< ၃ ဓမ္မရာဇဝင် 3 >

1 ရှောလမုန်သည် အဲဂုတ္တုဖာရောဘုရင်နှင့် မိတ်ဆွေဖွဲ့လျက်၊ သမီးတော်နှင့်စုံဘက်၍ နန်းတော်၊ ဗိမာန်တော်၊ ယေရုရှလင်မြို့ရိုးကို မပြီးမှီတိုင်အောင် ဒါဝိဒ်မြို့၌ နေရာပေးတော်မူ၏။
Na ka meinga a Horomona hei hunaonga ki a Parao kingi o Ihipa: i tangohia hoki e ia te tamahine a Parao mana, a kawea ana ki te pa o Rawiri, kia oti ra ano te whare mona te hanga, me te whare mo Ihowa, me te taiepa o Hiruharama a tawhio noa.
2 ထိုကာလ၌ ထာဝရဘုရား၏ နာမတော်အဘို့ အိမ်တော်ကို မတည်သေးသောကြောင့်၊ လူများတို့သည် မြင့်သောအရပ်တို့၌ ယဇ်ပူဇော်တတ်ကြ၏။
Ko te iwi ia patu whakahere ai i runga i nga wahi tiketike; kiano hoki i hanga noatia te whare mo te ingoa o Ihowa a tae noa ki aua ra.
3 ရှောလမုန်သည် ထာဝရဘုရားကို ချစ်၍ ခမည်းတော်ဒါဝိဒ်၏စီရင်ချက်တို့ကို စောင့်ရှောက် တတ်၏။ သို့ရာတွင် မြင့်သောအရပ်တို့၌ ယဇ်ပူဇော်၍ နံ့သာပေါင်းကို မီးရှို့၏။
Na i aroha a Horomona ki a Ihowa, i haere i nga tikanga a tona papa, a Rawiri: otiia i patu whakahere, i tahu whakakakara ki nga wahi tiketike.
4 တရံရောအခါ၊ ရှင်ဘုရင်သည် ယဇ်ပူဇော်ခြင်း ငှါ အလွန်မြင့်မြတ်သော အရပ်တည်းဟူသော ဂိဗောင် မြို့သို့သွား၍ ထိုယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရာယဇ်တထောင် ကို ပူဇော်လေ၏။
Na ka haere te kingi ki Kipeono ki te patu whakahere ki reira; ko te tino wahi tiketike hoki tera. Kotahi mano nga tahunga tinana i tapaea e Horomona ki runga ki taua aata.
5 ထိုမြို့၌ထာဝရဘုရားသည် ညဉ့်အခါ အိပ်မက် တွင် ရှောလမုန်အား ထင်ရှားလျက်၊ ငါပေးရမည်ဆုကို တောင်းလော့ဟု ဘုရားသခင် မိန့်တော်မူ၏။
I puta a Ihowa ki a Horomona ki Kipeono, he mea moemoea i te po; a ka mea te Atua, Inoi mai ko te aha kia hoatu e ahau ki a koe.
6 ရှောလမုန်ကလည်း၊ ကိုယ်တော်၏ ကျွန် အကျွန်ုပ်၏အဘဒါဝိဒ်သည် ရှေ့တော်၌ သဘောဖြောင့် ၍ သမ္မာတရား၊ ဖြောင့်မတ်ခြင်းတရားအတိုင်း ကျင့် သည်နှင့်အညီ၊ သူ၌များစွာသော ကျေးဇူးကို ပြုတော်မူ ပြီ။ ယနေ့တွင်ရှိသည်အတိုင်း၊ သူ၏ရာဇပလ္လင်ပေါ်မှာ ထိုင်ရသော သားကိုသူ့အား ပေးသနားတော်မူသဖြင့်၊ သူ့အဘို့ကျေးဇူးတရားကို စောင့်ရှောက်တော်မူပြီ။
Na ka mea a Horomona, Nui atu te aroha i whakaputaina e koe ki tau pononga, ki a Rawiri, ki toku papa, i a ia e haere ana i tou aroaro i runga i te pono, i te tapu, i te ngakau tika ki a koe; i rongoatia ano e koe tenei aroha nui mona, i a koe i homai nei i tetahi tama ki a ia hei noho ki tona torona, hei penei me tenei inaianei.
7 ယခုမှာ အကျွန်ုပ်၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်ကျွန်ကို အဘဒါဝိဒ်၏ကိုယ်စား ရှင်ဘုရင် အရာ၌ ခန့်ထားတော်မူပြီ။ သို့ရာတွင် အကျွန်ုပ်သည် သူငယ်ဖြစ်ပါ၏။ ထွက်ဝင်ခြင်းငှါ မတတ်နိုင်ပါ။
Na kua meinga nei tau pononga e koe, e Ihowa, e toku Atua, hei kingi i muri i a Rawiri, i toku papa; na, he tamariki rawa ahau; kahore e mohio ki te haere atu, ki te haere mai.
8 ရွေးချယ်တော်မူ၍ အရေအတွက်အားဖြင့် အတိုင်းမသိ များပြားစွာသော ကိုယ်တော်၏လူမျိုးကြီး အလယ်၌ ကိုယ်တော်ကျွန်ရှိပါ၏။
Na kei waenganui tenei tau pononga i tau iwi i whiriwhiria e koe, he iwi nui, e kore e taea te tatau, te tuhituhi ranei, i te tini.
9 သို့ဖြစ်၍ ကိုယ်တော်ကျွန်သည် ကိုယ်တော်၏ လူတို့ကို တရားစီရင်နိုင်မည်အကြောင်း ကောင်းမကောင်း ကို ပိုင်းခြား၍ သိတတ်သောဥာဏ်ကို ပေးသနားတော် မူပါ။ ဤမျှလောက်များစွာသော ကိုယ်တော်၏ လူတို့ကို အဘယ်သူသည် ကိုယ်အလိုအလျောက် တရားစီရင်နိုင်ပါ မည်နည်းဟု တောင်းလျှောက်၏။
Heoi homai ki tau pononga he ngakau e mahara ana ki te whakahaere tikanga ki tau iwi, ki te wehe i te pai, i te kino: ko wai hoki e ahei te whakahaere tikanga mo tenei iwi nui au?
10 ၁၀ ထိုသို့ရှောလမုန်တောင်းလျှောက်သော ပဌနာ စကားကို ထာဝရဘုရားသည် နှစ်သက်တော်မူ၏။
A pai tonu taua kupu ki te whakaaro o te Ariki; no Horomona i tono ki tenei mea.
11 ၁၁ ဘုရားသခင်ကလည်း၊ သင်သည်တာရှည်သော အသက်ကို မတောင်း၊ စည်းစိမ်ကိုလည်းမတောင်း၊ ရန်သူ တို့၏အသက်ကိုလည်း မတောင်း၊ တရားစီရင်ခြင်းငှါ တတ်နိုင်သောဥာဏ်ကိုသာ ကိုယ်အဘို့ တောင်းလျှောက် သောကြောင့်၊
Na ka mea te Atua ki a ia, Na, kua tono nei koe ki tenei mea mau, a kihai i tono kia maha nga ra mou; kihai ano i tono ki te taonga mou, kihai hoki i tono kia whakamatea ou hoariri; heoi tonoa ana e koe he mohio ki te whakarongo ki nga whakawa;
12 ၁၂ သင်တောင်းလျှောက်သည်အတိုင်း ငါပေး၏။
Nana, kua meatia e ahau tau i korero na: nana, kua hoatu e ahau he ngakau mahara, he ngakau mohio ki a koe; kahore he rite mou i mua atu i a koe; e kore ano e ara ake he rite mou i muri i a koe.
13 ၁၃ ထိုမှတပါးသင်နှင့်တူသော ရှင်ဘုရင်တယောက် ကိုမျှ သင့်လက်ထက်၌ မရှိစေခြင်းငှါ၊ သင်မတောင်းသော ဆု၊ စည်းစိမ်ဥစ္စာ၊ ဂုဏ်အသရေကို ငါပေး၏။
A kua hoatu ano e ahau ki a koe nga mea kihai na i tonoa mai e koe, te toanga, te kororia; a kahore he tangata i roto i nga kingi hei rite mou i ou ra katoa.
14 ၁၄ သင့်အဘဒါဝိဒ်ကျင့်သည်အတိုင်း ငါ့လမ်းသို့ လိုက်၍ ငါစီရင်ချက်ပညတ်တရားတို့ကို စောင့်ရှောက် လျှင်၊ တာရှည်သော အသက်ကိုလည်း ငါပေးမည်ဟု မိန့်တော်မူ၏။
A ki te haere koe i aku ara, ki te rongo ki aku tikanga, ki aku whakahau, ki te pera me te haere a tou papa, a Rawiri, na ka whakaroaina e ahau ou ra.
15 ၁၅ ရှောလမုန်သည် နိုး၍အိပ်မက်ဖြစ်မှန်းကိုသိ၏။ တဖန် ယေရုရှလင်မြို့သို့သွား၍ ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော်ရှေ့မှာ ရပ်လျက်၊ မီးရှို့ရာယဇ်၊ မိဿဟာယယဇ်တို့ကို ပူဇော်၍ ကျွန်အပေါင်းတို့အဘို့ ပွဲကို စီရင်တော်မူ၏။
Na ka oho ake a Horomona, na, he moemoea: a haere ana ia ki Hiruharama, ka tu ki mua i te aaka o te kawenata a Ihowa, tapaea ana e ia he tahunga tinana, a meatia ana e ia he whakahere mo te pai, i tuku hoki i te hakari ma ana tangata katoa.
16 ၁၆ ထိုအခါ ပြည်တန်ဆာမိန်းမနှစ်ယောက်သည် လာ၍ ရှေ့တော်၌ ရပ်လျက်၊
Na ka haere mai etahi wahine tokorua ki reira, ki te kingi, he wahine kairau, a tu ana i tona aroaro.
17 ၁၇ မိန်းမတယောက်က အိုအရှင်၊ ကျွန်တော်မနှင့် ဤမိန်းမသည် တအိမ်တည်းနေကြပါ၏။ တအိမ်တည်း နေလျက် ကျွန်တော်မသည် သားမျက်နှာကိုမြင်ပါ၏။
Na ka mea tetahi o nga wahine ra, E toku ariki, kotahi ano te whare i noho ai maua ko te wahine nei; a whanau ana ahau, a, i roto ano ia i te whare.
18 ၁၈ သုံးရက်လွန်မှ တဖန်ဤမိန်းမသည် သား မျက်နှာကိုမြင်ပါ၏။ ထိုအိမ်၌ အဘယ်ဧည့်သည်မျှ မရှိ။ သူနှင့်ကျွန်တော်မနှစ်ယောက်တည်းသာ ရှိပါ၏။
A i te toru o nga ra o toku whanautanga, ka whanau ano hoki tenei wahine: i reira tahi ano maua; kahore he tangata ke i a maua i roto i te whare; ko maua tokorua anake i roto i te whare.
19 ၁၉ ဤမိန်းမသည် ညဉ့်အခါ မိမိသားငယ်ကိုဖိ၍ အိပ်မိသောကြောင့် သားငယ်သေပါ၏။
Na i te po ka mate te tamaiti a te wahine nei; i tamia hoki e ia.
20 ၂၀ သန်းခေါင်ယံ၌ သူသည်ထ၍ ကျွန်တော်မ အိပ် ပျော်စဉ်အခါ ကျွန်တော်မသားငယ်ကိုယူ၍ မိမိရင်ခွင်၌ ထားပါ၏။ သူ၏သားငယ် အသေကောင်ကိုမူကား၊ ကျွန်မ၏ရင်ခွင်၌ ထားပါ၏။
Na ka whakatika ia i waenganui po, ka tangohia taku tamaiti i toku taha, i tau pononga e moe ana, a hikitia ana ki tona uma, ko tana tamaiti mate i whakatakotoria e ia ki toku uma.
21 ၂၁ နံနက်အချိန်၌ ကျွန်တော်မသည်သားငယ်ကို နို့တိုက်မည်ထသောအခါ၊ သားငယ်သည် သေလျက် ရှိပါ၏။ သို့ရာတွင် ကျွန်တော်မသည် သေသောသူငယ်ကို စေ့စေ့ကြည့်ရှုသောအခါ၊ ကျွန်တော်မ ဘွားမြင်သော သားမဟုတ်ပါဟုလျှောက်၏။
A, i toku marangatanga ake i te ata ki te whakangote i taku tamaiti, na kua mate: a ka ata tirohia e ahau i te ata, na ehara i taku tamaiti i whanau nei i ahau.
22 ၂၂ အခြားသော မိန်းမကလည်း မဟုတ်ဘူး။ အသက်ရှင်သော သူငယ်သည် ငါ့သား၊ သေသောသူငယ် သည် သင်၏သားဖြစ်၏ဟု ငြင်းလေ၏။ အရင်မိန်းမ ကလည်း ထိုသို့မဟုတ်။ သေသောသူငယ်သည် သင်၏သား၊ အသက်ရှင်သောသူငယ်သည် ငါ့သား ဖြစ်၏ဟုဆိုလေ၏။ ထိုသို့ရှေ့တော်၌ လျှောက်ဆိုကြလျှင်၊
Na ka mea tetahi o nga wahine, Kahore; engari naku te tamaiti ora, nau te tamaiti mate. A ka mea tenei, Kahore; engari nau te tamaiti mate, naku hoki te tamaiti ora. Na korero pera ana raua i te aroaro o te kingi.
23 ၂၃ ရှင်ဘုရင်က၊ မိန်းမတယောက်က အသက်ရှင် သော သူငယ်သည် ငါ့သား၊ သေသော သူငယ်သည် သင်၏သားဖြစ်၏ဟုဆိုလျက်၊ တယောက်ကထိုသို့မဟုတ်။ သင်၏သားသေပြီ။ ငါ့သားအသက်ရှင်သည်ဟု ဆိုသည် ဖြစ်၍၊
Ano ra ko te kingi, E mea ana tenei, Naku tenei tamaiti ora, nau te tamaiti mate; e mea ana ano tenei, Kahore; engari nau te tamaiti mate, naku hoki te tamaiti ora.
24 ၂၄ ထားယူခဲ့ဟု မိန့်တော်မူသည်အတိုင်း၊ ထားကို ရှေ့တော်သို့ ယူခဲ့ကြ၏။
Na ka mea te kingi, Tikina atu he hoari maku. A ka kawea mai e ratou he hoari ki te aroaro o te kingi.
25 ၂၅ ရှင်ဘုရင်ကလည်း၊ အသက်ရှင်သော သူငယ်ကို ခွဲ၍ ထိုမိန်းမတို့အား တယောက်တဝက်စီပေးလော့ဟု မိန့်တော်မူသော်၊
Na ka mea atu te kingi, Tapahia te tamaiti ora kia rua, ka hoatu i tetahi hawhe ki tetahi o nga wahine, i tetahi hawhe ki tetahi.
26 ၂၆ အသက်ရှင်သောသူငယ်၏ အမိသည် မိမိသား ကို အလွန်သနား၍၊ အိုအရှင်၊ အသက်ရှင်သောသူငယ်ကို မသတ်ပါနှင့်။ ဤမိန်းမအား ပေးတော်မူပါဟု တောင်းပန် လေ၏။ အခြားမိန်းမက ငါမပိုင်စေနှင့်။ သင်လည်း မပိုင်စေနှင့်။ ခွဲပါလေစေဟုဆို၏။
Na ko te kianga atu a te wahine nana nei te tamaiti ora ki te kingi, he okaka hoki no tona puku aroha ki tana tamaiti, ko tana meatanga atu, Aue, e toku ariki, hoatu te potiki ora ki a ia; kaua rawa hoki e whakamatea. Ko tetahi ia i mea, Kauaka m aku, kauaka hoki mana; tapahia.
27 ၂၇ ထိုအခါရှင်ဘုရင်က၊ အသက်ရှင်သော သူငယ် ကို မသတ်နှင့်။ အရင်မိန်းမအား ပေးလော့။ သူသည် အမိမှန်သည်ဟု မိန့်တော်မူ၏။
Katahi ka whakahoki te kingi, ka mea, Hoatu te potiki ora ki a ia, kaua rawa e whakamatea: ko tona whaea ia.
28 ၂၈ ထိုသို့ရှင်ဘုရင်စီရင်တော်မူသည် အရာကို ဣသရေလအမျိုးသားအပေါင်းတို့သည် ကြားသိကြသော အခါ၊ တရားစီရင်စေခြင်းငှါ ဘုရားသခင်ပေးတော်မူ သော ဥာဏ်နှင့် ရှင်ဘုရင်ပြည့်စုံကြောင်းကို သိမြင်၍၊ ကိုယ်တော်ကို ကြောက်ရွံ့ရိုသေကြ၏။
A ka rongo a Iharaira katoa ki te whakawa i whakarite ai te kingi; heoi wehi ana ratou i te kingi: i kite hoki ratou kei roto i a ia to te Atua mohio ki te whakawa.

< ၃ ဓမ္မရာဇဝင် 3 >