< ၃ ဓမ္မရာဇဝင် 4 >
1 ၁ ရှောလမုန်မင်းကြီးသည် ဣသရေလနိုင်ငံလုံးကို စိုးစံလျက် နေတော်မူ၏။
Kralj Salomon bio je kralj nad svim Izraelom,
2 ၂ မှူးတော်မတ်တော်ဟူမူကား၊ ယဇ်ပုရောဟိတ် ဇာဒုတ်သားအာဇရိ၊
a evo njegovih odličnika: Azarja, sin Sadokov, svećenik;
3 ၃ ရှိရှသားဧလိဟောရပ်နှင့် အဟိယတို့သည် စာရေးတော်ကြီးဖြစ်၏။ အဟိလုပ်သား ယောရှဖတ်သည် အတွင်းဝန်ဖြစ်၏။
Elihoref i Ahija, sinovi Šišini, bilježnici; Jošafat, sin Ahiludov, savjetnik;
4 ၄ ယောယဒသား ဗေနာယသည် ဗိုလ်ချုပ်မင်း ဖြစ်၏။ ဇာဒုတ်နှင့် အဗျာသာတို့သည် ယဇ်ပုရောဟိတ် ဖြစ်၏။
Benaja, sin Jojadin, vojskovođa; Sadok i Ebjatar, svećenici.
5 ၅ နာသန်သားအာဇရိသည် ဝန်စာရေးအုပ်ဖြစ် ၏။ နာသန်သားဇာဗုဒ်သည် မင်းသားအရာနှင့် တိုင်ပင် မတ်ဖြစ်၏။
Azarja, sin Natanov, bio je nad namjesnicima; Zabud, sin Natanov, prijatelj kraljev;
6 ၆ အဟိရှာသည် နန်းတော်အုပ်ဖြစ်၏။ အာဗဿားအဒေါနိရံသည် အခွန်တော်ဝန်ဖြစ်၏။
Ahišar, upravitelj dvora; Eliab, sin Joabov, zapovjednik vojske; Adoram, sin Abdin, nadstojnik za tlaku.
7 ၇ ရှောလမုန်သည် ဣသရေလနိုင်ငံအရပ်ရပ်၌ ခန့်ထားသော ဝန်စာရေးတကျိပ်နှစ်ယောက်တို့သည် တယောက်တလစီ ရှင်ဘုရင်နှင့်နန်းတော်သားတို့ အဘို့ စားစရာကို ပြင်ဆင်ရကြ၏။
Salomon je imao po svem Izraelu dvanaest namjesnika koji su opskrbljivali kralja i njegov dom; za svakoga je dolazio red da po jedan mjesec u godini podmiruje to uzdržavanje.
8 ၈ သူတို့အမည်ဟူမူကား၊ ဧဖရိမ်တောင်ရပ်မှာ ဟုရ၏သား၊
Evo njihovih imena: ...sin Hurov, u gori Efrajimovoj;
9 ၉ မာကတ်မြို့၊ ရှာလဗိမ်မြို့၊ ဗက်ရှေမက်မြို့၊ ဧလုမ္ဘေသနန်မြို့မှာ ဒေကာ၏သား၊
...sin Dekerov, u Makasu, Šaalbimu, Bet Šemešu, Elonu do Bet Hanana;
10 ၁၀ စောခေါမြို့၊ ဟေဖာပြည်လုံးနှင့်တကွ အရုဗုတ် မြို့မှာ ဟေသက်၏သား၊
...sin Hesedov, u Arubotu; pod njim bijaše Soho i sav kraj heferski;
11 ၁၁ ဒေါရပြည်လုံးကိုစီရင်သောသူ ရှောလမုန်၏ သမီးတော်တာဖတ် နှင့်စုံဘက်သော အဘိနဒပ်၏သား၊
...sin Abinadabov, nad svim okružjem dorskim; žena mu je bila Tafata, kći Salomonova;
12 ၁၂ တာနက်မြို့၊ မေဂိဒ္ဒေါမြို့နှင့် တကွဗက်ရှန်မြို့မှ အာဗေလမဟောလမြို့တိုင်အောင်မက၊ ယုတ်နန်မြို့ အလွန်၊ ယေဇရေလမြို့ အောက်ဇာတနမြို့နှင့်နီးစပ် သော ဗက်ရှန်မြို့နယ်လုံးကို စီရင်သော အဟိလုပ်၏သား ဗာန၊
Baana, sin Ahiludov, u Tanaku i Megidu i u svem Bet Šeanu, koji je pokraj Saretana niže Jizreela, od Bet Šeana do Abel Mekole, i preko Jokmeama.
13 ၁၃ ဂိလဒ်ပြည်၌ မနာရှေ၏သားယာ ဣရပိုင်သော မြို့များ၊ ဗာရှန်ပြည်၊ အာဂေါဘအရပ်၌မြို့ရိုး၊ ကြေးဝါ တံခါးကျင်နှင့်ပြည့်စုံသော မြို့ကြီးခြောက်ဆယ်ကို စီရင် သော ဂိလဒ်ပြည်ရာမုတ်မြို့မှ ဂေဗာ၏သား၊
...sin Geberov, u Ramotu Gileadskom; njegova su bila Sela Jaira, sina Manašeova, koja su u Gileadu; imao je i područje Argob koje leži u Bašanu, šezdeset tvrdih gradova, opasanih zidovima i prijevornicama od tuča;
14 ၁၄ မဟာနိမ်မြို့မှာ ဣဒေါ၏သားအဟိနဒပ်၊
Ahinabad, sin Idov, u Mahanajimu;
15 ၁၅ နဿလိခရိုင်ကိုစီရင်သောသူ၊ ရှောလမုန်၏ သမီးတော် ဗာသမတ်နှင့်စုံဘက်သောအဟိမတ်၊
Ahimaas u Naftaliju; i on se oženio jednom Salomonovom kćeri - Bosmatom.
16 ၁၆ အာရှာခရိုင်နှင့် အာလုပ်မြို့မှာ ဟုရှဲ၏သား ဗာနာ၊
Baana, sin Hušajev, u Ašeru i na visoravnima;
17 ၁၇ ဣသခါခရိုင်မှာပါရွာ၏သားယောရှဖတ်၊
Jošafat, sin Paruahov, u Jisakaru;
18 ၁၈ ဗင်္ယာမိန်ခရိုင်မှာ ဧလာ၏သားရှိမိ၊
Šimej, sin Elin, u Benjaminu;
19 ၁၉ အာမောရိရှင်ဘုရင်ရှိဟုန်၏နိုင်ငံ၊ ဗာရှန် ရှင်ဘုရင်ဩဃ၏နိုင်ငံ၊ ဂိလဒ်ပြည်မှာအခြားသောမင်း မရှိ။ တပါးတည်းစီရင်သော ဥရိ၏သားဂေဗတည်း။
Geber, sin Urijin, u zemlji Gileadu, zemlji Sihona, kralja amorejskoga, i Oga, kralja bašanskoga. Povrh toga bio je još jedan namjesnik u zemlji.
20 ၂၀ ထိုကာလ၌၊ ယုဒအမျိုးနှင့် ဣသရေလ အမျိုးသားတို့သည် အရေအတွက်အားဖြင့် သမုဒ္ဒရာ သဲလုံးနှင့်အမျှများပြား၍ စားသောက်ပျော်မွေ့လျက် နေကြ၏။
Juda i Izrael bili su mnogobrojni, bijaše ih kao pijeska na obali morskoj. Jeli su i pili i bili sretni.
21 ၂၁ ရှောလမုန်သည်လည်း မြစ်ကြီးမှ စ၍ဖိလိတ္တိ ပြည်၊ အဲဂုတ္တုပြည်တိုင်အောင် တိုင်းနိုင်ငံလုံးကို အစိုးရ သဖြင့်၊ အရပ်ရပ်သားတို့သည် လက်ဆောင်ပဏ္ဏာတို့ကို ဆက်၍၊ ရှောလမုန်လက်ထက်ကာလပတ်လုံး မင်းမှုကို ဆောင်ရွက်ရကြ၏။
Salomon je proširio svoju vlast nad svim kraljevstvima od Rijeke sve do zemlje filistejske i do međe egipatske. Ona su donosila svoj danak i služila Salomonu sve dane njegova života.
22 ၂၂ တနေ့တနေ့လျှင် နန်းတော်၌ ကုန်သောရိက္ခာ ဟူမူကား၊ ဂျုံမုန့်ညက်ကောရသုံးဆယ်၊ မုယော မုန့်ညက်ကောရခြောက်ဆယ်၊
Svakoga je dana trebalo Salomonu za hranu: trideset kora finoga brašna i šezdeset kora običnog brašna,
23 ၂၃ ဆူဖြိုးအောင်ကျွေးသောနွားတဆယ်၊ ကျက်စား ရာထဲက နွားနှစ်ဆယ်၊ ဆတ်သမင်ဒရယ်အမျိုးမျိုးကို မဆိုဘဲသိုးတရာ၊ ဆူဖြိုးအောင် ကျွေးသောငှက်မျိုး တည်း။
deset ugojenih volova, dvadeset volova s paše, stotinu ovaca, osim jelena, srna, divokoza i ugojene peradi.
24 ၂၄ ရှောလမုန်သည် မြစ်ကြီးအနောက်ဘက်၊ တိဖသမြို့မှအဇ္ဇာမြို့တိုင်အောင် ရှင်ဘုရင်အပေါင်းတို့ကို အစိုးရသဖြင့် ပတ်ဝန်းကျင်အရပ်တို့၌ စစ်မှုစစ်ရေးမရှိ။
Jer on je vladao nad svime onkraj Rijeke - od Tafse do Gaze, nad svim kraljevima s onu stranu Eufrata - i imao je mir po svim granicama naokolo.
25 ၂၅ လက်ထက်တော်ကာလပတ်လုံး၊ ယုဒအမျိုးနှင့် ဣသရေလအမျိုးသားတို့သည်ဒန်မြို့မှစ၍ ဗေရရှေဘမြို့ တိုင်အောင် အသီးအသီးမိမိစပျစ်ပင်၊ မိမိသင်္ဘောသဖန်း ပင်အောက်မှာ ငြိမ်ဝပ်စွာ နေရကြ၏။
Juda i sav Izrael živjeli su bez straha, svaki pod svojom lozom i pod svojom smokvom, od Dana sve do Beer Šebe, svega vijeka Salomonova.
26 ၂၆ ရှောလမုန်သည်လည်း၊ ရထားတော်များနှင့် ဆိုင်သော မြင်းတင်းကုပ်လေးထောင်၊ မြင်းစီးသူရဲ တသောင်းနှစ်ထောင်ရှိ၏။
Salomon je imao četrdeset tisuća konja za vuču i dvanaest tisuća za jahanje.
27 ၂၇ ဝန်စာရေးတို့သည်လည်း ရှောလမုန်မင်းကြီးနှင့် စားပွဲတော်သို့ ဝင်သောသူအပေါင်းတို့အဘို့ တယောက် တလစီစုံလင်စွာ ပြင်ဆင်ရကြ ၏။
Ti su se namjesnici brinuli o opskrbi kralja Salomona i sviju koji su imali dijela za kraljevim stolom, svaki po mjesec dana; i nisu dopuštali da ičega ponestane.
28 ၂၈ မုယောစပါးကို၎င်း၊ မြင်းတော်များ၊ လားတော် များဘို့ မြက်ခြောက်ကို၎င်း၊ အလှည့်သင့်သည်အတိုင်း နေရာအရပ်သို့ ဆောင်ခဲ့ရကြ၏။
I ječam i slamu za konje i tegleću marvu donosili su na mjesto gdje se zadržavao, svaki kako bi ga zapalo.
29 ၂၉ ဘုရားသခင်သည် များစွာသော ဥာဏ်ပညာကို ၎င်း၊ သမုဒ္ဒရာသဲလုံးနှင့်အမျှ ကျယ်ဝန်းသော နှလုံးကို၎င်း ပေးတော်မူသည်ဖြစ်၍၊
Jahve je dao Salomonu mudrost i izuzetnu razboritost i srce široko kao pijesak na obali morskoj.
30 ၃၀ ပညာတော်သည် အရှေ့ပြည်သားပညာနှင့် အဲဂုတ္တုပြည်သား ပညာကို လွန်ကဲ၏။
Mudrost je Salomonova bila veća od mudrosti svih sinova Istoka i od sve mudrosti Egipta.
31 ၃၁ ရှောလမုန်သည် ဧဇရဟိတ်အမျိုးဧသန်၊ မဟောလသားဟေမန်၊ ခါလကောလ၊ ဒါရဒအစရှိသော လူအပေါင်းတို့ထက်သာ၍ ပညာရှိသဖြင့်၊ ခပ်သိမ်းသော တိုင်းနိုင်ငံအရပ်ရပ်၌ ကျော်စောလေ၏။
Bio je mudriji od svih ljudi, od Etana Ezrahanina, od Hemana, Kalkola i Darde, sinova Maholovih; njegovo se ime pronosilo među svim narodima unaokolo.
32 ၃၂ စီရင်တော်မူသော သုတ္တံစကားသုံးထောင်နှင့် သီချင်းတထောင် ငါးခုရှိ၏။
Izrekao je tri tisuće mudrih izreka, a njegovih je pjesama bilo tisuću i pet.
33 ၃၃ လေဗနုန်အာရဇ်ပင်မှစ၍ အုတ်ရိုးနားမှာ ပေါက်တတ်သောဟုဿုပ်ပင်တိုင်အောင် မြွက်ဆို၏။ သားမျိုး၊ ငှက်မျိုး၊ ပိုးကောင်မျိုး၊ ငါးမျိုးတို့၏ အကြောင်းကိုလည်း မြွက်ဆို၏။
Zborio je o drveću: od cedra što je na Libanonu pa do izopa što klija na zidu; raspravljao je o životinjama, o pticama, o gmazovima i o ribama.
34 ၃၄ ရှောလမုန်မင်း၏ ပညာသိတင်းကို ကြားသော ရှင်ဘုရင်အမျိုးမျိုးစေလွှတ်သော သူတို့သည် ပညာစကား တော်ကို နားထောင်ခြင်းငှါ လာကြ၏။
Dolazili su od sviju naroda da čuju mudrost Salomonovu, od svih zemaljskih kraljeva koji su čuli glas o njegovoj mudrosti.