သူတို့သည်စစ်သူရဲ များ၊ မှူးမတ်များ၊ စစ်ရထားမှူးများနှင့် မြင်းစီးသူရဲများအဖြစ်ဖြင့်အမှုထမ်း ရကြလေသည်။
23 ၂၃ တည်ဆောက်ခြင်းအမှုတော်ကို စီရင်သောသူ အမှုတော်အုပ် ငါးရာငါးဆယ်ရှိ၏။
၂၃ရှောလမုန်၏ဆောက်လုပ်ရေးစီမံကိန်းများတွင် လုပ်ကိုင်နေသောချွေးတပ်သားတို့အပေါ်ကြီး ကြပ်အုပ်ချုပ်ရေးမှူးငါးရာငါးဆယ်ရှိသတည်း။
24 ၂၄ ဖာရောရှင်ဘုရင်၏ သမီးတော်သည် ဒါဝိဒ်မြို့မှ ထွက်၍၊ သူ့အဘို့ ရှောလမုန်တည်ဆောက်သော နန်း တော်သို့ ပြောင်းပြီးမှ၊ ရှောလမုန်သည် မိလ္လောမြို့ကို ပြုပြင်လေ၏။
၂၄ထို့နောက်ရှောလမုန်သည် အီဂျစ်ဘုရင်၏သမီး တော်ကိုသူ၏အတွက် မိမိဆောက်လုပ်ပေးသည့် စံနန်းသို့ဒါဝိဒ်မြို့မှခေါ်ဆောင်လာပြီး နောက် မြို့၏အရှေ့ပိုင်းတွင်မြေဖို့တော်မူ၏။
25 ၂၅ ထာဝရဘုရားရှေ့တော်၌ရှိသော ယဇ်ပလ္လင်ပေါ်မှာ နံ့သာပေါင်းကို မီးရှို့သဖြင့် အိမ်တော်ကို လက်စသတ်လေ၏။
၂၅ရှောလမုန်သည်ထာဝရဘုရားအတွက် မိမိ တည်ဆောက်ထားသည့်ယဇ်ပလ္လင်ပေါ်တွင်မီးရှို့ ရာယဇ်နှင့် မိတ်သဟာယယဇ်များကိုတစ် နှစ်လျှင်သုံးကြိမ်ပူဇော်လေသည်။ ထာဝရ ဘုရားအားနံ့သာပေါင်းကိုလည်းမီးရှို့ပူ ဇော်တော်မူ၏။ သို့ဖြစ်၍သူသည်ဗိမာန် တော်တည်ဆောက်မှုကိုအပြီးသတ်တော်မူ သတည်း။
26 ၂၆ တဖန်ရှောလမုန် မင်းကြီးသည် ဧဒုံပြည်တွင်၊ ဧဒုံပင်လယ်ကမ်းနား၌၊ ဧလုတ်မြို့နှင့် နီးစပ်သော ဧဇယုန်ဂါဗာမြို့မှာ သင်္ဘောတို့ကို တည်လုပ်၏။
၂၆ရှောလမုန်မင်းသည်ဧဒုံပြည်၊ ဧလုတ်မြို့အနီး အကွာဗာပင်လယ်ကွေ့ကမ်းခြေပေါ်ရှိဧဇယုန် ဂါဗာမြို့တွင်သင်္ဘောများကိုလည်းတည်ဆောက် လေသည်။-
27 ၂၇ ပင်လယ်ကူးသော အမှုကိုနားလည်သော မိမိကျွန်၊ သင်္ဘောသားတို့ကို ဟိရံမင်းသည် ထိုသင်္ဘော ပေါ်မှာ ရှောလမုန်၏ လူတို့နှင့်အတူ စီးစေ၏။
၂၇ဟိရံမင်းသည်လည်းအလုပ်ရည်ဝသည့်သင်္ဘော သားအချို့ကို ရှောလမုန်၏လူတို့နှင့်အတူ အမှုထမ်းရန်ပေးပို့တော်မူ၏။-
28 ၂၈ သူတို့သည် ဩဖိရမြို့သို့သွား၍ ရွှေအခွက်လေးရာနှစ်ဆယ်ကို ရှောလမုန်မင်းကြီးထံသို့ ဆောင်ခဲ့ ကြ၏။
၂၈သူတို့သည်သြဖိရမြို့သို့သင်္ဘောလွှင့်ကြ ပြီးနောက် ရွှေအချိန်တစ်ဆယ့်ခြောက်တန် နီးပါးကိုရှောလမုန်ထံသို့ယူဆောင်လာ ကြ၏။