< ၃ ဓမ္မရာဇဝင် 5 >
1 ၁ ရှောလမုန်ကို ခမည်းတော်အရာ၌ ဘိသိက်ပေး ကြောင်းကို တုရုမင်းကြီးဟိရံသည် ကြားလျှင်၊ ဒါဝိဒ်နှင့် အစဉ်မိတ်ဆွေဖွဲ့သော သူဖြစ်၍၊ မိမိကျွန်တို့ကို စေလွှတ် လေ၏။
ツロの王ヒラム、ソロモンの膏そそがれて其父にかはりて王となりしを聞て其臣僕をソロモンに遣せりヒラムは恒にダビデを愛したる者なりければなり
2 ၂ တဖန်ရှောလမုန်သည်လည်း၊ ဟိရံထံသို့ စေ လွှတ်လျက်၊
是に於てソロモン、ヒラムに言遣はしけるは
3 ၃ ငါ့အဘဒါဝိဒ်သည် အရပ်ရပ်၌ စစ်တိုက်ရ သောကြောင့်၊ ထာဝရဘုရားသည် ရန်သူတို့ကို အဘခြေ ဘဝါးတော်အောက်သို့ နှိမ့်ချတော်မမူမှီတိုင်အောင်၊ မိမိဘုရားသခင်ထာဝရဘုရား၏ နာမတော်အဘို့ အိမ်တော်ကို မတည်မဆောက်ရဟု မင်းကြီးသိ၏။
汝の知ごとく我父ダビデは其周圍にありし戰爭に因て其神ヱホバの名のために家を建ること能はずしてヱホバが彼等を其足の跖の下に置またふを待り
4 ၄ ယခုမူကား၊ ငါ၏ဘုရားသခင်ထာဝရဘုရား သည် အရပ်ရပ်၌ ငြိမ်ဝပ်မည်အကြောင်း စီရင်တော်မူ သဖြင့်၊ ရန်ဘက်ပြုသောသူ၊ ဆီးတားသောသူ မရှိသည် ဖြစ်၍၊
然るに今わが神ヱホバ我に四方の太平を賜ひて敵もなく殃もなければ
5 ၅ ထာဝရဘုရားက၊ ငါ့အဘဒါဝိဒ်အား သင့် ကိုယ်စား သင်၏ရာဇပလ္လင်ပေါ်မှာ ငါတင်သော သင်၏ သားသည် ငါ့နာမအဘို့ အိမ်ကို တည်ဆောက်ရမည်ဟု မိန့်တော်မူသည်အတိုင်း၊ ငါ၏ဘုရားသခင် ထာဝရဘုရား ၏ နာမတော်အဘို့ အိမ်တော်ကို တည်ဆောက်မည်ဟု ငါအကြံရှိ၏။
我はヱホバのわが父ダビデに語てわが汝の代に汝の位に上しむる汝の子其人はわが名のために家を建べしと言たまひしに循ひてわが神ヱホバの名のために家を建んとす
6 ၆ မင်းကြီး၏ ကျွန်တို့သည် ငါ့အဘို့ လေဗနုန် တောင်ပေါ်မှာ အာရဇ်ပင်တို့ကို ခုတ်လှဲစေခြင်းငှါ စီရင် ပါ။ ငါ့ကျွန်တို့သည် မင်းကြီးကျွန်တို့နှင့်ဝိုင်း၍ လုပ်ကိုင် ကြလိမ့်မည်။ မင်းကြီးစီရင်သည်အတိုင်း၊ မင်းကြီး၏ ကျွန်တို့အား အခကိုပေးပါမည်။ ဇိဒုန်အမျိုးသားတို့သည် သစ်ခုတ်တတ်သကဲ့သို့ ငါ့တို့တွင် အဘယ်သူမျှ ခုတ်တတ် သည်ကို မင်းကြီးသိသည်ဟု မှာလိုက်လေ၏။
されば汝命じてわがためにレバノンより香柏を砍出さしめよわが僕汝の僕と共にあるべし又我は凡て汝の言ふごとく汝の僕の賃銀を汝に付すべし其は汝の知ごとく我儕の中にはシドン人の如く木を砍に巧みなる人なければなりと
7 ၇ ရှောလမုန်မင်း၏စကားကို ဟိရံမင်းသည် ကြား လျှင် အလွန်ဝမ်းမြောက်၍၊ ထိုလူမျိုးကြီးကို အစိုးရသော သားကို ဒါဝိဒ်အားပေးတော်မူသော ထာဝရဘုရားသည် ယနေ့မင်္ဂလာရှိတော်မူစေသတည်းဟု ဆိုလျက်၊
ヒラム、ソロモンの言を聞て大に喜び言けるは今日ヱホバに稱譽あれヱホバ、ダビデに此夥多しき民を治むる賢き子を與たまへりと
8 ၈ မင်းကြီးမှာလိုက်သော အမှုကို ငါဆင်ခြင်ပြီ။ အာရဇ်သစ်သား၊ ထင်ရူးသစ်သားလိုသမျှကို ပေးပါမည်။
かくてヒラム、ソロモンに言遣りけるは我汝が言ひ遣したる所の事を聽り我香柏の材木と松樹の材木とに付ては凡て汝の望むごとく爲すべし
9 ၉ ငါ့ကျွန်တို့သည် လေဗနုန်တောင်မှ ပင်လယ်သို့ ချပြီးလျှင်၊ ဘောင်လုပ်၍ မင်းကြီးစီရင်သောအရပ်သို့ ပင်လယ်လမ်းဖြင့် ဆောင်ခဲ့၍၊ ထိုအရပ်၌အပ်သဖြင့် မင်းကြီးခံယူရမည်။ မင်းကြီးသည်လည်း၊ ငါ၏နန်းတော် သားစားစရာရိက္ခာကိုပေး၍ ငါ့အလိုကိုလည်း ပြည့်စုံ စေရမည်ဟု ရှောလမုန်ထံသို့ လူကိုစေလွှတ်၍ ပြန်ပြော ၏။
わが僕レバノンより海に持下らんしかして我これを海より桴にくみて汝が我に言ひ遣す處におくり其處にて之をくづすべし汝之を受よ又汝はわが家のために食物を與へてわが望を成せと
10 ၁၀ ထိုသို့ဟိရံသည် ရှောလမုန် အလိုရှိသမျှသော အာရဇ်သစ်သား၊ ထင်းရူးသစ်သားကို ပေး၏။
斯てヒラムはソロモンに其凡て望むごとく香柏の材木と松の材木を與へたり
11 ၁၁ ရှောလမုန်သည်လည်း၊ ဟိရံ၏နန်းတော်သား များ စားစရာဘို့ တနှစ်တနှစ်လျှင် ဂျုံဆန်ကောရ နှစ်သောင်း၊ စစ်ပြီးသော ဆီကောရနှစ်ဆယ်ကို ပေး၏။
又ソロモンはヒラムに其家の食物として小麥二萬石を與へまた清油二十石をあたへたり斯ソロモン年々ヒラムに與へたり
12 ၁၂ ထာဝရဘုရားသည်လည်း၊ ဂတိတော်ရှိသည် အတိုင်း၊ ရှောလမုန်အား ပညာကိုပေးတော်မူ၏။ ဟိရံမင်းနှင့်ရှောလမုန်မင်းနှစ်ပါးတို့သည် စစ်တိုက်ခြင်း မရှိ။ မိဿဟာယဖွဲ့ကြ၏။
ヱホバ其言たまひしごとくソロモンに智慧を賜へりまたヒラムとソロモンの間睦しくして二人偕に契約を結べり
13 ၁၃ ရှောလမုန်မင်းကြီးသည်လည်း၊ ဣသရေလလူ အပေါင်းတို့တွင် လူသုံးသောင်းတို့ကို ခွဲခန့်၍၊
爰にソロモン王イスラエルの全地に徴募人を興せり其徴募人の數は三萬人なり
14 ၁၄ အလှည့်အလှည့်တလလျှင်တသောင်းစီ၊ လေဗနုန် တောင်သို့ စေလွှတ်သဖြင့်၊ ထိုလူတို့သည် လေဗနုန်တောင် ပေါ်မှာတလ၊ ကိုယ်နေရာအရပ်၌ နှစ်လနေရကြ၏။ ထိုလူ တို့ကို အဒေါနိရံအုပ်ရ၏။
ソロモンかれらを一月交代に一萬人づつレバノンに遣せり即ち彼等は一月レバノンに二月家にありアドニラムは徴募人の督者なりき
15 ၁၅ ထမ်းရွက်သောသူခုနစ်သောင်း၊ တောင်ရိုးပေါ် မှာ သစ်ခုတ်သောသူရှစ်သောင်းတို့ကိုလည်း စေခိုင်းတော် မူ၍၊
ソロモン負載者七萬人山に於て石を砍る者八萬人あり
16 ၁၆ အုပ်ချုပ်သောမင်းအရာရှိမှတပါး လုပ်ဆောင်သော သူတို့ကို စီရင်သောသူ သုံးထောင်သုံးရာရှိ၏။
外に又其工事の長なる官吏三千三百人ありて工事に作く民を統たり
17 ၁၇ ရှင်ဘုရင်၏ အမိန့်တော်အတိုင်း အိမ်တော် တိုက်မြစ်အဘို့ ကြီးသောကျောက်၊ အဘိုးထိုက်သော ကျောက်၊ ဆစ်ပြီးသောကျောက်တို့ကို ဆောင်ခဲ့ကြ၏။
かくて王命じて大なる石貴き石を鑿出さしめ琢石を以て家の基礎を築かしむ
18 ၁၈ ထိုသို့ရှောလမုန်မင်း၏ လက်သမားတို့နှင့် ဟိရံမင်း၏လက်သမားတို့သည် ဂေဗာလအမျိုးသားတို့ နှင့်တကွ၊ အိမ်တော်ကို တည်ဆောက်စရာဘို့ သစ်သား များ၊ ကျောက်များတို့ကို ပြင်ဆင်ကြ၏။
ソロモンの建築者とヒラムの建築者およびゲバル人之を砍り斯彼等材木と石を家を建るに備へたり